Trading Knowladge(11)

in #myanmar6 years ago (edited)

အားလုံး မင်္ဂလာပါဗျ
ဒီနေ့တော့ DOJIအကြောင်းလေး နဲ့ မိတ်ဆက်ပေးပါ့မယ်။DOJIရဲ့ပုံစံဟာဆိုရင် အတက်အကျ shadow တွေက ရှည်လျှားပြီး real body မရှိသလောက် ပါပဲ။
DOJI ဟာ အရေးကြီးတဲ့ Canndle တစ်ခုဖြစ်ပါတယ်။သူနေရာကို လိုက်ပြီး အဓိပ္ပါယ်ကွဲပြားပါတယ်။SIDE WAYS မှာ DOJI တွေ့မယ်ဆိုရင် ဈေးကွက်ဟာ အရောင်းနဲ့ အဝယ်ကြား အားပြိုင်မှုမှာ
ဘယ်အဖွဲ့မှ ပြတ်ပြတ်သားသား အနိုင်မရဘူးလို့ပြောတယ်။ထူးခြား မှုလည်း သိပ်မရှိပါဘူးဗျ။
ဒါပေမယ့် UP Trend ရဲ့ ထိပ်ပိုင်းမှာ doji တွေ့မယ်ဆိုရင် trand ဟာ အားနည်းနေပြီလို့ ပြောနိုင်ပါတယ်။ဈေးပြန်ကျနိုင်ပါတယ်။ဒါပေမယ့် ချက်ချင်းတော့ အရောင်းဝယ်မလုပ်သင့်ပါဘူး။နောက်ထပ် canndle ၂ လောက်ထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်ဗျ။ဘယ်လို ဆုံးဖြတ်မလဲဆိုရင် Doji ရဲ့ နောက် canndle ၂ ခုရဲ့ အပိတ်ဈေးဟာ Doji ရဲ့ အောက်မှာပဲ ရှိနေတယ်ဆိုရင် ဈေးပြန်ကျမယ်လို့ ယူဆနိုင်ပါတယ်။Doji ရဲ့ အထက်မှာဆိုတော့ up trend အဖြစ်ပဲ ဆက်ရှိနေအုံ မယ်လို့ သိနိုင်ပါတယ်ဗျာ။
Down trend ရဲ့အောက်ခြေမှာ Doji တွေ့တယ်ဆိုရင်တော့ အကျဈေးကွက်ဟာ အားနည်းနေပြီ။ဈေးပြန်တက်လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။သူလည်းပဲ နောက် canndle ၂ခုလောက်ထပ်စောင့်သင့်ပါတယိ။နောက် canndle ၂ခုရဲ့အပိတ်ဈေးဟာ doji ထက်ပိုမြင့်နေမယ်ဆိုရင် ဈေးပြန်တက်တော့မယ်လို့ ယူဆနိုင်ပါတယ်။ဒါပေမယ့် နောက် canndle ၂ခုဟာ Doji ရဲ့အောက်မှာပဲ ဆက်ရှိနေတယ်ဆိုရင် down trend ဟာ မပြောင်းလဲသေးပါဘူးဗျာ။chrome_2018-01-15_23-17-07.png
ဒီနေ့တော့ trend ဆွဲမပြတော့ဘူနော် စာနဲ့ပုံသာ မျက်စိထဲမြင်အောင်ကြည့်လိုက်တော့
traderတိုင်းအမြတ်ရကြပါစေ။သင်ဆရာ မြင်ဆရာ ကြားဆရာများအား ဂါရဝပြုလျှက်
@myintlwinsoe
MSC-224

Sort:  

စိတ်ဝင်စားပါတယ်။ဒါပေမယ့် Trade ရဲဘူး

လေ့ကျင့်သားပြည့်သွားရင် ရဲသွားမှာပါဗျ

ပညာရပါတယ် ကျေးဇူးပါ

ဟုတ်ကဲ့ပါ တက်သလောက်မှတ်သလောက်ဆက်ရေးပါမယ်ဗျ

ပညာရပါတယ်ဗျာ

ဟုတ်အမြဲလာလည်ပါဗျ ။

အားလုံးပီးရင် အကုန်ပြန်စုပီး pdf လုပ်ထားလက်မေ

ဝါသနာပါတယ်​အာ့ဟာ

ဝါသနာပါရင် အချိန်ယူလေ့လာအကို Theory နဲ့တင်မရဘူး စိတ်ပါအရေးကြီးတယ်။ကျွန်တော်လည်း Theory သိပေမယ့် စိတ်မနိုင်သေးဘူး

ကိုမြင့်ရေ Good

ကျေးဇူးညီ

D1 doji hamars တွေ့ရင်သိပ်ကြိုက်တာပေါ့အကို ကျေးဇူးပါ

ဟုတ်ပေါ့

ရက်​ ၁၀၀ ပြည့်​ရင်​ ​ပေါင်းချုပ်​လုပ်​ပီး စာအုပ်​ထုတ်​​တော့ ဆရာ​ရေ့

ဆရာဟုတ်ပါဘူးဗျ။ကျွန်တော်လေ့လာထားတာတွေကို ပြန်မျှဝေပေးတာဗျ။ဆရာ အဆင့်မရောက်သေးပါဘူး

2 ကဖတ်လို့မရဘူး ကိုမြင့်

ပြင်လိုက်ပြီညီ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.029
BTC 69302.00
ETH 3683.40
USDT 1.00
SBD 3.34