*ပဉ္စပါပီ *အကြောင်း

ပဉ္စပါပီဟာ အတိတ်ဘ၀တစ်ခုမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်ကို မြေညက်လှူခဲ့ဖူးတယ် ရှေးအခါက အိန္ဒိယယဉ်ကျေးမှုရဲ့ ထုံးတမ်းစဉ်လာ
မှာ အိမ်နံရံတွေကို ကောက်ရိုးတို့လို ၀ါးတို့လို ဒီလိုဟာတွေနဲ့ ရောပြီးတော့
မြေညက်နဲ့လိမ်းကျံတဲ့ ဓလေ့စရိုက် ရှိပါတယ်။ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်တစ်ဆူကလည်း သီတင်းသုံးတော်မူရာ ကျောင်းသင်္ခမ်းလိုဏ်ဂူကလေးကို မြေ
ညက်ဖြင့် လိမ်းကျံလိုတဲ့အတွက် မြေညက်အလို့ငှာ ဒီအမျိုးသမီးထံ ဆွမ်းခံကြွလာသည်
ပဉ္စပါပီ ဟာ ဗုဒ္ဓပစ္စေကဘုရာရှင်ကို မြေညက်ကိုတောင် အလှုခံရကောင်းလားဆိုပြီး ဒေါသထွက်လေသောကြောင့် သူမတူအောင် အကြီးတန်အရုပ်ဆိုးသော အကုသိုလ် အကျိုးပေးလေသည်။
အလှု လှုရတဲ့ ကုသိုလ်အကျိုးကြောင့် မြေညက်ကဲ့သို့ နုညံသိမ်မွေ့သော အထိအတွေ့ နှင့်ဆွဲလန်းသွားစေနိုင်သော နုညံသောအတွေ့အထိကိုပိုင်ဆိုင်စေခဲ့သည်။
ဘာကြောင့် ပဉ္စပါပီလို့ခေါ်သလဲ ဆိုတော့
ပဉ္စ=ငါးပါး
ပါပီ=မကောင်းခြင်းရှိသူ
၁။လက်ကောက်ကွေးခြင်း
၂။ခြေခွင်နေခြင်း
၃။နှာခေါင်းကောက်နေခြင်း
၎။ပါးစပ်ရွဲ့နေခြင်း
၅။မျက်လုံးမှေးနေခြင်းဆိုတဲ့မကောင်းတဲ့အရာငါးခု
ရှိနေလို့ပဉ္စပါပီလို့ခေါ်ပါသည်