Interesting Ghost Short Story

in #myanmar6 years ago

တစ္ဆေ့ရန်ငြိုး(တတိယပိုင်း)
"သိပ်သေချာတာပေါ့ကွာ ဒါပေမဲ့ သာဝက မြခင်ကိုနားချတယ်ကွ...သူ့ကိုယူရင် မြခင် ဆင်းရဲမယ့်အကြောင်း မင်းကိုယူရင် တစ်သက်လုံး ချမ်းသာမယ့်အကြောင်းပေါ့ကွာ ဒီမှာတင်မြခင်က သာဝကို မေးတယ်ကွ...
"ကျုပ် လွယ်ထားရတဲ့ ရှင့်ကလေးကို ထည့်မတွက်တော့ဘူးလား ကိုသာဝ"
"မြခင်ရယ် မိုးညိုက ငါ့သူငယ်ချင်းပါ ငါ့ကလေးကို ငါ့သူငယ်ချင်းက အဖေလုပ်ပြီး မွေးတာ ငါက ဘာများမကျေနပ်စရာရှိတုံးဟာ...ပြီးတော့ နင်တစ်သက်လုံး ချမ်းချမ်းသာသာနေရတာကို ကြည့်ပြီး ငါ ကျေနပ်နေမှာပါ"
လို့ ထပ်ခါ ထပ်ခါ နားချတော့ မြခင်က သာဝစကားကို လက်ခံပြီး မင်းကို လက်ထပ်ခဲ့တာပဲ တစ္ဆေ...မင်းနဲ့ လက်ထပ်ပြီးတဲ့နောက်မှာလည်း သာဝနဲ့ မြခင် ကင်းရှင်းသွားတယ်လို့တော့မထင်နဲ့ကွ...သူတို့နှစ်ယောက် လစ်ရင် လစ်သလို ပေါင်းသင်းနေကြတာ တစ္ဆေရဲ့"
"ဖြစ်မှဖြစ်ရလေ ကိုသရဲရယ် ကျုပ်ကတော့ မြခင်ကို ချစ်လိုက်ရတာဗျာ"
"အေး...နောက်တော့ မင်းအဖေကြီး ဆုံးသွားတယ်...ဒီမှာတင် မင်းတို့ ဘိုးဘွားစဉ်ဆက်က လက်ဆင့်ကမ်းပေးခဲ့တဲ့အမွေတွေအားလုံးကို တစ်ယောက်တည်း ရခဲ့တယ်လေကွာ...ရွှေချည်း ငါးပိသာာကျော်တယ်မို့လား...နောက်ပြီးတော့ ယာတွေလည်း အများကြီး ပိုင်ခဲ့တယ်...ဝိုင်းအကျယ်ကြီးထဲက ကျွန်းအိမ်ကြီး အကြီးကြီးလည်း မင်းတစ်ယောက်တည်း ရခဲ့တာပဲမို့လား...မင်းက ရွှေတွေကို မင်းသိပ်ချစ်တဲ့မင်းမိန်းမ မြခင်ကို ပြခဲ့တယ်လေ...အဲဒါ မင်းအမှားပဲ တစ္ဆေရဲ့...မိန်းမယုတ်က သူ့ရဲ့လင်ငယ် သာဝကို သွားပြောတယ်
"ကိုသာဝ ဒီစည်းစိမ်တွေကို ကိုမိုးညိုနဲ့ မဟုတ်ဘဲ ရှင်နဲ့သာ ခံစားရရင် ကျွန်မ တော်တော်ကို ပျော်မိမှာ ရှင်သိလား...ဒီတော့ ရှင်နဲ့ ကျွန်မ ရတဲ့သမီးလေးရယ်...အဖေအရင်းဖြစ်တဲ့ရှင်ရယ် ကျွန်မရယ် အတူတူသိပ်နေချင်တာပဲတော်...ရှင်ဖြစ်အောင်ကြံစမ်းပါ"လို့ တွေ့တိုင်းပြောတော့ မင်းပိုင်တဲ့ ရွှေတွေ ယာတွေ အိမ်တွေကို သာဝ လောဘတက်လာတော့တာပေါ့ကွာ"
"သြော်...ဒီလိုဖြစ်တာလားဗျာ"
"အေး ဟုတ်တယ် တစ္ဆေ ဒါကြောင့် ငါပြောပြရမှာမင်းကို သိပ်ပြီးအားနာတာကွ ဒါပေမဲ့ မင်းက ငါ့သူငယ်ချင်းဖြစ်ပြီဆိုတော့ ဒီအကြောင်းတွေကို ပြောပြဖို့ ငါ့မှာ တာဝန်ရှိသွားပြီပေါ့ တစ္ဆေရာ...အေး အဲဒီမှာတင် သာဝက ထန်းတောကထန်းတက်သမား ရင်းထောင်ဆိုတဲ့ ကောင်နဲ့ပေါင်းပြီး ကြံတော့တာပေါ့ကွာ...ရင်းထောင်ကို ထန်းရည်ထဲမှာ ဟုန်းမြစ်သွေးပြီးထည့်ခိုင်းတယ်...မင်းနဲ့ သာဝနဲ့ အဲဒီညနေ ထန်းရည်အတူတူသောက်တော့ ဟုန်းမြစ်ထည့်ထားတဲ့ ပထမအိုးကို မင်းတစ်ယောက်တည်း ကုန်အောင်သောက်တာလေကွာ...သာဝက သူ့ဗိုက်ထဲမှာ လေထိုးနေလို့ ခဏနေမှ သောက်မယ်လို့ပြောပြီး မင်းကိုပဲ အရင်သောက်ခိုင်းခဲ့တာမို့လား"
"အင်း...ဟုတ်တယ်ဗျ...ကိုသရဲရဲ့"
"နောက်ထပ်မှာတဲ့ မြူအိုးကျမှ သူဗိုက်ငြိမ်သွားပြီဆိုပြီးသောက်တာမို့လား...အဲဒီအတွက် ထန်းတောက ရင်းထောင်ဆိုတဲ့ကောင်ကို သာဝက ငွေသုံးထောင် ပေးတယ်"
"ဟင်...ဟုတ်လား ဒါကြောင့် ကျုပ် အိမ်မှာ ငွေသုံးထောင် ပျောက်ခဲ့တာကိုး"
"သိပ်ဟုတ်တာပေါ့ တစ္ဆေရာ...သာဝဆိုတဲ့ကောင်မှာငွေသုံးထောင် ဘယ်မှာရှိမှာတုံးကွ...မင်းမိန်းမမြခင်ကဘမင်းငွေတွေယူပြီး ပေးလိုက်တာလေ"
"သြော်...ဖြစ်ရလေဗျာ..ကျုပ်ငွေတွေနဲ့ ကျုပ်အသတ်ခံခဲ့ရတာပါလား"
"အေး ဟုတ်တယ် တစ္ဆေ... ထန်းတောက ပြန်တော့သာဝက ကျန်တဲ့လူတွေကိုပါ အဖော်ခေါ်ပြီး ပြန်တာလေကွာ...အကြောင်းရှိရင် ဒီကောင်တွေကို သက်သေထူဖို့ပေါ့ကွာ...လမ်းရောက်တော့ မင်းက မူးတယ်...မူးတယ်ဆိုပြီး လဲကျသွားတယ်...အဲဒီနေရာမှာတင် မင်း သေသွားတာပဲကွ တစ္ဆေရ...သာဝတို့အုပ်စုကတော့ မင်းသောက်တာများသွားပြီး ဦးနှောက်ပဲ ထိသလိုလိုသတင်းဖြန့်ကြတာပေါ့ကွာ...မင်းနဲ့ သာဝက ကလေးဘဝကတည်းက တွဲခဲ့တဲ့ကောင်တွေဆိုတော့ ဘယ်သူကရော မင်းကို သာဝလုပ်ကြံတယ်လို့ ထင်မှာတုံး တစ္ဆေရဲ့"
"တောက်...တော်တော်ကို ယုတ်မာခဲ့ကြတာပဲဗျာ"
"ဟုတ်တယ် တစ္ဆေ...တဂယ်တော့ မြခင် မကောင်းတာကွ ဒီမိန်းမက မိန်းမယုတ်တစ်ယောက်ပဲ မကြာခင် မင်းသိရမှာပါကွာ...မြခင်နဲ့ သာဝနဲ့ ယူကြပါလိမ့်မယ် မင်းသမီးလို့မင်းထင်ခဲ့တဲ့ ကလေးကလည်း သာဝကလေးပဲလေကွာ"
ကျုပ်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်သလို ခံစားခဲ့ရတာပေါ့ဗျာ...ကိုသရဲ ပြောခဲ့တဲ့အတိုင်းပဲဗျ...နောက်တစ်နှစ်လောက်ကြာတော့ သာဝနဲ့ မြခင် ယူလိုက်ကြတယ်...သာဝဖြစ်ချင်တဲ့လူချမ်းသာ ဖြစ်ပြီပေါ့ဗျာ...မြခင်ကလည်း သာဝနဲ့ တိတ်တိတ်ပုန်းဘဝက လွတ်သွားပြီပေါ့...ကျုပ်ကတော့ သရက်ပင်ပေါ်မှာ တစ္ဆေဘဝနဲ့လေ
"တောက်"
"ဟ...တစ္ဆေ ဘာတွေကို ဒီလောက်ဒေါသဖြစ်နေတာတုံးကွာ"
"ကိုသရဲ ကျုပ် ဒီအကောင်နဲ့ ကောင်မကို သတ်ပစ်မယ်ဗျာ"
ကျုပ်စကားကိုကြားတော့ ကိုသရဲက နားရွက်ကားကားနဲ့ သူ့ခေါင်းကြီးကို ညိတ်ပြတယ်"
"အေး...နောက်နှစ်နှစ်လောက်ကြာရင်တော့ မင်းမှာအစွမ်းတွေ ရှိလာလိမ့်မယ်...အခုတော့ ဘာအစွမ်းမှ မင်းမှာ မရှိသေးဘူး တစ္ဆေ... အဲဒီလို အစွမ်းတွေ ရှိလာရင်တော့ မင်း သူတို့ကိုသတ်လို့ရတာပေါ့ကွာ..ဒါပေမဲ့ မင်း စဉ်းစားနော် ဒီကြားထဲမှာ မင်းက သူများ အမျှဝေလို့ သာဓုခေါ်လိုက်နိုင်ရင် ကျွတ်လွတ်သွားနိုင်တယ် တစ္ဆေ ဒီတော့ မင်းကို ငါပြောချင်တာက မင်းရဲ့ရန်ငြိုးတွေကို မထားပါနဲ့တော့ကွာ..လူတွေ အမျှဝေတဲ့အခါသာဓုတွေခေါ်ပြီး လူ့ဘဝကို ပြန်ကူးသွားပါကွာ"(ရှေ့ရက်ဆက်ရန်)
FB_IMG_1528798832122.jpg
Phote credit!

Written by MSU 020
Eposoid 3

Sort:  

fighting forward bro

ချိတက်​ကြီးးနဲ့ပဲ

အ​ရေးအသားနဲ့စိတ်​ကူး​လေး​တွေ​ကောင်းပါတယ်

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56208.10
ETH 2476.58
USDT 1.00
SBD 2.26