ဘာရေးရမလဲသိဘူး

in #myanmar6 years ago

စာမရေးဖြစ်တာလဲ တစ်ပတ်ကျော်တော့မယ်။ဒီညတော့ စာတစ်ပုဒ်လောက်ရေးအုံးမှပါလေ။ခက်တာက ရေးစရာ ကလဲ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။

credit image source
ရေစရာ စဉ်းစားမရတာနဲ့ steemit ပေါ်မှာ ဟိုလှန် ဒီလောနဲ့ သူများBlogလေးတွေ လိုက်ဖတ်ဖြစ်တယ်ပေါ့ဗျာ။ပထမဆုံး ရောက်သွားတာက MSC ရဲ့ leadeကြီး @kachinhenryကိုဟင်နရီထံ။သူ့ဆီပထမသွားရတာက အကြောင်းရှိတယ်လေ။

အခုတလော steem ဈေးတွေကလဲ ဒေဝဒတ် နေတဲ့အထပ်ကို လွန်ထပ်ဖောက်ဆင်းဖို့ ကြံနေသလား အောင့်မေ့ရတယ်။ကိုဟင်က steem ဈေးနဲ့ ပတ်သက်တာလေးတွေ ရေးတက်တော့ တက်တော့မယ်ဆိုတဲ့ အသံများကြားရမလားလို့ သွားချောင်းလိုက်တာ Gathering အကြောင်း ရေးထားတာဖတ်ခဲ့ရတယ်ဗျာ။

တစ်နှစ်သား ပြည့်တော့မယ့် MSC မွေးနေ့ပွဲလေးမှာ MSC မှညီကို မောင်နှမတွေ အတူ တွေ့ဆုံပြီး ကုသိုလ်လဲပြု အပျော်ပွဲလေးလဲဆင်နွှဲပေါ့လေ။ကိုဟင်ရဲ့ post အောက်မှာ gathering သွားမယ့် သူတွေကလဲ အားတက်သရောပဲ။သူတို့ မန့်တွေဖတ်ပြီးတော့ ကျွန်တော် စိတ်အားတောင်ငယ်သွားတယ်။

ကျွန်တော်လဲ အစက သူများတွေလို Gathering ပွဲကို ဆင်နွှဲဖို့ အားခဲထားခဲ့တာလေ။ကြားထဲမှာ မဖြစ်မနေ ကုန်စရာတွေ ပေါ်လာတော့ သွားဖို့အရေးက မရေမရာ ဖြစ်သွားတယ်။ပိုပြီး ဝေဝါးစေတာက steem ဈေးလေ။ဒင်းက ဘယ်သူ့ကို စိတ်ကောက်ဆင်းသွားလဲမသိဘူး အခု ပြန်တက်မလာသေးဘူး။

စိတ်မကောင်းစွာနဲ့ ကိုဟင်Blogထဲက ထွက်ပြီး ဆရာတင်@tinhlaingoo Blog ထဲသွားတော့ ဆရာက စာမရေးလို့ တပည့်တွေကို ပြောထားတဲ့ post တွေ့ပါလေရော။ဆရာက သူ့တပည့်တွေ စာမရေးတာ steem ဈေးကျလို့ မရေးတာ ထင်နေတာ။တကယ်တော့ တပည့်ကျော်တွေက ကျူထိုးလိုက် ဘောလုံးပွဲကြည့်လိုက် mobi မှာ account တွေလုပ်ပြီးလောင်းလိုက် နဲ့ မအားမအပ်ဖြစ်နေတာ ဆရာ မသိသေးဘူးထင်တယ်။ခင်ဗျားတို့ ဆရာ့ကို သွားမတိုင်နဲ့နော်။

ဆရာ့ Blog က ပြီးတော့ နောက်တစ်ယောက်ဆီသွားဖြစ်တာက စာရေးကောင်းတဲ့ ဇာမဏီဇော်လင်း@zarmanizawlinn Blog။အဲ့မှာတော့ ရှေ့က စိတ်မကောင်းဖြစ်ခဲ့တာ ဆရာစာမရေးလို့ ပြောတာတွေမေ့ပြီး တခွီးခွီးရီခဲ့ရသေးတယ်။သူရေးထားတာလေးက ကိုအောင်ဇော်ထွေးတို့လို အရက်ကြိုက်သူတွေအတွက် ဂုဏ်ယူစရာတစ်ခုလေ။ခင်ဗျားတို့ သိချင်ရင် ကိုဇာမဏီဇော်လင်း Blogကို သွားဖတ်ဗျို့။ကျွန်တော် ဇာတ်ကြောင်း အနည်းငယ်ပြောလိုက်ရင် အရသာပျက်သွားလိမ့်မယ်။

ဇာမဏီ post ဖတ်ပြီးတော့ ကျွန်တော်တို့ အင်းတကော်က ဦးမောင်လတ် ဘက်မရောက်ဖြစ်တာကြာတော့ အလည်သွားမယ်စိတ်ကူးလိုက်တယ်။လာလာချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးမောင်လတ်က "ယမာမင်းနှင့်တွေ့ဆုံခြင်း"ဆိုတဲ့ ခေါင်းစဉ်နဲ့ post တစ်ခုတင်ထားတာ တွေ့လိုက်မိတယ်။ခေါင်းစဉ်ကြည့်ပြီး ဖတ်လဲဖတ်ချင် ကြောက်ကလဲကြောက်ဆိုတော့ ငယ်ငယ်က သူရဲကားကြည့်သလို လက်ဝါးလေးကာပြီး ဆက်ဖတ်လိုက်ပါတယ်။စာကိုဖတ်လိုက်တော့မှ ဗဟုသုတရဖွယ် စာကောင်းတစ်ပုဒ် ဖြစ်နေကြောင်းတွေ့ရပါတယ်။စာထဲမှာရေးထားတာတွေကတော့ မြတ်စွာဘုရား တရားဟော ခြင်းအကြောင်း။လူတို့သေလွန်သောအခါ တစ်ခုမဟုတ်တစ်ခု သေခြာပေါက် ရောက်ရမည့် နေရာသုံးခု အကြောင်းကို ရေးပြထားပါတယ်။စိတ်ဝင်စားသူများ @mgmglatt Blogကို သွားရောက်ဖတ်ရှု့ကြည့်ကြပါခင်ဗျာ။

ညကလဲ နက်လာပြီ မနက်အလုပ်က သွားရအုံးမှာဆိုတော့ ကျန်တဲ့သူတွေ့ ရေးထားတဲ့စာတွေကို နောက်ရက်မှ ဖတ်တော့မယ်ဗျာ။စာရေးဖို့ ကုန်ကြမ်းလေးများရမလားလို့ လိုက်ရှာဖတ်လိုက်တာ ရလဲမရခဲ့ဘူး။မနက်ဖန် proက တင်ရအုံးမယ်။ကျွန်တော့တို့ sl ကိုမိုးဇော်က စာမရေးတဲ့ သူတွေ ထုတ်ဖို့ ပြောနေပြီ။စာကလဲ ဘာရေးရမှန်းကို မသိဘူး။စဉ်းစားမရတဲ့တူတူ အိပ်ပြီဗျာ။နောက်ရက်မှာ ရှာကြံရေလိုက်တော့မယ်။

MSC-224
@myintlwinsoe

မှတ်ချက်။ ။ကော်ပီကူချင်နေသူများအတွက် ယ္ခုလိုရေးလျှင်ပင် စာတစ်ပုဒ် ရသွားကြောင်း သိစေလိုသောကြောင့် ရေးလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Sort:  

စတီးမစ်ပေါ်အလယ်တစ်ခေါက်သွားတာ ဗဟုသုတ ကိုစုံသွားတာပဲ
ကိုမြင့်ရေ

ဟုတ်တယ်ဗျ ပိုက်ဆံလဲရ ဗဟုသုတလဲရပေါ့ဗျာ

တော်လိုက်တာကွယ် စဉ်းစားတတ်ပါ့

ကျေးဇူးပါ ခင်ဗျာ။

Leaderကြီး အင်းတ‌ကော်‌အဖွဲ့ကိုစက်‌နှိုး‌ပေးပါဦး။မနှိုးတာကြာပြီ။

အရေးပြောစရာလဲ မရှိ ပြီးတော့ သက်ဆိုင်ရာ Groupတွေမှာလဲ ပြောဆိုနေကြတာဆိုတော့ မပြောဖြစ်တော့တာပါ

ဥပမာလေးကကောင်းတာ

ဟီးးး ကော်ဖီသောက်စရာမလိုကြောင်း ရေးပြပေးတာ

ချောကလက်ပူပူလေးလည်း သောက်ကောင်းတယ်အကို သောက်ကြည့်ပါလားဗျ။ ကျွန်တော်တော့ ခုမှ စသောက်ဖူးပီးတော့ ကြိုက်သွားပီ

ပညာသားပါပါပေတယ် စာရေးဆရာရယ်။

ဟုတ် ကျေးဇူးပါကိုထွေး

စိတ်​ကူး​ကောင်းပါ​ပေ့ကိုမြင့်​ရယ်​။

ဟုတ်ကဲ့ ကျေးဇူးပါမအိ

ရှာကြံတတ်တာချီးကျူးစရာ

ဟုတ်ကဲ့ကျေးဇူးပါဗျ

လာပြန်ပြီ ကိုမိုးဇော်လိုတစ်ယောက် ရေးစရာရှာရင်းနဲ့ကိုေ၇းသွားတာ hee hee

ဟီးးးရေးစရာမရှိပါဘူးဆို

ကော်ဖီ သောက်ချင်ပေမယ့် ချောင်းဆိုးမှာ သိနေတော့လည်း ....

ဒါပေါ့ ကိုစောရေ

ခေါင်းစဉ်နဲ့ ခုခံစားနေရတာ တူနေတယ်ဗျို့

ဟားးးအဆင်ပြေသွားမှာပါ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60915.52
ETH 3364.88
USDT 1.00
SBD 2.48