မြန်မာလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်
ကျွန်တော်တို့ မြန်မာစကားပုံတွင်"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်"ဟူသော ဆိုရိုးရှိပါသည်။သစ်တစ်ပင်ကောင်း ဖြစ်ရန်အတွက် မျိုးစေ့မှ အပင်ပေါက်ရသည်။အပင်ပေါက်လာသောအခါတွင်လည်း ဖျက်စီးသူနှင့် မတွေ့ပါမှ အရိပ်အာဝါသကောင်းမွန်သော အပင်ကြီးဘဝသို့ ရောက်နိုင်ပေသည်။ထိုနည်းအတူ နောင်သောအခါ တိုင်းပြည်၏ မှီခိုအားထားရာ အရိပ်အာဝါသ ဖြစ်လာမည့် လူငယ်လူရွယ်များသည်လည်း အပင်ပေါက်ဘဝတွင် အဖျက်စီးမခံရစေရန် အရေးကြီးလှပေသည်။လူငယ် လူရွယ်တို့အား ဖျက်စီးစေသော အကြောင်းရာများစွာရှိသော်လည်း မူးယစ်ဆေးဝါးအန္တရာယ်ထက် ဆိုးသောအရာကို ကျွန်တော်မမြင်မိပါ။
မူးယစ်ဆေးဝါးသည် ရွှေရောင်တောက်ပသော ငရဲပန်းသာဖြစ်သည်။ သူ၏ အပေါ်ယံ သာယာမှုကိုပြကာ နောက်ကွယ်မှ ဆိုးကျိုးဒုက္ခတို့အား သုံးစွဲသူ သတိမပြုမိစေရန် အမြဲမြူ ဆွယ်တက်လေသည်။လူငယ်လူရွယ်များသည် အတုယူမှား၍ဖြစ်စေ ၊ သူငယ်ချင်းများကအဆွယ်ကောင်း၍ဖြစ်စေ ၊ စူးစမ်းလို၍ဖြစ်စေ ၊ စိတ်ထွက်ပေါက်အလိုငှာဖြစ်စေ မူးယစ်ဆေးဝါးကို သုံးစွဲတက်လေသည်။မည်သို့သော အကြောင်းကြောင့် မူးယစ်ဆေးဝါးကို သုံးစွဲသည်ဖြစ်စေ မူးယစ်ဆေးဝါးသည် သူ၏အပေါ်ယံသာယာမှုကို ပေးစွမ်း၍မြူ ဆွယ်ထားလေသည်။မူးယစ်ဆေးဝါး အမျိုးစားမျာစွာ ရှိသည့်အနက်မှ ဘိန်း၊ cocaine၊ ဆေးခြောက်(Marijuana)၊ WYဆေးပြား၊ ICE၊ ကော်ရှူခြင်း စသော မူးယစ်ဆေးဝါးများ၏ မြူဆွယ်ပုံ မြူဆွယ်နည်းကို အနည်းငယ် ရေးသားဖော်ပြပေးပါမည်။
ဘိန်း
ဘိန်းပင်၏ အသီးကို အစေးခြစ်ပေးရပြီး ရလာသော အစေးကို နေလှန်းခြင်းဖြင့် ဘိန်းအကြမ်းကို ရရှိလေသည်။ဘိန်းအကြမ်းကို ဓါတုပစ္စည်းဖြင့် ပြန်လည်ချက်လုပ်ပြီး ဘိန်းဖြူ ဖြစ်လာလေသည်။
ဘိန်းကို မြို၍တစ်မျိုး ရှူ ၍တစ်ဖုံ အကြောထဲသို့ ထိုးသွင်း၍တနည်းဖြင့် ဘိန်းကို သုံးစွဲလေသည်။ဘိန်းသုံးစွဲသူသည် ဘိန်းကို သုံးစွဲသောအခါတွင် လူသည်နေလို့ကောင်းနေ၊ ကျေနပ်နေ၊ သာယာနေသည်။လေပေါ်တွင်လွင့်နေ့သကဲ့သို့ဖြစ်နေသည်။မိမိဖြစ်လိုသောအရာမှန်သမျှ စိတ်ကူးထဲတွင် အကုန်ဖြစ်ခွင့်ရနေသည်။ဤသည်မှာ ဘိန်း၏ သုံးစွဲသူအပေါ် မြူဆွယ်နည်းပင်ဖြစ်ပေတော့သည်။
Cocaine
Cocaineကို ကိုကာဟုခေါ်သောအပင်၏ ကိုကာအရွက်မှရရှိလေသည်။ကိုကာပင်ကို တောင်အမေရိက တွင်အများဆုံးတွေ့ရှိရသည်။အများဆုံးထုတ်လုပ်သောနိုင်ငံများမှာ ကိုလံဘီယာ၊ ပီရူး နှင့် ဘိုလီဗီးယား တို့ဖြစ်လေသည်။Cocaineကို ရှု၍တစ်မျိုး အကြောထဲ ထိုးသွင်း၍ တစ်ဖုံ အသုံးပြုရသည်။Cocaineကို သုံးစွဲသောအခါ လူသည် ပျော်ရွှင် တက်ကြွ နေလေသည်။သို့သော် cocaineသည် အခြားသောမူးယစ်ဆေးဝါးနှင့် မတူသောအချက်မှာ ငြိမ့်၏။စက္ကန့်ပိုင်းအတွင်း ဆေးတန်ခိုးပြ၏။သို့သော် ဆေးတန်ခိုးမှာ တစ်နာရီခွဲခန့်သာ ရလေသည်။ကြာကြာ ဆေးတန်ခိုးမပြ၍ ခဏခဏ ပြန်ရှုရလေသည်။ဤသည်ကားပင် Concaine၏ ပိုက်ဆံကို ရေလိုသုံးနိုင်သူများအပေါ် မြူဆွယ်နည်း တစ်မျိုးဖြစ်ပေတော့သည်။
ဆေးခြောက်(Marijuana)
ဆေးခြောက်ကို ဆေးခြောက်ပင်၏ အရွက် အပွင့်တို့မှ အဓိက ရရှိသည်။အပင်ကို နိုင်ငံတော်တော်များများတွင် တွေ့ရနိုင်သည်။
ဆေးခြောက်ကို ဆေးလိပ်သောက်သလို သောက်ခြင်း၊ Potနှင့်သုံးခြင်း၊ အစား အစာနှင့်ရော၍ ချက်ပြုတ်စားသုံးခြင်းဖြင့် အသုံးပြုကြသည်။ဆေးခြောက်သုံးပြီးနောက် လူသည် ရယ်မောပျော်ရွှင်လိုစိတ်ဖြစ်ခြင်း၊ အာရုံခံစားမှုကောင်းခြင်း၊ အစာစားခြင်စိတ် ဖြစ်ပေါ်စေခြင်းတို့ဖြင့် သုံးစွဲသူများအပေါ် မြူဆွယ်တက်ပေသည်။
WYဆေးပြား
WYဆေးပြားကို"ရာဘ၊ မြင်းဆေး၊ အသီး"ဟူသောအမည်များအပြင် အခြား အမည်များစွာနှင့် ခေါ်ကြပါသေးသည်။WYဆိုသည်မှာ Wa Youth(ဝ လူငယ်)မှ ဆင်းသက်လာပါသည်။WY ဆေးပြားကိုMethamphetamine(45-46)mgနှင့် Caffine(25-35)mg တို့အပြင် Lithiumပါ ပါဝင်အချိုးချ ပြုလုပ်ထားသည်။WYဆေးပြားကို အပူပေးအငွေ့ပြန်စေပြီး အငွေ့ကို ရှူရှိုက်သောနည်း၊ အမှုန့်ပြုလုပ်ပြီး ရှူရှိုက်သောနည်းများ ဖြင့်သုံးစွဲကြသည်။WYဆေးပြားသုံးစွဲသူသည် သတိပိုရှိလာခြင်း၊ ပိုနိုးကြားလာခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာခြင်း၊ ရဲရင့်လာခြင်း၊ ဘာမဆို လုပ်နိုင်လာသလို ခံစားလာမိခြင်း၊ မမောပန်း မဆာလောင် မအိပ်ချင် ဖြစ်လာခြင်း များနှင့် သုံးစွဲသူများကို မြူဆွယ်ထားလေသည်။
ICE
သန့်စင်သော Methamphetamineကို ICE ဟုခေါ်ပေသည်။
ICEသည် အချိုမှုန့်ပုံစံ အဖြူရောင်ပုံဆောင်ခဲ ဖြစ်လေသည်။
ICEကို"အချစ်ဆေး"ဟုလည်းခေါ်ပါသေးသည်။Iceကို အကြောထဲသို့ထိုးသွင်း၍တစ်မျိုး၊ မီးအပူပေးကာ ရှူရှိုက်၍တစ်ဖုံ အသုံးပြုကြသည်။ICEကို သုံးစွဲသောအခါ အခြားစိတ်ကြွဆေးများကဲ့သို့ အအိပ်ပျက်၊ အစားပျက်၊ မူပျက်မနေပါ။စိတ်ကိုလန်းဆန်းရွှင်မြူးနေစေပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာသည်။တိုက်ချင် ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာတက်ပြီး သေရ သတ်ရမှာလည်း မကြောက်တော့ပါ။ဤသို့ ဤသို့သော အစွမ်းများဖြင့် ICEသည် သုံးစွဲသူများကို မြူဆွယ်နေပါတော့သည်။
ကော်ရှူခြင်း
ကော်ထဲတွင် အဓိကပါဝင်သောအရာမှာTolueneဟုခေါ်သော ဆေးအုပ်စုတစ်ခု ဖြစ်ပေသည်။Tolueneသည် ပလတ်စတစ်ကို ဖျော်သောနေရာတွင် အသုံးပြုပါသည်။
ကော်ရှူ ခြင်းဆိုသည်မှာ သစ်သားများ ရာဘာများ ပိုက်များဆက်ရာတွင် အသုံးပြုသော TV စာတန်းပါ ကော်ဗူးအား အဖုံးကို ဖွင့်၍ အနံ့ကို ရှူ ခြင်း ဖြစ်လေသည်။ကော်ရှူခြင်းသည် ဗိုက်လည်းမဆာ၊ နာကျင်ခြင်းလည်းမသိ၊ အိပ်၍လည်းပျော်စေသော အစွမ်းရှိပေသည်။ထိုကဲ့သို့သော အစွမ်းများဖြင့် လမ်းဘေးမှ ဘဝကိုဖြစ်သလို ရုန်းကန်နေရသော ကလေးငယ်များအား မြူဆွယ်နေပေတော့သည်။
အကောင်းပြီးလျှင် အဆိုးလာတက်သော လောက သဘာဝရှိပေသည်။ထို့အတူ မူးယစ်ဆေးဝါးသည်လည်း အစပိုင်းတွင် ကောင်းသယောင်ရှိသော်လည်း နောက်ပိုင်းတွင် ကျန်းမာရေး စီးပွားရေး လူမှုရေး အားလုံး လုံးပါး ပါးရလေသည်။မူးယစ်ဆေးဝါးသုံးသောကြောင့် ပထမဆုံး ဖြစ်လာသော ပျက်ယွင်းမှုမှာ ဦးနှောက်ဖြစ်သည်။မူးယစ်ဆေးဝါး ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသောအခါ မူးယစ်ဆေးဝါး၏ အာနိသင်က ဦးနှောက်ထဲရှိLimbic Systemဟုခေါ်သောနေရာသို့ ရောက်ရှိသွားလေသည်။ဌင်းနေရာရှိ ဆဲလ်များထဲမှDopamine ဟုခေါ်သော ဓာတ်တစ်မျိုးကို အများကြီးဖြစ်အောင် လုပ်ပေးလိုက်သည်။ပုံမှန်အားဖြင့် ဦးနှောက်ထဲမှာ ထုတ်လိုက်သော Dopamine ကို ပြန်ရုပ်သိမ်းရလေသည်။ထိုသို့ပြန်ရုပ်သိမ်းသော စနစ်ပျက်သွားစေရန် ဆေး၏အာနိသင်က သွားပြီး ထိန်းချုပ်လိုက်သည်။ထိုအခါDopamineများ အများကြီး ဖြစ်လာလေသည်။Dopamineအများကြီး ဖြစ်လာလျှင် ဆေးသုံးစွဲသူသည် ကျေနပ်မှုရသွားသည်။ဦးနှောက်သည် အများကြီးဖြစ်လာသော Dopamineကို ခုခံရန် ဆဲလ်မျာထုတ်လွှတ်ပေးသည်။ဆေးအာနိသင် နည်းသွားချိန်တွင် ခုခံဆဲလ်များ ပိုများလာသည်။ ဆေးကို ကြိမ်ဖန်များစွာ သုံးလာသောအခါတွင် ခုခံဆဲလ်အရေတွက် လွန်စွာများနေသောကြောင့် ဆေးသုံးသော်လည်း ကျေနပ်မှုမရတော့ပေ။ထိုအခါ ဆေးသုံးသူသည် ဆေးကို ပမာဏတိုး၍သုံးသည်။ဆေးပမာဏများသောအခါ ခုခံဆဲလ်များလည်း ပိုများလာသည် လျှော့မသွားတော့ပေ။ထိုအခါတွင် ဆေးပမာဏ လျှော့သွားလျှင်ဖြစ်စေ ဆေးသုံးနေကျအချိန် မသုံးလျှင်ဖြစ်စေ ဦးနှောက်သည် ပုံမှန်အလုပ် မလုပ်တော့ပေ။
ထိုအခါမျိုးတွင် ဆေးသုံးစဉ်က ကောင်းခဲ့သောအရာများသည် အကုန်ဆန့်ကျင်ဘက် ဖြစ်ကုန်သည်။ဆေးသုံးခဲ့စဉ်က ရဲရင့် တက်ကြွ ရွှင်လန်း မပင်ပန်း မစားမသောက် မအိပ်ပဲ နေနိုင်သော်လည်း ဆေးပြတ်သောအခါတွင် စိတ်ဓါတ်ကျ လာသည်။မောပန်းနွမ်းလျှလာသည်။အရာရာကို အလိုမကျဖြစ်လာသည်။ဆာလောင်လာသည် သို့သော် စား၍ကားမဝင်။အိပ်ချင်ပါသော်လည်း အိပ်၍မရ။နာကျင်လာရသည်။ဆောက်တည်ရာမရဖြစ်လာသည်။ထို့အခြေအနေများကို ကျော်ဖြတ်ရန် မဖြစ်မနေ ဆေးထပ်လိုအပ်လာသည်။
မူးယစ်ဆေးဝါးသုံးစွဲသူသည် ဆေးလိုအပ်လာချိန်တွင် ဆေးရရန်အတွက် ဘာမဆို လုပ်ရန် ဝန်မလေးတော့ပေ။ ပိုက်ဆံမရှိလျှင် ခိုးမည်။ခိုး၍မရလျှင် လုမည်။ဆေးအတွက် မိမိအသက်သေမှာလည်းမကြောက် သူများအသက် သတ်ရန်လည်း ဝန်မလေးတော့ပေ။ခိုး၍မိလျင်လည်း ထောင်ကျမည်။သတ်လျင်လည်း ထောင်ကျမည်။ထောင်းတန်းမကျဘဲ ဆေးကို ခန္ဓာကိုယ်က ခံနိုင်သော ပမာဏထက် ပိုသုံးပါကလည်း ရှော့ဖြစ်၍ သေဆုံးရမည်။ထိုကဲ့ မဖြစ်သော်လည်း မိမိကြောင့် မိသားစုဝင်များ စိတ်ဆင်းရဲရမည်။မိမိအလုပ်မလုပ်နိုင်၍ မိသားစုစီးပွားရေးပါ ထိခိုက်လာမည်။ထို့အပြင် ဆေးသမားအဖြစ် ပတ်ဝန်းကျင်တွင်လည်း ကျဉ်ရှောင်ခြင်း ခံရပေမည်။အပေါင်းအသင်းသော်မှ လုပ်လိုသူမရှိဖြစ်လာမည်။မူယစ်ဆေးဝါးသည် မိမိခန္ဓာကိုယ်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်အတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း ကောင်းကျိုးမရှိ ဆိုးကျိုးများသာ သယ်ဆောင်လာခဲ့ပေသည်။
ထိုကဲ့သို့ ကောင်းကျိုးမရှိ ဆိုးကျိုးကိုသာ သယ်ဆောင်လာခဲ့သော မှုးယစ်ဆေးဝါးကို နောင်အခါ တိုင်းပြည်၏ အရိပ်အာဝါသ ဖြစ်လာမည့် လူငယ် လူရွယ်များ သုံးနေခြင်းမှာ အဘယ်ကြောင့်နည်း။မူးယစ်ဆေးဝါးသုံးစွဲသော လူငယ် လူရွယ်များသည် တန်ခိုးရှင် ဖန်ဆင်းပေးသကဲ့သို့ ချက်ချင်းလင်ငင်း မူးယစ်ဆေးဝါးသားကောင် ဖြစ်လာသည်မဟုတ်။အရာရာတိုင်းသည် အကြောင်းကြောင့် အကျိုးဖြစ်လာရသည်။လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲဖြစ်ရခြင်း အကြောင်းမှာ များစွာရှိကြလေသည်။ထိုအထဲမှ အဖြစ်များဆုံး အချက်တစ်ချို့ကို ဖော်ပြပေးလိုပါသည်။
၁။မိဘနှင့် သားသမီးတွေ့ဆုံချိန် နည်းလာခြင်း
ခေတ်ကာလ၏ စီးပွားရေး အခြေနေကြောင့် မိဘနှင့် သားသမီးတို့ တွေ့ဆုံချိန် နည်းလာရသည်။နံနက် မိုးလင်းသည်နှင့် မိဘများ အလုပ်သွားကြရပြီး ညမိုးချုပ်မှအိမ်ပြန်ရောက်ရသည်။အိမ်သို့ရောက်လျှင် ပင်ပန်းနေပြီး မိသားစုနှင့် စကားကြာကြာမပြောနိုင်တော့။ပိတ်ရက်များတွင်လည်း သားသမီးများက သင်တန်းများသွားကြသောကြောင့် ပြည့်ပြည့်ဝဝ တွေ့ချိန်မရပေ။ထို့ကြောင့် သားသမီးတို့အား သွန်သင်ဆုံးမမှုပိုင်းတွင် သိသိသာသာ အားနည်းလာရပေသည်။သားသမီးများကလည်း သွန်သင်မှုအားနည်း၍ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အကောင်းအဆိုး ဖြစ်လာလေသည်။မူးယစ်ဆေးဝါး သုံးစွဲသော ပတ်ဝန်းကျင်နှင့် အနေနီးပါက မူးယစ်ဆေးသုံးစွဲသူများဖြစ်လာတော့သည်။မိဘများသည်လည်း သားသမီးများနှင့် တွေ့ဆုံရချိန်နည်းသောကြောင့် မိမိ၏သားသမီးများ ဘာဖြစ်နေသည်ကို အချိန်မီမသိကြတော့ပေ။
၂။စာသင်ကျောင်းများ၏ သင်ကြားရေး လိုအပ်ချက်များ
ကျောင်းများတွင် မူးယစ်ဆေးဝါး၏ဆိုးကျိုးကို ကျောင်းသားကျောင်းသူများ ရင်ထဲ အသည်းထဲထိ စွဲမြဲစွာရောက်ရှိသွားစေရန် သင်ထောက်ကူပစ္စည်း အပြည့်စုံဖြင့် မသင်ကြားပေးနိုင်သေးပါ။ခေတ်ကာလ အနေထားအရ မိဘတို့၏ သွန်သင်ဆုံးမမှုနှင့် ဝေးလာသော လူငယ်လူရွယ်များအား စာသင်ကျောင်းများကပါ ထိထိရောက်ရောက် မသင်ကြားပေးနိုင်သောအခါ မူးယစ်ဆေးဝါးသားကောင်များ ဖြစ်လာရန် ပို၍ နီးစပ်လာခဲ့ပါသည်။
၃။နိုင်ငံတော်၏ လိုအပ်ချက်များ
နိုင်ငံတော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်စွာ မဆောင်ရွက်နိုင်သေးပါ။နယ်စပ် လမ်းကြောင်းများကို မထိန်းချုပ်နိုင်သေးပါ။အဆိုးဆုံးမှာ တိုင်းပြည်၏ အားကိုးအားထားရာ နိုင်ငံဝန်ထမ်းများကပါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေကြခြင်း ဖြစ်ပေသည်။ဆိုးပေစွ။
၎။လူငယ်လူရွယ်များအပေါ်တွင် ပြင်းထန်သော ဖိအားများခံစားရခြင်း
လူငယ်လူရွယ်တို့သည် နုနယ်သော အဖူးအညွန့်လေးများဖြစ်ကြသည်။ဌင်းတို့အပေါ်တွင် ကြီးမာသော ဖိအားများ စိတ်ထိခိုက်စရာများ ကြုံလာသောအခါ စိတ်ထွက်ပေါက်ရှာတက်ပေသည်။ဥပမာပေးရမည်ဆိုလျင် မိဘများအိမ်ထောင်ရေး အဆင်မပြေခြင်း၊ မိဘစီးပွားရေး အဆင်မပြေခြင်း၊ ပညာရေးတွင် ဖိအားပေး၍ အတန်းထဲတွင် အမြဲပထမ ရကိုရ ရမည်၊ ဆရာဝန် အင်္ဂျင်နီယာ ဖြစ်ရမည်၊ မည်သူကတော့ အမြဲပထမရသည် မိမိသားသမီးမှာမရ၍ ညံ့သည် ဖျင်းသည် အသုံးမကျဟု အမြဲပြောဆို နေခြင်းများ ကြောင့် တော်မည့်ကလေးမှာ ချော်သွားသည်။စိတ်ထွက်ပေါက်ရှာသွားသည်။လူငယ် လူရွယ်များ၏ စိတ်ထွက်ပေါက်သည် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြစ်လာပါက အဖက်ဆယ်ရန်ခက်ခဲပေတော့သည်။
၅။ဘဝကို ခက်ခဲပင်ပန်းစွာ အသက်မွေးရခြင်း
လမ်းဘေးတွင် အမှိုက်ကောက်ခြင်း၊ တောင်းရမ်းစားသောက်ရခြင်း အလုပ်များဖြင့် အသက်မွေးရသော ကလေးသူငယ်များသည် အစာရေစာကို ဝလင်စွာမစားသုံးရ ၊နေရန်နေရာမရှိ၊ အိပ်ရန်နေရာမရှိ ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရသောကြောင့် တန်ဖိုးအနည်းငယ်ပေး၍ အသုံးပြုနိုင်သော တဒင်္ဂ နိဗ္ဗာန်ဘုံသို့သွားနိုင်သည့် ကော်ရှူ ခြင်းကဲ့သို့သော မူးယစ်ဆေးဝါးကိုအသုံးပြုကြလေသည်။ဝမ်းနည်းဖွယ်ကောင်းလေစွ။
အနာသိလျှင် ဆေးရှိရမြဲဖြစ်သည်။လိုအပ်ချက်များသိလျှင် ကောင်းမွန်လာရန် ပြင်ဆင်နိုင်ပေသည်။ကျွန်တော် စဉ်းစားမိသော ပြင်ဆင်ကာကွယ်နည်းများမှာ
၁။မိဘများသည် မိမိသားသမီးများကို အချိန်ပိုပေးခြင်း၊ အပေါင်းသင်းမှစ၍အမြဲမပြတ်သတိထားအကဲခက်နေခြင်း၊ စာအုပ်စာပေဖတ်ရှု့ခြင်းကို ဝါသနာပါလာအောင်ပြုလုပ်ပေးခြင်း၊ သားသမီးတို့အပေါ်နွေးနွေးထွေးထွေးဆက်ဆံခြင်း၊ ဖိအားအများကြီးမပေးခြင်း တို့ဖြင့် သားသမီးများကို မူယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်နိုင်သည်။
၂။ကျောင်းများမှလည်း ယခုထက်ပိုပြီး မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို သင်ထောက်ကူ အပြည့်စုံနှင့် ရင်ထဲ အသည်းထဲ စွဲမြဲစွာ မှတ်မိနေသည်အထိသင်ကြားပေးခြင်းဖြင့် လူငယ်လူရွယ်တို့ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်နိုင်ပေသည်။
၃။ထုတ်လုပ်ရောင်းချသူ မရှိပါက သုံးစွဲသူရှိမည်မဟုတ်ပါ။ထို့ကြောင့် နိုင်ငံတော်၏တာဝန်ရှိ သူးများမှလည်း အထူးစစ်ဆင်ရေးများပြုလုပ်ကာ ရှင်းလင်းခြင်း၊ နိုင်ငံဝန်ထမ်းများကို ပါဝင်ခြင်းမရှိနိုင်စေရန် ထိထိရောက်ရောက် အရေးယူခြင်း၊အသိပညာပေးခြင်း၊ လျှို့ ဝှက်အဖွဲ့များ ဖွဲ့စည်းကာ စုံစမ်းထောက်လှမ်းခြင်း၊ တဖက်မှလည်း ပြည်သူများ မှုးယစ်ဆေးဝါး ထုပ်လုပ်ရောင်းချခြင်း မပြုရဲစေရန် ပြင်းထန်သော ဥပဒေများ ပြဌာန်းခြင်း၊ ရုတ်သံမီဒီယာများမှ နေစဉ်အသိပညာပေးခြင်း၊ လမ်းဘေးမှ ကလေးသူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများ ယခုထက်ပိုမိုဖွင့်လှစ်ပြီး သင်ကြားစေခြင်း၊ အလုပ်ကိုင် အခွင့်လမ်းများ ရှာဖွေပေးခြင်း စသည်တို့ကို ယခုထက်ပို၍ ပြုလုပ်လာလျှင် ထုတ်လုပ်ရောင်းချသူမရှိ၍ သုံးစွဲသူလည်း ရှိမည်မဟုတ်တော့ပေ။သုံးစွဲသူမရှိသောကြောင့်လည်း ထုတ်လုပ်သူလည်း မရှိနိုင်တော့ပါ။
အထက်ဖော်ပြပါ အချက်သုံးချက်ဖြစ်သော မိဘ ၊ ကျောင်း ၊ နိုင်ငံတော် တို့သည် မိမိတို့၏တာဝန်အသီးသီးကို ကျေပွန်စွာ စွမ်းဆောင်ခြင်းဖြင့် မူးယစ်ဆေးဝါးများသည် လျှော့ပါးပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ကျွန်တော်တို့ မြန်မာလူငယ်များကလည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အပေါ် ကောင်းကျိုးမရှိ ဆိုးကျိုးသာရှိသော ငရဲပန်းဖြစ်သည့် မူးယစ်ဆေးဝါးများ ကိုရှောင်ရှားခြင်း၊ မိမိအကျိုး တိုင်းပြည်အကျိုးတိုးတက်အောင် ကြိုးစားအားထုတ်ခြင်းဖြင့်"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်"ဆိုရိုးစကားကဲ့သို့ တိုင်းပြည်၏ မှီခိုအားထားရာ သစ်ပင်ကောင်းများ ဖြစ်လာနိုင်ကြပါစေ။
MSCအဖွဲ့သားများအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ။
Photo credit google
MSC-224
အချက်အလက်အရေးအသားအားလုံးကောင်းပါသည်ဆုရပါစေကိုမြင့်ရေ
ဟုတ်ကဲ့ပါမအိရေ ကျေးဇူးတင်ပါတယ်ဗျာ
မှန်ပါတယ်ဗျာ.. မူးယစ်ဆေးကြောင့် လူတွေဘဝတွေပျက်သုန်းနေရတယ်။လူတွေရဲ့ဘဝတွေနှစ်မွန်းနေရတယ်။drug kill man..drug make tears...drug destory lives!! ဆုရရှိပါစေအကို။
အချက်အလက်နှင့် တင်ပြထားသည်က ကောင်းမွန်သောဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ သို့သော် အချက်အလက်များ တင်ပြခြင်းဘက်တွင် အားသန်နေ၍ ဆောင်းပါး၏ ဆိုလိုရင်း အဓိပ္ပါယ်သို့ မရောက်နိုင်ဖြစ်နေရကာ ဆွဲဆန့်ထားသော အချက်အလက်များဖြင့် ပြည့်နှက်လာလေတော့သည်။
ဆရာတင်ဆိုလိုသည်မှာ ထိုသဘောဖြစ်ပါသည်။
ခြုံငုံသုံးသပ်ရလျင် အချက်အလက် ပြည့်စုံပြီး သုတကိုပေးစွမ်းသော စာကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
အခုလို လာရောက်ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ
ဝတ်ကောင်းစားလှများနှင့်အှူပွဲတွင် ကွမ်းတော်၊ပန်းတော်ကိုင်ရန် ထွက်လာသည်နှင့်တူသည်။
ရွှေ၊ ငွေလက်ဝတ်ရတနာများကလည်း ပျိုးပျိုးပြက်ပြက်နှင့် ကြည့်၍
ကောင်းလှပေသည်။
သို့သော်ကြက်ပေါင်ဖိနပ်စီးလာသကဲ့သို့ ဖြစ်ပေတာ့သည်။
အခုလိုဝေဖန်ထောက်ပြပေးတာကျေးဇူးပါဆရာ
တင်ပြမှုတွေ ပြည့်စုံတယ်ကိုမြင့်ရေ ။
ကျေးဇူးပါကိုထွေးရေ
အားပေးလျှက် အကိုမြင့်
အခုလိုအားပေးတာကျေးဇူးတင်ပါတယ်ဗျာ
plants that manifest kokain.
Winner ဖြစ်ပါစေ ကိုမြင့်ရေ။
အခုလိုအားပေးတာ ကျေးဇူးတင်ပါတ်ဗျာ
အခုလိုလာရောဖတ်ပေူတာကျေးဇူးပါဗျ
You got a 8.10% upvote from @flymehigh courtesy of @myintlwinsoe!
This post has received a 4.76% upvote from @msp-bidbot thanks to: @myintlwinsoe. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.