ဘတူနှင့် ရိုးရာအစွဲ အပိုင်း(1)

in #myanmar5 years ago

ကျွန်တော်တို့ရွာလေးတွင်"ဘတူ"ဟုခေါ်သော ရိုးရာ ဓလေ့ထုံးစံကို အယုံကြည်မရှိသော လူတစ်ယေက်ရှိ၏။သူသည် ရိုးရာ ဓလေ့ထုံးစံအားလုံးကို ဆန့်ကျင်သူတော့မဟုတ်ပေ။သူဆန့်ကျင်သည်မှာ နတ်ပူး သရဲပူး စုံးပူး နတ်စာကျွေး သရဲစာကျွေး စသည်တို့ကို လွန်စွာ အယုံကြည်မရှိသူ ဖြစ်လေသည်။သူသည် နတ် သရဲ စုံးတို့ကို အယုံကြည်မရှိရုံတင်မက အခွင့်သာလျှင်သာသလို ထို နတ် သရဲ စုံး တို့ကို နှိပ်ကွပ်တက်သေးသည်။

အရင်က ရွာထိပ်အလွန်ကွေ့တွင် မကျီးပင်ကြီး တပင်ရှိလေသည်။ထိုအပင်သည် အကွေ့တွင် ရှိနေသောကြောင့် တဖက်မှ လာသည်ကို မမြင်ရပဲ နွားလှည်းများ ခဏတိုင်းဆုံးမိကြသည်။ထိုအပင်တွင် သရဲရှိသည်ဟု နာမည်ကြီးလေသည်။ဘတူသည် ထိုအပင်ကို ခုတ်ရန် ရွာရှိ လူကြီးများအား ပြောပြသော်လဲ လူကြီးများမှ"သရဲကိုင်လိမ့်မယ်…မခုတ်နဲ့"ဟူ၍သာ ပြောကြလေသည်။

ဘတူသည် ထိုအပင်အား အမြစ်ပျက်လှဲပစ်ချင်သော်လည်း သူတယောက်ထဲလဲ ထိုအပင်ကို မလှဲနိုင် အဖော်ကလဲ ခေါ်မရနှင့် အသာငြိမ်နေရလေသည်။တနှစ်တွင် ဘတူသည် အလည်ပတ်သွားရင်း ကျောက်မိုင်း တစ်ခုသို့ ရောက်သွားလေသည်။ထိုကျောက်မိုင်းတွင် ကျောက်များမိုင်းခွဲ နေသည်ကို မြင်လျှင် ရွာကွေ့ရှိ မကျီးပင်ကြီးအား မိုင်းခွဲရန် အကြံဖြစ်မိသည်။ထို့ကြောင့် မိုင်းခွဲနည်းကို သေခြာကျနစွာ သင်ယူလေသည်။

ထို့နောက်တွင် မိုင်းဆရာမသိအောင် မိုင်းတထုပ်ကို ခိုးယူးပြီးရွာသို့ပြန်ခဲ့လေသည်။သူသည် မိုင်းထုပ်ကို သေခြာဝှက်ထားပြီး ညနေဘက်များတွင် တူရွင်း တချောင်းယူကာ မကျီးပင် အခြေအတွင်းကို ရသလောက် နှိုက်တူးတာ နေလေသည်။ဤသို့ဖြင့် ၃ညနေခန့်တူးပြီးသောအခါတွင် အနေအထားကို ဘတူ သဘောကျသွားသည်။ထိုညတွင်ပင် ရွာထိပ်မှာ ပေါက်ကွဲသံကြီး တစ်ခုကြားလိုက်ရသည်။ရွာထဲမှ သူများသည်လဲ ပေါက်ကွဲသံကြောင့် ကြောက်လန့်ကာ အကုန်အိမ်တခါးပိတ် မီးမှိတ်ကာ ငြိနေကြရလေတော့သည်။

အနီးရှိရဲစခန်းမှရဲများ ပေါက်ကွဲသံကြောင့်ရောက်လာပြီး အသံကြားရာသို့ ရွာသူကြီးနှင့်သွားကြည့်ရာတွင် မကျီးပင်ကြီးသည် အမြစ်မှ ကျွတ်ကာ လဲပြီး လမ်းပိတ်နေလေသည်။သူကြီးသည် ဘတူ လက်ချက်မှန်း တန်းသိသော်လဲ ရဲများ ဖမ်းမည်စိုး၍ မသိချင်ယောင်ဆောင်နေလိုက်သည်။ရဲများသည် အနီးအနားတွင် သေခြာစစ်ပြီး မိုင်းခွဲကြောင်းသိ၍ လိုက်ရှာသော်လဲ ခွဲသူကို မတွေရ၍ စခန်းသို့ပြန်ကြလေ စခန်းရောက်သောအခါ စစ်ကျန်ဗုံးတလုံး ကွဲသည်ဟူ၍သာ စခန်းမှုးသတင်းပို့တာ မိုင်းကိစ္စပြီးသွားလေတော့သည်။

နောက်နေ့ နံနက်တွင် ရွာလူကြီး ဘတူထံရောက်လာပြီး "မင်းမိုင်းဘယ်ကရလဲ"ဟုမေးသောအခါ ပြုံးဖြီးဖြီးဖြင့် ခိုးလာသည်ဟု ဝန်ခံလေသည်။သူကြီးသည် ဘတူအား အားရအောင် ဆိုဆုံးမပြီး "မင်းလုပ်ထားတာ လမ်းပိတ်နေပြီ ရွာထဲက လူတွေကို ခေါ်ပြီး ရှင်းလိုက် ……ပြီးရင် သူတို့ကို ထမင်းကျွေးလိုက်"ဟုပြောကာ ပြန်သွားလေတော့သည်။ဘတူသည်လဲ လုပ်ချင်သည်ကို လုပ်လိုက်ရသောကြောင့် ပြုံးလျှက်……
@myintlwinsoe
MSC-224

Sort:  

ဟုပ်​တယ်​ တချို့က အဲ့ဒီအစွဲ​တွေအယုံ အကြည်​မရှိကြဘူး

နောက်ရေးမယ့်တပုဒ်က ပိုကြမ်းတယ် ဦးယု

ဘတူရိုက်ချက်က ပြင်းပါ့။

သူကြီးကောင်းလို့ မဟုတ်ရင် ထောင်ထဲတန်းနေမှာ

50 steem မှ 45 ပဲရတာလား

ဟုတ်တယ် ဦးမင်း postတင် ဘုလိုက်ရမှ နေသာထိုင်သာရှိတယ် ဟားး

Welcome back
Byebye😁

Posted using Partiko Android

ငိ ကျွန်တော်လာလို့ ပြန်သွားတာလားဗျာ😌😌😌

လုပ်​ချင်​တာကြံဖန်​ပြီးကိုလုပ်​တာဒါမျိုးထင်​တယ်​....

Posted using Partiko Android

ဟုတ်ပေါ့ဗျာ……

အကြံကြီးပါပေ့ဗျာ... ပို့စ်ပိုင်ရှင်နဲ့တူတာ ဖြစ်မယ် 😁

Posted using Partiko Android

ဟ ဘတူပြန်လာဘီ

ရေးဟောင်းကိုလည်း အကုန်မပယ်သင့်ဘူးထင်ပါတယ်

Posted using Partiko Android

တိုးတက်လာတဲ့ သိပ္ပံ ခေတ်မှာ ဝိဇ္ဇာပိုင်းတွေကို အယုံကြည်နဲလာတာ သဘာဝတခုလို့ပါပဲ

ပြန်လာတာကို ကြိုဆိုပါတယ်ဗျာ

ဟုတ်ကဲ့ဦးစိုး

ဟာ ဦးဘတူ ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94