လွန်ခဲ့ပါပြီ

in #myanmar7 years ago

အေးချမ်းလှသော ဆောင်းမနက်ခင်းတစ်ခုတွင် လေပြေလေးများကဆော့ကစားနေကျလေသည်။နေရောင်၏နွေးထွေးမှုက အေးမြမှုကိုပယ်ဖျက်ပေးနေ၏။နံနက်ခင်၏ လတ်ဆက်မှုအောက်တွင် သီချင်လေးတအေးအေးနှင့် ကျွန်တ်ာသံပိုက်လုံးကို ဝရိန်ဆော်ရန် အသင့်အပ်ကြိုးတွဲထားသော သံချောင်းကို ပိုက်တွင်spotတစ်ချက် တွဲလိုက်လေသည်။သံပိုက်လုံးသည် အပိုင်းဆက်များသောကြောင့် မြန်မြန်ပြီးသွားရန် ကိုစိုး ကိုအောင်မြင့် နှင့်လူသစ်လေးမောင်ကို တို့အား ဝရိန်ဝိုင်းဆော်ရန် ခေါ်လိုက်လေသည်။ကျွန်တော် ကိုစိုးနှင့်ကိုအောင်မြင့်တို့မှာ စက်ရုံတွင်အလုပ်လုပ်လာသည်မှာ လုပ်သက် ဆယ်နှစ်ကျော်ရှိပြီဖြစ်၍ အတွေ့ကြုံအတော်ရှိသည်ဟုပြောနိုင်သည်။မောင်ကိုကတော့ အလုပ်ဝင်လာသည်မှာတစ်လခန့်သာရှိသေးပြီးအတွေ့ကြုံလဲနည်းသေးသည်။ဝရိန်ပင်ဆော်တက်ခါစရှိသေးသည်။

မောင်ကိုသညိ အတွေ့ကြုံနည်းသော်လည်း လုပ်ချင်ကိုင်ချင်စိတ်ရှိသည်။ခိုင်းလိုက်လျှင် ဖင်ပေါ့သည်။အပေါင်းသင်း ဝင်ဆန့်သည်။ထို့ကြောင့် အလုပ်ဝင်ခါစဖြစ်သော်လည်း လူချစ်လူခင်များလှသည်။ထိုမျှမကသေး မောင်ကို၏ဖူးစာဟုပြောရမည်လော ရှေးရေစက်ဟုပြောရမည်လော မြင်မြင်ချင်းအချစ်ဟုပြောရမည်လောမသိ စက်ရုံမှနှလုံးရောဂါသည်လေးမမူနှင့် ရည်ငံနေကျသည်။မောင်ကိုတွင် ပြီးစလွယ်လုပ်တက်သောအလျှင်စလိုလုပ်တက်သောအကျင့်ဆိုးရှိလေသည်။

သူအလုပ်ဝင်လာပြီး တပတ်မပြည့်ခင် ရုံးတက်ပြီး ခံဝန်ကတိထိုးရလေသည်။အကြောင်းမှာ ကားရွှေ့ရာတွင်အလောတကြီးရွှေ့လိုက်ရာ ဘေးမှဓါတ်တိုင်နှင့် ကားဖင်သွားရိုက်မိပြီ ကားဆေးပွန်ရုံသာမက ဓါတ်တိုင်ပါလဲသွားလေသည်။ငွေကြေးအလျှော်မပေးခဲ့ရသော်လည်းနောင်တွင် စက်ရုံအတွင်း ကားမမောင်းတော့ပါဟု ခံဝန်ကတိထိုး လိုက်ရလေသည်။ထို့နောက်သူသည် ဝရိန်ဆော်ရသောကျွန်တော်တို့ဌာနသို့ရောက်ရှိလာလေတော့သည်။

ယခုလည်း သူကိုကျွန်တော်နှင့် ဝရိန်ဝိုင်းဆော်ဖို့ခေါ်ရာတွင် သူ၏အ ကျင့်အတိုင်း လောလောနှင့်အလာ အပ်တွဲထားသော သံချောင်းကို ခလုပ်တိုက်မိပြီး တွဲထားသောspotမှာ ပြုတ်သွားလေ၏။ထို့အ ပြင် မောင်ကိုမှာရှေ့သို့ဟက်ထိုးလဲကျပြီး ငုတ်တုတ်ထိုင်ဝရိန်ဆော် နေသောကိုစိုး ပေါင်နှစ်လုံးကြားသို့ မျက်နှာသွားအပ်မိနေသည်။လက်တစ်ဖက်က ကိုစိုးကို ဖတ်ထားသလိုဖြစ်နေသည်။မောင်ကို ဘာကိုလန့်သွားသည်မသိ အမလေးတသံ ကြားလိုက်ရ၏။လန့် လန့်နှင့်ရုတ်တရက်ပြန်အထ ကိုစိုးအားဆွဲလှဲသလိုဖြစ်ပြီး ကိုစိုးပတ် လက်လန်သွားလေသည်။ကိုစိုးခြေထောက်နှစ်ချောင်းမှာ ဒူးထောင်ပေါင် ကား အနေထားဖြစ်သွားချိန် အပေါက်ဝမှဝင်လာသော မောင် ကိုရည်းစား မမူ ဘာမြင်သွားသည်မသိ ရှေ့ဆက်မတိုးတော့ပဲ မျက်နှာအုပ်ပြီး ပြန်ထွက်သွားလေသည်။မောင်ကိုမျက်နှာတွင် အံ့သြ မှုမကုန်သေး။ဘေးမှာရှိနေသော ကျွန်တော်တို့မှာ တဝါးဝါး တဟား ဟား။

ဤနံနက်ခင်းသည် ဟာသများနှင့် ပျော်စရာဖြစ်လာခဲ့လေသည်။ကျွန်တော်မှ ပြုတ်သွားသောspotကို မောင်ကိုးအားပြန်တွဲခိုင်းသည်။သံချောင်းတစ်ခုတည်းတွင် ကျွန်တော် ကိုစိုး ကိုအောင်မြင့်နှင့် မောင်စိုး အပ်တွဲထားသည်။မောင်ကို ခလုပ်တိုက်မိစဉ်တွင် အပ်တွဲထား သောသံချောင်းမှာ "440V"မီးကြိုးပေါ်တွင်ကျနေသည်ကို မည်သူမှသတိမထားမိခဲ့။ထိုအချိန်တွင် စက်ရုံမန်နေဂျာရောက်လာပြီး ကျွန်
တော်တို့ သံချောင်းတစ်ခုတည်းတွင် ဝိုင်းပြီးအပ်တွဲထားသည်ကိုမြင်သွားပြီး သီးခြားတွဲရန်ပြောလေသည်။ကျွန်တော်မှ ဝရိန်ဆော်ရာတွင်အံတိုနေပြီဆိုသော သဘောဖြင့် ပါစပ်ဖြဲပြခဲ့လေသည်။အပ်ချထားသည်ကိုလည်း ပြန်မဖြုတ်ခဲ့ပေ။မန်နေဂျာလည်း ပြောမရ၍ စိတ်ဆိုးပြီးထွက်သွားလေသည်။

ကျွန်တော်တို့အလုပ်စလုပ်ကြသည်။ကျွန်တော် ကိုအောင်မြင့် ကိုစိုးနှင့်မောင်ကိုတို့ အစဉ်လိုက် ဝရိန်စဆော်သည်။သံချောင်းတစ်ခုတည်းတွင် အပ်ဝိုင်းတွဲထား၍ သံချောင်းပူလာသည်။မည်သူမှ သတိမထားမိကျွန်တော်တို့လည်း စကားတပြောပြောနှင့် အလုပ်ဆက်လုပ်နေ သည်။သံချောင်းအပူကြောင့် ဝါယာကြိုးအရည် ပျော်သွားလေသည်။ကျွန်တော် ကျင်ခနဲ ဖြစ်သွားသည်။အတွေ့ကြုံအရ ဓါတ်လိုက်သည်ဟု သိလိုက်ပြီး နောက်သို့ ခုန်ထွက်လိုက်ပြီး"ဟေ့ကောင်တွေ ဓါတ်လိုက်ပြီ မြန်မြန်ထွက်"ဟုသတိပေးလိုက်သည်။မိန်းခလုပ်ပိတ်ရန်သတိမရခဲ့။

ကိုအောင်မြင့် ကိုစိုးနှင့် မောင်ကိုတို့ခုန်ထွက်လိုက်သည်။ကျွန်တော်တို့ အတွေ့ကြုံရှိသောသုံးယောက်မှာ နောက်သို့ ခုန်ထွက်လိုက် သော်လည်း မောင်ကိုမှာရှေ့သို့ ခုန်ထွက်လိုက်သည်။မောင်အခုန်တွင် သံပိုက်နှင့်မလွတ်၍ ခြေထောက်တစ်ဖတ် သံပိုက်လုံးပေါ်ကျန်ခဲ့ပြီးလဲသွားသည်။မောင်ကို တစ်ကိုယ်လုံးတွန့်လိမ်သွားသည်။အော်ဟစ်သံများ ဆူညံသွာသည်။ကျွန်တော်တို့ အော်ဟစ်သံကြား၍ မန်နေဂျာပြန်ရောက်လာသည် ဓါတ်လိုက်နေခြင်းဖြစ်ကြောင်းသိ သောအခါ မိန်းခလုပ်သွားချလိုက်သည်။ထို့နောက်သတိလစ်နေသော မောင်ကိုအား ရှေးဦးသူနာပြုစုချင်းဖြင့် နှလုံးကိုပြန်နှိုးဆွသည် ထုသည်။ပထမတစ်လျက်ထုရတွင် ပါစပ်မှ မီးခိုးအမဲများ ထွက်လာသည်။နောက် ထုပ်ထုသည် မီးခိုးများ ထပ်ထွက်လာသည်။မန်နေဂျာသည် ထုနေရင်းဖြင့် လူနာတင်ကားခေါ်ခိုင်းသည်။

လူများလည်း ဝိုင်းအုံလာသည်။မမူရောက်လာပြီး မောင်ကိုအဖြစ်မြင်ရသောအခါ နှလုံးဖောက်ပြီးသတိလစ်သွားသည်။လူနာတင်ကားရော က်လာသည်။နှစ်ယောက်လုံး ကားပေါ်တင်ပြီး ပဲခူးဆေးရုံသို့မောင်း သွားသည်။ကျွန်တော်ပါ လိုက်သွားသည်။ဆေးရုံရောက်ချိန်တွင် နှစ်ယောက်လုံးမှာ အသက်မရှိတော့ကြောင်း ဆရာဝန်မှပြောသည်။

မန်နေဂျာ ကိုမောင်လတ်ကျွန်တော့ကို ထိုးသည်။ထပ်ခါထပ်ခါထိုးသည်။ပါစပ်မှလည်း" ငါ့ပြောခဲ့သားနဲ့ မင်းတို့ကိုမင်းတို့ စောက်အထင်ကြီးတာ အခုလူနှစ်ယောက်သေပြီ, မသေသင့်ပဲသေရပြီ"သူ၏မျက်နှာတွင်လည်း မျက်ရည်တို့ဖြင့် ကျွန်တော့ပါးမှလည်း မျက်ရည်စတွေ။အတွေးထဲတွင်လည်း" ငါသာမပေါ့လျှော့ခဲ့လျှင် ငါသာမောင်ကိုအား ဝရိန်ဆော်ဖို့မခေါ်ခဲ့မိလျှင် ငါသာဖြစ်ဖြစ်ချင်း မိန်းခလုပ်ချနိုင်ခဲ့လျှင် မောင်ကိုရော မမူပါ သေစရာမလို ငါညံ့လို့ ငါပေါ့လျှော့လို့"ဟု ယူကြုံးမရ ဖြစ်နေမိသည်။"ငါတောင်းပန်ပါတယ်ကွာ ညီလေးမောင်ကိုနှင့်မမူ အကို့ကို တမလွန်မှ ခွင့်လွှတ်ပေးကျပါကွာ"ဟု စိတ်ထဲတွင် အထပ်ထပ်ပြောနေမိသည်။

ကျွန်တော်တို့ ဝရိန်ဆော်သောအဖွဲ့အား ခုံရုံးဖွဲ့စစ်သည်။အထက်လူကြီးပြောစကား နားမထောင်မှု့ တာဝန်ပေါ့လျှော့မှုဖြင့် အလုပ်ဖြုတ်လိုက်သည်။ကျွန်တော်တို့ ကျေးနပ်ပါသည်။ကျွန်တော်တို့ ပေါ့လျှော့ခဲ့လို့ လူနှစ်ယောက်သေသွားပြီလေ။

အဖြစ်ပျက်က ကြာခဲ့ပါပြီ သို့သော် ယနေ့အချိန်ထိ ကျွန်တော်ဝရိန်မဆော်ရဲတော့ပါ။ညဘက်တွင်လည်း ထိုအဖြစ်ပျက်က အိပ်မက်အဖြစ်ပြန်ပေါ်လာလျှင် ဆက်ပြီ
အိပ်မရတော့ပါ။ထိုအချိန် ကျွန်တော်လုပ်တက်သော အပြုမူမှာ အိပ်ယာမှထ ဘုရားရှစ်ခိုးပြီး မောင်ကိုနှင့်မမူအား အမျှပေးဝေခြင်းပင်ဖြစ်လေသည်။ ညီလေးမောင်ကိုနှင့်မမူ ကောင်းရာသုဂတိရောက်ပါစေ …………
Photo From Google

MSC-224
@myintlwinsoe

Sort:  

စိတ်မကောင်းဖြစ်မိပါတယ် ကောင်းရာမွန်ရာ ရောက်ပါစေ။

ဟုတ်ကဲ့ပါအကို

ဟုတ်ကဲ့ စိတ်မကောင်းဖြစ်မိပါတယ် အစ်ကို

အရမ်း ဝမ်းနဲမိပါတယ် တစ်ခါတစ်ရန် ဖြစ်တတ်ပါတယ်လေ အကိုပြောတာ ဟိုတစ်နေ့ကပြောတဲ့ ဘယ်သူရေးမလဲဆိုမေးတဲ့ဟာလား

ဟုတ်တယ်ညီလေး။

အိုး စိတ်မကောင်းစရာအဖြစ်ပျက်ပါလား။

ဟုတ်ပါတယ်အကို။

ဖြစ်ချိန်တန်လာတဲ့ ကံတရားဆိုပေမယ့်လည်း စိတ်မကောင်းဖြစ်ရပါတယ်။

ဟုတ်တယ်ညီမ

စိတ်မကောင်းပါဘူးကွာ

စိတ်​မ​ကောင်းစရာပါပဲအစ်​ကို​ရေ။

တကယ်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ

ပေါ့ဆမှုတစ်ချက်ရဲ့ပေးဆပ်မှုကကြီးလွန်တယ်ကိုချစ်

စိတ်မကောင်းစရာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56478.46
ETH 2384.59
USDT 1.00
SBD 2.34