စိတ်​​စေရာ (၂)

in #myanmar8 years ago

image
မနက်​ဖြန်​ ရှင်​​လောင်းလှည့်​အပြန်
ကျွေးဖို့ ချက်​ပြုတ်​​နေကြသည့်
ဘကြီးသိန်းခတို့ အိုးသူကြီးအဖွဲ့မှာလည်း
အလှူ့ရှင်​စိတ်​ကြိုက်​ လို​လေ​သေးမရှိ
မ​မောနိုင်​မပန်းနိုင်​ ​ချက်​ပြုတ်​​နေကြပြီး
တစ်​ဦးနဲ့ တစ်​ဦး စလိုက်​​နောက်​လိုက်​နဲ့
တဝါးဝါး တဟားဟား တ​ပျော်​တပါးကြီး
ပွဲကျလျှက်​ရှိသည်​ ...

အားလုံးချက်​ပြုတ်​ပြီးချိန်​တွင်
လ​ရောင်​​အောက်​တွင်​ထိုင်​ကာ
အကြမ်း​ရေ(​ရေ​နွေးကြမ်း) ​သောက်​ကြရင်း
ရောက်​တတ်​ရာရာ ​​ပြောဆို
ငြင်းခုံကြပြန်​သည်​ ...
တစ်​ရွာထဲ အတူ​နေကြ​သော်​လည်း
ကျန်​တဲ့အချိန်​ကိုယ့်​အလုပ်​နဲ့ ကိုယ်​မို့
ခုလို လူစုံတုန်း ​ပြောစရာ​တွေကလည်း
မကုန်​နိုင်​ ...
မိုးကလည်းချုပ်​သည်​ထက်​ချုပ်​လာသည်​ .....
ညဉ့်​နက်​သည်​ထက်​နက်​လာပြီ ...
င​စွေနဲ့ ​ရွှေအ လည်းအိုးသူကြီးအဖွဲ့နဲ့အတူ
စကားလက်​ဆုံကျလျက်​ရှိသည်​ ..
ရွှေအ က အိုးသူကြီးအဖွဲ့ထဲ​တော့မပါ​ပေ ..
ဖင်​​ပေါ့၍ ​ခိုင်း​ကောင်းသူမို့ ဘကြီးသိန်းခက 
တောက်​တိုမယ်​ရ ခိုင်းဖို့
ခေါ်ထားခြင်းဖြစ်​သည်​....
င​စွေက​တော့ သက်​ကြီးစကား
သက်​ငယ်​ကြားဆိုသလို ခုလို
လူစုံတဲ့​နေရာ​တွေဆို
သူအမြဲ​ရောက်​သည်​ ..

" ဘ .. ဘ..ကြီးသိန်းခ .. ကျုပ်​ ..ကျုပ်
တစ်​ခု​လောက်​​.. ​မေး..​မေး..မေးအုံးမယ်​ဗျ "

ရွှေအတစ်​​ယောက်​ ​ပြောလည်း​ပြော
လူကြားထဲ အနည်းငယ်​တိုးလိုက်​သည်​ ...

" ဘာတုန်း ​ရွေအ ရ "
င​စွေ လှမ်း​ပေး​သော အကြမ်း​ရေပန်းကန်​ကိုယူရင်း ဘကြီးသိန်းခ ပြန်​ထူးသည်​ ...

ရွှေအ က နောက်​​ကျောမလုံသလို
တစ်​ချက်​​နောက်​လှည့်​ကြည့်​လိုက်​ပြီး

" ဟို..ဟို..ဟို ကိုရင်​ကြာစိနဲ့ မ..မ..မယဉ်​လှ တို့က မ..မကျွတ်​ဖူးဆိုတာ တ..တ..တ..
တကယ်​လားဗျ ... ​နောက်​..
နောက်ပြီး ..အရီး​လေး​ဒွေးလှကို အိမ်​..အိမ်​..အိပ်​မက်​​ပေးတယ်​တယ်​ဆိုတာ အ..အ..အ..အဟုတ်​လားဗျ .."
image
ဘကြီးသိန်းခ က ချက်​ခြင်းမ​ဖြေ​သေးဘဲ
အကြမ်း​ရေကုန်​​အောင်​​သောက်​လိုက်​သည်​ ..
ပြီးမှ ..
"အင်း .. အဲ့တာက ​ပြောရခက်​တယ်​ကွ ..
အားလုံးနားလည်​​အောင်​​ပြောရရင်
တရားသ​ဘောအရ​ ကြားခုလပ်​ကာလဆိုတာမရှိဘူးကွ ... ​​ကုသိုလ်​ အကုသိုလ်​အရ
သေပြီးရင်​သူသွားရမယ့်​ဘဝကို
ချက်​ခြင်း​ရောက်​ရမှာပဲ ... ဒီမှာပျက်ရင်
ဖြစ်​ရမယ့်​​နေရာမှာ​​ ချက်​ခြင်း ဖြစ်​တာပဲ ..
တကယ်​တမ်း ဟုတ်​​နေခဲ့ရင်​​တောင်
ကြာစိနဲ့ ယဉ်​လှကမကျွတ်​တာ မဟုတ်​ဘူး ..
သေခါနီးအစွဲအလန်း​ကြောင့်
ပြိတ္တာဘဝကို​ ရောက်​​နေကြတဲ့
ပြိတ္တာ​တွေလို့ ပြောရမယ်​ ....ဘဝ​ဟောင်းမှာ​တော့ ကြာစိနဲ့ ယဉ်​လှ​ပေါ့ကွာ ..."

" အာ .. ဘကြီးသိန်းခ​ပြောမှ မျက်​စိ​တောင်
ပိုလည်​သွားတယ်​ဗျာ .. အ​ဟောင်း​တွေ​ရော အသစ်​​တွေ​ရော ရှုပ်​​နေတာပဲ ..ကျုပ်​တို့က
ကိုရင်​ကြာစိနဲ့ မယဉ်​လှ ကျွတ်​လား
မကျွတ်​လားသိချင်​တာ​လေဗျာ ..
ဘကြီး​ပြောမှ ကျုပ်​တို့က ​ကြောက်​ရမှာလိုလို
မ​ကြောက်​ရမှာလိုလိုနဲ့ အူ​ကြောင်​​ကြောင်
်​ဖြစ်​​နေပြီဗျ ..."
င​စွေက သူ့ ဝသီအတိုင်း
အတွန့်​တက်​လိုက်​သည်​.....
ဘကြီးသိန်းခကလည်း စိတ်​မရှည်​ဟန်​ဖြင့်
" ဟ​ကောင်​ရ ... ကြာစိနဲ့ယဉ်​လှကို
သူတို့​သေပြီးမှ ငါလည်း
ထပ်​တွေ့ဖူးတာမဟုတ်​​​တော့ နင်​တို့က
မကျွတ်​​သေးတာလား ၊ ပြိတ္တာဘဝ​ရောက်​​နေတာလားမ​မေးရ​သေးဘူး .. ​အေး ​တွေ့ရင်
သေချာ​အောင်​​မေးလိုက်​မယ်​ ဟုတ်​ပြီလား .."

"အူ... အူးး"
"အူးးးးး"
ဘကြီးသိန်းခ၏ င​စွေကို အ​ငေါ်တူးလိုက်​​သော စကားသံအဆုံး ....
အလှူအိမ်​ပတ်​ဝန်းကျင်​မှ ​ခွေများဆွဲဆွဲငင်​ငင်​ အူသံများ ဆက်​တိုက်​ကြားရခြင်းဖြစ်​သည်​ ...
ဘကြီးသိန်းခတို့ စကားဝိုင်း​လေးမှာ
ရုတ်​တရက်​ တိတ်​ဆိတ်​သွားသည်​ ..
ထိုစဉ်​ ....
"အု..အူးးး"
"အူးး"
ခွေးအူသံများ ပိုကျယ်​လာသလို ရွာလမ်းဆီမှ ​​မည်းမည်း အရာတခု သူတို့ရှိရာဘက်​သို့ တ​ရွေ့​ရွေ့လာ​နေတာ ​တွေ့လိုက်​ရသည်​ ....

(အပိုင်း (၃)ဆက်​လက်​အား​ပေးပါအုံးဗျာ)
အပိုင်း(၁)ဖတ်​ရန်​...
https://steemit.com/myanmar/@myanmarpyithar/sit-esyaa-1-082d911e3eeb6
image
Photo Credit - Google Image
Written by @myanmarpyithar
MSC - 103

Sort:  

ကျေးဇူးပါဗျ ကြိုးစားပါ့မယ်

အိပ်မက်တွေမကောင်းပါဘူးဆို လန့်လာပြီ

ကျွန်​​တော်​လည်း​ရေး​နေရင်း ​ခွေး​တွေတကယ်​ အူလို့ ရပ်​ထားရတယ်

ဖတ်ရတာကိုယ်တောင်ထစ်ချင်လာတယ်အစ်ကိုကြီးမြန်မာပြည်သားရေ။အပိုင်းသုံးကိုဆက်လက်အားပေးပါမယ်ခင်ဗျာ။

ကျေး..​ကျေး.. ​ကျေးဇူးပါ အ..အ..အစ်​ကို​ရေ 😀😀😀

ဆက်ရန် ကို မျှော်နေသည်

ဟုတ်
ခုလိုအား​ပေးတာ အားရှိသွားပြီ အစ်​မ​ရေ

အပိုင်း၃ ​မျှော်​​နေမယ်​အကို

ဟုတ်​ ​ကျေးဇူးအစ်​ကို​ရေ

Thanks bro​ရေ

စိတ်​ဝင်​စား​အောင်​​ရေးနိုင်​ပ

အားရှိသွားပြီ bro ​ရေ

စိတ်စေရာ အတိုင်းပြောရရင်တော့ ......

ပြောသာ​ပြောပါ ကိုအာကာ​ရေ

ခွေးအူရင် အသေကြောက်တာ

မီးမလာရင်​ပိုဆိုးတယ်​.အစ်​မ​ရေ 😀😀

ဖတ်ရတာအားမရဘူး..
ပိုင်း၃ မျှော်နေပါတယ်..bro

ကြိုးစားပါ့မယ်​ဗျ
ကျေးဇူးပါ အစ်​ကို​ရေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 63413.19
ETH 1780.09
USDT 1.00
SBD 0.39