Trading Knowladge (10)
အားလုံးမင်္ဂလာပါဗျာ
ဒီနေ့တော့ SPINNING TOP ရဲ့ အကြောင်းလေးပြောပြချင်ပါတယ်။
SPINNING TOP ရဲ့ ပုံစံဟာ real body သေးငယ်ပြီး shadow ရှည်လျှားပါတယ် ။အတက်ရော အကျမှာ ပါတွေ့နိုင်ပါတယ်။
သူကဘာပြောလဲဆိုရင် ဈေးကွက်ဟာ ရောင်းသူ နဲ့ဝယ်သူ အားပြိုင်နေတယ်။ဒါမျိုးလေးတွေ နေရာစိတ်စိတ် တွေ့နေရပြီဆိုရင် ဈေးကွက်ဟာ ပြောင်းတော့မယ် လို့သိနိုင်ပါတယ်။ဈေးဟာ ထိုးတက်သွားတာ သို့ မဟုတ် ထိုးကျသွားတာ ဖြစ်လာနိုင်ပါတယ်။အချို့ဆရာများကတော့ up trend မှာဆိုရင် ပြန်ကျတော့မယ်။Down trend မှာဆို ပြန်တက်တော့မယ်လို့ ဆိုကြပါတယ်။ကျွန်တော်ကတော့ အဲ့လိုမျိုးများများတွေ့နေရတဲ့ ဈေးကွက်ဆိုရင် လက်ရှောင်ပြီး အပြောင်းလဲ စောင့်ကြည့်သင့်တယ်လို့ မြင်ပါတယ်။ဈေးကွက်ပြောင်းသွားတာ သေခြာမှ ဈေးကွက်အတိုင်း လိုက်ပါသင့်ပါတယ်ဗျာ။
ပုံလေးကိုကြည့်ရင်သဘောပေါက်မှာပါဗျာ
Trader တိုင်းအမြတ်ရကြပါစေ။သင်ဆရာ မြင်ဆရာ ကြားဆရာများ ဂါရဝပြုလျှက်
MSC-224
@myintlwinsoe
Forex trading ကိုသင်တန်းတက်ဖူးတယ်
။ဒါပေမယ့်တခါမှလက်တွေ့မtrade ဖူးဘူး
။bro postတွေဖတ်ရတာပညာတွေအများကြီးရပါတယ်
ကျေးဇူးပါညီမ။Forex က အရင်းများမှကောင်းတယ်။ binary မှာက အရင်းနည်းနည်းနဲ့ အဆင်ပြေတယ်လေ။
ပညာရပါတယ် အစ်ကို
ကျေးဇူးပါညီ
မ Trade တတ်သေးဖူး
သီအိုရီအရင်လေ့လာ အကို အစမ်းအကောင့်နဲ့trade ပိုင်ပြီဆိုမှ ငွေထည့် trdeပါလို့ အကြံပေးခြင်ပါတယ်ဗျ