အာလူးဟင်းတစ်ခွက် ဇာတ်သိမ်း

in #myanmar6 years ago (edited)

မောင်ဇော်သည် တူမလေးအား သူတို့ငယ်စဉ်က အဖြစ်ပျက်လေးကို ဤသို့ပြန်ပြောလေတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxx
credit source
မောင်ဇော်တို့ ငယ်ငယ်စဉ်အခါက မိဘများ မြစ်ကြီးနားသို့ တာဝန်ဖြင့်ပြောင်းရွှေ့ရလေသည်။မောင်ဇော်၏ မိဘများမှာ ယခင် အရပ်ဒေသတွင် ဖခင်ကြီးက ဝန်ထမ်းလုပ် မိခင်ကြီးက ဈေးရောင်း ဖြင့် မပိုလျှံသော်လည်း အဆင်ပြေကြသည်။ ယ္ခုအခါတွင် အရပ်ဒေသအသစ်ဖြစ်သောကြောင့် ဒေသအထာကိုမသိဖြစ်ကာ မိခင်ကြီးမှာ အလုပ်ကို ဘာလုပ်၍လုပ်ရမှန်းမသိ ဖြစ်နေပြီး ဖခင်တစ်ယောက်ထဲ လစာဖြင့် မိသားစုအိုးစားကို ထိန်းနေရသည့်အပြင် ကလေးများကျောင်းစာရိတ်ကြောင့် ငွေးရေးကြေးရေး စားရေးသောက်ရေးမှာ ကြပ်တည်းလှသည်။

မြစ်ကြီးနားရောက်ပြီး တစ်လခန့်ကြာသောအခါ မိခင်ကြီးမှာ ပန်းရံဝင်ရွက်နေပြီဖြစ်သောကြောင့် ညနေပိုင်း ထမင်းဟင်း ချက်ရန်တာဝန်မှာ မောင်ဇော်နှင့် မသူတို့ တာဝန်သာဖြစ်လာတော့သည်။မောင်ဇော်မှာ ကျောင်းကပြန်လာလျှင် ဟင်းစားအတွက် အသီးရွက်လေးများ လိုက်ခူးရပြီး မသူက မောင်ဇော်ခူးလာသော အသီးရွက်များကို ချက်ပြုတ်ရလေသည်။

တနေ့ မောင်ဇော်တစ်ယောက် အသီးရွက်ခူးရန် လွယ်အိတ်အစုတ်လေးလွယ်ကာ တောစပ်ထဲထွက်လာခဲ့သည်။အသီးရွက်တို့မှာ အမြဲခူးနေသောကြောင့် အသစ်ပင်မထွက်နိုင် ဖြစ်နေ၍ မောင်ဇော်တစ်ယောက် အကြံအိုက်လျှက်ရှိနေလေတော့သည်။ထိုအချိန်တွင် မောင်ဇော်တစ်ယောက် ဟိုနေ့ကကျောင်းကအပြန် လမ်းမှာတွေ့ခဲ့သော ကုလားအာလူးစိုက်ခင်းကို မျက်လုံးထဲဖျက်ခနဲ ပြေးမြင်မိတယ်။ထိုစိုက်ခင်းမှာ အားလူးတွေတူပြီး အကျွင်းအကျန် အာလူးများကို မြေဖွတဲ့ စက်ကြီးဖြင့်ထိုးဖွနေကျသည်။ကျွန်တော် အာလူးတွေကြည့်ပြီး နှမြောနေမိသေးသည်။ကျွန်တော်အကြံ ရသွားသည် ကုလားစိုက်ခင်းထဲက အာလူးသွားကောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။

ကုလား၏ အာလူးစိုက်ခင်းထဲရောက်သောအခါ ဝင်စရာအပေါက်မတွေ့။ ပတ်ပတ်လည်ခြံစည်းရိုးခတ်ထားလေသည်။မောင်ဇော်တစ်ယောက် အပေါက်လိုက်ရှာရင်း ခွေးတိုးပေါက်တစ်ခုကို တွေ့မိသည်။ မောင်ဇော် ခွေးတိုးပေါက်မှ တိုးဝင်သွားပြီး စက်နှင့်ထိုးထားသောကြောင့် ပဲရွဲ့နေသော အာလူး အကောင်းတိုင်းရှိနေသေးသော အာလူးဟူ၍ ရွေးမနေတော့ပဲ တွေ့သမျှအကုန်ကောက်ထဲမိနေသည်။

မောင်ဇော်တစ်ယောက် အာလူးကောက်နေရင်း စိတ်ထဲမှာလည်း အခြားသူများပြောဖူးသည့်"ဒီခြံထဲကို ဘယ်သူမှအဝင်မခံဘူး… ဝင်မိရင်တော့ လေးခွစာ ဒါမှမဟုတ် ဓါးဖြင့်လိုက်ခုတ်တက်တယ်"ဟူသောအသံကို ပြန်ကြားယောင်မိသည်။မောင်ဇော် ကုလားမိသွားမှာ ကြောက်ကြောက်ဖြင့် တွေ့သမျှကောက်ထည့်နေမိသည်။ လွယ်အိတ် ပြည့်လုပြည့်ခင်တွင် နောက်ကျောမှ အသံကျယ်ကြီးဖြင့်အော်သံကြားလိုက်ရသည်။

"ဘယ်ကောင်လဲကွ ငါ့ခြံထဲဝင်ပြီးအာလူးလာကောက်နေတာ"

မောင်ဇော် နောက်ကိုလှည့်ကြည့်လိုက်သောအခါ ငှက်ကြီးတောင်ဓါး ကြီးကိုကိုင်ကာ မောင်ဇော်ထံ အပြေးတပိုင်းလာနေသော ကုလားကြီးကို တွေ့လိုက်ရသည်။မောင်ဇော်တစ်ယောက် ကုလားကြီးလာနေသည် မြင်သောအခါ လွယ်အိတ်ကလေးကို ပြုတ်မကျအောင် သေချာလွယ်ကာ ခြေထောက်နှင့်တင်ပါး တစ်သားတည်းကျအောင် ခွေးပြေးဝက်ပြေး ပြေးလေတော့သည်။ကုလားကြီးကလည်း အဆက်မပြက် လိုက်လာသည်။

ကံဆိုးချင်တော့ မောင်ဇောင် ခလုတ်တိုက်မိပြီး လဲအသွား ဖိနပ်တစ်ဖက်က ကျွတ်ထွက်သွားသည်။ဖိနပ်မှာ နောက်တွင်ကျန်နေခဲ့ပြီး မောင်ဇော်ပြန်ကောက်ရန် လှည့်ကြည့်သောအခါ ကုလားကြီးမှာ တော်တော်နီးလာသောကြောင့် မပြန်လှည့်မကောက်ရဲ တော့ပဲ ခွေးတိုးပေါက်ဆီသို့သာ အရောက်ပြေးလေတော့သည်။ခွေးတိုးပေါက်ရောက်လေသောအခါ မောင်ဇော်တိုးအထွက် အလွယ်အိတ်နှင့်ခံကာ လူကထွက်မရဖြစ်နေပြန်သည်။

မောင်ဇော် နောက်ပြန်ဆုပ်ပြီး လွယ်အိတ်ကို အပြင်အရင်ပြန်ထုတ်ကာ နောက်မှလူကတိုးထွက်ပြီး ပါလာသေးသော ဖိနပ်တစ်ဖက်ကို လက်ကကိုင်ကာ အိမ်သို့ရောက်အောင် ခြေကုန်သုတ်ပြေးလေတော့သည်။မောင်ဇော် အိမ်ရောက်သောအခါ ဟောဟဲစိုက်နေသည်။မောင်ဇော် ဟောဟဲစိုက်နေသည်ကိုမြင်သော မသူမှ"ဟယ်ဘာဖြစ်လာတာလဲ…ရော့ရော့ ရေသောက်လိုက်"ဟုပြောကာ ရေတစ်ခွက်ကမ်းပေးသည်။ မောင်ဇော်တစ်ယောက် မသူခပ်တိုက်သော ရေတစ်ခွက်ကို သောက်ကာ အမောဖြေပြီးမှ ဖြစ်ကြောင်းကိုရှင်းပြနိုင်လေသည်။

မောင်ဇော် ဖိနပ်ကျန်ခဲ့ကြောင်း သိသောအခါ မသူမှ အတူသွားကာ ပြန်ယူကြရန်ပြောသည်။မောင်ဇော်အမေမှာ ယနေ့မှ သောစောပြန်ရောက်နေသည်။မိခင်ကြီးသည် မောင်ဇော်နှင့် မသူ ပြောနေသော စကားများကို ကြားကာ တုတ်တစ်ချောင်းကိုင်ပြီး ရောက်လာသည်။ထို့နောက်"နင်တို့က အတက်ကောင်းတက်ပြီး သူများအခင်းက သွားခိုးနေတယ်ပေါ့လေ…လာခဲ့…နင်တို့က သူများပစ္စည်း ခိုးရအောင် မိမဆုံးမ ဖမဆုံးမ သားသမီးတွေလာဟင်…ငါ့ကဆင်းရဲတယ်ဟဲ…ချမ်းသာတာဆိုလို့…ကိုယ်ကျင့်တရားကောင်းတာပဲရှိတာ…အဲ့ဒါကို နင်တို့က ဖျက်စီးတယ်ပေါ့လေ…"ဟုပြောလည်းပြော ငိုလည်းငိုကာ ဆက်တိုက်ရိုက်လေသည်။အတော်ကြာအောင်ရိုက်ပြီးမှ"ငဇော်…နင်ခိုးလာတဲ့ အာလူးယူခဲ့ ကုလားစိုက်ခင်းသွားမယ်…ဟိုမြှောက်ထိုးပင့်ကော်ကောင်မ နင်ပါလိုက်ခဲ့"ဟုပြောကာ ကုလားစိုက်ခင်းသို့ သားမိတတွေ ထွက်လာခဲ့လေသည်။

မိခင်ကြီးမှာ စောစောက ဒေါသကြောင့်ရိုက်မိသော်လည်း ခြေသလုံးသားများ ပေါက်ပြဲ အညိုမဲစွဲနေသည် မြင်သောအခါ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲသွားပြန်သည်။သို့သော် ဝဲလာသောမျက်ရည်ကို ကလေးများ မမြင်အောင်ထိန်းကာ ထားလိုက်တော့သည်။ကုလား စိုက်ခင်းသို့ ရောက်သောအခါ မိခင်ကြီးမှ"အကိုကြီးစိုက်ခင်းက သားလေး အားလူးတွေ ခိုးကောက်လာလို့ ပြန်လာပေးတာ…ကလေးတွေကိုလဲ ရိုက်ပြီး ဆုံးမထားပါတယ်ရှင်…ဟိုကောင်…အာလူးတွေပြန်ပေးလိုက်"ဟုပြောလိုက်လေသည်။

ကုလားကြီးမှာ ဤသိုပြန်လာပေးသည်ကို တခါမှမကြုံဘူး၍ အံသြသောပုံရိပ်က မျက်နှာမှာ အထင်းသားပေါ်လွင်နေသည်။ထိုနောက် ကုလားကြီးမှ
ှ"အမကြီးရယ် အခုလို ပြန်လာပေးတာ တခါမှ မကြုံဖူးဘူး…အမကြီးရဲ့ သားသမီးအပေါ်ဆုံးမမှုကို လေးစားပါတယ်ခင်ဗျာ…အမကြီးရဲ့ စိတ်ဓါတ်ကို လေးစားလို့ အားလူးတွေပြန်မယူတော့ပါဘူး…အမကြီးတို့ပြန်ယူသွားပါ…နောင် အာလူးစားချင်ရင်လည်း ကျွန်တော့ပြောပြီး လာကောက်ပါ…ကျွန်တော်ပေးပါ့မယ်…"

"ကျေးဇူးတင်ပါတယ်ရှင်…သားလေးရဲ့ဖိနပ်ကျန်နေခဲ့တယ်လို့ပြောပါတယ်"

"ဟုတ်ပါတယ်…ဟိုမှာ ကျွန်တော်ကောက်သိမ်းထားပါတယ်"ဟု ဖိနပ်ရှိရာ ညွှန်ပြလိုက်သည်။ထိုနောက် သာမိတတွေ ကုလားကြီးကို နှုတ်ဆက်ကာ ပြန်ခဲ့ကြတောသည်။

အိမ်ရောက်သောအခါ အချိန်မှာ မှောင်ရီပျိုးနေပြီဖြစ်သည်။ဖခင်ကြီးလည်း ပြန်ရောက်နေလေသည်။ဖခင်ကြီးမှ ဘယ်သွားနေကြတာလဲ ဟုမေးလိုက်သောအခါ မိခင်ကြီးမှ အဖြစ်ပျက်အကြောင်းစုံ ပြောပြလိုက်လေသည်။ဖခင်ကြီးမှာ များစွာစိတ်မကောင်းဖြစ်သွားသည်။သို့သော် မိခင်ရိုက်ကာ ဆုံးမထားပြီးဖြစ်၍ နောင်သူများပစ္စည်း ပိုင်ရှင်မသိပဲ မယူရန်ပဲ စကားကို တိုတိုသာ ပြောလိုက်လေသည်။"ကဲ…ကဲ ညနေစာ ဟင်းမရှိဘူးမို့လား …ဖေကြီး အားလုံးကို ကြက်ဥကြော်ကျွေးမယ်"ဟုပြောကာ လမ်းထိပ်ဆိုင်မှ ကြက်ဥသွားဝယ်ကာ ညနေထမင်းဝိုင်းကို ကြက်ဥကြော်ဖြင့်ကျွေးလိုက်တော့သည်။
xxxxxxxxxxxxxxxxxxx
"ဦးဦးဇော်တို့ ငယ်ငယ်တုန်းက အဲ့လို ဆင်းရဲခဲ့တာ မီးမီးလေးရဲ့…အစားအသောက်ဆိုတာ အဟာရဖြစ်အောင် စားရတယ် ဂျီးမများရဘူးနော်…ကဲစား စား …ဟင်းတွေ ထမင်းတွေတောင် အေးနေပြီ…ဖေဖေနဲ့ မသူလည်း စိတ်မကောင်းမဖြစ်နဲ့တော့…ထမင်းစားလိုက်ကြစို့"ဟုပြောတာ မိသားစု ထမင်းဝိုင်းလေးကို ဆက်လက်စားသောက်လိုက်တော့သည်။

ဆက်လက်ကြိုးစားပါဦးမည်…

MSC-224
@myintlwinsoe

Sort:  

အ‌ရေးအသားထက်‌ 42.06ဘဲ မြင်‌မိတယ်‌။အား‌ပေး‌နေပါတယ်‌ညီ။

ဘုသုံးထားလို့ပါ ကိုမဟော်ရယ်

ကိုမြင့်​အ​ရေးအသား​တေgoodလာတယ်​အားကျတယ်​​ဗျာ

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

ကိုမြင့်​အ​ရေးအသားက​တော့အရမ်းကို​ကောင်းလာတာပဲ။အားကျလိုက်​တာရှင်​။

ဟုတ်ကဲ့မအိ အခုလို အားပေးတာကျေးဇူးတင်ပါတယ်ဗျာ။

ကလေးငယ်တွေနားလည်အောင်ခုလိုသေချာရှင်းပြသင်ပေးတာတကယ်ကိုအတုယူစရာပါဗျာ

ဟုတ်ကဲ့ နုနယ်တဲ့အချိန်မှာ ပြောဆိုပုံသွင်းရတာ လွယ်တယ်လေဗျာ။

အ​ရေးအသား​တွေကမထင်​မှတ်​စ၇ာပဲ

ဟီးးး ကောင်းတာလား ဆိုးတာလာဗျ

ဝတ္ထုဇာတ်လမ်းကောင်းကောင်းနိုင်နင်းနေပါပြီဗျာ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

အဆုံးအမကောင်းတဲ့မိဘနဲ့တွေ့ရတာကောင်းပါ့

မိကောင်း ဖကောင်း ဆရာကောင်းနဲ့ ဆုံတွေ့ခွင့်ရတာ ကြီးမားတဲ့ ကုသိုလ်ပါခင်ဗျာ

အထာမှာ ဟထိုးမပါဘူးသားရေ၊ ကြပ်တည်း၊ ကြပ်ကြပ်တည်းတည်း ဖြစ်ပါတယ်၊ ကျပ်တည်း မဟုတ်ပါသားရေ။

ဟုတ်ကဲ့ပါဆရာ သားပြင်လိုက်ပါ့မယ်ခင်ဗျာ။

အားပေးတယ်ဗျို့များများရေး

အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ

ရေးထားတာကောင်းတယ်

ကျေးဇူးပါညီမလေး

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61914.69
ETH 3017.71
USDT 1.00
SBD 3.79