ပစ္စည်းတန်ဖိုး

in #myanmar6 years ago (edited)

တစ်နေ့သ၌ ကျွန်တော် Fb သုံးနေစဉ် ရွာမှသူငယ်ချင်း တစ်ယောက်ရေးသောpost တစ်ခုတက်လာသည်။အကြောင်းမှာ သူ့phoneအကောင်းစား တစ်လုံးဝယ်ထားပြီး ဘာသုံး၍သုံးရမှန်းမသိ phone၏ function ကိုလည်း ကောင်းစွာ အသုံးမချတက်ကြောင်း phone ဆက်ခြင်း Game ဆော့ခြင်းသာ လုပ်တက်ကြောင်း ရေးသားထားလေသည်။

ကျွန်တော်အတွေးတစ်ခုရသွားသည်။သူငယ်ချင်း၏ အဖြစ်မှာ အခကြေးငွေသာ ပို၍ပေးလိုက်ရသော်လည်း အသုံးမချတက်သောအခါ သာမန် phoneတစ်လုံး အဆင့်သာ သူ၏လက်ထဲတွင် ရှိနေသည်။ကျွန်တော်တို့သည် သူများphone အမြင့်ကို ကိုင်လျှင် ကိုင်ချင်သည်။သူများ ဘာလေးလုပ်သည် ဆိုလျှင် လိုက်လုပ်ချင်ကြပေသည်။

တစ်ချို့ သည် မိမိအတွက် တကယ်အသုံးတည့်သော်လည်း အချို့ သည် မိမိအတွက် အပိုဖြစ်နေတက်လေသည်။အချို့ ကို ကျွန်တော်တို့ ကောင်းစွာ အသုံးချတက်သော်လည်း အချို့ ကိုတော့ ကောင်းစွား အသုံးမချ တက်ပါ။အသုံးချတက်သော အသုံးဝင်သော ပစ္စည်းအတွက် ကျွန်တော်တို့ပေးရသည့် ငွေကြေးမှာ တန်ပေသည်။အသုံးမချတက်သော အသုံမဝင်သော ပစ္စည်းအတွက် ပေးရသော ငွေကြေးမှာ နှမျှောဖွယ် ဖြစ်ပေသည်။

ဤတွင် ကြုံ ၍အဖြစ်အပျက် တစ်ခုကို ရေးပြချင်ပါသည်။တစ်ခါက ကျွန်တော်တို့ ရွာအနီးမှ ဦးလှအောင်(နာမည်လွှဲ)သည် သူများတွေဆိုင်ကယ် မောင်းစီးသည်ကို မြင်တွေ့ရသောအခါ သူလည်း ဆိုင်ကယ်မောင်းစီးလို၍ ဝယ်လိုက်လေသည်။သို့သော် သူသည် ဆိုင်ကယ်ကို တစ်ခါမှ မမောင်းစီးဘူးပေ။ထို့ကြောင့် ရွာထဲရှိ ဆိုင်ကယ်မောင်းတက်သူတစ်ဦးအား ဆိုင်ကယ်မောင်း သင်ပေးရန်ပြောလေသည်။

နာက်နေ့ နံနက်တွင် ဦးလှအောင် စ၍ဆိုင်ကယ်မောင်းသင်လေသည်။အမောင်းသင်သော နေရာမှာ ရွာထိပ် ဘောလုံးကွင်းဖြစ်သည်။ဘောလုံးကွင်း၏ဘေးဘက်တွင် တောသွား တောလာ လုပ်သော လူသုံးများသည့် လမ်းရှိလေသည်။သင်ပေးသူသည် ဦးလှအောင်အား ဂီယာ မည်သို့ ထိုးရကြောင်း လီဗာ မည်သို့ တင်ရကြောင်း ပြောပြလိုက်သည်။ထို့နောက် ဘောလုံးကွင်းတွင်း ပတ်၍ စိတ်ကြိုက်မောင်းခိုင်းလိုက်သည်။

ဦးလှအောင် စက်ဘီးကို ကောင်းစွာစီးတက်သောကြောင့် သင်ပေးသူပြောသည့်အတိုင်း လိုက်လုပ်ရာ ဆိုင်ကယ်သည် အဆင်ပြေစွာ ထွက်သွားလေသည်။ထို့နောက် ဘောလုံးကွင်း ပတ်၍ မောင်းနေတော့သည်။ဆိုင်ကယ်မောင်း သင်ပေးသူလည်း အရိပ်တွင် ထိုင်စောင့်နေသည်။တောသွားသူများကလည်း ဦးလှအောင် ဆိုင်ကယ်စီးနေသည်ကိုကြည့်ပြီး နှုတ်ဆက်သွားလေသည်။သို့သော် ဦးလှအောင်သည် ဆိုင်ကယ်လဲမည် စိုးသောကြောင့် ပြန်မဖြေအားပေ။

ဦးလှအောင် ဘောလုံးကွင်းတွင်း ပတ်၍မောင်းနေသည်။တစ်နာရီကြာသော်လည်း မရပ်။နှစ်နာရီကြာသော်လည်း မရပ်။တောသွားသူ များပင် ပြန်လာနေကြပြီ။ဦးလှအောင်တစ်ယောက် မောင်း၍ကောင်းစဲ။မျက်နှာကြီးတော့ ရဲနေသည်။ဆိုင်ကယ်မောင်း၍ လေတိုးသော်လည်း ခန္ဓာမှာ ချွေးပြန်နေသည်။ကြာလာသော် ဆိုင်ကယ်မောင်း သင်ပေးသူ မစောင့်နိုင်တော့ပဲ နောက်ရက်မှ ဆက်သင်ရန်ပြောလေးသည်။ဦးလှအောင် ဘာမှပြန်မပြောဘဲ ဆိုင်ကယ်သာ ဆက်၍မောင်း နေလေသည်။ခဏအကြာတွင် ဆိုင်ကယ်ဆိုပြတ်၍ ရပ်သွားသည်။ထိုအခါမှ ဦးလှအောင်သည် ဆိုင်ကယ်ပေါ်မှဆင်းပြီး ဘေးတွင်း ခြေပစ်လက်ပစ် ထိုင်လိုက်တော့သည်။ဆိုင်ကယ်အမောင်းသင်ပေးသူ ရောက်လာပြီး "ခင်ဗျကလည်း မောင်းလိုက်တာဗျာ… ပြန်ရအောင် ဆိုတာကို မရပ်ဘူး…ဆီကုန်မှပဲ ရပ်တော့တယ်"ဟုပြောလေသည်။ထိုအခါ ဦးလှအောင်တစ်ယောက် ပြန်ပြောလိုက်သည်မှာ"မင်းက ငါ့ကို ဆိုင်ကယ်မောင်းနည်းသင်ပေးပြီး ရပ်နည်းမှ သင်မပေးတာ ငါ့မှာ မောင်းလိုက်ရတာ ခေါင်းတွေကို မူးလို့"ဟူ၍ဖြစ်သတည်း။

ဦးလှအောင်တစ်ယောက် ဆိုင်ကယ်မောင်းတက်သောအခါ အသွားအလာကို ဆိုင်ကယ်လေးနှင့် ဖြစ်လာသည်။အစပိုင်းတွင် မသိသာသော်လည်း နောက်ပိုင်းတွင် ဆီဖိုးထိလာသည်။ဆိုင်ကယ်ပစ္စည်းများကလည်း အချို့ပျက်လာ၍ ပြင်ရသောကြောင့် ပိုက်ဆံထပ်ကုန်လာသည်။အစတည်းက နှမျှောကြီးသော ဦးလှအောင်တစ်ယောက် ဆိုင်ကယ် စီးရမှာ လန့်လာသည်။ထို့ကြောင်ပြန်ရောင်လိုသည်။ဝယ်သူက ဈေးနှိမ်၍သာ မရောင်းဖြစ်ခြင်းဖြစ်သည်။နောက်ဆုံးတွင် ဦးလှအောင်တစ်ယောက် ကြံရာမရသည့်အဆုံး ဆိုင်ကယ်ကို ပြောင်လတ်နေအောင် ဆေးကြောပြီး အိမ်ပေါ်တင်လိုက်သည်။ထို့နောက် ခြင်ထောင်တစ်လုံးထောင်လိုက်ပြီး ဆိုင်ကယ်ကို ခြင်ထောင်ဖြင့် သိပ်ထားလိုက်တော့သည်။ဂုဏ်သရေရှိ အလှူ တန်းပွဲများ မဖြစ်မနေဆိုင်ကယ် သုံးရမည့် အခါမှလွဲ၍ ဆိုင်ကယ်မသုံးတော့ပေ။နောင်တွင် အခကြေးငွေဖြင့် ဆိုင်ကယ် ကယ်ရီဆွဲသည်။ထိုအခါ ရွာထဲမှ သူ့အားခေါ်ကြသည်မှာ"ခြင်ထောင်ဆိုင်ကယ်ပိုင်ရှင်ကြီး"ဟူ၍ဖြစ်တော့သည်။

ဤဦးလှအောင် အဖြစ်ကိုကြည့်ခြင်းဖြင့် ပစ္စည်းတစ်ခုကို ဝယ်ယူမည်ဆိုလျှင် တစ်ကျပ်တန် ဆိုလျှင် တစ်ကျပ်တန်အောင် အသုံးပြု နိုင်ရန် ကြိုးစား သင့်ကြောင်းနှင့် အသုံးချနည်းမသိပါက ခြင်ထောင် ထောင်၍သိပ်ရ သကဲ့သို့ အသုံးမဝင်ဖြစ်တက်ပါကြောင်းဗျာ။

Photo credit google

MSC-224

@myintlwinsoe

Sort:  

ပစ္စည်းကို တန်ဖိုးထားပြီးအသုံးချတတ်ဖို့လိုပါတယ်

ဟုတ်ပ့တယ်ဗျ

ကျွန်​​တော်​ ​တော့ အာ့​ကြောင့်​ ဖုန်းစုတ်​​လေးပဲ ​ပေကပ်​ပြီးကိုင်​​နေတယ်​။

အပိုမကုန်တော့ဘူးပေါ့ဗျာ

ကိုယ်တွေကတော့ ပစ္စည်းတစ်ခုဝပြီးတာ့ ဖွတ်ဖွတ်ညက်ညက်ကျေအောင် ကလိတာ 😁😁😁😁

ဟုတ်ပေါ့ တူတူပဲ

ပစ္စည်းတန်ဖိုးက ဘယ်လောက်ပင် ဈေးကြီးစေကာမူ အသုံးမချတတ်ရင် အလကားပါပဲ့bro

ဟုတ်ပါတယ်ဗျ

မည်​သည့်​ပစ္စည်းမဆိုတန်​ဖိုးထားအသုံးချတတ်​ရပါမယ်​ရှင်​။

မှန်ပါတယ်မအိရေ

heart ထိတယ်ဗျာ

ကျေးဇူးညီလေး

အမှန်​ပါဘဲ ကိုမြင့်

ဟုတ်ပါတယ်ဗျာ

သုံးချနည်းသိနဲ့ပစ္စည်းဘဲဝယ်မယ်

အာ့goodတယ်

"မင်းက ငါ့ကို ဆိုင်ကယ်မောင်းနည်းသင်ပေးပြီး ရပ်နည်းမှ သင်မပေးတာ ငါ့မှာ မောင်းလိုက်ရတာ ခေါင်းတွေကို မူးလို့"ဆိုတဲ့ ခြင်ထောင်ဆိုင်ကယ်ပိုက်ရှင်ကြီး ဦးလှအောင်လို မဖြစ်အောင် ပစ္စည်းတခုခု ဝယ်မယ်ဆို ဘယ်လိုဘယ်ပုံ အသုံးဝင်၊ အသုံးတည့်မည်ကို သေချာလေ့လာဖို့ လိုမယ်ပေါ့နော်

ဟုတ်ပါတယ်ဗျာ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.031
BTC 68564.31
ETH 3859.20
USDT 1.00
SBD 3.65