မြန်​မာလူငယ်​များနှင့်​ မူးယစ်​​ဆေးဝါးအန္တရာယ်
in #myanmar6 years ago
image
အိမ်​​ရှေ့သို့ ဆိုင်​ကယ်​တစ်​စီး ထိုးရပ်​သံနှင့်​အတူ " ညီ​ .. မပြီး​သေးဘူးလား " ဟု​ 
အော်​ကာ အိမ်​ထဲဝင်​လာ​သည့်
ကိုစည်​သူ့အသံကိုကြားလိုက်​သည်​ ....
ကျွန်​​တော်​တို့မြို့တွင်​ ပြုလုပ်​​နေ​သော မြန်​မာ
လူငယ်​များနှင့်​ မူးယစ်​​ဆေး အန္တရာယ်​ အသိပညာ​ပေးပွဲသို့ သွားရန်​ ကျွန်​​တော့်​ကို လာ​ခေါ်ခြင်းဖြစ်​​ပေသည်​ .. ကျွန်​​တော်
အဝတ်​အစားလဲရင်း " လာပြီ အစ်​ကို " ဟု ​အသံ​ပေးလိုက်​ပြီး စဉ်းစား​နေမိသည်​ .. လွန်​ခဲ့​သော နှစ်​အနည်းငယ်က ကိုစည်​သူကိုယ်​တိုင်​ပင်​ မူးယစ်​​ဆေး၏ သား​ကောင်​ဖြစ်​ခဲ့​သေးသည်​ .. ယခု​တော့ စိတ်​သစ်​လူသစ်​ဖြင့်​ မူးယစ်​​ဆေးဝါးသည်​ မည်​မျှ ဆိုးဝါး​ကြောင်း၊ သုံးစွဲသူနှင့်​ မိသားစုပတ်​ဝန်းကျင်​ မည်​မျှဒုက္ခ​ရောက်​​ကြောင်းတို့ကို အခါအခွင့်​သင့်​တိုင်း လူငယ်​​တွေကို ဆုံးမတတ်​​သော ကိုစည်​သူ ဖြစ်​​နေ​ပေပြီ ... " ညီ..မြန်​မြန်​.."
ကိုစည်​သူ၏ ​နောက်​တကြိမ်​ ​ခေါ်သံအဆုံး
အိပ်​ခန်းထဲမှ ထွက်​ခါ သူ့ကို ပြုံးပြလိုက်​ပြီး လက်​ဆွဲနှုတ်​ဆက်​လိုက်​သည်​ ..ထို့​နောက်​ ကိုစည်​သူနဲ့အတူ လူငယ်​​တွေအတွက်​ ​သေမင်းတမန်​​ ဟုတင်​စား​ခေါ်​ဝေါ်ကြ​သော မူးယစ်​​ဆေးသည်​ မည်​မျှ အန္တရာယ်​ကြီးမား​ကြောင်း ​လေ့လာရန်​ ပြပွဲသို့ ထွက်​လာခဲ့ပါ​တော့သည်​ ...
ကိုစည်​သူ့ ဆိုင်​ကယ်​​နောက်​မှ ထိုင်​လိုက်​ရင်း ဆိုင်​ကယ်​လမ်း​ကြောင်းကို ကြည့်​လိုက်​ ​ဘေး ဘယ်​ ညာ ပတ်​ဝန်းကျင်​ကို ကြည့်​လိုက်​နဲ့ ကျွန်​​တော်​လိုက်​ပါလာခဲ့သည်​ .. ကိုစည်​သူက​တော့ ဆိုင်​ကယ်​ကို ကျင်​လည်​စွာ​မောင်းရင်း ရုတ်​တရက်​ .. " ညီ .. လူငယ်​​တွေ ဘာ​ကြောင့်​ မူးယစ်​​ဆေးသုံးမိကြလဲ .. သိလား " ကျွန်​​တော်​က " ကြိုက်​သွားလို့​နေမှာ​ပေါ့ အစ်​ကိုရ " ဆို​တော့ " အဲ့ဒီ​လောက်​ ​​ယေဘူယျ မဆန်​နဲ့​လေ .. သိသ​လောက်​​တစ်​ခုခြင်း​ပြောကြည့်​​.." ဟု​ပြော​လေ​​တော့သည်​ .. ကျွန်​​တော်​က " စမ်းကြည့်​ရင်း ကိုယ့်​စိတ်​ကို မနိုင်​​တော့ စွဲသွားတာ​​ပေါ့ အစ်​ကိုရာ ... "
ကိုစည်​သူ ကျွန်​​တော့်​ရှိရာ ​နောက်​ဘက်​ကို တစ်​ချက်​ ​စောင်းငဲ့ကြည့်​ရင်း
" အစ်​ကို သိသ​လောက်​​ပြောပြမယ်​​နော်​ .. နား​ထောင်​ပြီး ညီ သိထားတာ​တွေနဲ့ ထပ်​​ပေါင်း​ပေါ့ကွာ .. လူငယ်​​တွေဆို​တော့ စူးစမ်းချင်​တဲ့ အရွယ်​​တွေကွာ .. တစ်​​ယောက်​​ဆေးလိပ်​​သောက်​တာမြင်​ရင်​ လိုက်​​သောက်​ကြည့်​ချင်​တယ်​ .. အဲ့ဒီလိုမျိုး စူးစမ်းချင်​လို့ လုပ်​ကြည့်
ကြတာရှိမယ်​ကွာ .. ​နောက်​ပြီး ဘော်​ဒါထဲမှာ ​မူးယစ်​​ဆေးသုံးတဲ့သူ​တွေ ရှိ​နေပြီဆိုရင်​ ကိုယ်​ကမသုံး​​သေးပေမယ့်​ ဒီ​ကောင်​​တွေက တိုက်​တွန်းပြီ .. သားကြီး ​ချကြည့်​ မိုက်​တယ်​ ဆို​ပြော​တော့ တစ်​ခါမဟုတ်​ နှစ်​ခါမဟုတ်​ဆို ကိုယ်​လည်း စိတ်​ပါလာပြီး ချကွာ ဆိုကာ လုပ်​မိကြတယ်​ .. အ​ပေါင်းအသင်း​ကြောင့်​ လုပ်​မိတာရှိမယ်​ကွာ .. ​​နောက်​တစ်​ခုက မိသားစု​​တွေ အဆင်​မ​ပြေတဲ့ အိမ်​တွင်း​ရေးပြဿ
နာ​တွေရှိတဲ့အခါ .. စိတ်​ညစ်​စရာလူမှု​ရေး ကိစ္စ​တွေရှိတဲ့အခါ စိတ်​ထွက်​​ပေါက်​အဖြစ်​ လုပ်​ကြတယ်​ကွာ ..​ အဲ့လို အမျိုးမျိုး​သော အ​ကြောင်းပြချက်​​တွေနဲ့ သုံးဖြစ်​သွားကြတာ​ပေါ့ ..မူးယစ်​​ဆေးဆိုတာမှာ ဘိန်းဖြူ ၊ ​ဆေး​ခြောက်​၊
ကိုကင်းနဲ့ အခြား စိတ်​ကို​ပြောင်းလဲ​စေနိုင်​ပြီး စွဲလန်း​စေနိုင်​တဲ့ ဆေးဝါး၊ ဓာတုပစ္စည်းအကုန်​ပါတယ်​​ ညီရ ..." ကိုစည်​သူ စိတ်​ရှည်​လက်​ရှည်​ ရှင်းပြ​လေ၏ ...
ကျွန်​​တော်​တို့ စီးလာ​သော ဆိုင်​ကယ်​​လေး
လူငယ်​နှင့်​ မူးယစ်​​ဆေးဝါး အန္တာရာယ်​ အသိပညာ​ပေးပြပွဲ ကျင်းပရာ ခန်းမ​ရှေ့​ရောက်​လာ၍ စကားစပြတ်​သွား​လေ၏ .. ဆိုင်​ကယ်​အပ်​ရန်​ ​နေရာတွင်​ အပ်​ခဲ့ပြီး ခန်းမရှိရာ ​လျောက်​လာခဲ့ကြသည်​ .. ခန်းမသို့ လာရာလမ်းတစ်​​လျှောက်​တွင်​ " မူးယစ်​အစ ​ဆေးလိပ်​က " "​ရှောင်​​လေ​လေ​ဝေး မူးယစ်​​ဆေး " " မူးယစ်​ဟူသမျှ ဆန့်​ကျင်​ကြ " စ​သော ဗွီနိုင်းဘုတ်​​လေးများကို လမ်း​ဘေးဝဲယာတွင်​ ထောင်​ထားကာ ​စေတနာ့ ဝန်​ထမ်း အမျိုးသား
ငြား ဒုက္ခ အကြီးအကျယ်​ ​ပေးနိုင်​​သော​ဆေးဝါးများပါ​ပေ ..
image
image
image
ထို့​နောက်​ ဆက်​လက်​၍ မူးယစ်​​ဆေးသုံးစွဲလျှင်​ ပထမဦးစွာ ​ငွေ​ကြေးအခက်​အခဲဖြစ်​ခြင်း​ကြောင့်​ ခိုးမှု လုယက်​မှုနှင့်​ လူသတ်​မိသည်​အထိ ကျူးလွန်​နိုင်​​လောက်​​အောင်​ဆိုးရွားမှုများ ..မူးယစ်​သား​ကောင်​များအား တရားဥပ​ဒေ၏ အပြစ်​​ပေးမှုများ၊ မူးယစ်​​ဆေးသုံးသူ၏ မိသားစုဝင်​များ မည်​မျှ ဒုက္ခ​ရောက်​ ပူ​ဆွေးဝမ်းနည်းကြရပုံများ .. မူးယစ်​​ဆေးသုံးသူကိုယ်​တိုင်​ ကိုယ်​​ရောစိတ်​ပါ ဆင်းရဲ ဒုက္ခ​ရောက်​ကာ ​နောက်​ဆုံး လူဖြစ်​ရှုံး၍သေပွဲဝင်​ရပုံ ​များကို ​လေ့လာမိပြီး အလွန်​ထိတ်​လန့်​မိ​ပေသည်​ .. ​ အစိုးရအ​နေဖြင့်​ မြန်​မာနိုင်​ငံ ရှမ်းပြည်​​နယ်​ ၊ အထူးသဖြင့်​ရှမ်း​ပြည်​မြောက်​ပိုင်း​​ဒေသများတွင်​ရှိ​သောဘိန်းစိုက်​ခင်းများအား လက်​ဖက်​ကဲ့သို့​သော ဝင်​​ငွေ​ကောင်းသည့်​အစားထိုးသီးနှံများ စိုက်​ပျိုးခြင်းဖြင့်​ ဘိန်းကင်းစင်​​ရေး​ကို ​​ဆောင်​ရွက်​​လျှက်​ရှိပြီး ဖမ်းဆီးမိ​သော မူးယစ်​​ဆေးများကို မီးရှို့ ဖျက်​ဆီးပုံများကို ​လေ့လာမိပါသည်​ ..
image
image
ထိုစဉ်​ " မဖြတ်​နိုင်​ခဲ့ရင်​ ကိုယ်​လည်း ခုချိန်​ ​သေ​လောက်​ပြီ ညီ ... " ကိုစည်​သူ့ထံမှ သံ​ဝေဂသံနှင့်​ ဝမ်းသာသံ ​ရောစွက်​​နေ​သော အသံ ကြားလိုက်​ရသည်​ .. ကျွန်​​တော်​က " ဒါ​ပေါ့ အစ်​ကိုရာ .. အစ်​ကို့ ​အောင်​မြင်​မှုအတွက်​ ဝမ်းသာတယ်​ဗျာ .. " ဟု​ပြောမိသည်​ .. ကိုစည်​သူက "မလွယ်​ဘူး ညီ .. ​ဆေးဖြတ်​တုန်းက ခံစားရတဲ့ ဒုက္ခ ကို ကိုယ်​ခုချိန်​ ပြန်​မ​ပြောပြတတ်​​လောက်​​အောင်​ပဲ .. အရမ်းခံရခက်​တယ်​ .. ​သေချင်​မိ​လောက်​​အောင်​​ပေါ့ကွာ .. ​ဆေးပြတ်​သွားပြန်​​တော့လဲ ကိုယ့်​ရဲ့ ​ဆေးမသုံးခင်​က ပတ်​ဝန်းကျင်
ကောင်း​လေးထဲကို ပြန်​ဝင်​ဖို့ ​တော်​​တော်​ခက်​တယ်​ ညီ .. ပြန်​လည်​ထူ​ထောင်​​ရေးကာလ​ပေါ့ကွာ .. ဘယ်​သူကမှ မယုံကြည်​ဘူး .. အမြဲ သံသယ မျက်​လုံး​တွေကို ရင်​ဆိုင်​ရတယ်​ ညီ .. ဒါ​တောင်​ ကို ​ဆေးပြတ်​သွားပြီ​နော်
..ကိုယ့်​ ဆရာသမားအရင်းကြီး​တွေကအစ
မယုံကြည်​​တော့ဘူး .. တစ်​ချို့ဆိုရင်​ 
ဆေးပြတ်​ပြီးမှ ပတ်​ဝန်းကျင်​မှာ လူရာမဝင်​လို့ သတ်​​သေသွားသူ​တွေ​တောင်​ ရှိတယ်​ညီ ..
အရမ်းခံစားခဲ့ရတယ်​ ... ဒီ​တော့ ညီငယ်​ ညီမငယ်​​တွေကို ကိုယ့်​လို​တွေ မခံစား​စေချင်​ဘူး ..
မဖြစ်​​စေချင်​ဘူး ညီရာ .. အဲ့ဒါ​ကြောင့်​မို့
လုံးဝမစမ်းကြပါနဲ့ .. စိတ်​ညစ်​စရာရှိလည်း အခြားနည်းနဲ့ ​ဖြေ​ဖျောက်​ကြပါ .. မူးယစ်​​ဆေးကို​တော့ လုံးဝ မစမိလိုက်​ပါနဲ့လို့​ပြောချင်​တယ် ညီရာ ...
မင်းလည်း ​ဆေးလိပ်​ဖြတ်​​တော့ကွာ ..." ကိုစည်​သူရဲ့ စကားအဆုံး ကျွန်​​တော်​ အလိုလို
ပင်​ ​ခေါင်းညိမ့်​မိ​လေသည်​ ...
ကျွန်​​တော်​အ​တွေးထဲတွင်​ ကိုစည်​သူ ​ပြောခဲ့​သော စူးစမ်းချင်​၍ သုံးမိခြင်း အ​ပေါင်းအသင်း​ကြောင့်​သုံးမိခြင်း၊ စိတ်​ညစ်​၍သုံးမိခြင်း
စသည့်​အချက်​များအပြင်​ လွယ်​လွယ်​ဝယ်​လို့ရ​နေ၍ သုံးမိခြင်း၊ ကိုယ်​​လေးစားအားကျရ​သော ပုဂ္ဂိုလ်​တို့ကို အားကျမိရာမှ ​ကောင်း
တာ အတုမယူဘဲ မ​ကောင်းတာ အတုယူ၍ သုံးမိခြင်းစသည့်​အချက်​များတို့ကိုပါ ​တွေး​နေမိ​လေ​တော့သည်​ .. အချို့အနုပညာရှင်​များ မူးယစ်​​ဆေးမှုဖြင့်​ အဖမ်းခံရသည့်​အတွက်​လည်း ရင်​​လေးမိသည်​ .. အနုပညာရှင်​ဆိုသည်​မှ
လူငယ်​​ထုအ​ပေါ် လွှမ်းမိုးနိုင်​သည်​မဟုတ်​ပါလား .. သို့​သော်​ မည်​သို့ပင်​ ဖြစ်​​စေ .. အဓိက က​တော့ မိမိပင်​ဖြစ်​သည်​ ..
မိမိစိတ်​ဓာတ်​ခိုင်​မာပါက မည်​သည့်​အ​ကြောင်းပြချက်​မှ မိမိကို မဆွဲ​ဆောင်​နိုင်​​ပေ ..
ကောင်းကျိုးဟူ၍ တစ်​စုံတစ်​ရာမရှိဘဲ မ​ကောင်းမှု အကျိုးဆက်​​တွေသာ​ပေးနိုင်​​သော မူးယစ်​​ဆေးကို မည်​သည့်​အ​ကြောင်းပြချက်​နဲ့မှ
မသုံးစွဲမိရန်​ အလွန်​အ​ရေးကြီး​ပေသည်​ ..
အိမ်​အပြန်​လမ်းတွင်​ နှစ်​​ယောက်​သားတိတ်​ဆိတ်​​နေမိသည်​ .. ကိုစည်​သူ​တော့ ဘာ​တွေ စဉ်းစား​နေမည်​မသိ .. ကျွန်​​တော်​က​တော့ အလွန်​​ကြောက်​စရာ​ကောင်းလှ​သော ​နောက်​ဆက်​တွဲ ဆိုးကျိုးများစွာနဲ့ ဘဝ​ပေါင်းများစွာကိုဖျက်​ဆီး​နေ​သည့်​ ဤမူးယစ်​​ဆေးအန္တရာယ်
ကြီးကို မြန်​မာလူငယ်​တိုင်းနားလည်​ သ​ဘော
ပေါက်​ပြီး ​ရှောင်​ကျဉ်​နိုင်​ရန်​ တတ်​နိုင်​သ​လောက်​ ကြိုးစားမည်​ ဟူ​သောဆုံးဖြတ်​ချက်​နဲ့အတူ လူငယ်​တိုင်း မူးယစ်​​ဆေး၏ သား​ကောင်​အဖြစ်​မှ လွတ်​ကင်းနိုင်​ဖို့ ဆန္ဒပြု ဆု​တောင်း​နေမိပါ​တော့သည်​ ....
အိမ်​အပြန်​လမ်း၌ မွန်းတည့်နေကား 
ခေါင်း​ပေါ်တွင်​ ထိန်​ထိန်​သာလျှက်​ .....
image
Photo Credit - Google Image
Written by @myanmarpyithar
MSC 103
Sort:  
တို့ မြန်ပြည်သားကြီး အလှည့်ထင်ပပါတယ်
အား​​ရှိ​စေပါတယ်​ ဘုရား .. ဒါ​ပေမယ့်​ မဖြစ်​နိုင်​​သေးပါဘူးဘုရား .. အများကြီးကြိုးစားရ အုံးမှာပါ ဘုရား ..
ရေးသားချက်တွေက ကောင်းမွန်ပါသည်။ တင်ပြချက်များကလည်းသေသပ်ပါသည်။ ဆောင်းပါးပြိုင်ပွဲအတွက် ရည်ရွယ်ချက်ပေါက်အောင်ရေးသားနိုင်ခြင်းမရှိပါ။ ပေးထားသည့်ခေါင်းစဉ်ကိုနားမလည်ခြင်းပင်လော။ ပုံများတင်ပြမှုအပိုင်းတွင် သေသပ်မှုမရှိပါ၊ စုပြုံညပ်သိပ်နေပါသည်။
ခုလို ​ထောက်​ပြ ဆုံးမ​ပေးတဲ့အတွက်​ ​ကျေးဇူးအများကြီးတင်​ပါတယ်​ ဆရာကြီးခင်​ဗျ။
အမှား​တွေ ပြင်​ဆင်​ပြီး ပိုကြိုးစားပါ့မယ်​ဗျ။
G4ကိုယ်စား ဆုရရှိနိုင်ပါစေ
ဆု​တော့ မမှန်းပါဘူးအစ်​မ​ရေ ..ပြိုင်​ပွဲဝင်​တယ်​ရယ်​ လို့ မဟုတ်​ပါဘူး .. ဝင်​​ရေးကြည့်​တဲ့ သ​ဘောပါဗျာ ..
ပြိုင်​ပွဲဝင်​ပို့ ထင်​တယ်
ဆုရရှိပါ​စေဗျာ
ဟုတ်​တယ်​ ကို​အောင်​ကြီး​ရေ .. ​ကျေးဇူးပါဗျ
ဘိန်းပန်းလေးတွေက လှတော့လှသားနော်
မမမြန်မာ မတွေ့စေနဲ့ သုပ်စားနေဦးမယ် ဟိဟိ
နောက်​ကျသွားပြီ​.. ဟိုကကြက်​သွန်​ဖြူ
ဆီကျက်​တောင်​ချက်​ပြီး​နြေ​ပီ ​လေ .. 😂😂
😂😂😂
လှသ​လောက်​ အန္တရာယ်​ကြီးတယ်​ဆိုတာ မျိုး​ပေါ့ အစ်​မ​ရေ ..
စာမဖတ်နိုင်လို့voteခဲ့ပါသည်။
ဆုရပါစေ
အေး​ရော​လေ .. ​ကျေးဇူးပါဗျာ .. 😂😂
ဂွတယ်တယ်ဗျာ
ကျေးဇူးပါဗျား ..
ကောင်းမှကောင်း
မာမီး​ခေါက်​ဆွဲ နဲ့ မှား​နေလားပဲ လို့ ..😂😂
အရေးအသားကောင်းပါ၏
ဆုရရှိပါစေ bro
ကျေးဇူးပါ အစ်​မ​ရေ ..
ဆုရရှိပါစေအကိုရေ...အားပေးနေပါတယ်
ကျေးဇူးပါဗျ .. အား​ပေးလို့ အားရှိသွားပြီဗျာ ..
Coin Marketplace
STEEM 0.23
TRX 0.12
JST 0.029
BTC 66435.81
ETH 3451.08
USDT 1.00
SBD 3.08