မျှော်လင့်လျှက်
အိပ်မပျော်သောသူအတွက် ညတာသည် ရှည်းလျှားလွန်းလှပေသည်။လူနှစ်ယောက် အနီးနားတွင်ရှိနေသော်လည်း မသိသလို။ကျွန်တော်ထံမှသက်ပြင်းများနဲ့သူမထံမှရှိုက်သံများရောထွေးနေတော့သည်။
ကျွန်တော် ဒီညကို လွန်မြောက်စေဖို့ ကြိုးစားပြီးအိပ်ကြည့်သည် မရ။ကျွန်တော့ရဲ့ကိုယ်ပေါ်မှာနေပြီး ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည်းဆည်းမပေးသော မျာက်လုံးတစ်စုံ ကို စိတ်ဆိုးမိပါတယ်။အိပ်၍မပျော်တော့ စိတ်အစဉ်က သွားချင်ရားသွားပြီး လွင့်ခြင်ရာလွင့်နေတော့သည်။စိတ်၏ခေါ်ဆောင်ရာနောက်ကို လိုက်ရင်းနဲ့ ညနေက အဖြစ်ပျက်သို့ ရောက်ရှိသွားပါတော့သည်။
ကျွန်တော်လို သာမာန်ဘွဲ့ တစ်ခုသာရထားပြီး အသက်မွေးဝမ်းကြောင်း ပညာမတက်သော ဘွဲ့ရပြီး ထမင်းအိုး မသေခြာတဲ့ လူတစ်ယောက်အတွက် ကားမောင်းပညာဟာ ထမင်းတစ်အိုး မဟုတ်ပါလားဗျာ။ကျွန်တော့ကို ထမင်းတအိုး တည်ပေးတဲ့ ဆရာကို ကျေးဇူးလည်း တင်မိတာပေါ့။ဆရာက ကျွန်တော့ကို ကားမောင်းပညာကို သင်ပေးပြီးမကြာခင်မှာပဲ ရေကြည်ရာမြက်နုရာသို့ ပြောင်းသွားသည်မှာ ၃နှစ်လောက်ရှိပြီလေ။ကြားထဲမှာလည်း မတွေ့ဖြစ်ကြပါဘူ ဆရာကမအား ကျွန်တော်ကမအားနဲ့ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တော့ ဝမ်းသာမိတာပေါ့။
ကျွန်တော်ကကုမ္ပဏီကပေးတဲ့(၆)ခန်းတွဲလိုင်းခန်းမှာနေပါတယ်။ကျွန်တော့ဇနီးနဲ့ ကျွန်တော် နှစ်ယောက်တကမ္ဘာပေါ့။မနက်ဆိုရင် ကျွန်တော်က ထမင်းထချက်ပေးတယ် သူမကပင်ပန်းတယ်လေ နားစေချင်တာပေါ့။သူမအလုပ်က အထည်ချုပ်မှာဆိုတော့ မနက် ၇ခွဲမှ ည ၈နာရီလောက်ထိ အပေါ့သွားခြင်တာတောင် အမြန်သွားပြီး စံချိန်မှီပေးနိုင်ဖို့ အဆက်မပျက် အသည်းအသန် လုပ်နေရတော့ အရမ်းပင်ပန်းတယ်လေ။သူမပင်ပန်းတာကို မကြည့်ရက်လို့ အလုပ်ထွက်ခိုင်းတာကို `မထွက်ပါဘူး ပိုက်ဆံမလောက်ရင် ကို စိတ်ဆင်းရဲရမှာပေါ့ ကို စိတ်မဆင်းရဲ စေချင်ဘူး နောင် သဲတို့ ပိုက်ဆံစုမိလို့ ကိုယ်ပိုင်အလုပ် လုပ်နိုင်မှ သဲ ဒီအလုပ်ကထွက်မယ် အခုအလုပ်ထွက်ဖို့ မပြောနဲ့နော်´ဆိုပြီး အပြုံးလေးနဲ့ ပြောတက်တဲ့သူမကို ကျွန်တော် အသည်းပေါက်မတက် ပိုချစ်သွားမိတယ်။
ဒီလိုနဲ့ သူအတွက်ထမင်းချိုင့်မှီဖို့ ကျွန်တော်က မနက်စောစော ထမင်ထချက်ပေးတယ်။သူမထမင်းစားဖို့ ပြင်ဆင်ပေးထားတယ်။သနပ်ခါးသွေးပေးတယ်။သူမကလည်း ၆နာရီလောက်ဆို အိပ်ယာထ ရေမိုးချိုးပေါ့။ပြီးရင် ကျွန်တော် အသင့်လုပ်ပေးထားတဲ့ သနပ်ခါးလိမ်းတာ ထမင်းစားတာလုပ်နဲ့ နံနက် ၇ နာရီလောက်ဖြစ်သွားတယ်။အားလုံးပြီးသွားတော့ သူမကို စက်ဘီးအစုတ်လေးပေါ်ထိုင်ခိုင်း ကျွန်တော်ကနင်းနဲ့ သူမရဲ့အလုပ်ကို လိုက်ပို့ပေးတယ်။ရှေ့ကနေကျွန်တော်က စက်ဘီးနင်း သူမကနောက်နေခါးလေးဖတ် ကျွန်တော်ချွေးထွက်လာရင် သူမကသုပ်ပေး နှစ်ယောက်သား တီတီတာတာလေးတွေပြောနဲ့ကိုထီးရဲ့ သီချင်းထဲကလိုပေါ့ဗျာ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးပေါ့ဗျာ။
သူ့ကိုလိုက်ပို့ပြီး ပြန်လာမှ ကျွန်တော်က ရေအမြန်ချိုး ထမင်းစားပြီး အလုပ်ကိုသွားတယ်။ဒါက အလုပ်ဖွင့်တဲ့ မနက်တိုင်း ကျွန်တော်လုပ်တဲ့ ဂျူတီပါ။ညနေရောက်ပြန်တော့လည်း ကျွန်တော်က အလုပ်သိမ်းတာစောတယ်။အိမ်ပြန်ရောက်တာနဲ့ ညနေစာချက် ပြီးရင်ရေချိုးရင်း ကျွန်တော့ အဝတ်နဲ့သူအပေါ်အင်္ကျီလေးတွေ လျှော်ပေးတယ်။ခင်ဗျတို့ တွေးမှာပေါ့ ယောက်ျားလေး ဖြစ်ပြီး အင်္ကျီပါ လျှော်ပေးတာတော့ လွန်တာပေါ့လို့။ဒါပေမယ့် ကျွန်တော်သူ့ကို အရမ်းချစ်တယ်လေ။သူသက်သာဖို့ပေါ့။ဒီလိုနဲ့ အရမ်းချစ်ခဲ့ကြတာပေါ့။ကျွန်တော်သူ့မအတွက် လုပ်ပေးနေရလို့ ပျော်နေတာပေါ့။သူလည်း ကျွန်တော်အခုလိုဂရုစိုက်ပေးတာကို ပျော်နေတာပေါ့။
ကျွန်တော်ကတစ်ခါတလေ သောက်တက်ပါတယ်။ဒီနေ့က လစာ ထုပ်ပြီးနောက်ရက်။ပိတ်ရက်လည်းဖြစ် ညနေကလည်း စောင်းလာပြီဆိုတော့ သောက်မယ်ဆိုပြီး တွေးထားပေါ့။အတွေးကို အကောင်ထည်ဖော်ဖို့သူမကိုပြောပြီး လိုင်းခန်းကနေ ဈေးဆိုင်အသွား တိုက်တိုက်ဆိုင်ဆိုင် ဆရာနဲ့တွေ့တော့ ဆရာကို ခေါ်လာပြီ chan beer ၁၀ဗူး ဝယ်ပြီး အိမ်ပြန်လာတာပေါ့။
သူမက တစ်ယောက်ထဲအိမ်မှာ တစ်ခါတလေသောက်တာ မပြောပေမယ့် ကျွန်တော့ဆရာကို သဘောမကျဘူးလေ။ဆရာက အသောက်တလိုင်းပေါ့ဗျာ။ကျွန်တော်ကိုလဲ ဆရာနဲ့ တွဲမိပြီး ဆရာလို အသောက်သမား ဖြစ်သွားမှာကို စိုးရိမ်တယ်လေ။ဒါကြောင့် အိမ်ကို ဝင်လိုက်တာနဲ့ သူမရဲ့ မကျေနပ်တဲ့မျက်ဝန်းတွေ စတွေ့ရပြီ။
ကျွန်တော်တို့လည်း မသိခြင်ယောင်ဆောင်ပြီး ဆက်သောက်နေတာပေါ့။
သောက်ရင်း သောက်ရင်း စကားပြောရင်းနဲ့ ည ၈ နာရီလောက်ရောက်တော့ သူမထံမှ ပေါက်ကွဲသံစဉ်များ ထွက်လာပါတော့တယ်။`ဟဲ့ အကောင် နင်အရက်သမားနဲ့ ပေါင်းပြီး Sအရက်ပဲ သောက်နေ နင့်မိဘက အရက်သောက်ဖို့ သင်ပေးလိုက်တာလား Sအကောင် သူတောင်းစားဖြစ်မဲ့ အကောင် နင်က Sဆင့်မရှိတဲ့ သူနဲ့ပေါင်းပြီး Sရေးမပါတာတွေ လုပ်နေတယ် ဟုတ်လား´ သူမမျက်နှာမှာ တခါမှမမြင်ဘူးတဲ့ ခတ်ထန်မှုတွေ မြင်လိုက်ရတယ်။
ကျွန်တော်လည်း အစပိုင်းမှာ ကြောင်နေပြီး နောက်မှ ကိုယ့်မိတ်ဆွေ ဆရာရဲ့ရှေ့မှာ ဒီလို အပြောခံရတော့ ရှက်တာရော အနည်းငယ် သောက်ထားတာရော ပေါင်းပြီး ယောက်ျားတစ်ယောက်အတွက် ရှက်စရာ အကောင်းဆုံး အလုပ်ကို လုပ်မိသွားတယ်။သူမပြောပြီးလို့ စက္ကန့် ပိုင်းအတွင်း ကျွန်တော်ရဲ့ လက်ဝါးဟာ သူမရဲ့ ပါးပေိါကို ကျရောက်သွားပါတော့တယ်။ကျွန်တော်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လှ တဲ့ လက်တွေဟာ သူမရဲ့ပါးပေါ်မှာ ပြေးလွှားနေပါ တော့တယ်။
ဆရာက ကမန်းကတန်း ထဆွဲလိုက် ချိန် သူမလည်း ငိုပြီး အိပ်ယာထဲ ပြေးဝင်သွားပါတော့တယ်။ဆရာလည်း ပြန်သွားတယ် ကျွန်တော် မှားသွားပြီ ဆိုတာ သိလိုက်ပါတယ်။ဒါပေမယ့် အရာအားလုံးဟာ ပြီးသွားပါပြီ။ကျွန်တော့ မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေသလို သူမရဲ့ ပါးပေါ်ကျရောက်စေခဲ့တဲ့ ကျွန်တော့ လက်တွေကို မုန်းမိသလို ကျွန်တော့ကိုယ်ကို လည်း မုန်းမိတယ်။
ကျွန်တော် သူမကို အထပ်ထပ်တောင်းပန်ပေမယ့် သူမထံမှ ငိုရှိုက်သံကလွဲလို့ ဘာစကားသံမှ ပြန်မကြားတော့ပါ။နံနက်လည်း လင်ခါနီးပြီ သူမထံမှ ငိုရှိုက်သံများ ကြားနေရစဲ။ကျွန်တော့ထံမှ သက်ပြင်းသံများ ထွက်နေစဲ။ံနံနက်မိုးလင်းပြီ။သူမအဝတ်တွေ အိပ်ထဲ ထည်းနေသည်။ကျွန်တော် အထပ်ထပ်တောင်းပန် နေပေမယ့် သူမ အလုပ်ကို သူမဆက်လုပ်နေသည်။ပြီးတော့ သူမအထုပ်လေးဆွဲပြီး ကျွန်တော်ထံမှ အပြီးပိုင် ထွက်သွားပါတော့တယ်။ကျွန်တော် သူမကို တားဆီး လို့မရတော့ပါ။
ကျွန်တော့ရင်ဘက်ထဲမှာ သူမနာမည်ကို ယခု အချိန်ထိ တမ်းတနေစဲ အော်ခေါ်နေစဲ။သူမကို ချစ်စဲ။နေ့ရက်တိုင်းမျှော်နေစဲ။သို့သော် သူမပြန်မလာတော့ပါ။ ကိုယ်ချစ်တဲ့သူအပေါ်မိန်းကလေး တစ်ယောက်အပေါ်မှာ ယောက်ျားတစ်ယောက် အတွက် ရှက်စရာ အကောင်းဆုံးအလုပ်ကို လုပ်မိလို့ နောင်တတရား တွေးနဲ့ နေ့ရက်တိုင်း သိမ်ငယ်နေစဲ။ငါ နင့်ကို အရမ်းချစ်တယ် သဲ ရယ်။ပြန်လာခဲ့ပေးပါ။
နောင်တ=ပြုသင့်သည်ကို မပြုမိ မပြုသင့်သည်ကို ပြုမိသောကြောင့် အချိန်လွန်မှ ပူဆွေးသောကရောက်တက်ခြင်း
MSC-224
@myintlwinsoe
photo from facebook
အဲ့လိုလေးတေ လုပ်ပါ။
ဟုတ်ကဲ့ပါအကိုရေ ။
ခံစားချက်တွေလို့တောင်ထင်ရမိတယ်😁
တိုးတက်လာတာပေါ့
ရေးထားတာလေး ကောင်းတယ်bro
heart ထိတယ်ဗျာ
ကျေးဇူးပါအကို
ထိတယ် အစ်ကို
ဘယ်ကိုလဲ😄😄😄
ကျွန်တော်ငို ချင်လာပြီ အကိုရေ
😜😜😜😜😜
ကောင်းတယ် ကိုမြင့်ရေ ကိုယ်တွေ့တွေလားဗျ။
ရောသမမွှေ
ကျနော်တော့သောက်ချင်ရင်သူမကိုအမြည်းလုပ်ခိုင်းတယ် 😄
ပိုင်ချက်
ကောင်းတယ်ကွာ
thank
VOTEကို moneyနဲ့မသတ်မှတ်ဘဲခံစားမှုနဲ့ပေးရင်၁၀၀/့းဘဲကိုယ့်ညီ
😄😄😄