Htee Lo Min Lo Temple from Bagan ပုဂံမှထီးလိုမင်​လိုဘုရား

in #myanmar7 years ago (edited)

ထီးလိုမင်းလို ဘုရား Htee Lo Min Lo Temple from Bagan
image

ထီးလိုမင်းလိုဂူဘုရား သည်​ ပုဂံ-​ညောင်းဦးကားလမ်းမ ​ဘေးတွင်​ တည်​ရှိ​လေသည်​။ ​ကောင်းမှုရှင်​မှာ ထီိးလိုမင်းလို​ခေါ် နား​တောင်းများမင်းဖြစ်​သည်​။

အစဉ့်​လာဆိုကြသည်​မှာ ဖခမည်း​တော်​ နရပတိစည်​သူမင်း သည်​ နတ်​ရွာစံ ခါနီး အချိန်​တွင်​ သား​တော်​ များ အနက်​ တစ်​ဦး ကို နန်းရ​စေချင်​​လေသည်​။သို့ရာတွင်​ အများ​ကျေးနပ်​​အောင်​ဟု သားအားလုံး အလယ်​တွင်​ ထီးဖြူစိုက်​ကာ မင်းဖြစ်​ထိုက်​သူ ဆို့ ထီးဖြူညွှတ်​​စေသတည်းဟု အဓိဌာန်​​သော်​ သူလိုလား သည့်​နား​တောင်းများမင်းသား ဘက်​သို့ ထီးဖြူ ညွတ်​​လေသည်​။ ထိုသို့ ထီးကလည်းလို မင်းကလည်း လို၍ ထီးလိုမင်းလို ဟူ၍​ခေါ်တွင်​​လေသည်​။ တစ်​ဖန်​ ထီးဖြူညွတ်​ရာ၌ ဘုရား တည်​ထားရာ ထီးလိုမင်းလို ဘုရားဟု ​ခေါ်တွင်​​လေသည်​။ နား​တောင်းများဟူ​သော အမည်​ကား ​ကျောက်​စာလာ​သောအမည်​ဖြစ်​သည်​။

ထိုဘုရားသည်​ အရံတံတိုင်း အတွင်း တွင်​ တည်​ရှိ ၍ ​အောက်​ ​ခြေ မှ ​ကွမ်း​တောင်​ထိပ်​အထိ ဥာဏ်​​တော်​ ​ပေ ၁၅၀ ရှိသည်​။ဘေးတစ်​ဖက်​ တစ်​ချက်​ သည်​​ ​ပေ ၁၄၀ ကျယ်​သည်​။ လှိုဏ်​ဂူ နှစ်​ထပ်​ ရှိ ဂူဘုရားကြီးစား ဖြစ်​​လေသည်​။ အာရုံ ခံခန်းမကြီး သည်​ အ​ရှေ့ ဘက်​ မျက်​နှာမူ၍အခြား သုံးဖက်​ တွင်​လည်း ​ပေါင်းကူးမုခ်​ခုံး အာရုံခံများ တည်​​ဆောက်​ထားသည်​။

ဂူဘုရား အပြင်​ နံရံများ ၊ မုခ်​စုလစ်​များတွင်​ အင်္ဂ​တေ လုပ်​ တိုင်​ ​ထောင့်​ပန်းများ ၊တိုင်းဖုံးပန်းများ ၊ရာမလက်​ညှိုးများ ၊ဘီးလူး ပန်းဆွဲများ၊ ပုလဲကုံးများ ကို မြင်​ရမည်​။ ပစ္စယာအဆင့်​ဆင့်​နှင့်​ စိတ်​တန်းများ ကို ကြည့်​​သော်​ စဉ့်​ စိမ်း သုတ်​ ပန်းကွက်​များကို မြင်​ရမည်​။

ဂူ အတွင်း ဝင်​လိုက်​လျှင်​ တင်​ပျဉ်​ ​ခွေ ဆင်းတု​တေယ်​​လေးဆူ ကို ထင်​ထင်​လင်းလင်​ ဖူး​တွေ့နိုင်​မည်​ဖြစ်​ပါသည်​။ ထို့ပြင်​ ပုဂံ သားအချို့က သူတို့ ၏​မွေးသက္ကရာဇ်​များ မ​ပျောက်​ပျက်​​စေရန်​ နံရံတွင်​ မင်​စာဖြင့်​ မှတ်​တမ်း တင်​ထားသည်းကို ​တွေ့နိုင်​သည်​။ ခန်းမကြီးဂန္ဓကုဋိ နံရံတစ်​ဖက်​ တစ်​ချက်​ ရှိ ​လှေကားဖြင့်​ အ​ပေါ်တက်​ လိုက်​​သော်​ ဆင်းတု​လေးဆူ ကိုမြင်​ရပြန်​သည်​။ထိုမှ တစ်​ဆင့်​ ကွမ်း​တောင်းအ​ခြေထိ တက်​နိုင်​မည်​ဖြစ်​ပါသည်​။

HFS-6

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63548.34
ETH 2646.78
USDT 1.00
SBD 2.74