Trading Knowladge(5)

in #myanmar6 years ago (edited)

ဒီနေ့တော့ အရမ်းအရေးပါတဲ့ အကြောင်းရာတစ်ခုပြောပြမယ်။အဲ့တာက Suupport & resistance line ဖြစ်ပါတယ်။ကျွန်တော်တို့ trade တဲ့ အခါတိုင်း မပါမဖြစ် ပါရမယ့် Tool ပါ။

support line ဆိုတာကတော့ ပင့်တင်ပေးတဲ့မျဉ်းဖြစ်ပါတယ်။ဈေးက ကျတယ် support မျဉ်းကို ထိတယ် ပြီးတော့ ပြန်တက်သွားတယ်။Resistanceဆိုတာကတော့ ဆွဲချတဲ့မျဉ်းပေါ့ဗျာ။သဘောတရားကတော့ သူကိုထိတယ် ပြန်ကျတယ်။Support & Resistance မျဉ်းကို များများထိလေ strong support line / Resistance line ဖြစ်လေပါပဲဗျာ။ဟုတ်ပြီ support & resistance ကို ထိတာနဲ့ ဈေးပြန်တက်မယ်/ကျမယ်လို့ တရာသေမှတ်ရမှာလား? Noမဟုတိပါဘူးsupport & Resistance ကိုဖောက်ပြီးဆက်ကျတာ/ ဆက်တက်တာ လည်းမကြာခဏတွေ့ရမှာပါ။

ဟာအဲ့လိုဆို ဘယ်လို tradeရမလဲ?ဟုတ်ကဲ့ ကျွန်တော်တို့က Support & Resistance ကို zone တစ်ခုအဖြစ် စောင့်ကြည့်ရမယ့် အနေထားတစ်ခုလို့ သတ်မှတ်ပါမယ်။ဘာလို့လဲဆိုရင် တစ်ချို့ trader တွေဟာ support & Resistance နေရာရောက်တာနဲ့ ရောင်းကျ ဝယ်ကျပါတယ်။

အရင်ရက်က ကျွန်တော်ပြောခဲ့ပါတယ် Trader တွေဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်သင့်တယ်ဆိုတာကို။အခုလည်း သူတို့ အရောင်းနဲ့အဝယ် ဘယ်သူအားသာမလဲ စောင့်ကြည့်ပြီး သာတဲ့ဘက်ကို သာကူးလုပ်လိုက်တာပေါ့ဗျာ။ဒီနေရာမှာ တစ်ခု မှတ်ဖို့ ရှိတာက Support က Brake ဖြစ်သွားရင် နောက်တစ်ခါဖြစ်လာမယ့်ဈေးအတွက် အဲ့supportကresistance ဖြစ်သွားပါတယ်။ Resistance မှာ Brake ဖြစ်သွားရင် နောက်ဖြစ်လာမယ့် ဈေးအတွက် resistance က Support ဖြစ်သွားပါတယ်။

ဟုတ်ပြီSupport & Resistance ကိုဘယ်လိုကြည့်မလဲ။ဒါက လွယ်ပါတယ် ။Support & resistance ကိုကြည့်ဖို့ အတွက် Line chat ကို ဖွင့်လိုက်ပါ။ဘာလို့လဲဆိုရင် Line chat က strop price တွေကို ဆက်ဆွဲထားတာဖြစ်လို့ ကြည့်ရပိုရှင်းလို့ပါဗျာ။

Screenshot_20180109_130144.png

Traditer တိုင်းအမြတ်ရပါစေ။သင်ဆရာ မြင်ဆရာ ကြားဆရာများအား ဂါရဝပြုလျှက် @myintlwinsoe

Sort:  

အဲ့နည်းတွေ ဝါသနာပါတယ်ဗျာ လေ့လာမှုအားနည်းသေးတယ်ဆိုတော့ ခုလိုရှင်းပြပေးတာ ကျေးဇူးပဲ

ဆက်လက်တင်ပေးပါ့မယ်ဘုရား

အရမ်း​ကောင်းတယ်​ ဗဟုသုတ ရတယ်

ဟုတ်ကျေးဇူးပါ

အရမ်းကောင်းတယ် အစ်ကို

ဟုတ်ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65809.08
ETH 3604.05
USDT 1.00
SBD 2.54