သွေတိုးရောဂါ

in #myanmar8 years ago (edited)

သွေးတိုးရောဂါ

download.png

ကြောက်စရာ ကောင်းတဲ. ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်းပါဝင်ပါတယ်။ အသံတိတ် လူသတ်သမား ( slient killer ) လို.လည်းခေါ်ကြတယ်။ နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.။ သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်။ အများစုမှာ ရောဂါရှိမှန်း မသိကြပေ။တချို.တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း စသည်. လက္ခ္ဏာများ ပြတတ်သည်။လူတဦးတွင် ပုံမှန်အားဖြင့်    အမျိုးသား  (120/80)mmHg နှင့် အမျိုးသမီး  (110/70 )mmHg  သွေးဖိအား ရှိလေသည်။ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမရှိဘဲ သွေးဖိအားတတ်လာပါက ယေဘုယျအားဖြင့် သွေးတိုးသည်ဟု သတ်မှတ်နိုင်သည်။ရောဂါရှိသူ ၉၀ -၉၅ ရာခိုင်နှုန်းခန်.မှာ အကြောင်းအရာမရှိဘဲ သွေးတိုးတတ်ကြပြီး   ၅ -၁၀ ရာခိုင်နှုန်းခန်.မှာ ရောဂါကြောင့် သွေးတိုးခြင်းဖြစ်သည်။များသောအားဖြင့် အမျိုးသားများတွင်ဖြစ်လေ.ရှိပြီး အမျိုးသမီးများလည်းဖြစ်တတ်သည်။ ရောဂါဖြစ်စေသော အကြောင်းမှာ-
    အရက်အလွန် အကျွံ သောက်ခြင်း
     (ကိုယ်အလေးချိန်များခြင်း)
    ဆား၊ အငန်ဓါတ်စား သုံးမှု များခြင်း
        
    စိတ်ဖိစီး မှုများ ခြင်း
    ကျောက်ကပ် ရောဂါ ဖြစ်ခြင်း
    လှုပ်ရှားမှုနည်းခြင်း (အားကစား) တို.ကြောင့်ဖြစ်တတ်သည်။

သေချာစွာဂရုမစိုက်မိပါက နောက်ဆက်တွဲအနေဖြင့် ရင်ဘတ်အောင့်ခြင်း(နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်.။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း ၊ ဦးနှောက်သွေြးေ့ကာပိတ်ခြင်း ၊ လေဖြတ်ခြင်း တို.ဖြစ်တတ်သည်။အဓိက စိတ်ဖိစီးမှုများခြင်းကြောင့်ရောဂါဖြစ်တတ်သည်။ ကုသရန်လည်းမလွယ်ကူပေ။ သွေကျဆေးများသောက်သုံးရုံ ဖြင့်လည်း မရပေ။ ဆရာဝန်နှင့်စနစ်တကျ ကုသမှုခံယူပြီး မိမိကိုယ်တိုင် လိုက်နာ ကျင့်သုံးရပေမည်။သွေးတိုးထိန်းနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။ မိမိတို့ရဲ့နေထိုင်စားသောက်မှုပုံစံ(lifestyle) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဆေးအများကြီးသောက်ရတဲ့သူတွေဟာ ဆေးကို လျှော့သောက်လာနိုင်မယ်။ ဆေးနည်းနည်းသောက်နေရသူတွေဟာ ဆေးသောက်စရာမလိုတော့ဘဲဖြစ်လာမယ်။ အထူးသဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။

download.jpg

သွေးတိုးရောဂါ ကို
၁။ ဆရာဝန် ဖြင်.ပြသပြီး စနစ်တကျ ကုသမှုခံယူပါ။
သွေးတိုးရောဂါရှိသူတွေဟာ မကြာမကြာ သွေးပေါင်ချိန်ပေးဖို့လိုပါမယ်။ လစဉ် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကိုယ်ခန္ဓာကို သတိထားပြီး အပြောင်းအလဲတွေဘာတွေဖြစ်လဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါကုသမှုကို ဂရုတစိုက်ဆောင်ရွက်သင့်ပါတယ်။
၂။ မိမိနှင့်သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု လေကျင့်ခန်းကို နေ.စဉ်ပုံမှန်ပြုလုပ်ပါ။
သွေးတိုးဖြစ်လာနိုင်ဖွယ်ရှိသူတွေဟာ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပြီး၊ သွေးတိုးရောဂါရှိသူတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ရင် သွေးတိုးကို စိတ်ချရတဲ့ အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆယ်မိနစ် ဆက်တိုက်လျှောက် ခဏနား၊ ဆယ်မိနစ်ဆက်လျှောက်နဲ့ သက်သက်သာသာလုပ်သွားတာတောင်မှ သွေးတိုးရောဂါအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်ပါတယ်။
၃။ ဆေးလိပ်၊ဆေးရွက်ကြီး ရှောင်ကြဉ်ပါ။
ဆေးလိပ်သောကိခြင်းဟာ သွေးဖိအားကို မြှင့်စေပါတယ်။ဓါကြောင့် လုံးဝမသောက်သင့်ပါဘူး။
၎။ အရက်သောက်ခြင်းရှောင်ပါ။
အရက်များများသောက်ခြင်းက ရောဂါကို ပိုမိုဆိုးရွားစေပါသည်။ သို.မဟုတ်ပါက လျော့သောက်ပါ။
၅။ အငန်ဓါတ်လျော. စားသုံးရန်။
ဆားပသော အစားအစာများ၊ အသင့်စား သောက်ကုန်များကို လျော.စားရန်။
၆။ တကမ္ဘာလုံးမှာ အစိမ်းရောင် တွေ များများစားလာကြပါပြီ။ အသားကိုလျော့စားပြီး ဟင်းသီးဟင်းရွက်ကိုများများစားတာမျိုးပါ။ အသီးအအနှံပေါတဲ့ မြန်မာပြည်မှာတော့ အသီးအနှံကို များများစားပေးဖို့လွယ်ကူပါတယ်။ ကျန်းမာရေးနှင့် သင်.လျော်သော အစားအစာများကို ရွေးချယ်စားသုံးရန်။

၇၊စိတ်ဖိစီးမှုနှင်.စိုးရိမ်သောကများကိုလျော့ချရန်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဟာ သွေးဖိအားကိုခဏတော့ မြင့်စေတတ်ပါတယ်။
စိတ်ဖိစီးမှုကို မလျော့ချခင် ဘယ်လိုနေရာမှာ ကိုယ်စိတ်ဖိစီးတတ်သလဲဆိုတာကို အတိအကျလေ့လာဖို့လိုပါလိမ့်မယ်။ ရေကူခြင်း၊စက်ဘီးစီးခြင်ဲး့၊တရာထိုင်ခြင့်း ဈသိုသောနည်းလမ်းများဖြင့်လျော.ချသင့်ပေသည်။
၈။ မိသားစု မိတ်ဆွေများနှင့် နွေးထွေး ခင်မင်ရင်းနှီးစွာ ဆက်ဆံရန်။
မိတ်ဆွေ ၊မိသားစုများနှင့်ကောင်းမွန်စွာဆက်ဆံရန်၊ အခြားသူများကိုလည်းရောဂါအကြောင်းပြောပြနိုင်လျှင် ကိုယ်.အတွက်ရော သူတို့အတွက်ပါ အကျိုးရှိလေသည်။
ကျန်းမာရေးတဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုလေးများကိုဂရုတစိုက်လိုက်နာသွားရုံနဲ့ သွေးတိုးရောဂါကို အောင်မြင်စွာခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်။

download (1).jpg

photo from google

myint oo

Sort:  

Wowစုံလင်​ပါ​ပေတယ်

ကျေးဇူးတင်ပါတယ်

good bro

I really like this post myintoo!

Thanks bro

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60710.55
ETH 1561.14
USDT 1.00
SBD 0.47