ပန်းနာရင်ကျပ် ရောဂါ ( ASTHMA )
ပန်းနာရင်ကျပ် ရောဂါ ( ASTHMA )
ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ်ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် a(Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်.. ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်... အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction) လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်.. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation) ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်... အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity) ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity) ရောဂါလက္ခဏာများ ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ အသက် ရှုခက်ခဲ လာခြင်း (Shortness of Breath) ၊အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း ၊(Wheezing) ရင်ကျပ်လာခြင်း၊ (Tightness of chest) ချောင်းဆိုးခြင်း၊ (Coughing) တို့ ဖြစ်ပါတယ်.. ရင်ကျပ် မှု ပြင်းထန်ပါက လေအိတ်မှ ကာဗွန် ဒိုင်အောက် ဆိုဒ် နဲ့ အောက်ဆီ ဂျင် ဖလှယ် ခြင်း လုပ်ငန်း ထိခိုက် လာ၍ သွေးတွင်း အောက်ဆီ ဂျင် လျော့ကျပြီး ကာဗွန် ဒိုင် အောက်ဆိုဒ် များလာ ပါတယ်... အောက်ဆီ ဂျင် နည်းလာ၍ ခြေသည်း လက်သည်း နှင့် နှုတ်ခမ်း များ ပြာလာခြင်း (cyanosis)၊ နံရိုး ကြား ကြွက်သား များ အသုံးပြု ၍ ပြင်းထန်စွာ အသက်ရှူ ရခြင်း တို့ ဖြစ်ပေါ် တတ် ပါတယ်။
တချို့ရောဂါတွေမှာ လူနာက ဆရာဝန်ထက် ကိုယ့်အခြေအနေကို ပိုသိတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသူတွေထဲမှာ
ပန်းနာသမားတွေက ထိပ်ဆုံးကပါ။ ဘယ်ဟာနဲ့ ဓာတ်မတဲ့တာလည်း၊ ဘာစားရင် ဘာဖြစ်တတ်လဲ ဆရာဝန်ထက် ခံစားရသူတွေက ပိုနားလည်တယ်။ လူရည်လည်တဲ့ဆရာဝန်တွေ ပန်းနာသမားနဲ့စကားပြောရင် သိပ်သိသာတယ်။ ဘာရှောင်သင့်တယ် ဆရာကြီးအရင်မလုပ်ပဲ ဘာတွေနဲ့မတဲ့တာလည်း ဆိုတာ မသိမသာအရင်မေးကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်စေတဲ့အကြောင်းရင်း၊ဓာတ်မတဲ့တာ တယောက်နဲ့တယောက် မတူလို့ပါ။
ပန်းနာဆိုတာ နာတာရှည်ရောဂါဖြစ်ပါတယ်။ ပေါ်လိုက်ပျောက်လိုက် သက်သာလိုက်၊ပြန်ဖြစ်လိုက်ဆိုတာ ပန်းနာသမားကို ပြောတာ။ တချို့က တနှစ်တခါ ပြန်ပေါ်လာတတ်တယ်။ အေးတဲ့ရာသီမှာ ပိုအဖြစ်များတယ်။လက္ခဏာအများစုက ညပိုင်း(သို့)မနက်စောစောပိုင်းတွေမှာ ဖြစ်ကြတယ်။ တချို့က လေ့ကျင့်ခန်းလုပ်ရင်း ထလာတယ်။ စိတ်လှုပ်ရှားမှုလွန်ကဲတာ၊စိတ်ခံစားမှုတွေကနေလည်း သက်ရောက်မှုရှိပါတယ်။
ပန်းနာသည်အများစုက ဆေးလိပ်၊အနံ့ပြင်းတာတွေ ရှုရှိုက်လို့ မရဘူး။ အမှုန်အမွှား၊ပိုးဟပ်၊ဗိုင်းရပ်စ်၊မှို၊ရေမွှေး၊ပန်းဝတ်မှုန်စတာတွေကနေ ဓာတ်မတဲ့တာတွေ ရှိတယ်။ လေထုညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ပန်းနာပိုဖြစ်ကြတယ်။ ဥပမာ တကိုယ်ရေသန့်ရှင်းမှုဦးစားပေးသူတွေက သူများထက် ပန်းနာပိုဖြစ်နိုင်တယ်ဆိုတာမျိုး။ တကယ်တော့ အဆိုပါသူတွေဟာ ဓာတ်မတဲ့တာကို သူများထက် ပိုတုံ့ပြန်နိုင်လို့ပါ။ တောမှာနေသူတွေက မြို့မှာနေသူတွေထက် အဖြစ်နည်းတယ်။ ပတ်ဝန်းကျင်၊လေထုသန့်ရှင်းမှုက ကွာခြားနေလို့ပါ။ ငယ်စဉ်က ရောဂါပိုးမွှားတွေကူးစက်ခံရသူတွေက ကြီးတော့သူများလောက် ပန်းနာမဖြစ်တော့ဘူး။ ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသွားပြီ။ လမစေ့မှီမွေးတဲ့ကလေးတွေဟာ သူများတွေထက် ပန်းနာဖြစ်နိုင်ချေ ၄၆ရာခိုင်နှုန်း ပိုတယ်ဆိုတာ တွေ့ရတယ်။ ပန်းနာက မျိုးရိုးလိုက်တယ်။ အမွှာကလေးတယောက်မှာ ရောဂါရှိရင် နောက်ယောက်မှာ ရောဂါဖြစ်နိုင်ချေ ၂၅ရာခိုင်နှုန်းရှိတယ်။ဗိုက်ခွဲမွေးလာတဲ့ကလေးတွေဟာ ရိုးရိုးမွေးသူထက် ပန်းနာဖြစိနိုင်ချေပိုများသတဲ့။ ဒီနေ့ခေတ်မိခင်လောင်းတွေ သတိထားစရာပါ။
တကမ္ဘာလုံးမှာ ပန်းနာရောဂါသည်ပေါင်း သန်း၃၀၀ နီးပါးလောက် ရှိနေပါတယ်
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ
- အသက် ရှူခက် လာခြင်း (Shortness of Breath)
- အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း (Wheezing)
- ရင်ကျပ်လာခြင်း (Tightness of chest)
- ချောင်းဆိုးခြင်း (Coughing)
တို့ ဖြစ်ပါတယ်..
အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ -
၁• နေအိမ် ပတ်ဝန်းကျင် ရှိ နေ့စဉ် ထိတွေ့ နေကျ အရာများ
( တိရစ္ဆာန် အညစ်အကြေးများ နှင့် အမွှေးအမျှင်များ၊ ဖုန်နှင့် အမှိုက်သရိုက်များ (Dust)၊ ပိုးဟပ် အညစ်အကြေးများ (cockroach )၊ အဆောက်အဦး၊ နံရံဟောင်း များ ရှိရေညှိ ပင်များ (mold)၊ ပန်းဝတ်မှုန်များ (Pollen))
၂• နေအိမ် သုံး ပစ္စည်းများ ၏ အနံ့အသက် များ
( ရေမွှေး နှင့် အမွှေး နံ့သာများ၊ ဆပ်ပြာ ဆပ်ပြာရည် ခေါင်းလျှော်ရည် များ၊ hair , hair gel, sun screen, cosmetics, facial cream, deodorant, shaving cream ကဲ့သို့ အသုံး အဆောင် ပစ္စည်း များ၊)
၃• အစား အစာများ
(နွားနို့ (Cow's Milk)၊ မြေပဲ (Peanut)၊ ပဲပုတ် (Soy)၊ ငါး (Fish)၊ တိရိစ္ဆာန် ဥများ (Eggs)၊ ပုဇွန် နှင့် အခွံမာ ပင်လယ်စာများ (Shrimp & other shellfish)၊ ကြာရှည် အထားခံ သော အစားအစာ များ (Preservative Foods))
၎• သုံးစွဲ နေသော ဆေးများ
(အက်စ်ပရင် (aspirin)၊ beta-blockers (propranolol, atenolol)၊ ပင်နစလင်များ၊
၅• စက်ရုံ နှင့် ပတ်ဝန်းကျင် မှ အငွေ့များ ဓာတ်ငွေ့များ၊(ဆာလဖိုက် ဓာတ်ငွေ့များ၊ အိပ်ဇော ငွေ့များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ ငွေ့များ၊ အစ ရှိသဖြင့်…)
၆• အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ
(အဓိက အားဖြင့် အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ဗိုင်းရပ်စ်ပိုး ၀င်ရောက်မှု (Upper respiratory tract infection) ကြောင့် ပန်းနာ ရင်ကျပ် ဖြစ်ခြင်းသည်။ လူကြီး အားလုံး၏ ၈၀% နှင့် ကလေးအားလုံး ၏ ၆၀% တွေ့ရှိ ရပါတယ်...ဓာတ်မတည့် ခြင်းဖြစ်စဉ် တွင် တစ်ဦးနှင့် တစ်ဦး ဓာတ်မတည့် ပစ္စည်း ချင်း၊ ဓာတ်မတည့် နိုင်ချင်း တူညီ နိုင်မှာ မဟုတ်ပါ..
ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။
(၁) ဓာတ်မတည့်ခြင်း နည်းစေဖို့
ဖုန်မှုန့်၊ ဝတ်မှုန်၊ ပန်းမှုန် လေထဲမှာ များသည့် အချိန်မျိုးတွင် ပြတင်းတံခါးများ ပိတ်ထးပါ။ ကြောင်တွေ၊ ခွေးတွေ ကလေး အနားမှာ မထားပါနှင့်။ အိမ်ထဲမှာ မြင်ရသော၊ မမြင်နိုင်သော ပိုးမွှား၊ မှိုအစရှိသည့်တို့ အားလုံး ကင်းစင်အောင် ရှင်းလင်းထားပါ။
(၂) ဗိုင်းရပ်ပိုးမဝင်စေဖို့
ကလေး၊ လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ တုပ်ကွေးအဖြစ် များနေချိန်တွင် လူထူထူရှိရာ ခေါ်မသွားပါနှင့်။
(၃) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိပါက ကျပ်တတ်သော ကလေးမျိုး ရှိပါသည်။ ထိုကလေးများအတွက် လေ့ကျင့်ခန်း လုပ်ခါနီး ကြိုပေးရသော ဆေးတချို့လည်း ရှိပါသည်။ ရှာ၍ ဆောင်ထားပါ။
(၄) အိမ်တွင်းက အငွေ့တချို့
စီးကရက် မီးခိုးက ပိုဆိုးပါသည်။
လူကြီးက ကလေးအနားမှာ မသောက်တောင် သောက်တတ်သည့် လူကြီးကိုယ်မှာ စွဲနေသည့် အငွေ့ကြောင့် ကလေးက မကြာခဏ ရင်ကျပ်တတ်ရုံသာမက နားပြည်ပါ ယိုတတ်သည်။ ကလေး ရှိလျှင်တော့ ထိုကလေး ရင်ကျပ်ပန်းနာ ရှိရှိမရှိရှိ ဆေးလိပ် ဖြတ်ပစ်သင့်ပါသည်။ ရေမွှေး၊ ပေါင်ဒါနှင့် ငါးကြော်သည့် အနံ့များကြောင့်လည်း ဖြစ်တတ်ပါသေးသည်။
(၅) တိရိစ္ဆာန်များ
ပိုးဟပ်ကို ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု တွေ့ထားကြသည့် သုတေသနတွေလည်း ရှိသည်။ ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များသည်။
House dust mite ဟုခေါ်သော သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးသည်။ သူက လူ့အရေပြားက ထွက်ကျသည့် အစအနလေးများကို စား၍ နေတတ်သည့် အကောင်တစ်မျိုးပါ။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။
(၆) မှိုစွတ်စို ထိုင်းမှိုင်းသည့် အိမ်တွင်း၊ အိမ်ပြင် နေရာများတွင် ရှိနေတတ်သော မှိုများသည်လည်း ရင်ကျပ်စေပါသည်။
(၇) တိရစ္ဆာန်ခွေးတွေ ကြောင်တွေကြောင့် ရင်ကျပ်တတ်သော ကလေးတွေလည်း ရှိပါသည်။
အောက်က အချက်တွေကို လိုက်နာပါ။
၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။
၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။
၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။
၎။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။
၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။
၆။ သစ်သား ကြမ်းပြင်များကို အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)
၇။ ဖုန်မှုန့်များ အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။
၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။ မလုပ်နိုင်လျှင် ကော်ဇော မထားပါနှင့်။
၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။
၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်၊ ဆုတံဆိပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ဝယ်ပေး၍ မှန်မှန် ဆေးကြောပါ။
၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ဝင်ပါစေ)
၁၂။ ဆေးလိပ် မသောက်ပါနှင့်။ (မိဘ ဆေးလိပ်သောက်လျှင် ရင်ကျပ် မဖြစ်သေးသော ကလေးပင်လျှင် ရင်ကျပ်ပန်းနာ ဖြစ်ရန် အခွင့်အလမ်း နှစ်ဆ ရှိပါသည်)
အေးမြလှ တဲ့ဆောင်းရာသီ လိုအချိန် အခါမျိုးမှာ ပန်းနာရင်ကျပ် ရောဂါများ သက်သာပျောက်ကင်း စေယုံသာမက ချောင်းဆိုးလည်း သက်သာ ပျောက်ကင်း စေမယ့် နည်းလမ်း တွေကို ပြောပြပေးပါမယ်။ဒီနည်းလေး ကသဘာဝ ကရတဲ့ဆေးနည်း တစ်လက် လည်းဖြစ်ပါတယ်။ သဘာဝဆေးနည်း- -ကြက်သွန်ဖြူ ကိုထမင်းစားဇွန်းနဲ့ ၅ဇွန်းခန့် ရအောင်ထောင်းပေးပါ။ -နောက်ချင်း ကိုလည်း ထမင်းစားဇွန်းနဲ့ ၅ဇွန်းခန့်ရ အောင်ထောင်းပေးပါ။မထောင်းဘဲ ဓားနဲ့ခပ် ပါးပါးလှီးလည်း ရပါတယ်။ -ထောင်းထားသောချင်းနဲ့ ကြက်သွန်ဖြူကို နှစ်မျိုးရောပေးပါ။၎င်းတို့ကို ရေ၁၅ဇွန်း ခန့်ထည့်ပြီး တစ်ဝက်တိတိ ခမ်းအောင်ကျိုပေးပါ။ -ကျိုပြီးလျှင် အဖတ်များကို ဖယ်၍ အရည်ကို ခေတ္တအအေးခံပေးပါ။ပြီးလျှင် ယင်းပြုတ်ရည်ထဲ ကိုပျားရည်စစ် စစ်၅ဇွန်း ခန့်ထည့်ပေးပါ။ပန်းသီးအရည် ကိုလည်း၅ဇွန်း ခန့်ထည့်ပေးပါ။ပန်းသီး အရည်မှာ ရှာရ မလွယ်ကူ ပါက မထည့်လည်း ရပါတယ်။ -နောက်ဆုံးအနေ ဖြင့်သံပုရာရည် (သို့) ရှောက်ရည်ကို ၅ဇွန်းခန့် ထည့်ပြီး လျှင်အ၀ကျယ် သောပုလင်းထဲကို ထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ။
ဆေးသောက်နည်းလမ်းညွှန်
ယင်းဆေးပုလင်း ကိုရေခဲသေတ္တာ ထဲသာမက အပြင်မှာလည်းထား နိုင်ပါတယ်။မနက် ၊နေ့ ၊ ညကို တန့လျှင် ရေနွေးနဲ့ တစ်ဇွန်းစီ သောက်ပေးပါ။နေ့စဉ် သောက်သုံးပေး ခြင်းအားဖြင့် ကျန်းမာပြီး ခွန်အားကို လည်းတိုးပွါး စေပါတယ်။
photo from GOOGLE
myint oo
msc 102
Facebookထဲမှ ကူးယူထားတာ တွေ့ရှိရပါတယ်။
https://m.facebook.com/399532613585970/photos/a.399641516908413.1073741829.399532613585970/400528420153056/?type=3
မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် ကိုယ်တိုင်ဝန်ခံချက်ပေးပို့ထားပြီး ဖြစ်သော်လည်းစည်းကမ်းမလိုက်နာသဖြင့် MSC မှရာသက်ပန် ထုတ်ပယ်လိုက်ပါသည်။ ပုံစံတူ post အား https://m.facebook.com/399532613585970/photos/a.399641516908413.1073741829.399532613585970/400528420153056/?type=3 တွင်တွေ့ရပါသည်။
dr ကိုမြင့်ဦး
ကျန်းမာရေးဗဟုသုတရပါတယ်။
Good Post for health bro
ကျေးဇူးပါ bro ကျန်းမာရေးအတွက် ဗဟုသုတရပါတယ်
ကျန်ူမာရေးအသိတွေတိုးရပါတယ် good postလေးပါ
thanks
အသိပညာရပါတယ်ဗျ
ကျွန်မကိုယ်တိုင်ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။
ခုလိုပြည့်ပြည့်စုံစုံသိရလို့ကျေးဇူးပါ။
ဖတ်ပေးတဲ.အတွက် ကျေးဇူးတင်ပာတယ်။
Good post