အိပ်ဖွင့်ပေးစာ
ကျွန်တော် ဒီနေ့ flag ပြခံရတယ်ဗျာ။စုစုပေါင်း ဒီနေ့ flag အပြခံရတဲ့အတွက် 23sbdနီးပါး မြန်မာငွေ 80000ဝန်းကျင် ဆုံးရှုံးလိုက်ရပါတယ်။ကျွန်တော့ကို flagပြသူတွေက @adm နဲ့ @blacklist-a တို့ဖြစ်ပါတယ်။ကျွန်တော် flag ပြခံရတဲ့ postတွေကတော့
(3)https://staging.busy.org/@myintlwinsoe/ayakthmaelkundefinedneta-apong-4
တို့ဖြစ်ပါတယ်။
ကျွန်တော်ဟာ copy ရေးသူတယောက်လဲမဟုတ်ပါဘူး။spam လုပ်နေသူတယောက်လဲမဟုပ်ပါ။
ကျွန်တော်ဟာ sp တိုးရေးအတွက် အရင်းနှီးထည့်ကာ botတွေသုံးနေတာဖြစ်ပါတယ်။ပုံမှန် sp ဖြည့်တာထက် bot သုံးတာက sp ပိုရသည့်အတွက်ကြောင့် bot သုံးနေခြင်းဖြစ်ပါတယ်။
ကျွန်တော်ဟာ copy လုပ်သူ spam လုပ်သူမို့ flag ပြခံရရင် ကျွန်တော် အပြစ်ရှိတာမို့ ခံသာပါတယ်။အခုက မိမိဘာသာ sp တိုးရေးလုပ်နေတာကို သက်သက်မဲ့ flag ပြခံရတာမို့ လွန်စွာ ခံရခက်ပါသည်။
steemit founder များက အဘယ့်ကြောင့် အကြောင်းမဲ့ flag ပြတာကို လက်ခံပါသနည်း။ဒိလိုသာ အကြောင်းမယ့် flag ပြခံနေရပါက ကျွန်တော်တို့ မည်သို့လုပ်ရမည်နည်း။
ယ္ခုflagပြသူတွေထဲမှ @blacklist-aသည် flagပြခြင်းကို ပြန်ရုပ်သိပ်းလိုပါက steem 40 ပေးရမည်ဖြစ်ပြီး post40 စောင့်ကြည့်မည်ပြောပါသည်။သူပြောထားသော linkမှာ https://pastebin.com/h1unSks2 ဖြစ်ပါသည်။ဒီတိုင်းဆို သူတို့က flagပြပြီး လုပ်စားနေသူတွေလော။@adm ကလည်း @blacklist-a နှင့် အလိုတူအလိုပါမဖြစ်နိုင်ဘူးလော။
အကြောင်းမယ့် flag ပြခံရသူမှာ ကျွန်တော် တယောက်ထဲမဟုတ်။@tunnaingwin သည်လည်း ဘုမသိ ဘမသိ ခံခဲ့ရပြီးပြီ။ကျွန်တော်တို့လို အကြောင်းမယ့် ဆုံးရှုံးသူတွေအတွက် steemit မှ ဘာပြန်လုပ်ပေးမည်နည်း။steemit က အကြောင်းမဲ့ flag ပြခံရသူတွေအတွက် မည်သို့ကာကွယ်ပေးမည်လော။အကြောင်းမယ့် flag ပြသူတွေကော မည်သို့ အပြစ်ပေးမည်နည်း။
လောပေါင်းများစွာဖြင့် steemit ထံသို့ အိပ်ဖွင့်ပေးစာကို နိဂုံးချုပ်လိုက်ရပါသည်။
MSC-224
@myintlwinsoe
ကို မြင့်လွင်စိုး အနေနဲ့ မိမိရဲ့ SBD တွေသုံးပြီး bot တွေကို အသုံးပြု vote ခိုင်းတဲ့အခါ အခြားသူများရဲ့ flag ခံရလို့ စိတ်မကောင်း ဖြစ်မယ်ဆိုတာ နားလည်ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဆောင်းပါးတခုထဲမှာ စောင်းပါးရိပ်ချည် သတိပေးဖူးပါတယ်။ booster တွေကို ကိုယ်စိတ်ထင်တိုင်းကျ အသုံးပြု ပြီး trending page ကို ရောက်လာမဲ့ ဆောင်းပါးတွေကို စီစစ်တော့ မဲ့ အကြောင်း ။ ထားပါ။ ကိုမြင့်လွင်စိုးရဲ့ ပြသနာကို ကြည့်ရအောင်။ ပထမဆုံး flag ထိတဲ့ comment ကို ပြန်ကြည့်ပါ။ အစ်ကို က @edensgarden ကို vote ခိုင်းပါတယ်။ edensgarden ကို ပြန်ကြည့်ပါ ၊ reputation 17 အထိကျ သွားအောင် နာမည်ပျက်နေသူပါ။ booster တွေထဲမှာ နာမည်ပျက်နေသူပါ။ ဒါကြောင့် အစ်ကိုဟာ ပိုက်ဆံရမယ်ဆိုရင် နာမည်ပျက်နေသူတွေနဲ့လည်း စီးပွားရေးလုပ်မယ်ဆိုတဲ့ အနေအထားကြောင့် adm တို့ blacklis-a တို့က အစ်ကို့ အစ်ကို comment ကို Flag ပြကြတာပါ။ နောက်တခုက အစ်ကို booster မျိုးစုံအောင်သုံးပြီး မိမိ post ကို trending ရောက်အောင် မြှင့် တင်နေသလို ဖြစ်သလို comment တွေကိုပါ booster သုံးပြီး vote ခိုင်းနေတဲ့အတွက် သူတို့ အနေနဲ့ အစ်ကို့ကို သံသယရှိသွားတာပါ။ ကျွန်တော်ပြောခဲ့ပြီး ပါပြီ။ steemit Platform မယ် ငါပိုက်ဆံရှိတယ် ငါလုပ်ချင်သလို လုပ်မယ် ဆိုပြီး မရပါဘူး။ ကျွန်တော် သတိပေးချင်တာက အစ်ကို့အနေနဲ့ booster တွေအလွန်အကြူး သုံး ခြင်းကိုရှောင်ပါ။ ညာဏ်ရှိသလိုသုံးပါ။ blacklist က အဲဒီလို အရမ်းကာရော boost လုပ်သူတွေကို ရှာဖွေပြီး adm က အဲဒီလို လူတွေကို flag ပြနေတာပါ။ မြန်မာတွေထဲမယ် booster သုံးနေသူတွေအများကြီးပါ။ ကိုယ်မှ ရွေးပြီး flag ပြခံထိတယ် ဆိုတာ ကိုယ်က တခုခု မှားနေလို့ပါ။ ကို မြင့်လွင်စိုးအနေနဲ့ SBD တွေ အဆုံးမခံခြင်ဘူးဆိုရင် booster သုံတာကို လျှော့ချလိုက်ပါ။ post တခုထဲမှာ အလွန်အကျွံသုံး တာထက် post များများရေးပြီး မျှ လိုက်ပါ။ကိုယ်သုံးတဲ့ booster က ဘယ်လိုသူလဲဆိုတာလေ့လာပါ။ဘာဖြစ်လို့ဆိုတော့ ခုနောက်ပိုင်း ဆောင်းပါတွေမှာ အရေးတကယ်ကောင်းလို့ trending ရောက်ရင် ကိစ္စမရှိပေမယ့် boost လုပ်လို့ trending ရောက်လာရင်တော့ flag ပြမဲ့ adm တို့လို့ အကောင့်တွေက စောင့်နေကြပါတယ်။ သူတို့ဟာ steemit Platform ကို သန့်ရှင်းရေးလုပ်နေကြတာပါ။
ဟုတ်ကဲ့ အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကို
စတီမစ်မှာတော့ အင်အားကြီးသူတွေရဲ့ ဆုံးဖြတ်ချက်က ဥပဒေဖြစ်သွားသလိုပါပဲ
အေးဗျာ ကိုယ်က ဘာအင်းအားမှမရှိတာ ပြုသမျှ နုရမှာပေါ့လေ
You got a 36.33% upvote from @brupvoter courtesy of @myintlwinsoe!
တကယ်စိတ်မကောင်းပါဘူး
မဖြစ်သင့်ဘူးဗျာ
ဒီလိုသာအကြောင်းမဲ့လုပ်နေကြမယ်ဆိုရင် သေပြီပေါ့
ဟုတ်တယ်ဗျာ တော်တော်စိတ်တိုဖို့ကောင်းတယ်။ရှေ့ဆက်ဖို့အားတောင်ပျက်တယ်။
အကြောင်းမဲ့တော့ မဟုတ်ဘူးဗျ သူတို့မှာ rule ရှိလောက်တယ် ဒီrule နဲ့ညိတဲ့သူတွေကို ဖလက်ထောင်တာ ဖြစ်ပါလိမ့်မယ်။ သေချာဇစ်မြစ်ကို စုံစမ်းမှပြေလည်နိုင်ပါတယ်။
ဟုတ်ကဲ့ ဘုမသိ ဘမသိနဲ့ အပြခံရတာဆိုတော့ sp တိုးဖို့ botနေတာ မလုပ်ရဲအောင်ဖြစ်သွားတယ် ခင်ဗျာ
ဒါသက်သက်လုပ်တာပဲ စိတ်မကောင်းပါဘူးဗျာ...
ဘယ်တက်နိုင်မလဲဗျာ ကိုယ်က သူ့ထဲလာနေတာကို သူပြုသမျှပေါ့
You got a 5.85% upvote from @nado.bot courtesy of @myintlwinsoe!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.
အကြောင်းမဲ့သက်သက် flagခံရတာဘဲ😢
ဟုတ်တယ်ဗျာ စိတ်တိုဖို့ကောင်းလိုက်တာ
You got a 25% upvote from @aungzawhtwe courtesy of @myintlwinsoe ! its cool fee free .
အခုလို voteကူညီသည့်အတွက် ကျးဇူးတင်ပါတယ်ဗျာ။
spများသူကspနည်းသူကိုအနိုင်ကျင့်ခံရတဲ့ဘဝ။စတီးမစ်လောကလည်းမြေနိမ့်ရာလှံလာစိုက်နေတာပါပဲ။
ဟုတ်တယ်မအိရေ ကိုယ်က ဘာမှမလုပ်နိုင်သေးတဲ့အခြေနေဆိုတော့လည်း ခံရတာပဲလေ