Dama Yar Zi Ka from Bagan ဓမ္မ ရာဇိက

in #myanmar7 years ago (edited)

ဓမ္မရာဇိက ​စေတီ​တော်
image

ဓမ္မရာဇိက​စေတီသည်​ ဖွား​စောရွာ သစ်​မထီး ​ကျောင်း တိုက်​ အနီးတွင်​ရှိသည်​။စေတီ​တော်​ကြီး သည်​​ညောင်ဦး ​ရွှေစည်းခုံ နှင့်​ တူသ​ယောင်​ရှိသည်​။ သို့​သော်​ ထူးခြားသည်​မှာ ပန္နက်​​အောက်​​ခြေ သည်​စတုရန်း ပုံ အစား ငါး​မြှောင်းပုံ ဖြစ်​သည်​ ယင်း အထက်​ ပစ္စယာအဆင့်​ဆင့်​၌ ငါးရာငါးဆယ်​ စဉ့်​သုတ်​ ရုပ်​ကြွအုတ်​ချပ်​များကပ်​ထားသည်​။ထို အထက်​၌​ခေါင်း​လောင်းပုံ တည်​​ဆောက်​ထားပြီးရင်​ဖွဲ့ခါးပတ်​ ၊သပိတ်​​မောက်​ ​ဖောင်းရစ်​စသည်​ တို့တက်​သွားသည်​​။

 ![image]()

 စေတီ​တော်​ ကြီး၏ ငါးမျက်​နှာ၌ အာရုံခံအုတ်​ဂူ ငါလုံးရှိသည်​။ ဘဒ္ဒကမ္ဘာ၌ ပွင့်​​တော်​မှုပြီး​သော ကကုသန်​၊​ကောဏာဂုံ၊ကဿပ၊​ဂေါတမနှင့်​ ပွင့်​အံ့​သော အရိ​မေ​တ္တေယျဘုရား တို့ကိုရည်​မှန်းကာ ​ကြေးဆင်းတူ ငါးဆူ သွင်းလုပ်​ပြီး ဂူငါးလုံး တွင်​ ပူ​ဇော်​ ထားသည်​။အုတ်​ဂူငါးလုံးသည်​ တညီတည်း တစ်​ပုံစံတည်းဖြစ်​သည်​။ထို ဂုများ၏ပန္နက်​ ပုံသည်​ အစဉ်​အလာ စတုရန်းပုံဖြစ်​ ပြီးအာရုံခံ အထက်​ ၌ပစ္စယာကွမ်း ​တောင်​ စသည်​တို့ပါရှိပါသည်​။

![image]()

ဓမ္မရာဇိက ​စေတီကို ၁၁၉၇ခုနှစ်​တွင်​ ဘုရင်​ နရပတိစည်​သူမင်း (၁၁၇၄-၁၂၁၁)တည်​ထားသည်​။ သီဟိုဠ်​ဘုရင်​ထံမှ မြတ်​စွာဘုရား၏ သရီရ ဓာတ်​​တော်​ အဆူ၃၀ ကို​ရွှေကြုတ်​နှင့်​တကွ ရလျှင်​ ဓမ္မရာဇိက တည်​မည့်​​နေရာ ​ကျောက်​ဖျာထက်​၌ ဌာပနာ သည်​။ကျပ်​​လေး​သောင်း​လေးရာ နှစ်​ဆယ်​ခုနစ်​ကျပ်​ တိတိကို ​ရေစက်​သွန်း​ချ လှူဒါန်း ​ဆောက်​လုပ်​သည်။စေတီ​တော်​တည်​သည်​မှာ တစ်​နှစ်​မျှသာကြာသည်​ အ​ရှေ့ဘက်​ဂူအတွင်း၌ ​ကျောက်​စာ မှတ်​တမ်း ရှိသည်​။ဂူဘုရားငါးခု တွင်​လဲ ပုဂံ​ဆေး ​ရေးပနအချီနံရံ ပန်းချီးများ ရှိ၏၊ မင်​စာများ.လည်းရှိ၏ ဤ ဓမ္မရာဇိက ​စေတီပုံကို စူဠာမဏိ လိုဏ်​ဂူ ဘုရား ​အောက်​ထပ်​ ​မြောက်​ဘက်​ မျက်​နှာရှိ ဆင် ​ရုပ်​​ခေါင်း ​နေရာတွင်​ "သက္ကရာဇ်​ ၆၇၉ အခုက စတ္တာလင်​​ဗိုလ်​ဆရာသည်​ ဓမ္မရာဇိက ​စေတီ ပုံ​ရေးဆွဲပူ​ဇော်​သည်​" ဟူ​သော မင်​စာနှင့်​ အတူ ​တွေ့ရသည်​ ။

Sort:  

ကြည်ညိုသပ္ပါယ်စရာကောင်းလှပါသည် ဖတ်ရတာလဲကောင်းပါတယ်ဗျ အကိုဒီ့ထက်မကအောင်မြင်ပါစေဗျ

သမိုင်းကြောင်းလေး အခုမှပြည့်ပြည့်စုံစုံသိခွင့်ရပါတယ် ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62915.59
ETH 2542.92
USDT 1.00
SBD 2.63