နေညိုရင်

in #myanmar8 years ago (edited)

သူမနှင့် ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်စတွင် သူငယ်ချင်းအဆင့်မှ ချစ်သူတွေဖြစ်လာခဲ့သည်။ကျောင်းသား ဘဝဖြစ်၍ အပူပင်သောက ဘာမှမရှိခဲ့။ချစ်ခဲ့ ပျော်ခဲ့သည်။တစ်ယောက်နှင့် တစ်ယောက်က ချစ်လွန်းတော့လည်း ကျောင်းပြီလျှင် နှစ်ကိုယ်နီးနိုင်ဖို့ အလုပ်ကိုင်မှ စ၍ တိုင်ပင်းထားသည်။

ဒီနေ့သည် ဒုတိယနှစ် စာမေးပွဲ ပြီးသောနေ့ဖြစ်သည်။မနက်ဖန်ဆိုလျှင် သူမ ချင်းတောင်တန်းသို့ ပြန်ရတော့မည်။ထို့ကြောင့် နံနက်ပိုင်း စာမေးပွဲဖြေပြီးလျှင် မုံရွာမြို့ရှိ ဘုရားအစုံ ဖူးရန် တိုင်ပင်ထားသည်။ကျွန်တော်က အရင်ဖြေပြီး၍ သူမ စာဖြေအခန်းဝနားတွင် စောင့်နေသည်။သူမလည်း သိပ်မကြာလိုက်ပါ အခန်းမှ ထွက်လာပြီး နှစ်ယောက်သား ရည်ရွယ် ချက်အကောင်ထည်ဖော်ရန် ကျွန်တော့ ဆိုင်ကယ်နှင့် ကျောက္ကာ ရွှေဂူနီ ဘုရားသို့ စထွက်ခဲ့သည်။

သူမက ကျွန်တော့ခါးလေးကို ဖက်ပြီး နောက်မှ ထိုင်လိုက်လာခဲ့သည်။ထနောင်းဝန်းရွာလယ်လောက် အရောက်တွင် ဆိုင်ကယ် ဘီးပေါက်သွားသည်။ကံကောင်းသည် အနီးနားတွင် ဆိုင်ကယ် ဘီးဖာ ဆိုင်က အသင့်ရှိနေသည်။ဘီးဖာဆိုင်နှင့် မျက်နှာချင်း လမ်းတစ်ဖက်တွင် အကြော်ဆိုင်လေး ရှိသည်။ဆိုင်ကယ်ကို ဘီးဖာဆိုင်တွင် ထားပြီး အကြော်သွားစားရန် ထွက်လာခဲ့သည်။နှစ်ယောက်သား သတိမမူမိဘဲ လမ်းအဖြတ်ကူးတွင် မောင်းလာသော ဆိုင်ကယ်သည် အရှိန်မထိန်နိုင်ဘဲ"မေ"အားဝင်တိုက်မိသည်။"မေ"လွင့်ထွက်ပြီး လဲ သွားသည်။ခေါင်းသည် လမ်းနှင့်ရိုက်မိ သွားပြီး"မေ"ခေါင်းမှ သွေးများ ထွက်လာပြီး သတိလစ်သွားသည်။


"ဒီနေ့ညနေကသူမရဲ့ နောက်ဆုံးညနေလဲ ဖြစ်နိုင်တယ်"တဲ့။ကျွန်တော် ရူးမတတ်ပဲ သူ့မအခန်းဆီ ကျွန်တော် အပြေးအလွှားသွားခဲ့သည်။သူမကတော့ ကုတင်ပေါ်မှာ အသက်ကို ပင်ပန်းစွာ ရှုရှိက်ရင်း အိပ်နေလေရဲ့။နေညိုရင် ကျွန်တော်တို့ အပြီးတိုင် ခွဲရတော့မှာပါလား။နာရီသံများက"တချက်ချက်"ဖြင့် ပုံမှန်လည်ပတ်နေသည်။နာရီလက်တံများကို ကြည့်ပြီး ကျွန်တော် ကြောက်နေသည်။ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေ အဆုံးသတ်ရမှာလား တွေးမိရုံနဲ့တင် ပါးပြင်ပေါ်သို့မျက်ရည်များ အလုအယက်ပြေးဆင်းလာကျသည်။

သူမလက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ပြီး"နောင်ဘဝ ဆိုတာရှိခဲ့ရင် ကျွန်တော်တို့ပြန်ဆုံတွေ့ပါရစေ"ဟုကျွန်တော် ဆုတောင်းမိသည်။
သူမနှင့်အတူရှိခွင့်ရနေသည့် အချိန် ခဏလေးပဲဖြစ်ဖြစ် ရပ်တန့်ခွင့်ရှိရင် ရပ်တန့်၍ရလျှင် ရပ်ထားချင်မိတယ်။ကျွန်တော် သူမ၏နှဖူးကို ဖွဖွလေးနမ်းလိုက်သည်။သူမမျက်လုံးပွင့်လာတယ်။သူမ အသက်ပိုပြီး ပင်ပန်းစွာ ရှုနေရသည်။သူမလည်း သိနေသည် ထင်သည်။သူမ၏ အလှဆုံးမျက်ဝန်းထဲမှာ မျက်ရည်မိုးစက်လေးတွေ ပြိုဆင်းချင်နေသည်။သူမ စကားတစ်ခွန်းကို ပြောဖို့ အားယူနေသည်။

ကျွန်တော် နောက်ဆုံးသူမကို ဘယ်လိုနှုတ်ဆက်ရမှာလဲမသိခင် သူမရဲ့အလှဆုံးနှုတ်ခမ်းကလဲ ခပ်ဟဟလေးပွင့်လာခဲ့သည်။ ကျွန်တော်တို့ရဲ့"စိတ်ကူးအိမ်မက်တွေကို မေ့လိုက်ပါတော့ မောင်"တဲ့။သူမပြောလိုသော စကားအပြီးတွင် နောက်ထပ် စကားသံ ကျွန်တော် ဘယ်တော့မှ ထပ်ကြားခွင့်မရတော့ပါ။သူမ ငြိမ်းချမ်းစွာ ထာဝရ အိပ်စက်သွားပါပြီ။ကျွန်တော်တို့ဆုံဆည်းခဲ့တဲ့ အချိန် ခဏလေးသည် အတိတ်မှာ အိပ်မောကျသွားပါတော့သည်။

Photo credit google

MSC-224

@myintlwinsoe

Sort:  

ခံစားရပါသည်။ ဇာတ်လမ်းလေးက ရင်နင့်စရာ။

ဟုတ်ပါတယ်ဗျာ

ပုံတွေက ကြပ်လွန်းတယ်ကွယ်၊ ဝတ္ထုတိုရေးရင် ပုံနည်းလေကောင်းလေပါ။

အခုလို လာရောက် ဝေဖန်ထောက်ပြပေးတာ ကျးဇူးတင်ပါတယ်ဆရာ

Congratulations @myintlwinsoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

စိတ်မကောင်းပါဘူး bro

ဟုတ်ကဲ့ပါဗျာ

အလွမ်းများရင်​ ယမက​ရောရတယ်
ပိုလွမ်​​ကောင်းသွားတ​ပေါ့ 😁😁

ဟားးး

စိတ်မကောင်းစရာပဲ။

ဖတ်ပေးတာကျေးဇူးပါဗျ

နေုရင်ြေုတာပေါ့ 😁😁😁

ဘာရေးတာလဲဟဲ့ ဖတ်မရဘူး

ဝမ်းနည်းစရာဇာတ်လမ်းလေး

ဟုတ်ပါတယ်ဗျာ

ဝမ်းနည်းခြင်းပေါင်းများစွာနဲ့ အားပေးနေပါတယ်ကိုစိုး

ကျေးဇူးတင်ပါတယ်ဗျ

လွမ်းလို.ကိုမပြီးနိုင်​​တော့ဘူးကွာ 😄😄😙😃

လွမ်းတယ်ဆိုတာ ခံစားတက်မှရတာ ရှီးဖော်ရဲ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 63050.40
ETH 1827.66
USDT 1.00
SBD 0.38