ဘတူနှင့် ကင်းစောင့်တာဝန်

in #myanmar6 years ago

ဘတူ ကာလသား မှီး​ကောင်​​ပေါက်​အရွယ်​က ရွာမှာ မီးကင်း​စောင့်​တာဝန်​ယူရပါသည်​။မီးကင်း​ကို ​​ခြေ​ထောက်​အရှည်​ကြီး​ပေါမှာ အိမ်​​သေး​သေး​လေး ​တင်ထားသောနေရာမှ ဘယ်မှာမီးလောင်နေလဲ စောင့်ကြည့်ရသည်။လူအများအိပ်​ချိန်​တွင်​ရွာထဲသို့ သူခိုး ဓားပြ ဝင်​ခဲ့သည်​ရှိ​သော်​နှင့် မီး​လောင်​လျှင် တန်းပြီးသိစေရန် မီးကင်း​စောင့်​ခြင်းဖြစ်​သည်​။မီးကင်းတဲအိမ်​က​လေးမှာ သံ​ချောင်း ၂​ချောင်းကို ကြိုးဖြင့်​ချိတ်​ဆွဲထားသည်​။
images (2).jpeg
credit image source
့​ရွာထဲရှိ ကာလသားလူပျိုက​လေးများကို စုစည်းကာ ရွာပတ်​လည်​ရှိ မီးကင်းတဲများ​ပေါ်တွင်​အလှည့်​ကျ ညအိပ်​ကာ တာဝန်​ယူခြင်​မျိုးဖြစ်​ပါသည်​။နေဝင်​ရီတ​ရော အချိန်​တွင်​ တာဝန်​ကျ​သောကာလသား​လေးများစုကာ ကိုယ်​တာဝန်​ကျရာ မီးကင်းတဲသို့ ​ရေ​နွေးကြမ်း လက်​ဖက်​ ​ဆေး​​ပေါ့လိပ်​က​လေးများယူကာ သွားကြသည်​။မီးကင်း​စောင့်​ရင်း ရေ​နွေးကြမ်းက​လေး​သောက်​ ​ဆေး​ပေါ့လိပ်​က​လေးဖွာကာ လ္ဖက်ကလေးစား စကားလေးများပြောကြဖြင့် ညပိုင်းရဲ့ ​လေ​အေး​အေးတိုက်​မှုကို ခံစားရသည့် သဘာဝရဲ့ အရသာကို ​ဘတူ နှစ်​သက်​လှသည်​။

အခုအရွယ်​​ရောက်​​တော့ ​ဘတူ တစ်​​ယောက်​ စစ်​သားကြီးတစ်​​ယောက်​ ဖြစ်​လာသည်​။စစ်​သားဖြစ်​လာ​တော့ ကင်း​စောင့်​ရသည်​။ ကိုယ်​တာဝန်​ကျရာ ​ရဲ​ဖော်​နှင့်​အလှည့်​ကျအိပ်​ပြီး တာဝန်​ယူရသည်​။တစ်​ခါတစ်​​လေ ကင်းမှုးလာစစ်​​သောအခါ အိပ်​​ပျော်​​နေတတ်​​သော ဘတူ အပြစ်​​ပေးခံရသည်​။ခဏခဏအပြစ်​​ပေးခံရ​သော ဘတူ ​ကို သူငယ်​ချင်းများက သနားလာကြသည်​။ထို့ကြောင့် ဘတူ ကင်းစောင့်ပုံကိုမေးကြသည်။

"ဟိတ်​​ရောင်​ ​ဘတူ… မင်းက ကင်းကို ကင်းဘယ်​လို​စောင့်​လို့အပြစ်​​ပေးခံရတာလဲ​"
"ကျွန်​​တော်​ အချိန်​တိုင်း​စောင့်​ပါတယ်​…ကင်းမှူးလာခံနီးဆို ကျွန်​​တော်​အိပ်​​ပျော်​သွားတယ်ဗျာ"
"ဟိတ်​​ရောင်​ ​ဘတူ မင်းက ငတုံးပဲ…ကင်း​စောင့်​တယ်​ဆိုတာ ဘာ​စောင့်​တာလဲသိလား…"
"ကင်း​စောင့်​တယ်​ဆိုတာ ရန်​သူ လာတာကို ​စောင့်​တာ​လေ"
"ဟားးးး"
"မှတ်​ထား​ဘတူ ကင်း​စောင့်​တယ်​ဆိုတာ ကင်းမှူးကိုပြန်​​စောင့်​တာကွ"
ဒါကြောင့်​ သူတို့ ဘယ်​​တော့မှအပြစ်​မ​ပေးခံရတာကိုး။ဘတူ နည်းရသွားပြီဖြစ်သည်။ဘတူနောက်နေ့ ကင်းချိန်တွင် ကင်းမှူးကိုပြန်စောင့်သည်။ကင်းမှူးလာစစ်ပြီးပြီဆိုလျှင် ဘတူ စိတ်ချလက်ချအိပ်သည်။အပြစ်ပေးမခံရတော့။

စစ်​သက်​အနဲငယ်​ကြာသောအခါ ရာထူးတိုးဖြင့်​ နယ်​စပ်​ဘက်​တပ်​ကို​ပြောင်းရသည်​။နယ်​စပ်​ဘက်​ဆို​တော့ ကင်း​စောင့်​ရတာဝန်​ပိုကြီးသည်​။တစ်​ည တပ်​ရင်းမှူးအိမ်​နားမှာ ညကင်းတာဝန်​ကျသည်​။ ကင်းတဲပတ်​ပတ်​လည်​တွင်​ ဖရုံပင်​များ​မြေ​လျှောက်​​စိုက်​ပျိုးထားသည်​။ဖရုံရွက်​ကြီးများသည်​ ​မြေ​ကောင်း​သော​ကြောင့်​ အရွက်​ကြီးများသည်​ တစ်​ဖားဖားဖြင့်​အကြီးကြီးပင်​။နယ်​စပ်​ဖြစ်​​သော​ကြောင့်​ တာဝန်​ကင်းချိန်​အန္တာရယ်​ပိုများသည်​။မ​ပေါ့​လျှော့ရ။ဲ ညမိုးချုပ်​​လေ ပိုအိပ်​ချင်​လာ​လေ ​ဆေးလိပ်​က​လေးဖွာလိုက်​ အိပ်​ချင်​စိတ်​က​လေး​ဖျောက်​လိုက်​ဖြင့်​ ဘတူ ကင်း​စောင့်​​နေသည်​။

ထိုအချိန်​တွင်​ ​ဘတူရှေ့တည့်​တည့်​မြင်​ကွင်းမှ ​လေမတိုက်​ပဲ ဖရုံရွက်ကြီးတစ်​ရွက်​တည်း လှုပ်​ခါရမ်း​နေသည်​။လ​ပြည့်​ညဖြစ်​​သော​ကြောင့်​ လ​ရောင်​​အောက်​တွင်​ အတိုင်းသားမြင်​​နေရသည်​။ဘတူ ရန်​သူဝင်​လာပြီအထင်​နှင့်​ ​သေနတ်​​မောင်းကိုတည့်​တည့်​ချိန်​ထားသည်​။ အသက်​​တောင်​မရူရဲ ။မျက်​​တောင်​မခတ်​ပဲ စူးစိုက်​ကြည့်​​နေမိသည်​။ဘတူ တစ်ယောက် ကင်းမှူးကိုပဲ လှမ်းပြီးသတင်းပို့ရမည်​လား ​ကိုယ်တိုင်ပဲ သွားကြည့်ရမည်လော ​တွေ​ဝေသွားသည်​။ခဏအကြာ ဘတူ ကိုယ်​တိုင်​ သွားကြည့်​ဖို့ဆုံဖြတ်​လိုက်​သည်​။

ဘတူ ကင်းတဲမှ​ဖြေး​ဖြေးဆင်းကာ ကျားသစ်​​ချောင်းတက်​ဖြင့်​ ​​ဖြေး​ဖြေးချင်း အနားတိုးသွားသည်​။အနား​ရောက်​​တော့ ​သေနတ်​ဖြင့်​ဖမ်းချိန်​လိုက်​သည်​။ဘတူ တွေ့လိုက်​ရသည်​က ဖားပြုတ်​ကြီးတစ်​​ကောင်​ဖြစ်​​နေသည်​။ဖားပြုတ်ကြီးက သူ့ကို​သေနတ်​ဖြင့်​ချိန်​ထားသဖြင့်​စိတ်​ဆိုးကာ ​သူ့ကိုယ်​လုံးကို​လေဖြင့်​​ဖောင်းထားလိုက်​​သေးသည်​။အိပ်​ချင်​စိတ်​ပင်​​ပျောက်​သွားသည်​။

ဘတူ ကင်းတဲသို့ပြန်​လာကာ ကင်းဆက်​​စောင့်​သည်​။တစ်​​ဖြေး​ဖြေး​အေးစိမ့်​လာသည်​။မိုးလင်း​တော့မည်​။နာရီကြည့်​လိုက်​​တော့ ၄နာရီထိုးပြီ။ဘတူ ရှေ့တည့်​တည့်​မှ ဖယုံရုံရွက်​လှုပ်​လာပြန်သည်​။ဒီတစ်​ခါ တစ်​ရွက်​တည်းမဟုတ်​။ဟို​နေရာလှုပ်​လိုက်​ ဒီ​နေရာလှုပ်​လိုက်​ ဖြစ်​​နေသည်​။စိတ်​ထဲတွင်​ဖား​တော့မဖြစ်​နိုင်​​တော့ပေ။ဘတူ ကင်းတဲမှ ​ဖြေး​ဖြေးဆင်းကာ တွားသွားပြီးအနားကပ်​သွားသည။်

အနား​ရောက်​​တော့ လ​ရောင်​​အောက်​တွင်​ဖြူစွတ်​​နေ​သော ယုံ​လေးတစ်​​ကောင်​​တွေ့လိုက်​ရသည်​။ ဒီတစ်​ခါမင်း​သေ​ပေ​တော့ ငါ့ကို ဒုက္ခ​ပေးတဲ့​ကောင်​ ​သေနတ်​ကို​ဘေးချကာလိုက်​ဖမ်းသည်​။ ယုန်​ဆိုတဲ့အမျိုးက ထွက်​မ​ပြေး ဖမ်းလိုက်​ကာမှ ခုန်​ခုန်​ထွက်​သွားသည်​။ဘတူကလဲ ဇွဲမ​လျှော့ မိလို့က​တော့ မင်းက​တော့ယုန်​သားဟင်းပဲ။ဘတူ ဖမ်းလိုက်​ သူကလွှတ်​သွားလိုက်​နှင့်​မိုး​တောင်​လင်းလာပြီ။ဘတူ တစ်​ကိုယ်​လုံးလဲ ​မြေကြီးလူး​နေသည်​။နောက်​ဆုံး ယုန်​က​တော့ အားကိုးတစ်​ကြီးဖြင့်​တပ်​ရင်းမှူးခြံထဲဝင်​သွားသည်​။

ဘတူ ဆက်​လိုက်​လို့မရ​တော့ ​ဒေါသထွက်ပြီ်​ဖြင့်​ကျန်​ခဲ့သည်​။အိပ်​ယာခင်းများသိမ်း ​ကျော​ပေါအိပ်​ထဲထည့်​လွယ်​ကာ တစ်​ကိုယ်​လုံး​မြေကြီး​ပေတူးဖြင့်​ရိပ်​သာပြန်​ခဲ့သည်​။သူငယ်​ချင်းများက ​ဘတူ ဘာဖြစ်​လာတာလဲဝိုင်း​မေးကျသည်​။ဘတူက ယုန်​လိုက်​ဖမ်းခဲ့တဲ့အ​ကြောင်း​ပြောပြသည်​။ သူငယ်​ချင်းများက ဝိုင်းရယ်​ကျသည်​။
"ဘတူ မင်းယုန်​လွှတ်​သွားတာပဲ ​ကျေးဇူးတင်​လိုက်​…အဲ့ဒီယုန်​က တပ်​ရင်းမှူးအိမ်​က ယုန်​ကွ …မင်းဖမ်းမိလို့က​တော့ မင်းရုံးတက်​​နေရပြီ"တဲ့။သေ​ရောဗျာ ယုန်​ကိုပဲ ​ကျေးဇူးတင်​ပြီးထိုင်​ကန်​​တော့ရမလိုဖြစ်​​နေပြီ။ ဒါပါပဲဗျာ ​ဘတူရဲ့ ကင်း​စောင့်​တဲ့အ​တွေ့အကြုံက​တော့။

အားလုံးကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာပါစေ။

MSC-224
@myintlwinsoe

Sort:  

ယုန်မွေးဖူးတယ်ဗျာ တယ်အပွားမြန်သကိုး တနှစ်ဘယ်နှစ်သားပေါက်မှန်းကိုမသိဘူး

ဟုတ်တယ် လေးလ တစ်သားလားသိဘူး

ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ဟုတ်ကဲ့ ကျန်းမာပါ ချမ်းသာပါစေ ခင်ဗျာ

ဖရုံရွက်လှုပ်တာ သရဲလား အောက်မေ့နေတာ ဖားပြုတ်ကြောင့်တဲ့
နောက်တစ်ခါတော့ သရဲ မှတ်တာ ယုန်တဲ့ လွဲလိုက်တဲ့ အတွေး

ဟားးး

ကင်းစောင့်တယ်ဆိုတာ ကင်းမှုးကိုပြန်စောင့်တာကွ တဲ့ မှတ်ထားရမယ် hee hee

အာ့က လျှို့ဝှက်ချက် သူများပြောပြနဲ့

ယုန်မမိတာပဲ ကံကောင်းတယ်

ဟုတ်ပေါ့

အဲလဲ့ တပည့်တွေတော့ကင်းအိပ်လို့ ခနတိုင်းအပြစ်ပေးနေရတယ်..

ဟားး စောင့်ရတဲ့အလုပ်က လွှတ်အိပ်ချင်တာ

မြီးကောင်ပေါက် ဖြစ်ရမှာ ဟုတ်ဘူးလား ကိုမြင့်။

မသိဘူး ကိုထွေး ကျွန်တော်ရှာကြည့်အုံးမယ် အခုက မှီး ထင်လို့ရေးလိုက်တာဗျ

ကင်းမှီးကောက်စောင့်တာပါ။

ငင့်အာ့ဆို ဒုက္ခ

"ကင်းစောင့်တယ်ဆိုတာ ကင်းမှုးကို ပြန်စောင့်တာတဲ့" မှတ်သားထားရမယ်။

အဲ့တာကို ဘယ်သူ့မှပြောနဲ့နော် လျှို့ဝှက်နည်းဗျ

ဟိဟိ

ဘတူယုန်​မဖမ်းမိတာပဲ​တော်​​သေး

ဟီးးး ဖမ်းများ ဖမ်းမိရင်တော့ ဘတူ ကွဲပြီ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64210.52
ETH 2627.33
USDT 1.00
SBD 2.76