ဘဝရဲ့ တက်တူး အပိုင်း(3) ဇာတ်သိမ်းပိုင်း

in #myanmar7 years ago (edited)

တစ်နေ့ဖေဖေမှ "သား…ကျောင်းနဲ့ နီးတဲ့ မြို့ထဲကအမျိုးအိမ်မှာ နေပြီး ကျောင်းသွားတက်ရမယ်"တဲ့။

" ဟင့်အင်း ဖေ့ဖေ့ကိုမခွဲနိုင်ဘူး"

" သား ဖေဖေကိုသေချာကြည့် သားပညာတတ်အောင်သင်ရမယ် တစ်နေ့ပညာတတ်ပြီး ဖြစ်ပြီး ဖေဖေဂုဏ်ယူရတဲ့သားဖြစ်အောင် ကြိုးစားစမ်းပါ"ဟုပြောလေသည်။မနက်ရောက်တော့ ဖေဖေက အထုပ်လေးတွေ အဆင့်သင့်ထုပ်ထားလေသည်။ မြို့ထဲမှကျောင်းနှင့် နီးပြီးစိတ်ချရသော အမျိုးအိမ်သို့ ခေါသွားကာ ထိုမှနေ၍ ကျောင်းတက်စေသည်။ ဖေဖေပြန်သောအခါ ဖေဖေမှ ကျွန်တော့်ကိုဖတ်ပြီး"သံမဏိ စာကြိုးစားနော်…ကျောင်းပိတ်ရင် ဖေဖေပြန်လာခေါမယ်" ဟုပြောကာ တစ်ခါမှငိုတာမတွေ့ဘူးသော ဖေဖေမျက်လုံးမှာ မျက်ရည်တွေနှင့် နှုတ်ဆက်သွားသည်။

ကျွန်တော်ကျောင်းတက်သောအခါ ဆင်းရဲသောကျွန်တော့်ကို အပေါင်းအသင်းလုပ်သူ များများစားစား မရှိပေ။ဆရာမှ"မင်းအဖေ ဘာအလုပ်လုပ်လဲ"မေးရာတွင် ကူလီထမ်းတယ်လို့ပြောသောအခါ ဆရာမမှလွဲ၍ အကုန်ဝိုင်းရီကျသည်။ကျွန်တော် လုံးဝမရှက်ပါ။ ကူလီသမားသားမို့ အပေါင်းအသင်းမရှိသောကြောင့် ကျွန်တော် စာပိုလုပ်ဖြစ်ပါသည်။ထို့ကြောင့်အမြဲတမ်း အခန်းထဲတွင် ကျွန်တော်ပထမရပါသည်။ ကူလီထမ်းသမားသားနဲ့မပေါင်းနဲ့ ဆိုတာကိုလဲ ကျွန်တော်ဂရုမစိုက်ပါသည်းခံနိုင်ပါသည်။ဖေဖေအတွက် ကျွန်တော်အမြဲပထမဖြစ်ဖို့အရေးကြီးပါသည်။ကျွန်တော်ပထမရသောကြောင့် ကျောင်းဆုပေးပွဲသို့ ဖေဖေတက်ရောက်ခွင့် ရပါသည်။ ကျွန်တော် ဆုတက်ယူတာကြည့်ရင်း ဖေဖေ ငိုနေတာကိုအဝေးမှ လှမ်းတွေ့ရပါသည်။အပြန်လမ်းတွင်တော့ " ငါ့သားသံမဏိ" ကွဟုအော်ကာ ဖေဖေအရမ်းပျော်နေလေသည်။

ကျွန်တော့်အတန်းကြီးလာတာနှင့်အမျှ ဖေဖေကတော့ ကျောင်းစရိတ်အတွက်ပိုက်ဆံကို နေ့မနား ညမနား ရှာရလေသည်။ကျွန်တော် ကျောင်းပိတ်သောအခါများတွင် ဖေဖေနှင့်အတူ ကူလီထမ်း လက်တိုလက်တောင်းကူလုပ်ရင်း ပိုက်ဆံရှာရလေသည်။ထိုကဲ့သို့ နေ့ရက်များကိုကုန်ဆုံးရင်း ကျွန်တော် ၁၀တန်းတို့ရောက်လာခဲ့ပြီ။ ဖေဖေသည်လဲ အသက်ကြီးလာပြီဖြစ်ကာ မိုးထဲလေထဲတွင် နေ့မနားညမနား လုပ်ထားတဲ့ဒဏ်ပိလာလေသည်။ကျွန်တော် ၁၀တန်းစာမေးပွဲ ဖြေရတော့မည်။ဖေဖေ့အတွက် လက်ဆောင်ကြီးကြီး ကျွန်တော်ပေးရမည်။စာကို ခါတိုင်းထက် ပိုကြိုးစားခဲ့သည်။

ဤသို့ဖြင့် နောက်ဆုံးဘာသာဖြေပြီး အိမ်ပြန်ချိန်တွင် ဦးလေးမှ " သံမဏိရေ မင်းဖေဖေ နေမကောင်းဘူးတဲ့ကွ အိမ်ကို ဒီညနေပဲပြန်ကွာ…မင်းအဖေ တစ်ယောက်ထဲဖြစ်နေအုံးမယ်"ကျွန်တော်အပြေးအလွား အထုပ်သိမ်းကာ ကျွန်တော့်ကိုစောင့်ရှောက်ပေးတဲ့ ဦးလေးနဲ့အန်တီကို ကန်တော့ရင်း အိမ်သို့ပြန်ခဲ့တော့သည်။
အိမ်သို့ရောက်သောအခါ ဖေဖေအိပ်ယာထဲတွင်လှဲနေပါသည်။ "ဖေဖေ ကျွန်တော်ပြန်လာ"ဟု ဆိုကာ ပြေးဖတ်မိသည်။သြော်… ဖေဖေတောင်တော်တော် အိုစာသွားပါလားလို့တွေးမိသည်။နောက်နေ့မနက် ကျွန်တော်အလုပ်စလုပ်လေသည်။

ဖေဖေ့ရောဂါမှာ တစ်ဖြေးဖြေး ပိုဆိုးလာလေသည်။ "ကျွန်တော်ဆေးရုံသို့သွားရအောင"်ဟု ပြောသောအခါ "ဖေဖေကတော့ ပျောက်သွားမှာပါ"ဟုခေါင်းမာစမြဲပင်။ ကျွန်တော်အတင်းခေါ်ကာ သွားပြသောအခါတွင်တော့ ဖေဖေကို ဆေးရုံတင်လေသည်။ကျောက်ကပ်မကောင်းတော့သောကြောင့် ကျောက်ကပ်ဆေးရမည်ဟု ဆရာဝန်ထံမှ ဆေးစာထွက်လာလေသည်။ ကျွန်တော် ပိုက်ဆံပိုရှာရတော့မည်။ ကျွန်တော် တွေ့ရာအလုပ် ကြုံရာလုပ် အကုန်လုပ်သည် လိုအပ်သာငွေ ကလုံးဝမလောက်သေးပေ။

ကျောက်ကပ်တစ်ခါဆေးရင် ပိုက်ဆံအများကြီးကုန်သည်။ ဖေဖေအသက်ရှင်ဖို့အရေးကြီးသည်။ ဖေ့ဖေ့အတွက်ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပိုက်ဆံရှာရမည်။ ပိုက်ဆံလို၍ ဆွေမျိုးတို့ထံ ချေးငှာသည်။တိုက်ကြီးနှင့်နေ ကားအကောင်းစားကြီးစီးပြီး နိုက်ကလပ် နေ့တိုင်းတက်ပြီး နေသူများက မရှိကြောင်း အလုပ်အဆင်မပြေကြောင်း ညီးညူပြကြသည်။ပါင်စရာပစ္စည်းကလည်း မရှိသောကြောင့် ကျွန်တော် အခက်တွေ့လေတော့သည်။

ကျွန်တော်ပိုက်ဆံရဖို့ဖျက်လမ်းကစလိုက်တော့သည်။ ကျွန်တော် စတင်ခိုးသည်။ရပ်ကွက်ထဲမှ ပြေလည်သောအိမ်ကို စတင်၍ ခိုးသည်။မူးယစ်ဆေးဝါး မှောင်ခို လုပ်ခိုင်းရင် လုပ်သည်။ နေ့ဘက်တွင်ဟန်ပြ ကူလီထမ်းသည်။ ညဘက်တွင် သူခိုးအလုပ် မှောင်ခိုအလုပ် တစ်ခါတစ်ရံတွင် ခါးပိုက်နှိုက် အကုန်လုပ်သည်။ ကျွန်တော်မကောင်းတဲ့ဘက်မှာ "သံမဏိ"ဆိုပြီးနာမည်ကြီးလေပြီ။ငွေကြေးလေးလဲ မကောင်းမှု အကူညီဖြင့် အဆင်ပြေလာသည်။သူများတကာက ခန္တာယ်ကိုယ်တွင် လုံးဝမပျက်သည့် သေရာပါ Tattooကိုထိုးသည်။ကျွန်တော်ကတော့ ခိုးဆိုးလုနှိုက်ဖြင့် ဘဝရဲ့ Tattoo ကိုစတင်ထိုးလေသည်။

ဖေဖေကိုတော့ ဆေးရုံမှာပဲနေစေသည်။ဖေဖေ့ထံသို့ ၃ရက်တစ်ခါလောက် အလုပ်မရှိသောအခါမျိုးတွင် ညသွားအိပ်တတ်သည်။ ဖေဖေကတော့ ဆေးရုံကမဆင်းရသေးပေမဲ့ ပြည့်ဖြိုးစိုပြေလာသည်။ကျောက်ကပ်ကတော့ဆေးနေရစမြဲပင်။ဖေဖေ့လက်ထဲသို့ ပိုက်ဆံထည့်ပေးသောအခါ ဖေဖေက "သားဒီပိုက်ဆံ အများကြီးဘယ်ကရတာလဲ"မေးသောအခါ ကျွန်တော်က ကူလီထမ်းတယ်။ပွဲစားလုပ်တယ်ဟုညာပြောရပါသည်။တကယ်တော့ ထိုအလုပ်တွေက ဟန်ပြပင်ဖြစ်သည်။ကျွန်တော် ခြေချော်လက်ချော်ဆိုသည့် အတွေးဖြင့် ဦးလေးနှင့်အဒေါတို့ထံမှာ ဖေဖေ့အတွက် ဘဏ်စာအုပ်တစ်အုပ် အပ်ထားပေးသည်။

ဆယ်တန်း အောင်စာရင်းထွက်မဲ့နေ့သို့ ရောက်ရှိလာသည်။ဖေဖေနှင့် ကျွန်တော်ရင်ခုန်ရပါသည်။အောင်စာရင်း ထွက်သောအခါ ကျွန်တော် ဂုဏ်ထူးငါးဘာသာပါသည်။ ကျွန်တော် ဖေဖေဆီသို့ပြေးကာ "ဖေဖေ့ရေ…သား ဂုဏ်ထူး၅ဘာသာတောင် ပါတယ်ဖေဖေရ"ဟုပြောသောအခါ ဖေဖေက ဆေးပိုက်တန်းလန်းဖြင့် ထက လေသည်။ကမ္ဘာပေါမှာ ကျွန်တော်တို့ သားဖနှစ်ယောက် အပျော်ဆုံးဖြစ်မည်ထင်သည်။ဖေဖေပျော်နေတာကို ကြည့်ရင်း ကျွန်တော် မကောင်းတာမလုပ်တော့ဘူးဟု ဆုံးဖြတ်ချက်ချမိသည်။

နောက်တစ်နေ့တွင် ဆေးမှောင်ခိုသမားက အလုပ်ခိုင်းလေသည်။"ကျွန်တော်မလုပ်တော့ဘူး"ဟု ငြင်းသောအခါ " တစ်ခါထဲပါကွာ နောက်ဆုံးပါဟု"အကူညီတောင်းလေသည်။ "မင်းရတာထက်လဲပိုပေးပါ့မယ်"ဟုပြောသောအခါ ကျွန်တော်လက်ခံလိုက်သည်။ ညရောက်တော့ပစ္စည်းများကိုယူကာ ကျွန်တော်ထွက်ခဲ့သည်။ စိတ်ထဲတွင်တော့ လေးနေသည်။ ဖေဖေ့ ကိုလဲသတိရနေသည်။

သြော်…နောက်ဆုံးမို့လို့ဖြမ်မှာပါ"ဟုအတွေးဖြင့်ခရီးဆက်ခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင်တော့ လူ၃ယောက်လမ်းကိုပိတ်ကာ ပစ္စည်းကြားဖြတ်လုတာ ခံရလေသည်။"ဟိတ်ကောင် မင်းမှာပါတဲ့ ပစ္စည်းတွေပေးစမ်း"ဟု ဆိုကာ ဓါးဖြင့်ချိန်ထားလေသည်။"ဘာကိစ္စပေးရမှာလဲက ခြောက်တိုင်းကြောက် တဲ့အထဲမှာ သံမဏိ မပါဘူးဆိုတာမသိဘူးလားကွ…"ပြောကာ ဓါးကို ပုတ်ထုတ်ပြီး စတင်တိုက်ခိုက်လိုက်သည်။တစ်ယောက် တစ်ယောက်ချင်းဆိုလျှင် သံမဏိ မမှုသော်လည်း သုံးယောက် တစ်ယောက် တိုက်ခိုက်ရသဖြင့် မောပန်းလာသည်။နာကျင်လာသည်။နောက်ဆုံးတွင် ကျွန်တော်လောက ကြီးနှင့် ခတ္တအဆက်ပြက်သွားလေတော့သည်။ပစ္စည်းများလည်း ပါသွားသည်။ဆေးမှောင်ခို သမားများက ကျွန်တော့အား မကျေနပ်ကျပေ။

နောက်ရက် အဖေ့ ဆေးဖိုးလိုလာ၍ အိမ်တစ်အိမ်ကို ဝင်ခိုင်းသည်။ကံးဆိုးမှုက အဖော်အပေါင်းနှင့် လာသည်ထင်။ကျွန်တော် မိသွားသည်။ရဲများရောက်လာပြီး ဖမ်သွားသည်။ကျွန်တော်ထောင်ကျလေပြီ။တရားရုံမှပြစ်ဒဏ် ၂နှစ်ချမှတ်လိုက်သည်။အခုတော့ကျွန်တော်ထောင်ထဲရောက်ခဲ့ပြီ။ကျွန်တော်အတွက်၂နှစ်တာငရဲခန်း ကမြန်မြန်လွှတ်ပါစေ ဆုတောင်းမိသည်။ အခုဆို ဖေဖေကျွန်တော်ကို မုန်းနေလောက်ပြီ။ဖေဖေ နေကောင်းပါစေ ကျွန်တော် ဆုတောင်းမိသည်။

နှစ်ပြည့်သောအခါ ကျွန်တော်ထောင်မှလွှတ်ခဲ့ပြီ။ ကျွန်တော် ဖေဖေအိမ်ကို အပြေးအလွှားပြန်ခဲ့သည်။ အိမ်ရောက်သောအခါတွင်တော့ အိမ်ရှေ့မဏ္ဍပ်လေးကဆီးကြို နေရှာသည် ။ အိမ်ပေါသို့အပြေးအလွှား တက်သွားသောအခါတွင်တော့ ဖေဖေလို့ပင်မမှတ်မိလောက်အောင် ပိန်ညှောင်အိုမင်းနေသော ဖေဖေ့အသက်မရှိသောခန္တာယ်ကိုယ်ကို တွေ့ရလေသည်။ ကျွန်တော်အာခေါင်တွေခြောက်ကပ်သွားသည်။ကျွန်တော့ကမ္ဘာကြီးပျက်သွားသလိုပင်။ကျွန်တော့်" ဖေဖေလို့အော်ခေါလိုက်သည်"။ အသံကလည်ချောင်းထဲက ထွက်မလာ မျက်ရည်တွေသာထွက်လာသည်။ ဦးလေးက ပုခုံးလာပုတ်၍ ကျွန်တော့်ကိုသတိပေးသည်။ ခဏနေမြေချမှာလူလေး "မင်းဖေဖေကိုနောက်ဆုံး ကန်တော့လိုက်တဲ့" ကျွန်တော်လက်အုပ်လေးချီရင်း ဖေဖေကို နောက်ဆုံးကန်တော့ လိုက်သည်။ ပါးစပ်ကတော့ " ကျွန်တော် သံမဏိ ဖေဖေအတွက်ဂုဏ်ယူရတဲ့ သားမဖြစ်ခဲ့တဲ့အတွက်သားကို ခွင့်လွှတ်ပါဖေဖေ"။ ကျွန်တော်ဘဝရဲ့ Tattoo မှားထိုးမိတဲ့အတွက်ကျွန်တော်သေတဲ့အထိအာ့Tattooကအမြဲပါနေမှာပါ။

Photo credit google

MSC-224

@myintlwinsoe

Sort:  

ဇာတ်လမ်းလေးအရမ်းကောင်းတယ်..အကို..

အခုလို လာရောက်ဖတ်ပေးတာ ကျေးဇူးပါဗျ

စာထဲစီး​မျောသွားတယ်​ဗျာ....။တကယ်​ကို ​ကောင်းပါတယ်

ကျေးဇူးပါဗျ

ဇာတ်​သိမ်းပိုင်း​တောင်​ပြီဲ

ဟုတ်တယ်ညီလေး

ဟုတ်​အကြိ

ရေးထားလေးကောင်းတယ်bro👍

အခုလိုလာရောက်ဖတ်ရှုပေးတာကျေးဇူးပါဗျ

ကောင်းလှချေလား ကိုမြင့်။

ကျေးဇူးပါကိုထွေး

ရှယ်ပဲ

ဇွန်းလေးပါတပ်ပြီးသားပါဗျ နောက်လည်းလာရောက်အားပေးပါလို့ ဖိတ်ခေါ်ပါတယ်

အ​ရေး​ကောင်း

ကျေးဇူးပါဗျ

ကြိုက်​သွားပြီ​ဟေ.

အ​ရေးအသားကအရမ်း​ကောင်းလာပါတယ်

ကျေးဇူးပါမအိ

အရေးသားကောင်းလွန်းပါတယ်

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71