သူမသို့သတိရခြင်း

in #myanmar6 years ago (edited)

ကျွန်တော်သူမကို အရမ်းချစ်ခဲ့ပါတယ်။ယ္ခုချိန်ထိလဲ ချစ်နေစဲပါ။သူမလည်း ကျွန်တော်ကို အရမ်းချစ်ခဲ့တာပေါ့။သူမနဲ့ကျွန်တော် မြန်မာ ပြည်၏ အစိုးရုံးများဌာနချုပ်ဖြစ်တဲ့ နေပြည်တော်မြို့တော်ကြီးမှာစတင်ဆုံတွေ့ခွင့်ရရှိခဲ့ပါတယ်။

သူမနဲ့ ကျွန်တော်က ကုမ္ပဏီတစ်ခုတည်းမှာ အတူရှိခဲ့ကြပါတယ်။သူမက နေပြည်တော်ရုံးရဲ့ ငွေစရင်းကိုင် ကျွန်တော်က မန္တလေးရုံးရဲ့Export တာဝန်ခံပေါ့ဗျာ။သူမက သူမ၏အလှပနှင့် ယဉ်ကျေးပြူငှာ မှုကြောင့်နာမည်ကျော်နေတဲ့ နေပြည်တော်ရုံးရဲ့အချစ်တော်ပေါ့။ကျွန်တော်ကတော့ စိတ်မထင်ရင် မထင်သလို မျက်စိထဲ မတွေ့ရင်မတွေ့သလို ဘွင်းဘွင်းလင်းလင်း ပြောတက်ပေမယ့် ကျွန်တော်ရဲ့စေတနာကောင်းမှုကြောင့် သူဌေးအပါဝင် တစ်ရုံးလုံးက ချစ်ကြတဲ့ မန္တလေးရုံးရဲ့ အချစ်တော်ပေါ့။

ကျွန်တော်က Export တာဝန်ခံဆိုပေမယ့် မန္တလေးရုံးရဲ့ ငွေစာရင်းလည်းကိုင်ရပါတယ်။ကျွန်တော်တို့ မန္တလေးက ရုံးချုပ်ဆိုတော့ ကျန်ရုံးတွေရဲ့ ငွေစာရင်လည်း စစ်ရပါတယ်။သူမရဲ့ ကောင်းသတင်းကြောင့် သူမရဲ့ စာရင်းတွေကိုအမြဲပိုစစ်ဖြစ်တယ်။ဘာကြောင့်လို့ထင်လဲဗျ။

အဖြေကတော့ ကျွန်တော်သူမကို လူမမြင်ဘူးခင် ဖုန်းထဲက အသံလေးကြားရုံနဲ့တင် ချစ်သွားခဲ့လိုပါ။အလကားနေရင်း ဖုန်းဆက်ရမှာ ကြတော့လည်း ကျွန်တော်ကို ငကြောင်အပြောခံရမှာ ရှက်သေးတာ။အဲ့ဒီတော့ သူမအသံလေးကြားရဖို့ နည်းလမ်းရှာပြီလေ။လိုလျှင်ကြံဆနည်းလမ်းရဆိုသလို သူမစာရင်းတွေစစ်တာပေါ့ ပြီးတော့ စရင်းမှာရေးထားတာရှင်းနေရဲ့သားနဲ့ နားမလည်သလို့ ဖုန်းဆက်တာပေါ့။

ဖုန်းဆက်ရင်လည်း အလုပ်အကြောင်းအနည်းငယ်ပြောပြီး နေကော င်းလား ထမင်းစားပြီးပြီလား ဘာညာ ဘာညာ ပွားတာပေါ့ဗျာ။လူချင်းမတွေ့ဘူးပေမယ့် ဖုန်းထဲမှာတော့ တော်တော်ရင်းနှီးပေါပြီ။ကျွန်တော်ကလည်း သူမအသံလေးနေ့တိုင်းကြားရလို့ အချစ်ဒီဂရီတွေက ပိုပိုပြီးတိုးလာခဲ့ပါတယ်။ကျွန်တော် သူကိုfacebookမှာ friend addလိုက်သည်။သူမနှင့် facebookတွင် friend ဖြစ်ပြီးနောက်တွင် ရင်းနှီးမှုပိုတိုးလာခဲ့သည်။နေ့တိုင်းchat boxမှာပြောဖြစ်သည်။နှစ်ယောက်လုံးမှာ မပြောရ မနေနိုင်အောင် စွဲလမ်းလာကြသည့်နောက်တွက် လေလှိုင်းထဲမှ ချစ်သူများဖြစ်သွားခဲ့ပါတယိ။ကျွန်တော်တို့အကြောင်းကို တစ်ရုံးလုံးသိနေကြပါပြီ။

ဒီလိုနဲ့တစ်ရက်မှာ သူဌေးက Japnကိုexport တင်ဖို့ရာအတွက် စာရွက်စာတမ်းသွား Runဖို့ ကျွန်တော့ကိုသွားခိုင်းတယ်ဗျ။ရေငတ်သူရေတွင်းထဲကျသလိုပါပဲ သူဌေးကို ထိုင်ရှစ်ခိုးချင်စိတ်တောင်ပေါက်တယ်။လူကြီးတွေရဲ့ လက်မှတ်အဆင့်ဆင့်ရဖို့အတွက် အနည်းဆုံး တစ်လလောက်တော့ကြာမယ်လေ။ကိုယ်ချစ်ရသူရဲ့အနားမှာ တစ်လလောက်နေခွင့်ရပြီပေါ့ဗျာ။လူကလည်းအရမ်းတက်ကြွနေတာပေါ့။ခါတိုင်းမျက်စိထဲ ဒေါင့်မကျိုးသူတောင် အဲ့နေ့က တော်တော်ကြည့်လို့အဆင်ပြေနေတာဗျ။

ကျွန်တော်နေပြည်တော်လာမယ်ဆိုတာ သူမကို အသိမပေးခဲ့ပါဘူး။သူမကို မမြင်ဘူးခင်တည်းက ချစ်ခဲ့ရသူဆိုတော့ သူမအတွက် မန္တလေးထွက်ကုန်ဖြစ်တဲ့ ထိုးမုန့် ဧလမုန့် စသည့်စားစရာများအပြင်ကျောက်စိမ်းလက်ကောက်လေးတစ်ကွင်းပါ ဝယ်သွားလိုက်ပါသေးတယ်။

ကျွန်တော်က မန္တမှ ည ၈နာရီကားနှင့် ထွက်ခဲ့သည်။ကီလိုတစ်ရာကျော် မောင်းနေသော ကားကိုပင် နှေးသည်ထင်နေမိသည်။နေပြည်တော်ကို ည၂နာရီကျော်လောက်မှရောက်တယ်ဗျ။ဆိုင်ကယ် ကယ်ရီလေးငှားပြီးကျွန်တော်တို့ရုံးခန်းကို ထွက်လာခဲ့တယ်။ရုံးခန်းက ရေပန်းဥယျဉ်နှင့်ကပ်ရပ်ပဲဗျ ခြံစည်းရိုးပဲခြားပါတယ်။ရုံးက နှစ်ထပ်တိုက်လေးရုံးခန်း လည်းဟုတ် နေစရာအိမ်လည်းဟုတ်ပေါ့။မိန်းကလေးတွေက အောက်ထပ်က အခန်းလေးတွေမှာ ယောက်ျားလေးတွေက အပေါ်ထပ်မှာနေရပါတယ်။

လူခြေတိပ်ချိန် ညနက်ပိုင်းမှ ရောက်တော့ အော်ခေါ်ပြီးနှိုးရတာပေါ့။အိမ်ထဲက အရပ်မနှိမ့်မမြင့် အသားရောင်ကဖွေးဖွေးဖြူ ဆံပင်ကျောလယ်လောက်ရှည်ပြီး မျက်နှာကချစ်စရာနှင့် မော်ဒယ်ကိုယ်လုံးလေးပိုင်ဆိုင်ထားသော အမျိုးသမီးထွက်လာခဲ့ပါတယ်။ကျွန်တော့်ကို ရုတ်တရက်တွေလိုက်သောသူမမှာ အံ့သြဝမ်းသာမှုများဖြင့်
"လာမယ်ဆို ဖုန်းကြိုဆက်လိုက်ပေါ့ အကိုကလည်း စောင့်နေမှာပေါ့ အခုတော့ ခြံပေါက်စမှာစောင့်နေရာအားနားစရာ"ပြောလည်းပြော ခြံတံခါးလည်းဖွင့်ပြီးထွက်သည်။ကျွန်တော်အထုပ်များကို ဘေးသို့ချပြီးသူမကိုထွေးပွေ့လိုက်သည်။ချစ်သူနှစ်ဦး တစ်ဦးနှင့်တစ်ဦး လွတ်ထွက်သွားမည်စိုးသကဲ့သို့ ထွေးဖတ်ထားသညိ။ကျွန်တော်သူမ၏ နဖူးလေးအား ဖွဖွလေးနမ်းလိုက်သည်။ထို့နောက် ကျွန်တော်ပါလာသော လက်ကောက်လေးအား ကိုယ်တိုင်ဝတ်ပေးခဲ့သည်။ကျွန်တော်သူမကို ချစ်လိုက်တာဗျာ။

အိမ်ထဲသို့သူမ ဦးဆောင်ဝင်သွားသည်။ကျွန်တော်နောက်မှလိုက်ပါသွားသည်။"အကို အပေါ်ထပ်မှာ ယောက်ျားလေးတွေနေပါတယ်…ညီမ စောင်တွေ ခေါင်းအုံး ခြင်ထောင်တွေပေးလိုက်ပါ့မယ်…ညီမလိုက်ပြီးလုပ်မပေးတော့ဘူးနော်"ဟုပြောပြီး အိပ်ယာအတွက်ပစ္စည်းများထုပ်းပေးပါတယ်။ကျွန်တော် အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

အိပ်ယာထက်၌ အိပ်နေသော်လည်း အိပ်၍မပျော်။သူမနှင့် တွေ့ခွင့်ရ ၍ အပျော်လွန်သောကြောင့်လား ရင်ခုန်လွန်း၍လားမသိတော့ပါ။မိုးလင်းခါနီးမှ ကျွန်တော်အိပ်ပျော်သွားသည်။မနက်နေတော်တော်မြင့်မှနိုးလာသည်။ကျွန်တော့် ရေမိုးချိုးပြီး အောက်ဆင်းလာသည်နှင့် စရင်းလုပ်နေသော သူမကိုတန်းတွေ့လိုက်သည်။သူမအပြုံးလေးဖြင့် "အကို့ အတွက်ကော်ဖီနဲ့ မုန့်ပြင်ထားတယ်…ကော်ဖီတွေကတော့အေးကုန်ပြီ အသစ်ပြန်ဖျော်ပေးမယ်…အကို ဒီမှာခဏစောင့်"ဟုပြောပြီး ကော်ဖီအသစ်ဖျော်ပြီး မုန့်နှင့်လာပေး သည်။"အကိုအတွက် ညီမ ထမင်းပိုချက်ထားတယ် ညီမနဲ့အတူစားရမယ်နော်"အလိုက်သိတက်တဲ့ချစ်သူလေးပါလားဗျာ။ဤသို့ဖြင့် ရုံးချိန်တွင် အလုပ်လုပ်ပြီး အလုပ်သိမ်းချိန်တွင် သူမနှင့်ရေးပန်းဥယျဉ်တွင်သာ အချိနိကုန်ခဲ့ပေသည်။ရုံပိတ်ရက်တွင် ရှောက်လည်ကြသည်။ပျော်ရွှင်ကြည်နူးဘွယ်ကောင်းပါဘိ။

တစ်ညတွင် ကျွန်တော်တို့ ချစ်သူနှစ်ဦးအတွက် ကံကြမ္မာဆိုးသည်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။သူမ၏အိမ်မှ သဘောတူသူနှင့်ပေးစားတော့မည့်အကြောင်း ဖုန်းဆက်လာသည်။သူမအလုပ်ထွက်ပြီး ရန်ကုန်ပြန်တော့မည့်အကြောင်း မိဘသဘောတူသူနှင့် လက်ထပ်ရတော့မည့်အကြောင်း ငိုပြီးပြောလာသည်။သူမက ကျွန်တော်ကိုချစ်ကြောင်း မခွဲနိုင်ကြောင်းပြောသည်။

ထို့နောက် သူမကိုခိုးခိုင်းသည်။ကျွန်တော်မှ သူမအား " လောကမှာမိဘထက် တန်ဖိုးဖိုးထားရမည့် အရာမရှိဘူးညီမ…အကို့နဲ့ညီမစိတ်ချမ်းသာရပေမယ့် ညီိမ မိဘတွေစိတ်ဆင်းရဲ့ရမယ်…အရှက်ရရမယ်… အကိုညီမကို အချစ်လို့မဟုတ်ဘူး…ပြီးတော့ညီမကို အကိုက တင့်တောင့်တင့်တယ်နဲ့ တောင်းရမ်းယူချင်တာ…ခိုးပြီးမှယူရမယ်ဆိုရင် အကိုမလိုချင်ဘူး…အကိုပြောတာ ညီမနားလည်လား…"

သူမတသိမ့်သိမ့် ရှိုက်ငိုနေလေသည်။ကျွန်တော်သူမကို ထွေးပွေ့ထားသည်။ကျွန်တော်တို့ ချစ်သူနှစ်ဦးအတွက် ဒီညသည် နောက်ဆုံးတွေ့ခွင့်ရပင်ဖြစ်သည်။နံနက်လင်းသည်နှင့် သူမ ရန်ကုန်ပြန်ရတော့မည်။သူမနောက်နေ့ နံနက်တွင် အလုပ်ထွက်စာတင်ပြီး ရန်ကုန်ပြန်သွားသည်။သြော်ကံကြမ္မာရယ် ပေါင်းခွင့်မရ ရင်အစောကြီးတည်းက ပေးမတွေ့ပါနဲ့လားကွာ။ရင့်နင့်အောင် ချစ်ခဲ့ကြပြီးမှ လုပ်ရပ်တယ်ကွာ။

အခုဆိုလျှင် သူမတွင် သမီးလေးတစ်ယောက်ပင်ရနေပါပြီ။သူမကတော့ ကျွန်တော့ကို သတိမှရပါလေစဗျာ။အေးလေ အခုချိန်မှာသူမလည်း ကျွန်တော့်ကို သတိမရသင့်တော့ပါဘူးလေ။သူမတို့မိသားစုလေး ပျော်ရွှင်ချမ်းမြေ့ကျပါစေ။
photo from google
MSC-224
@myintlwinsoe

Sort:  

အလွမ်းမင်းသားလားဘာလားပေါ့

ကိုအင်းတကော်ရယ် လွမ်းစရာကြီးပါလား ။

အလွမ်းတွေက စမ်းရေအတူ မျောနေဆဲပါဗျ။

အလွမ်းက ဖန်‌တီးလို့ မရဘူး။ရှိတုန်း‌လေး သိမ်းထား။

တို့အစ်​ကိုကြီး အင်းတ​ကော်​ကလည်းအလွမ်း​တွေအပြည့်​နဲ့ပါလား😜😜😜😌

စပ်မိစပ်ရာ ဘာငြာကွိစိ

true story လားကိုမြင့်။

တဝက်အမှန် တစ်ဝက်စိတ်ကူးကိုထွေး

အလွမ်း​တေပြည့်

အသည်းတစ်ခြမ်းကို လွမ်းဖို့သိမ်းထားမယ်

ကိုမြင့်ရေ vpနည်းနေလို့ cmပဲပေးခဲ့ပြီ

အသည်းတစ်ခြမ်းကိုလွမ်းပိုရောင်းစားလိုက်ပြီလား

လွမ်းပိုကိုမရောင်းပါဘူးဆရာ အလကားပေးလိုက်တာပါဗျ

ချစ်တိုင်းလည်း မညား…🎶🎶

ဒါပေါ့ကွယ်

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58679.35
ETH 3155.04
USDT 1.00
SBD 2.44