တစ်ခါက တစ်ဘဝ အပိုင်း(1)
ကျွန်တော် လောကကြီးအကြောင်းနားလည်တဲ့အချိန်မှာ ကျွန်တော့်အနားမှာ အဖေမရှိတော့ပါဘူး။ အမေကတော့ အမြဲအရက်သောက် နေခဲ့ပါတယ်။နောက်ဆုံး ကျွန်တော့ကို အမျိုးတစ်ယောက်ဆီမှာ ပိုက်ဆံနဲ့ရောင်းပြီး မွေးစားဖို့ပေးခဲ့တယ်။အမေက အရက်သောက်ဖို့ပိုက်ဆံ မရှိတိုင်း ကျွန်တော့်ကို ဗန်းပြပြီး မွေးစားတဲ့အိမ်ဆီက ပိုက်ဆံခဏခဏလာတောင်းသည်။နောက်ဆုံး မွေးစားအိမ်က မခံနိုင်တဲ့အဆုံး ကျွန်တော့မွေးမိခင်အိမ်မှာထားရင် ပျက်စီးမှာဆိုးလို့ ဘုန်းကြီးကျောင်းကိုပို့ခဲ့လေသည်။
ကျောင်းထိုင် ဘုန်းဘုန်းက ကျွန်တော်ကိုကြည့်ပြီး"အင်း…ခေတ်အခါကလဲ ပြောင်းလဲလာတော့ ကိုရင်တွေ ရှားပါးလာပြီ…ငါ မင်းကို မွေးစားမယ် သာသနာမှာပျော်မွေ့အောင်နေ"ဟုပြောကာ အပြီးမွေးစားဖို့ဆုံးဖြတ်လိုက်သည်။ ကျွန်တော် ဘုန်းဘုန်းရဲ့ သားဖြစ်သွားသည်။ဘုန်းဘုန်းက ကျွန်တော့်ကို ကိုရင်ဝတ်ပေးခဲ့သည်။ဤသို့ဖြင့် ကျွန်တော် ကိုရင်တစ်ပါးဖြစ်လာခဲ့သည်။ဘုန်းဘုန်းမှ ကျွန်တော်ကို စာတတ်အောင်သင် ကြိုးစားသင်ခိုင်းသည်။အမေကတော့ ဘုန်းဘုန်းကိုကြောက်လို့ထင်ပါ၏ ပိုက်ဆံလာတောင်းတာ မတွေ့တော့ပါ။
အမြဲနေဖင်ထိုးမှ အိပ်ယာထတဲ့ကျွန်တော် မနက်သုံးနာရီခွဲ အုံးမောင်းခေါက်တာနဲ့အိပ်ယာထသွားတိုက် ၄နာရီဒုတိယအုံးမောင်းခေါက်တာနဲ့ ဘုရားဝတ်ပြု တရားသွားထိုင်ရပြီ။အအိပ်မက်တဲ့ ကျွန်တော် အိပ်ရေးမဝ၍ ငိုသောအခါ ဆရာတော်ဘုန်းဘုန်းက"ယောကျာ်းဆိုတာမငိုရဘူး…ပြီးတော့ ကိုရင်ဆိုတာ ဒကာ ဒကာမတွေကပ်တဲ့လောင်းလှူတဲ့ဆွမ်းကို စားပြီးရင် တရားအားထုတ်ရတယ်"ဟု ဆုံးမသည်။
ဆရာတော် ဆုံးမအပြီးတွင် ကျွန်တော် ဘုရားဝတ်ပြု တရားထိုင်ပါသည်။ဆရာတော်ဘုရားစေခိုင်းသော ဝင်လေထွက်လေ တရားရူမှတ်နေရင်း ကျွန်တော် ကျွန်တော်နတ်ပြည်သို့ရောက်သွားသည်ဟု စိတ်ကထင်မိပါလေသည်။ဘုန်းဘုန်းရဲ့ ကြိမ်လုံးလှလှလေး ကျွန်တော့ လက်မောင်းပေါ် ရောက်လာလေသည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်နတ်ပြည်ရောက်တာ မဟုတ်ဘဲ ဘေးမှာရှိတဲ့ ကိုရင်နှင့် တစ်ယောက်ကို တစ်ယောက်မှီရင်း အိပ်ပျော်သွားသောကြောင့်ဖြစ်လေသည်။
တရားထိုင် အာရုံဆွမ်းစားအပြီး ဘုန်းဘုန်းနဲ့အတူ ကျွန်တော့်အရပ်တစ်ဝက်လောက်ရှိတဲ့ ငါးဆင့်ချိုင့်ကြီးကိုဆွဲ ဝေးလံလှတဲ့ လမ်းတစ်ရှောက် တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွမ်းခံရလေသည်။လမ်းလျှောက်ရ၍ ခြေထောက်တွေကနာ၊ ဆွမ်းချိုင့်ကြီးကိုလဲ မနိုင့်တစ်နိုင်ဆွဲ ဆွမ်းခံထွက်ရသည်မှာ မစားသာလှ။တစ်နေ့ဆွမ်းခံသွားတော့ ဝက်သားဟင်း မွှေးမွှေးလေးကို ဒါကာမတစ်ယောက်က လောင်းလှူသည်။ ထိုဝက်သားဟင်းကို ကြည့်ပြီး ကျွန်တော်အရမ်းသရေကျ အရမ်းစားချင်ခဲ့သည်။ ကျွန်တော် ကျောင်းပြန်ရောက်သောအခါ ထိုဝက်သားဟင်းချိုင့်လေးကို ဖွက်ပြီး ခိုးစားခဲ့သည်။ ကံဆိုးချင်သောအခါ ကျွန်တော်ခိုးစားနေတာကို ဘုန်းဘုန်းကတွေ့သွားသည်။
ဘုန်းဘုန်းမှ ခိုးမှု၏ မကောင်းကြောင်း ကို တစ်နာရီခန့် ပုံပမာများဖြင့် ဆုံးမသည်။"နောက်မလုပ်တော့ပါ"ဟူသော ကတကိုပေးခိုင်းသည်။ထို့အပြင် အပြစ်ပေးသည့်အနေဖြင့် တစ်ကျောင်းလုံးမှာရှိသော အမှိုက်များကို တံမြက်စည်းလှည်းခိုင်းလေသည်။ကျောင်းဝန်းမှာ ကျယ်လွန်းလှ၍ နေ့လည်လောက်က စလှည်းခဲ့သော တံမြက်စည်းလှည်းခြင်းသည် မိုးချုပ်သွား၏။ကျွန်တော့်လက်လေးများ ရေကြည်ဖုထ ပေါက်ပြဲပြီး သွားခဲ့ရသည်။တံမြက်စည်း၏ ကောင်းမှုကြောင့် ဝက်သားကြိုက်သော ကျွန်တော် ဝက်သားကို မုန်းသွားသည်။ထို့အပြင်"ကိုရင်ဝက်သူခိုး"ဟူသော နာမည်သည်လည်း ကင်ပွန်းမတက် စားရိတ်မကုန်ပဲ တွင်သွားရလေသည်။
ဆက်လက်ဖော်ပြပါမည်။
photo credit google
MSC-224
တစ်ကယ်များလားလို့ကိုမြင့်ရာ အောက်ကမန့်တွေကြ့်မိမှစိတ်ကူးနဲ့ရေးထားတာသိရတယ်
ဘာဖြစ်ဖြစ်ပါ ရေးထားတာလေးကောင်းပါတယ်ဗျ
အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
စိတ်ဝင်စားစရာ ဇတ်လမ်းလေးပါဗျာ အားပေးပေးနေပါတယ်
အခုလို ဖတ်ပေးတာ ကျေးဇူးပါဗျ
ကိုမြင့်တောင် အရေးအသားက လိုက်မမှီအောင် ကောင်းနေပြီ
ကျေးဇူးပါဗျာ
တကယ်ဖတ်လို့ကောင်းပါတယ်အစ်ကိုရေ။အားပေးခဲ့ပါတယ်။
ကျေးဇူးပါဗျာ
ကိုရင်ရေ ငယ်စဉ်က မသိစိတ်ကြောင့် ဝက်သားဟင်းခိုးစားတော့ ဘုန်းဘုန်းက ဆုံးမပေးတယ်။
ကြီးလာလို့ အရွယ်ရောက်ရင် ဝက်သားဟင်းခိုးမစားနဲ့နော် ဘယ်သူလာဆုံးမ မလဲ ။
ရေးတာလေးကောင်းတယ် ကိုမြင့်ရေ အားပေးနေတယ်။
ဟုတ်ကဲ့ အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်ဗျ
ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။အားပေးနေပါတယ်။
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ
အားပေးနေပါတယ်
ကျေးဇူးပါဗျ
ကိုရင်ဝက် ကိုအားပေးနေပါတယ် ဘဒို 😁
ကျေးဇူးတင်ပါတယ်ဗျာ
အားပေးနေပါတယ်
ဟုတ်ကဲ့
ရဟန်းခိုးစားသော ဆွမ်းတနပ် ပေါ့
ဟီးးးပြောရဘူးငရဲကြီးမယ်