လှည့်မကြည့်နဲ့

in #myanmar7 years ago (edited)

ကိုအကာက ကဗျာဆိုရင်မလာဘူးကွယ်။ခက်တာက အခုရက်ပိုင်း feel post တွေပဲ စိတ်ထဲရောက်နေတော့ ကျန်တာလည်းမရေးချင်ဖြစ်နေတယ်။

အကာရေ နင်မလာလည်း ငါတော့ အာရုံလာတာပဲ ဆက်ရေးနေအုံးမယ်ကွယ်။

လာတာမလာတာ နင့်အပိုင်းပေါ့နော။ငါတော့ feel လာရာပဲရေးမယ်ကွယ်။

နင်လာခဲ့ရင်တော့ နော်နော်ပြောသလို အတိုင်းထက်အလွန်ပါပဲလို့။

သန်းခေါင်ယံ ညအချိန်မှာ ဆေးလိပ်လေးဖွာ အလွမ်းလေးတွေတွေး လက်က ဖုန်းရဲ့ screan ပေါ်မှာပြေးလွှားပြီးဖို့အရေး

ပြောနေကြာပါတယ် feelလေးတွေ ရေးလိုက်အုံးမယ် အကာရယ်။
…………………………………………………………
××××××××××××××××××××××××××
…………………………………………………………
photo credit google

လှည့်မကြည့်နဲ့
××××××××

နင်ထားခဲ့တဲ့ ငါ
နင်မရှိတော့အခါ
ဘာပဲလုပ်လုပ် အဆင်မပြေဘူးရယ်။

မငိုပဲနဲ့ ကျတဲ့မျက်ရည်။
အသက်တစ်ခါ ရှုတိုင်းလဲ ရင်ဘတ်ထဲကမွန်းကျပ်
နှလုံးသားဒဏ်ရာက တဆစ်ဆစ်နဲ့။
ထားခဲ့တဲ့နင် ပျော်ပါစေ။

ငါမျက်ရည်နဲ့ ပျော်တဲ့နင်
အဆင်ပြေပါစေ။
နင့်အတွက်မို့ ငါ့နှလုံးသား
ဒဏ်ရာ ပလပွနဲ့ စတေးထားတယ်။

နင်ထားခဲ့တဲ့ ငါ့ကို ဘာဖြစ်ဖြစ်လှည့်မကြည့်နဲ့
နင့်အကြည့်က ပိုနာကျင်စေရတယ်။

နင့်နှုတ်ခမ်းက အပြုံးကိုလဲ မပြုံးလိုက်နဲ့
နင့်အပြုံးက ကမ္ဘာပေါ်မှာအလှဆုံးနဲ့ အနာကျင်ဆုံးပဲ။

နင့်စကားသံတွေ နားထဲပြန်ကြားယောင်လွန်းလို့
ငါ့ရဲ့ နားလဲကန်းသွားပါစေ ဆုတောင်းတယ်။
နင်ဆိုတာ ငါ့ကမ္ဘာမှာအရမ်းချစ်ရတဲ့သူ ငါအကြောက်ဆုံးသူပါ။

အချစ်ဆိုတာ သဲလိုပဲထင်တယ်။
ကိုယ်က ချစ်လို့ တင်းတင်းဆုပ်ကိုင်လေ သူကလွှတ်ထွက်သွားလေ။
ကိုယ်က ချစ်လို့ ဖွဖွ လျှော့ပေးလေ သူကလွှတ်ထွက်သွားလေ။

အသဲကွဲခြင်းဆိုတာက
မိုးရွာလေ မြေကြီးပိုမာလေ ဖြစ်သလိုပဲ။
နှလုံးသားက ဒဏ်ရာခဏခဏ ရလာတဲ့အခါ ပိုပြီးမာကျောလာကျတယ်။

အလွမ်းဆိုတာ ဆေးလိပ်လိုပဲ
မီးတို့ထားရင် တမြည့်မြည့်လောင်ကျွမ်းပြီး ပြာဖြစ်သွားမယ်။

ရှုရှိုက်ပြီးမှုတ်ထုတ်ရင် မီးခိုးငွေ့တွေ အဖြစ်ပြောင်းသွားတယ်။

အလွမ်းဆိုတဲ့အောက်မှာကိုယ့်ကိုယ်ကို ဆေးလိပ်မီးလို လောင်ကျွမ်းပြီး ပြာအကျခံမလား။

ရှုရှိုက်ပြီးတော့ မီးခိုးငွေ့ အဖြစ်ပြောင်းလဲမလား။မသိတော့ဘူးရယ်။

ငါဘာတွေပဲဖြစ်ဖြစ် နင်နောက်ကိုလှည့်မကြည့်ပါနဲ့။ငါ့ရဲ့ လေလွင့်နေတဲ့ပုံကိုမြင်ပြီး နင့်စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။

နင်နောက်ကိုလှည့်မကြည့်ပါနနဲ့။


…………………………………
××××××××××××××××
…………………………………
ကဲ feelလိုတော့ ပြီးပြီ အကာရေ။pro မဟုတ်တဲ့ရက်တွေမှာ နင်လာမှပဲ ငါ့ပို့လေးတွေက ပြားဂဏန်းမဖြစ်မှာမို့ လာချင်လာ မလာချင်နေ ဆိုပေမယ့် စိတ်ထဲကတော့ မျှော်နေမိတာပေါ့ကွယ်။

MSC-224
@myintlwinsoe

Sort:  

အလွမ်းကို ဆေးလိပ်ငွေ့လေးနဲ့ တင်စားထားတာ ကြိုက်တယ် ။
ဒါပေမယ့်လေ ကိုယ်ကလွမ်းတတ်သူဆိုတော့ အလွမိးတွေက အငွေ့ပြန်ပီး တဖန်ပြန်စိုထ်ုင်းလာတယ် ပီးတော့ အလွမ်းမိုးတွေ ရွာချလာပြန်တယ် ဗျာ ။

လူသား​တွေဘဲကိုမြင့်​ရယ်​ခံစားချက်​ကိုယ်​စီနဲ့​လေ။ ကိုယ့်​ရဲ့ခံစားချက်​ ဖီးပို့​လေး​တွေ​ရေးတာဘဲ ​ရေးပါဗျ အား​ပေး​မယ်​ ☺

အခုလို အားပေးတာကျေးဇူးပါဗျာ

Feelပါကွယ်​။လာချင်​လာမှာ​ပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by Myint Lwin Soe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လာဘူးလား😁

လာဘူး သူစိမ်းကားကြီး

Awesome! Nice post myintlwinsoe

Your article is well written, and I will continue to pay attention to you.
I want to ask you how to do this steemit?

What do you do to make your steemit get such a high income?
Sincerely ask for you, thank you!

If u want check my article about Steemit has showed me the good side of me, i didn't know that i can teach!!( i was teaching this Nice couple on how steemit works
You can find the article here Steemit has showed me the good side of me, i didn't know that i can teach!!( i was teaching this Nice couple on how steemit works

I will follow you myintlwinsoe

Thanks brother.My income get from Myanmar Steemit Community and use bot.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57914.43
ETH 2289.91
USDT 1.00
SBD 2.47