ဒေါသကြီးသော ကျွန်တော် အပိုင်း(2)

in #myanmar7 years ago (edited)


credit photo google
ကျွန်တော်စိတ်ထဲတွင်"သွားပြီ ငါလုပ်တာများသွားပြီ"ဟု တွေးမိသည်။ခြေထိုးခံရသော ကျောင်းသား ခြေထောက်ကျိုးသွားလေသည်။ကျောင်းထိုင်ဘုန်းဘုန်းမှ ခြေထောက်ကျိုးသွားသော ကျောင်းသားအား ဆေရုံပို၍ လိုအပ်သည်များ လုပ်ပေးသည်။ဘုန်းဘုန်းသည် ကျောင်းသားစောင့်အဖြစ် အခြား ဥူးဇင်းတပါးအား ထားခဲ့ပြီး ကျောင်းသို့ပြန်လာခဲ့သည်။

cerdit photo google
ဆရာတော် ကျောင်းသို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့အား ခေါ်လေသည်။ကျွန်တော်လည်း ဆရာတော်မှ ကျွန်တော့ကို ကျောင်းမှ နှင်ထုတ်မည်လား လူထွက်ခိုင်းမည်လား တထိတ်ထိတ်နှင့် သွားတွေ့ခဲ့ရသည်။ဘုန်းဘုန်းထံရောက်သောအခါ ဘုန်းဘုန်းမှ"မင်းဘာလို့ ဒီလိုလုပ်ရာတာလဲ…မင်းကို ငါဒီလောက်ဆုံးမနေတဲ့ကြားက ဆိုဆုံးမခက်တဲ့ကောင် လာခဲ့"ဆိုပြီး ကြိမ်လုံးစာ ကျွေးလေသည်။ကျွန်တော်လည်း ကိုယ့်အပြစ်နှင့် ကိုယ်ဖြစ်၍ အော်ပင်မအော်ရဲ့ခဲ့။ဆရာတော် ကြိမ်လုံးစာကျွေးပြီးနောက်"မင်းနောက် ဘယ်သောအခါမှ ဘောလုံးမကန်ရဘူး…ဘောလုံးကန်တာတွေ့တာနဲ့ ကျောင်းကထွက်တော့"ဆိုပြီးအမိန့်ထုတ်လိုက်သည်။

cerdit photo google
ထို့မှ ကျွန်တော်၏သောကများ လျော့သွားရလေသည်။ဘုန်းဘုန်း၏ အမိန့်ကြောင့် ကျွန်တော်အမြဲတမ်း ဘောလုံးမကန်ရတော့ပါ။သူများဘောလုံးကန်လျင်လဲ ကျွန်တော် ဘောလုံးကွင်းဘေးကပဲ ငေးကြည့်ခွင့်ရတော့သည်။သူများပျော်ရွှင်စွာ ကစားနေချိန် ကျွန်တော်မှာ ပါဝင်ခွင့်မရတော့ပေ။ဒေါသကြီးသော ကျွန်တော်၏အပြစ်ပင်။

ကျွန်တော် ကိုရင်ဘဝမှဦးဇင်းဘဝသို့ရောက်ခဲ့လေသည်။ကျွန်တော်က ဤကျောင်းတွင် စာဝါသင်ပြီး ဥူးဇင်းဖြစ်လာသည်က တစ်ကြောင်း ကျွန်တော်နှင့် စာသင်ဘက်များ ထွက်ကုန်သည်က တစ်ကြောင်းကြောင့် ဆရာတော်မှ ကျွန်တော့အား နယ်ရှိ ကျောင်းခွဲတစ်ခုတွင် ကျောင်းထိုင်အဖြစ် စေလွှတ်လေသည်။

ကျွန်တော့ ကျောင်းကလေးမှာ သစ်ဖြင့်ဆောက်ထားသော ခြေတံရှည်ကျောင်းကလေးပင် ဖြစ်သည်။ကျွန်တော့်ကျောင်း ဝရံတာတွင် ကိုရင်လေးများအိပ်ကျသည်။ ကျောင်းအောက်တွင် ခွေးများလာအိပ်ကျသည်။

credit photo google
တစ်နေ့ကျွန်တော် အိမ်သာအသွားတွင် ကျောင်းအောက်မှ ခွေးပေါက်ကလေးများကျွန်တော်ထံပြေးလာသည်။ ကျွန်တော်မှ ပါးစပ်မှ သွားစမ်းဟုအော်ကာ ခဲလုံးကလေးကောက်ကာ လမ်းပေါက်ရင်း ခြောက်လန့်လိုက်သည်။ဒါကိုခွေးအမေကြီးက ရန်ရှာသည်ဟု ထင်ထာ ကျွန်တော့်ကားပြေးကိုက်သည်။ကျွန်တော် လန့်သွားသည် လာစမ်းငါ့ကိုကိုက်တဲ့ခွေးဟု ဆိုကာ ကျွန်တော်ထံပြေးလာသောခွေးအမေကြီးကို ပိတ်ကန်လိုက်သည်။ ခွေးအမေကြီးလွှင့်ထွက်သွားကာ သူ့ကိုယ်လုံးနှင့်တိုင်လုံး ကိုင်ရိုက်သလိုဖြစ်ပြီး နာကျင်လွန်း၍" ဂိန် ဂိန်" ဟုအော်ကာ တော်တော်နှင့် မထနိုင်တော့။ခဏကြာတော့မှ ခွေးအမေကြီးသည် လက်နှစ်ဘက်ဖြင့် သူ့ကိုယ်ကိုဒရွတ်တိုက်ဆွဲကာ သူ့ကလေးတွေအနား သွားလေတော့သည်။

ဆက်ရန်……

MSC-224

@myintlwinsoe

Sort:  

ခွေးမေကြီးသနားပါတယ်

ဟုတ်ပါတယ်ဗျာ

စိတ်​ဝင်​စားစရာပိုပို​ကောင်းလာပြီ။

ဟုတ်တယ်မအိ နောက် သံဝေဂ ယူစရာလေးတွေပါတော့မယ်

ဟယ် , တန်းလန်းကြီး . .ဖတ်ကောင်းနေတုန်းကို . . ဘာပဲဖြစ်ဖြစ် စောင့်ဖတ်ပါ့မယ်ဗျ

ဟုတ်ကဲ့ အခုလိုတန်လန်းကြီး လုပ်မိလို့ တောင်းပန်ပါတယ်ဗျာ။အရမ်းရှည်သွားရင် ဖတ်တဲ့သူတွေ ပျင်းသွားမှာစိုးလို့

ဒေါသ​ရှေ့ထားမှားတတ်​တယ်​တဲ့

ဟုတ်ပေါ့ဗျာ

ဖက်လို့ကောင်းတယ်👍

ကျေးဇူးပါဗျာ

ရေးထားတာ​ကောင်းတယ်​bro။

ဟုတ်ကဲ့ကျေးဇူးပါဗျ

ဆက်တငံ့ငံ့နဲ့ ဘာလား

ဟီးးနောက်ရက်ဆက်ဖတ်ပေါ့လို့

သနားစရာပါဘဲဗျာ..

ဟုတ်တယ် ခွေးမကြီး သနားစရာ

သနားပါတယ်

ဟုတ်တယ်ဗျာ။သနားဖို့ကောင်းတယ်

ခဲ​နဲ.မ​ပေါက်​နဲ.​နောက်​ဆိုဒုတ်​နဲ.လိုက်​ရိုက်​ပါ

ငင့်ဘာလားလို့

Coin Marketplace

STEEM 0.24
TRX 0.29
JST 0.044
BTC 107440.22
ETH 4013.95
SBD 3.44