CHOKING

in #myanmar8 years ago (edited)

အစာနင်ခြင်း (choking)

         ရှေး လူကြီးများက အစာစားချိန်တွင် စကားပြောလျှင် တားမြစ်ကြသည်။ ကျနော်.အိမ်တွင်လည်း မိဘများက ငယ်စဉ်ကတည်းက အစာစားလျှင် စကားမပြောရဟု တားမြစ်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် အစာစားနေစဉ် စကားပြောလျှင် အစာနင်ခြင်းဖြစ်တတ်သည်။အစားအစာများကို အလျင်အမြန် စားသောက်ခြင်း၊ ကစားနေစဉ် စားသောက်ခြင်း၊ ပါးစပ်ဖြင့် မတန်တဆ စားသောက်ခြင်း ၊ အသီး အစေ.များကို လျှင်မြန်စွာ မြိုချမိခြင်းကြောင့် ဖြစ်သည်။
အစာနင်တာက အသက်အရွယ်မရွေး လူမရွေးဖြစ်တတ်တယ်။ အစာနင်တာလား၊ စို့နေသလို့ဖြစ်တာလား၊ အစာမြိုချရခက်တာလား တော့ကွဲကွဲပြားပြား သိရန် အရေးကြီးလှပေသည်။
အစားအသောက်တွေ၊ လေတွေအားလုံးက လည်ချောင်းကိုဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။
လေပြွန်နဲ. အစာပြွန်အတွက် လည်ချောင်းအောက်ခြေတွင် အပေါက်တခုသာရှိပြီး ၎င်းကို ခန္ဒာကိုယ်မှ အလိုအလျောက် ထိန်းချုပ်သည်။ အစားအသောက်တွေ၊ လေတွေအားလုံးက လည်ချောင်းကိုဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။ အစာစားနေချိန်မှာ ရယ်လိုက်ရင် ၊တခုခုကို အာရုံစိုက်လိုက်လျှင် ဒီလေပြွန်ဖုံးလေးအချိန်မီမပိတ်လိုက်နိုင်ဘဲ လေပြွန်ထဲကို အစာအနည်းငယ် ဝင်ရောက်ပြီး အစာနင်ခြင်းဖြစ်တတ်သည်။ အများအားဖြင့်တော့ ချောင်းဆိုးလိုက်ပြီး ဒီအစာကိုပြန်ထုတ်နိုင်ရင် ဘာပြဿနာမှမရှိပါဘူး။
အစာ (သို့)သစ်စေ. အရာဝတ္ထုတစ်ခုခုက အသက်ရှူလမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်ပြီးလျှင် လေအဝင်အထွက် မလုပ်နိုင်တော့ပါဘူး။ ဒီလိုအချိန်မှာဆိုရင် ချောင်းမ ဆိုးနိုင်၊ အသက်မရှူနိုင်၊ စကားမပြောနိုင်တဲ့အပြင် အသံတောင်မထွက်နိုင်တော့ပါဘူး။ အသက်တခာ အောင့်ချိန် အများဆုံး (၅) ခန်.သာအချိန်ရလေသည်။ ထိုအချိန် အတွင်း မကူညီနိုင်ပါက အသက်အန္တရာယ် ထိခိုက်နိုင်လေသည်။

    ** လူနာသည် ဟပ်ထုတ်နိုင်ပါက ချောင်ဆိုး၍ အမြန်ဟပ်ထုတ်ခိုင်းရန် အရေးကြီးသည်

    ** အသက် ၁ နှစ်အောက်ကလေးဖြစ်ပါက ကလေးအား ဝရမ်းမောက်စေပြီး                     ကြောဂုံးကို ရိုက်ပေးပါ။
    **ဗိုက်ကိုလက်ဖြင့် နောက်ဘက်မှ ပွေ့ဘက်ကာ ကြောဘက်ကို ရိုက်လိုက်ပါ။
    **သိုင်းဖက်၍ မရနိုင်အောင် အဝလွန်သူ ဖြစ်ပါက ရှေ့သို့ ကုန်းခိုင်းကာ ကျောကို               အားနှင့် ထုပေးပါ။

အစာနင်ချိန်တွင် အချိန်နှင့်အမျှ အရေးကြီးလှပေသည်။ အချိန်မှီ မပြုစုနိုင်လျှင် သတိလစ်ပြီး အသက်ရှုရပ်သွားနိုင်လေသည်။ ထို.ကြေင့် အမြန်ဆုံးပြုစုကုသရန်လိုအပ်သည်။ အောက်တွင် အသက်အရွယ် အလိုက် ပြုစုရန် ပုံ.လေးများအား ဂရုပြု မှတ်သားထားသင့်ပေသည်။

images (1).jpg

images (2).jpg

![images (3).jpg]

![download (1).jpg]

images.jpg

photo from google image

myint oo

Sort:  

Good post

good post bro

သိခွင့်ရတဲ့အတွက်ကျေးဇူးပါ

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.082
BTC 62530.03
ETH 1633.28
USDT 1.00
SBD 0.44