စိတ်​​စေရာ (ဇာတ်​သိမ်း)

in #myanmar6 years ago (edited)

image

"ဘကြီးသိန်းခ .. ဘကြီးသိန်းခ ...
ကျုပ်​ကို ကယ်​ပါအုံးဗျာ ...
ဘကြီးသိန်းခ ကျုပ်​ကိုကယ်​ပါအုံး .."
အိမ်​​ရှေ့ဆီမှ ​အလန့်​တကြား
ခေါ်သံ​ကြောင့်​ ဘကြီးသိန်းခ
ထွက်​ကြည့်​လိုက်​သည်​ ...

" ဟင်​ .... မြ​ဖေ.."
" ​ဟေ့ .. ဘာဖြစ်​လာတာတုန်းဟ.."
ဘကြီးသိန်းခ လှမ်း​အော်​​မေးလိုက်​သည်​ ...
"ဘကြီးသိန်းခ .. ကျုပ်​ကိုကယ်​ပါအုံးဗျာ .."

ကိုမြ​ဖေ ပုံစံကား အ​ရေးတကြီးနိုင်​လှသည်​ ..
နောက်​ပြီး မျက်​လုံးများက ဂဏာမငြိမ်​ ....
တစ်​စုံတစ်​ခုကို ​ကြောက်​ရွံ့​နေသလို အရမ်း ထိတ်​လန့်​ တုန်​လှုပ်​​နေပုံက သိသိသာသာ 
ပေါ်လွင်​​နေသည်​ ... မျက်​တွင်းများ​ဟောက်​ကာ လွန်​ခဲ့တဲ့ တစ်​ပတ်​​လောက်​က 
တွေ့တုန်းကလို ပြည့်​ပြည့်​ဖြိုးဖြိုးမဟုတ်​ ...
အ​တော်​​လေးပင်​ ပိန်​ ကျသွားသည်​ ...
" ဟ ... မြ​ဖေရ .. မင်းဘာ​တွေဖြစ်​​လာတာ
တုန်းဆိုတာလည်း​ ငါ့ကိုပြောအုံးဟ..."
ဘကြီးသိန်းခ အနည်းငယ်​​ငေါက်​လိုက်​မှ
ကိုမြ​ဖေ သတိဝင်​သွားဟန်​တူသည်​ ....
မျက်​လုံးများကို ကျီးကန်း​တောင်း​မှောက်​ကြည့်​ကာ ငိုသံပါကြီးနဲ့ ..
" ဘကြီးသိန်းခ ... ကျုပ်​ ..ကျုပ်​မအိပ်​ရတာ တစ်​ပတ်​​လောက်​ရှိပြီ .. ကျုပ်​ကို သူတို့​တွေ သတ်​ကြ​တော့မယ်​ .. ကျုပ်​ကို ဖမ်းပါဗျာ ...
ကျုပ်​မှာ အပြစ်​ရှိပါတယ်​ ... ကျုပ်​ဒီနားမှာမ​နေရဲ​တော့ဘူး ..ကျုပ်​ကို ဘုရားစင်​နား​ခေါ်သွားပါဗျာ ..ကျုပ်​အကုန်​​ပြောပြပါ့မယ်​... ကျုပ်​အပြစ်
တွေကို ဝန်​မခံ မခြင်း ကျုပ်​ကို သူတို့​တွေ
အမျိုးမျိုး​ခြောက်​လှန့်​​နေကြတယ်​ဗျာ ..ကျုပ်​ .. 
ကြောက်​တယ်​ဗျာ .. "
image
" ဘယ်​သူ​တွေက ​ခြောက်​တာတုန်း ..
ရှင်း​အောင်​​ပြော​လေကွာ .. မင်းဘာ​တွေ
လုပ်​ထားတာတုန်း ..." ဘကြီးသိန်းခ
မေးလိုက်​သည်​ ...
" ကြာစိရယ်​ ယဉ်​လှရယ်​ .. ​နောက်​ပြီး ​ရွှေအ
င​စွေ .. ဖိုး​ဆောင်း .... သူတို့​တွေ​ပေါ့ဗျာ ..
ကြာရင်​ ကျုပ်​ရူး​တော့မှာဗျ .. လုပ်​ပါ
ဘကြီးသိန်းခရယ်​ .. ကျုပ်​ကို ဘုရားစင်​နား
ခေါ်သွားပါ ..ကျုပ်​ အကုန်​​ပြောပြပါ့မယ်​ ..."
ကိုမြ​ဖေ ပါးစပ်​ကလည်း​ပြောရင်း မျက်​လုံးများကလည်း ခြံဝသို့ လှမ်းလှမ်းကြည့်​ကာ
ရုပ်​ပျက်​ဆင်းပျက်​ ​ကြောက်​လန့်​​နေ​ပေသည်​..
တ​စေ သရဲ မ​ကြောက်​တတ်​သူဟု
နာမည်​ကြီး​သော မြ​ဖေတစ်​​ယောက်
ဒီ​လောက်​ တုန်​လှုပ်​​နေတာမျိုး တစ်​ခါမှ
မ​တွေ့ဘူး​သော ဘကြီးသိန်းခ ကြို​မ​ဖေ​ကို
အထူးအဆန်းသဖွယ်​ ကြည့်​မိသည်​ ..
ထို့နောက်​အိမ်​​ထဲသို့ ​ခေါ်ကာ ဘုရားစင်​​ရှေ့
ထိုင်​ခိုင်းလိုက်​ပြီး ဘုရားစင်​​ပေါ်ရှိ​​​သော
ပရိတ်​​ရေအိုးထဲမှ ပရိတ်​​ရေအနည်းငယ်
တိုက်​လိုက်သည်​ ...
"ကဲ .. မြ​ဖေ .. ​ပြောစရာရှိတာ ​ပြော​တော့ .."
ကိုမြ​ဖေ ဘကြီးသိန်းခ ​ပေး​သော ပရိတ်​​ရေ ကို အငမ်းမရ ​သောက်​လိုက်​ပြီး ..

" ကျုပ်​ အကုန်​​ပြောပါ​တော့မယ်​ ....
အဲ့ဒီညက ............."

:::::::::::::::::::::::::::

ခင်​ဗျားတို့ မှတ်​မိကြ​လား ...
အဲ့ဒီညက ကျုပ်​ ညို ကြီးတို့ဆီကအပြန်​ အမဲသားတွဲကြီးဆွဲပြီး ဘကြီးသိန်းခတို့ဆီ ​ရောက်​သွား​တဲ့ ည​လေ ...
ရွှေအ အ​ကြောက်​လွန်​ပြီး သတိလစ်​သွားတဲ့ညဗျာ ...
င​စွေ ကျုပ်​ကို ဘာ​ပြောတယ်​မှတ်​လဲ ..
" သ​စေ ၊ သရဲ ၊ နာနာဘာဝ ​တွေကို
ခင်​ဗျား.အ​ကြောင်းမတိုက်​ဆိုင်​​သေးလို့
မ​တွေ့တာ​နေမှာပါ ..
ပက်​ပင်းတိုးမှ အဟုတ်​ ဖြစ်​​နေအုံးမယ်​ ..တဲ့"
ကျုပ်​ဆိုတဲ့ ​ကောင်​ကပဲ တကယ်​မ​တွေ့​သေးလို့ မ​ကြောက်​တဲ့ ပုံစံမျိုး ...
ဒင်း​ပြောပုံက ကျုပ်​သိက္ခာကို ​စော်​ကားလိုက်​သလိုပဲ .. ဟုတ်​တယ်​​လေ .. ခင်​ဗျားတို့ပဲ စဉ်းစားကြည့်​ .... မြ​ဖေလိုလူက သရဲ မ​ကြောက်​တတ်​ဖူးဆိုတာ လူတိုင်းသိတယ်​ ...​နောက်​ပြီးကျုပ်​မှာရှိတာဆိုလို့ အဲ့ဒီ ဂုဏ်​ပုဒ်​​လေးပဲရှိတာ ဒါကို ဒင်းက များ ရာရာစစ ....
ကျုပ်​ အဲ့ဒီ​ကောင်​ကို သိပ်​ကြည့်​ရတာမဟုတ်
ေ​တာ့ဘူး ..ရွာထဲက ​တွေ့တဲ့သူတိုင်းကို
စလိုက်​ ​​နောက်​လိုက်​နဲ့ .. အဲ့ဒီ​ကောင်​ စတာ 
နောက်​တာက လွန်​လွန်းတယ်​ ... တချို့ဆို လင်​မယား​တောင်​ ကွဲလုလု ဖြစ်​ကုန်​တယ်​ ...
ဒင်းကို​ နောင်​ကြဉ်​​အောင်​ နည်းနည်း​လောက်
တော့ ပညာ​ပေးမှ ဖြစ်​​တော့မယ်​ ...
ဒင်း အတတ်​နဲ့ ဒင်းစူးဖို့ ကျုပ်​စဉ်းစားထားပြီးသား ... ​နောင်​ကို သူတစ်​ပါးကို ​စ​ တော့မယ်​ဆိုရင်​ ဒီအဖြစ်​အပျက်​ကို ​တွေးမိပြီး
မစရဲ​တော့အောင်​​ပေါ့ဗျာ .. ကျုပ်​အ​တွေးထဲမှာ အားလုံး အစီအစဉ်​ဆွဲထားပြီးသား ...
တခြားဟုတ်​ရိုးလား ... 
မောင်​ရှင်​​လောင်းဖိုး​ဆောင်း​လေးကို
ကျုပ်​ဖွက်​လိုက်​မယ်​​လေ ..
ဘယ်​​နေရာဖွက်​ရမယ်​ဆိုတာ အ​ထွေအထူး
စဉ်းစား​နေဖို့မလိုဘူး .. ​ရွှေအ အ​ကြောက်
လွန်​တဲ့ညက ကျုပ်​ မကျည်းပင်​ကြီးကို မီးတုတ်​နဲ့ ပတ်​ကြည့်​​တော့ ​စဉ့်​အိုးကြီးတစ်​လုံး​တွေ့ခဲ့တယ်​ ... ဖိုး​ဆောင်းခန္ဓာကိုယ်​​လောက်
တော့ ​ချောင်​​ချောင်​ချိချိ ​နေလို့ရတယ်​ ...
နောက်​ပြီး ​ရွှေအကိုလည်းကျုပ်​ ​သေချာ​ပြောထားပြီးသား ... ကျုပ်​က ဖိုး​ဆောင်း​လေးကို
ဖွက်​မယ်​ ... ကလေး​ပျောက်​လို့
ရွာထဲကလူ​တွေ င​စွေလုပ်​တာထင်​ပြီး ဆူညံဆူညံ လုပ်​လာကြပြီဆိုရင်​ ဖိုး​ဆောင်း​လေးကို ​​အလှူအိမ်​ဆီ​ပြန်​​ခေါ်သွားဖို့ 
သေချာ မှာထားပြီးသား ...
ကျုပ်​လား .. ဟာ ..ဟား .. ညိုကြီးတို့ဆီမှာ တစ်​ခွက်​တစ်​ဖလား​လောက်​ သွား​သောက်
လိုက်​အုံးမယ်​​လေဗျာ .. ကျုပ်​နဲ့ အလှူပွဲဆိုတာ ဘာဆိုင်​တာမှတ်​လို့ .. ဟုတ်​ဖူးလား ..
အဲ့တာ​ကြောင့်​ ​ရွှေအ ကို ​သေချာမှာ​နေတာဗျ .. အဲ .. က​လေးကို ပြန်​ပို့တဲ့ အခါကျရင်​လည်း ဘယ်​သူဖွက်​မှန်းမသိ​ကြောင်း က​လေးကို​တွေ့လို့သာ ခေါ်လာတာဖြစ်​​ကြောင်း 
ပြောပြဖို့ ​သေချာမှာထားတယ်​ဗျာ ... ဟား..ဟား..
ဒါမျိုးလုပ်​တတ်​တာ ရွာမှာ င​စွေ တစ်​​ယောက်​ပဲရှိတာ​လေ .. အားလုံးကသူ့ကိုပဲ ထင်​ကြမှာ
အလှူလှည့်ခါနီး ကသိက​အောက်​ လုပ်​တဲ့
ကောင်​ဆိုပြီး အားလုံးကစိတ်​ဆိုးကြမယ်​ ...
င​စွေလည်း သူမလုပ်​ရဘဲ အထင်​ခံရလို့
နောက်​ဆို ဆင်​ခြင်​သွားလိမ့်​မယ်​ ...
ကဲ ... ဘယ်​​လောက်​​ကောင်းတုန်း ...

သြော်​ ... ​မေ့လို့ ... ​ရွှေအ ကို ဘယ်​လိုစည်းရုံးလိုက်​လဲဆိုတာ ​ပြောရအုံးမယ်​ဗျ .....
အဲ့​ဒီ​ကောင်​ အ​ကြောက်​လွန်​တဲ့ညပဲ​လေ ..
ကျုပ်​သူ့ကို အိမ်​ပြန်​လိုက်​ပို့ရင်း
ကျုပ်​အစီအစဉ်​ကို​ပြောပြ​တော့
သူအသည်းအသန်​ငြင်းတယ်​ ..
ဘာလို့တုန်းဆို​တော့ .. ကြာစိကို ​ကြောက်​လို့တဲ့​လေ .. သူ့သားကို မဖွက်​ရဲဘူးတဲ့ ..
"ဟ ​ကောင်​ရ ဖွက်​မှာက ငါပါဟ .. မင်းက
ပြန်​ရှာ​တွေ့ရမှာ .. ​နောက်​ပြီး မင်းက သူ့သားကို ပြန်​​တွေ့တာဆို​တော့ ကြာစိက 
ကျေးဇူး​တောင်​ တင်​​နေအုံးမှာ " ဆိုမှ
လက်​ခံတာ​ဗျာ ..ဒါ​တောင်​ အင်​တင်​တင်
လုပ်​​နေလို့ ကျုပ်​ပါတဲ့ အမဲသားတွဲကြီး​ပေးပြီး
အ​ပေး အယူတည့်​ခဲ့ကြတာ ....

အဲ့ဒီ​နောက်​ ကျုပ်​အကြံကို အ​ကောင်​အထည်​ 
ဖော်​လိုက်​တယ်​ ...​တကယ့်​လက်​​တွေ့က
အ​တွေးထဲက​လောက်​ အဆင်​မ​ပြေဘူးဗျ ..
ဖိုး​ဆောင်း​လေးက ဘယ်​လိုမှ အိုးထဲကို
အသာတကြည်​ဝင်​မှာမဟုတ်​ဘူး .. ကျုပ်​တစ်​မျိုးကြံရတယ်​ .. လူလစ်​တုန်း ဖိုး​ဆောင်း​လေးကို ခဏသတိလစ်​​အောင်​ ဇက်​ပိုးကို
ခတ်​ဆတ်​ဆတ်​​လေးရိုက်​ပြီး 
ခေါ်လာခဲ့ရတယ်​ .. အကြာကြီး​တော့ မ​မေ့ပါဘူး .. ကျုပ်​လက်​ဆ ကျုပ်​ယုံတယ်​​လေ ..
ဒါ​ပေမယ့်​ စိတ်​မ​ကောင်း​တော့ဖြစ်​မိ​သား .. ကျုပ်​က က​လေးကို နာကျင်​​အောင်
မလုပ်​ချင်​ပါဘူးဗျာ ... ကျုပ်​သင်​ခန်းစာ 
ပေးချင်​တာက င​စွေ ... ကျုပ်​ ဖိုး​ဆောင်း​လေးကို စဉ့်​အိုးထဲ ထည့်​ပြီး​တော့ တစ်​ခု​တွေးမိတယ်​ ..​အလှူအိမ်​က ဖွင့်​တဲ့ အသံ​တွေ​ကြောင့်
ကျုပ်​မှန်းထားတဲ့ အချိန်​ထက်​ ​စောနိုးလာရင်​ ကျုပ်​အစီအစဉ်​ ပျက်​ပြီ ..အဲ့ဒီ အသံ​တွေကို
ဖိုး​ဆောင်း မကြားရ​အောင်​ တစ်​ခုခုနဲ့ ဖုံးရမယ်​ .. ဒါနဲ့ လိုက်​ရှာ​တော့ ဘကြီးသိန်းခတို့
ထမင်းချက်​ တဲ့နားက သံပြားကြီးကြီး
တစ်​ချပ်​ ​တွေ့တယ် ... ဘယ်​​နေရာမှာ သုံးတာလဲ​တော့ကျုပ်​လည်းမသိဘူး .... ​ထွေ​ထွေထူးထူး စဉ်းစားမ​နေအားဘူး ... ​တွေ့တဲ့
သံပြားနဲ့ စဉ့်​အိုးအဝ ​ပေါ်ပိတ်​လိုက်​တယ်​ ...အဲ့ဒီအ​ပေါ်က​နေမှ ​သေချာ​အောင်​ 
ကျောက်​ခဲတစ်​လုံး ထပ်​ဖိခဲ့​သေးတယ်​ ...
နောက်​​တော့ ရွှေအ ကိုေ​သချာမှာပြီး
အစောင့်​ထားခဲ့လိုက်​တယ်​ ....
ကျုပ်​ က​တော့ ညိုကြီးတို့ဆီ
ထွက်​လာခဲ့​တော့တယ်​ .....

::::::::::::::::::::::::
ဒီလိုနဲ့ ညို ကြီးတို့ဆီက ကျုပ်​ပြန်​လာ​တော့
တောထဲမှာ ရုတ်​တရက်​ ရွှေအကို ​တွေ့လိုက်​တယ်​ .. ဖိုး​ဆောင်း​လေး
အသက်​ရှူ ကြပ်​ပြီး​သေပြီတဲ့ .. င​စွေ့ကိုလည်း ရွာသား​တွေ ဝိုင်းရိုက်​ကြလို့ ထွက်​​ပြေးရင်း သူ့ပါလာတဲ့ဓားနဲ့ ပြန်​ထိုးမိပြီး​သေပြီတဲ့ ..သူက ​ပြော​သေးတယ်​ .. ဘာတဲ့ ...
ဖိုး​ဆောင်းကို ကျုပ်​သတ်​တာတဲ့ .. ​နောက်​ပြီး သူအရမ်း​ကြောက်​တယ်​တဲ့ .. ဘာလုပ်​ရမှန်းမသိလို့ ကျုပ်​ကို လာရှာတာတဲ့ ..
အာ ... ဘာ​တွေလဲ ...
သူ့ကို​သေချာ​စောင့်​ကြည့်​ခိုင်းထားတယ်​​လေ .. မင်းက ဘာလို့ ​စောင့်​မကြည့်​တာတုန်းဆို​တော့ ဖိုး​ဆောင်းကို ​မေ့ပြီး က​လေး​တွေနဲ့ သွား​ဆော့​နေတာတဲ့ဗျာ ... ကဲ ဘယ်​​လောက်​စိတ်​တိုစရာ ​ကောင်းလိုက်​လဲ ..
ကျုပ်​အရမ်းစိတ်​တိုသွားတယ် ...
မဟုတ်​ဘူး ..ကျုပ်​ ဘယ်​သူ့ကိုမှ မသတ်​ဘူး .. ဖိုး​ဆောင်းကို သတ်​တာ ငါမဟုတ်​ဘူး
မင်းသတ်​တာ ​ရွှေအ .. မင်းသတ်​တာ ...
နောက်​ပြီး သူက ဘာ​ပြော​သေးတယ်​မှတ်​လဲ
ရွာကိုပြန်​ပြီး အကုန်​လုံးကိုသွား​ပြောမယ်​တဲ့​လေ ... ကျုပ်​​တွေးမိတယ်​ ..သူက 
စောင့်​မကြည့်​တာတစ်​ခုပဲ​ ... ကျန်​တဲ့
ကိစ္စ​တွေက ကျုပ်​လုပ်​ထားတာ ..
ကျုပ်​လည်​ပင်းကို ကြိုးကွင်းစွပ်​ဖို့တော့ အလုပ်​မခံနိုင်​ဘူးဗျာ . ကျုပ်​ဘာမှ စဉ်းစားမ​နေ​တော့ဘူး ..အသာ​လေး သူ့​နောက်​က​နေပတ်​ပြီး
ကျုပ်​ ပါလာတဲ့ဓားနဲ့ သူ့လည်​ပင်းကို
တစ်​ချက်​တည်းလှီးပစ်​လိုက်​တယ်​ ..
ဟုတ်​တ​ယ်​လေ..သူမ​ပြောရင်​ ဘယ်​သူမှ
ဒီကိစ္စကို မသိနိုင်​​တော့ဘူး ...
သူ့လည်​ပင်းသူကိုင်​ရင်း
ကျုပ်​ကို အံ့သြတကြီး လှည့်​ကြည့်​တယ်​ ..
မတတ်​နိုင်​ဘူး ​ရွှေအ​ရေ .. မင်းပါးစပ်​ကို ဒီလိုပိတ်​မှရမှာမို့ ပိတ်​လိုက်​ရတာပဲ ... ကျုပ်
သူ​သေတာကို ထိုင်​ကြည့်​​နေရင်း
အကြံတစ်​ခုရလာတယ်​ .. အ​လောင်းကို 
တောထဲမှာ​ဖျောက်​လိုက်​ရင်​ ရ​ပေမယ့်
ဒီကိစ္စကို ကျုပ်​ကိုယ်​တိုင်​ အသိ​ပေးမှ ဖြစ်​မယ်​ .. ဘာလို့လဲဆို​တော့ .. ကျုပ်​ကိုသံသယ ဝင်​တဲ့သူရှိရင်​လာရင်​ "ကျုပ်​သတ်​တာဆို 
တောထဲမှာတင်​​ဖျောက်​လိုက်​မှာ​ပေါ့ ..
ဘာကိစ္စ အ​သိ​ပေး​နေမှာတုန်း " ဆိုပြီး ကျုပ်​ဘက်​က တစ်​ကွက်​သာ​နေ​အောင်​​ပေါ့ ..
ဘယ်​သူမှ မစဉ်းစားတာမျိုး ကျုပ်​စဉ်းစားရမယ်​ .. ကျုပ်​ဓားကို လုံလုံခြုံခြုံဖွက်​လိုက်​တယ်​ .. ​ခြေရာ လက်​ရာ​တွေ မကျန်​​​အောင်
စိတ်​တိုင်းကျ ရှင်းလင်းလိုက်​တယ်​ ..
စိတ်​ချရတဲ့ အ​နေအထား ​ရောက်​ပြီဆို​တော့မှ
ကျုပ်​ရွာကို ​အ​ပြေးပြန်​လာခဲ့တယ်​ ...
ရွာ​ရောက်​​တော့ ဘကြီးသိန်းခရှိ​လောက်​မယ်​ထင်​တဲ့ အလှူအိမ်​ကို ​ပြေးလာခဲ့တယ်​ ..
အဲ့ဒီ​ရောက်​​တော့ ကျုပ်​​ခေါင်းနားပန်းကြီးသွားတယ်​.. ဘယ်​ချိန်​က ​ရောက်​​နေမှန်း မသိတဲ့ ရဲ​တွေ .. မတတ်​နိုင်​ဘူး .. ကျုပ်​စီစဉ်​ထားတဲ့ အတိုင်း ဆက်​လုပ်​ရမှာပဲ .. သူတို့ကို ​ခေါ်လာပြီး ​ရွှေအ အ​လောင်းရှိရာ ပြန်​လာတဲ့ လမ်းတ​လျောက်​ ကျုပ်​ကို ရဲ​တွေ
ွ​မေးနိုင်​မယ်​ထင်​တဲ့ ​မေးခွန်း​တွေ
ကိုယ့်​ဖာသာကိုယ်​စဉ်းစား
မေးရင်း တစ်​ခုချင်းစီ အတွက်​ အ​ဖြေ​တွေ
စဉ်းစားလာခဲ့တယ်​ ...
ရွှေအ အ​လောင်း ရှိ​တဲ့​နေရာ​ရောက်​​တော့
ကျုပ်​လှမ်းကြည့်​မိ​သေးတယ်​ .. မပိတ်​​သေးတဲ့ မျက်​လုံး​တွေက ကျုပ်​ကို ကြည့်​​နေသလိုပဲ ...အချိန်​ကလည်း ​မှောင်​​နေပြီမို့ ရဲ​တွေ
ဘာသဲလွန်​စမှ ရှာ​တွေ့ဟန်​ မတူပါဘူး ..
ကျုပ်​ကလည်း ​သေချာလုပ်​ထားတာ​လေ ...
နောက်​​တော့ ​ရွှေအ အ​လောင်းကို ပြန်​သယ်​လာပြီး သင်္ချိုင်းမှာ ထားလိုက်​ကြတယ်​ ...
ရဲ​တွေလား .... ကျုပ်​ကို ​မေးခွန်း​တွေ
အများကြီး​မေးတာ​ပေါ့ဗျာ .. ကျုပ်​မစိုးရိမ်​ပါဘူး ... ကျုပ်​ အားလုံးပြင်​ဆင်​ပြီးသား ...
နောက်​​တော့ ကျုပ်​အိမ်​ပြန်​လာတယ်​​ပေါ့ဗျာ ...

:::::::::::::::::::

ကျုပ်​အိမ်​ပြန်​လမ်းတ​လျှောက်​ ပုတ်​အဲ့အဲ့ အနံ့တစ်​ခုရတယ်​ .. ကျုပ်​သတိထားမိတာ 
နောက်​တစ်​ခုက ​ခြေသံ .... ပြန်​လာတာ ကျုပ်​တစ်​​ယောက်​ထဲ​လေ ... ​ခြေသံက ​တော်​​တော်​များ​နေတယ်​ .. ရုတ်​တရက်​ ကျုပ်​​နောက်​လှည့်​ကြည့်​လိုက်​တယ်​ .. ဘာမှမရှိပါဘူး ..
ဒါနဲ့ ကျုပ်​ပြန်​​လျောက်​လာ​တော့ ​ခြေသံ​တွေ
ပြန်​ကြားရပြန်​​ရော ... ဒီတစ်​ခါ ကျုပ်​စမ်းကြည့်​ချင်​တာနဲ့ ​ပြေးကြည့်​တယ်​ .. ​ခြေသံ​တွေက 
ပြေးလိုက်​လာတယ်​ ... ရုတ်​တရက်​ ကျုပ်​ကို တစ်​​ယောက်​​ယောက်​​စောင့်​တွန်းလိုက်​သလို ကျုပ်​​ရှေ့ဟပ်​ထိုး လဲသွားတယ်​ .. ကျုပ်​စိတ်​တို
ပြီး ပြန်​ထဖို့လုပ်​​တော့ ဘယ်​လိုမှ ထမရ​တော့ဘူး ... ပုပ်​စော်​တွေကလည်း အရမ်းနံတယ်​ဗျာ ... ကျုပ်​​ကျော​ပေါ်မှာ တက်​ဖိထားသလို ခံစားရပြီး လဲ​နေတဲ့ကျုပ်​မျက်​နှာနားမှာ ​ခွေးနက်
ကြီးတစ်​​ကောင်​က သွားရည်​အရွှဲသားနဲ့
မာန်​ဖီပြီး ကြည့်​​နေတယ်​ .. အနီ​ရောင်​သန်း
နေတဲ့ မျက်​လုံး​တွေက ကျုပ်​ကို စူးစူးရဲရဲစိုက်
ကြည့်​ပြီး ကျုပ်​မျက်​နှာကို ကိုက်​လိုက်​တယ်​ ....
"အားးးး..."
ကျုပ်​အာ​ခေါင်​ခြစ်​ပြီး​အော်​လိုက်​မိတယ်​ ... 
သေချာကြည့်​မိ​တော့ .. ကျုပ်​အိပ်​မက်​မက်​​နေတာပဲ ... ညက ​ရွှေအ အ​လောင်း ပို့ပြီး
အိမ်​ပြန်​​ရောက်​​တော့ ချက်​ခြင်း အိပ်​​ပျော်​သွားတာ​နေမှာ .. အခုထိ မိုးမလင်း​သေး .....
"ဟင်​ .." အနံ့တစ်​ခုရလိုက်​တယ်​ ..
အိပ်​မက်​ထဲက အပုပ်​နံ့ ....
နှာ​ခေါင်းထဲကို အပုပ်​နံ့တစ်​ခုနဲ့အတူ
မည်းမည်းအရာနှစ်​ခု ကျု ပ်​​အိပ်​ယာနား
ရောက်​လာတယ်​ ...
"ဟာာ ... ကြာစိ ... ယဉ်​လှ .."
ကျုပ်​အိပ်​မက်​​ထပ်​မက်​​နေတာလား ..ကျုပ်​ကိုကျုပ်​ ရိုက်​ကြည့်​လိုက်​တယ်​ ... အိပ်​မက်
မဟုတ်​ဘူး တကယ်​ ဖြစ်​​နေတာပဲ ...
သူတို့နှစ်​​ယောက်​ မျက်​နှာ​တွေက ရုပ်​ပျက်​ဆင်းပျက်​ .. ကျုပ်​ကို ပြိုင်​တူ လက်​ညှိုးထိုးပြီး
" ငါတို့သားကို နင်​သတ်​တာ ..
နင့်​ကိုမ​ကျေနပ်​ဘူး .. နင်​ အ​သေဆိုးနဲ့
သေရမယ်​ .."
နောက်​ထပ်​​ရောက်​လာတာက ​ရွှေအ .. 
သွေး​တွေ တလ​ဟောကျ​နေတဲ့ သူ့လည်​ပင်းကိုင်​ရင်း ကျုပ်​ကို ပါးစပ်​က တစ်​ခုခု​ပြော​နေတယ်​ .. ဒါ​ပေမယ့်​ ကျုပ်​မကြားရဘူး ..​ရွှေအ က ရုတ်​တရက်​ သူ့​ခေါင်းသူ ဆွဲဖြုတ်​လိုက်​ပြီး
ကျုပ်​ဆီလှမ်းပစ်​လိုက်​တယ်​ ... အားး ..
သူ့​ခေါင်းကြီးက ကျုပ်​လက်​ထဲမှာ ... ကျုပ်​ကို သူ ​သေခါနီး ကြည့်​တဲ့ အကြည့်​နဲ့ကြည့်​ပြီး ..
" လူသတ်​​ကောင်​ ... လူသတ်​​ကောင်​ " ဆိုပြီးဆက်​တိုက်​​အော်​​နေတယ်​ .....
ကျုပ်​ .. ကျုပ်​ .. အိမ်​ထဲမှာ မ​နေရဲ​တော့ဘူး .. အိမ်​ပြင်​ကို ထွက်​​ပြေးခဲ့တယ်​ ..ကျုပ်​​နောက်​ တစ်​​ယောက်​​ယောက်​​ပြေးလိုက်​လာသံ
ကျုပ်​ကြားလိုက်​တယ်​ .. ကျုပ်​အားရှိသွားပြီး 
နောက်​လှည့်​ကြည့်​လိုက်​​တော့ င​စွေ ​လေ .. ဖိုး​ဆောင်းကို ထမ်းပြီးကျုပ်​​နောက်​လိုက်လာတယ်​ .... ရင်​ဘတ်​မှာ ဓားတန်းလန်းနဲ့ ..
ကျုပ်​ကိုစကားလှမ်း​ပြောတယ်​ ...
" ကျုပ်​ မ လုပ်​ ဘူး" "ကျုပ်​ မ လုပ်​ ဘူး " တဲ့
သူတို့​တွေ အကုန်​ ကျုပ်​​နောက်​ကို 
နေ့​ရောညပါ လိုက်​​နေကြတယ်​ .....
တစ်​ရက်​လည်းမဟုတ်​ .....
နှစ်​ရက်​လည်းမဟုတ်​ ... ​နေ့တိုင်းကျုပ်​ကို 
ခြောက်​​နေကြတယ်​ဗျ .....
image

" ​ဟော ..... သူတို့​ရောက်​လာကြပြီ ..
ဘကြီးသိန်းခ သူတို့​တွေ ခင်​ဗျား ခြံထဲ ​ရောက်​လာကြပြီ ... ကျုပ်​ကို သတ်​ကြ​တော့မယ်​ .." ကိုမြ​ဖေ စကား​ပြောရင်း မျက်​လုံးများက
ကြောင်​​တောင်​​တောင်​နိုင်​လှစွာ
ဘကြီးသိန်းခ ခြံထဲ လက်​ညှိုးထိုးပြပြီး
ိအိမ်​​ပေါ်မှ ထ​ပြေး​လေသည်​ ...
" ​ဟေ့ ​ဟေ့ မြ​ဖေ .." ရုတ်​တရက်​မို့
ဘကြီးသိန်းခလည်း မတားနိုင်​လိုက်​​ပေ ....
" ဝုန်း "
" အားး...."
ကိုမြ​ဖေ ထ​ပြေးရင်း ခလုတ်​တိုက်​ကာ ဘကြီးသိန်းခ၏ ကွပ်​ပျစ်​​စောင်းနဲ့ နဖူး တိုက်​မိသွား
ခြင်းဖြစ်​သည်​ ... ဘကြီးသိန်းခ ကိုမြ​ဖေဆီ အမြန်​သွားလိုက်​သည်​ ..
ကိုမြ​ဖေနဖူးတွင်​​တော့ သွေးတို့ကရဲလျှက်​ ...

အခု​တော့ .......
ကိုမြ​ဖေတစ်​​ယောက်​ ..
သူသတိပြန်​ရလာကတည်းက ဘယ်​သူ့ကိုမှ မသိ ဘာကိုမှသတိမရ​တော့​ပေ ...
သူတစ်​​ယောက်​တည်းစကား​တွေ ​ပြော​နေ​လေ့ရှိပြီး တခါတရံ​တော့
" ​တကယ်​​ခြောက်​ရင်​ ​ကြောက်​စရာ
ကောင်းတယ်​....." ဟူ၍
ကြားရတတ်​ပါသည်​ .... သူ့ဘဝရဲ့
ကျန်​​နေ​သေးတဲ့ အချိန်​​တွေကို
စိတ္တဇ ​ဆေးရုံ​ပေါ်တွင်​ ကုန်​ဆုံးရင်း
သူရဲ့ စိတ်​​စေရာအတိုင်း 
မျောလွင့်​​နေအုံးမည်​ ဖြစ်​​ပေ​တော့သည်​ ....

ပြီးပါပြီ ..........
စိတ်​ရှည်​ သည်းခံဖတ်​ရှု ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ ခင်​ဗျာ .... ရွှင်​လန်းချမ်း​မြေ့ပါ​စေ .....
(March - 9 - 18
12:46 am, Friday )

image
Photo Credit - Google Image
Written by @myanmarpyithar
MSC 103

Sort:  

ယဉ်ယဉ်လေးရူးတာပိုဆိုးတယ်နော်ကိုယ့်ကိုကိုယ်ဒုက္ခရောက်စေတယ်။ကောင်းတယ်အစ်ကိုဇာတ်သိမ်းလေး။

ကျေးဇူးပါ အစ်​ကို​ရေ ... သူခမျာ တစ်​​ယောက်​တည်း ယဉ်​ယဉ်​​လေး.ရူးသွားရှာပြီ ..ကံကြမ္မာရဲ့ ​လှည့်​ကွက်​​အောက်​မှာ​ပေါ့ဗျာ ...

ဖတ်​ရင်​နဲ့စိတ်​လှုပ်​ရှားတာ
စိတ်​များဖမ်းဆုပ်​နိုင်​ဖို့ခက်​သား

အဆုံးထိ ဖတ်​​ပေးတာ​ကျေးဇူးပါ ကိုကြီး​ရေ ..
စိတ်​ကို မဖမ်းဆုပ်​နိုင်​တဲ့ ကိုမြ​ဖေ တစ်​​ယောက်​က​တော့ .... သူ့စိတ်​​စေစားရာအတိုင်း ယဉ်​ယဉ်​​လေး ဖြစ်​​နေရပြီ ကိုကြီး​ရေ ..

ကြောက်​စရာ အသည်း​တွေ​တောင်​ဘယ်​​ချောင်​​ရောက်​သွားလဲမသိဘူး လိုက်​​ကောက်​ရအုံးမှာ😁😁

လိုက်​​ကောက်​ လိုက်​​ကောက်​ bro ​ရေ .. ​ကောက်​ရင်း​သေချာကြည့်​အုံး ..​ရွှေအနဲ့​တွေ့​နေမှဖြင့်​ ...

တစ်ရွာလုံးများ သရဲဇာတ်သွင်တော့မလား မသိပါဘူးအေ ကျက်ရွာဆိုတာကြားဖူးတယ်

ဒါ​​တောင်​ဆက်​​ရေးရမှာ ပျင်းလာလို့ သိမ်းလိုက်​တာ​နော်​ ဟီး 😀

တော်​​သေးတယ်​ညကမဖတ်​လိုက်​ရလို့ ညဖတ်​မိရင်​​တော်​​တော်​လန့်​​နေမိမာ😂

သနားစရာ သရဲ ဒွမ်​မာ​လေးပါ ..😂😂

ဘယ်သူ့အပြစ်တင်ရပါ့ သဗေသတ္တာ ကမ္မသကာ ပေါ့

ဟုတ်​ပါ့အစ်​ကို​ရေ .. အဆုံးထိ ဖတ်​​ပေးတာ
ကျေးဇူးပါဗျ ..

တလွဲမာန တခုကြောင့် မဖြစ်သင့်တာတွေဖြစ်ကုန်ရတာပေါ့။လွဲမှားသွားတဲ့ စိတ်စေရာတခုက ဘ၀များစွာကိုပျက်စီးသွားစေတာပေါ့။

အမှန်​ပဲ အစ်​ကို​ရေ ... တစ်​ခါတ​လေကျ​တော့စိတ်​ကူးယဉ်​ထက်​ လက်​​တွေ့က ပိုဆန်းကြယ်​တတ်​တယ်​​လေ ...

ယဉ်ယဉ်လေးရူးသွားတာပေါ့နော်

ဟုတ်​ပါတယ်​ အစ်​ကို​ရေ .. ဖတ်​​ပေးတာ ​ကျေးဇူးဗျာ

ပုံတွေကြည့်ပြီး လန့်ထှာ

မ​ကြောက်​ပါနဲ့ အစ်​မရယ်​ .. သနားစရာ​လေး​တွေပါ ... အပြင်​မှာ တကယ်​​တွေ့ရင်​ ဘယ်​​လောက်​သနားစရာ​ကောင်းတယ်​ဆိုတာ သိလိမ့်​မယ်​ ..​တွေ့မလားဟင်​ ..😂😂

ဟင့်အင်း....တွေ့ဘူး တွေ့ဘူး 😩

ခဏ​လောက်​ဖြစ်​ဖြစ်​ ​တွေ့ကြည့်​ပါလား အစ်​မရယ်​ .. ​သူ တို့နဲ့ မ​တွေ့ချင်​ရင်​ ကိုမြ​ဖေ ​နေတဲ့ ဆီ လိုက်​ပြရမလားဟင်​ ... 😂😂

ငါမှာ ယဉ်​ယဉ်​​လေးရူး.. .....

ရူးဟူး ...ဟူး စဉ်းစားတိုင်းငါရူး .. ဟူး..
အဲ့လို ဆက်​ဆိုချင်​​ပေမယ့်​ စာသားမရလို့ မဆို​တော့ဘူးဗျာ ..😂😂

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09