ကမ်းခြေ ငွေဆောင်

in #myanmar6 years ago (edited)

ကမ်းခြေ သွားမယ်ဆိုတာနှင့် ငွေဆောင်ကိုပဲ ရွေးချယ်ဖြစ်ကြသည်။
ချောင်းသာ နှင့် ငွေဆောင် မဲခွဲရွေးပြီဆိုတာနဲ့ ငွေဆောင်ကိုပဲ သွားချင်ကြသည်။အိမ်က ကလေးများသည် ငွေဆောင်ကို အလွန်သဘောကျသည်။ ငွေဆောင်နှင့် ပုသိမ်သည် နီးသောကြောင့် နေ့ချင်းပြန်သာ သွားဖြစ်ကြသည်။ငွေဆောင်သို့ သွားရာလမ်းသည် အကွေ့ အကောက်များသည်။ငွေဆောင်ရေသည် စိမ်းလဲ့ပြီးရေကြည်လင်သည်။ကျောက်စိုင်ကျောက်သား များပြားသည်။ ထိုအတွက် သတိထားရသည်။ငွေဆောင်ရေသည် လိုင်းပုတ်ပြီးသည်နှင့် ပင်လယ်ဘက်သို့ ပြန်စွဲယူသည်။ထို့ကြောင့် တချို့က ငွေဆောင်ကို မကြိုက်ကြချေ။
image
ငွေဆောင် ၏ အားသာချက်တစ်ခုသည် ဓာတ်ပုံရိုက်ရန်အတွက် အလွန်အဆင်ပြေသည်။ ငွေဆောင်သည် ရူခင်းလှ၏။
ချစ်သူများကျွန်း သို့လည်း သွားရောက်လည်ပတ်နိုင်သည်။
ငွေဆောင်သို့ မကြာခဏသွားဖြစ်သည်။
မိသားစု စုံသည်နှင့်ငွေဆောင်သို့ သွားကြသည်။ငွေဆောင်သို့ သွားရာ လမ်းပေါ်ရှိ သလပ်ခွာရွာလေးမှ ကော်ရည်ဆိုင်သည်လည်း နာမည်ကြီး၏။
ငွေဆောင်သို့ ရောက်သည်နှင့် ပထမဆုံး ဝင်ဖြစ်သည့်နေရာသည်
လက်ဆောင်ပစ္စည်းရောင်းချသော ဆိုင်များသာဖြစ်သည်။
ငွေဆောင်သို့ ရောက်တိုင်း K&W ဆိုင်တွင် လိုချင်သော ပစ္စည်းများ ဝယ်ဖြစ်သည်။ရေကူးမျက်မှန်၊ ဖန်စီဆွဲကြိုး လက်ပတ်များ၊
ကမ်းခြေဝတ် ဂါဝန်များ၊အစရှိသည်ဖြင့် ဝယ်ယူပြီးမှ ကမ်းခြေဆင်းဖြစ်သည်။
ရေထဲ ဆင်းမိသည်နှင့် တော်တော်နှင့်ပြန်မတက်နိုင်
အချိန်ကြာမြင်စွာ ရေစိမ်ကြ၏။နေပူသော်လည်း ရေသည်အေးမြနေသည်။အေးသောအချိန်များတွင် ရေသည် နွေးသည်။သို့အတွက် ဘယ်လိုရာသီမျိုးတွင်မဆို ရေစိမ်မိသည်နှင့်ပြန်မတက်ချင်။
သုံးလေးနာရီ ရေစိမ်ပြီးသည်နှင့် ကမ်းပေါ်ပြန်တက်ကာ ချက်ပြုတ်ယူလာသည်များ နှင့် မှာယူထားသော ပင်လယ်စာတချို့ကိုစားသောက်ကြသည်။အချိန်ခဏသာအနားယူပြီး ရေထဲပြန်ဆင်းကြသည်။ညနေစောင်းမှ ရေထဲမှတက်၍ အိမ်သို့ပြန်ဖြစ်ကြသည်။
ငွေဆောင်ခရီးသည် ဘယ်အချိန်သွားသွား မရိုးနိုင်သော ခရီးဖြစ်သည်။ထို့ကြောင့် မိမိတို့နှင့် လက်လှမ်းမှိရာငွေဆောင်ကမ်းခြေသည် အပန်းဖြေအနားယူရန်အသင့်တော်ဆုံး အဆင်အပြေဆုံး ခရီးတစ်ခုပင်ဖြစ်သည်။
image

Sort:  

Newbi အချင်းချင်း အပြန်အလှန် voteပေးကြမယ်လေ😁

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57344.91
ETH 3100.39
USDT 1.00
SBD 2.42