လူ​ဖြောင့်​စိတ်​တို ဦးတင့်

in #myanmar6 years ago (edited)

image

တစ်​ခါက ဦးတင့်​နဲ့ သူ့ ဒရိုင်​ဘာနဲ့ ပြဿ
နာ​လေးနည်းနည်းတက်​ထားတဲ့အချိန်​..

ဥတုက မိုးရာသီ ...

သွားရမယ့်​ခရီးက ​တောင်​တက်​ ​တောင်​ဆင်းများတဲ့ မိုးကုတ်​လမ်းကို ​အော်​ဒါနဲ့
သွားရမှာ​​ပေါ့​ဗျာ ....

လမ်းမှာ ဒရိုင်​ဘာက ပညာပြပါ​လေ​ရော ..
တောင်​​လေးနည်းနည်းတက်​ပြီးရင်​ အင်​ဂျင်​အပူချိန်​ (Heat) မတက်​​သေး​ပေမယ့်​ ​ရေတိုင်​ကီကို​ရေပက်​ခိုင်းလိုက်​ ၊ ​ရေဖြည့်​ခိုင်းလိုက်​နဲ့ ဦးတင့်​ကို အလုပ်​ရှုပ်​​စေလိုက်​ပါတယ်​ ...

သူ့ကို ပညာပြ​နေတာ သိ​ပေမယ့်​ ဦးတင့်​က
တော့ စိတ်​ရှည်​လက်​ရှည်​သီးခံပြီး သူ့တာဝန်​ကို သူ​ကျေ​အောင်​ လုပ်​​ဆောင်​ပါတယ်​ ....

image

ဒရိုင်​ဘာက ​နောက်​တစ်​ဆင့်​ တက်​လာပြန်​ပါ​လေ​ရော .. တက်ရမယ့် ​​​အတက်​က
သိပ်​မကြီး​ပေမယ့်​ မိုးတွင်းဆို​တော့ လမ်းက
ဗွက်​ထပြီး ​ချော်​​နေတာ​ပေါ့ဗျာ .. အတက်​ကို
ကားစတက်​ပြီး ​တော်​​တော်​​လေးကြာ​တော့ ဦးတင့်​ကို ဂျမ်းတုံးဆင်းခု ခိုင်းပါ​လေ​ရော ...

ဦးတင့်​လည်း ကပျာကယာခုန်​ချဆင်း​ပြေးပြီး ဂျမ်းတုံးခုတာ​ပေါ့ .. ဒါ​ပေမယ့်​ သူ ဂျမ်းတုံးခုဖို့ ကား​နောက်​ဘီးနားလည်း​ရောက်​​ရော ကားကဆက်​ပြီး တက်​သွားပါ​လေ​ရော .. ဦးတင့်​လည်း လိုအပ်​တဲ့အချိန်​ ဂျမ်းတုံးခုနိုင်​ဖို့
ကား​နောက်​က အ​ပြေးလိုက်​သွားရတာ​ပေါ့ဗျာ .. လမ်းက ဗွက်​​တွေနဲ့​ချော်​ .. အတက်​ကလည်း ဖြစ်​ပြန်​​တော့ ​တဘိုင်းဘိုင်း​ချော်​လဲပြီး
ဟောဟဲခတ်​​နေတာ​ပေါ့ဗျာ .. ဒါနဲ့ ကုန်းတက်​ရဲ့ ထိပ်​ကို​ရောက်​သွား​ပေမယ့်​ ကားကို ဂျမ်းတုံးမခုလိုက်​ရပါဘူး ..

image

ဦးတင့်​ သီးခံနိုင်​စွမ်းမရှိ​တော့ ..
လူက​မော ... ​ဒေါသကထွက်​ ...

ကားဆီ ​ဒေါသတကြီး​ရောက်​သွားပြီး ​ရေပုံး​တွေ ကို ​ဘေးနားက ​ချောက်​ထဲပစ်​ချလိုက်​ပါ
ရောဗျာ .. ​နောက်​ပြီး ဒရိုင်​ဘာမျက်​နှာ ​သေချာကြည့်​လိုက်​ပြီး ​ပြောလိုက်​ပုံက ..

" ​အာစရိ​ရေ .. Heat တက်​လည်း
ကိုယ့်​ဘာသာကိုယ်​ တံ​တွေးနဲ့
ဆင်း​ထွေး​တော့ဗျာ .. ​ဟောဒီမှာ ဂျမ်းတုံး .. သွား​လေ​ရော မင်းလည်း​ချောက်​ထဲ ..
အာစရိ​ရေ .. ​ဂျမ်းတုံးလည်းမရှိ​တော့ဘူး ..
ကား​နောက်​ပြန်​လိမ့်​လည်း အတူတူ​သေကြတာ​ပေါ့ဗျာ .. ဒါ​ပေမယ့်​ ကျုပ်​က ခုန်​ချတာမြန်​ရင်​​တော့ လွတ်​လမ်းရှိအုန်းမှာပါ ..ခင်​ဗျားက​တော့ ​သေရင်​​သေ .. မ​သေ​ထောင်​ကျမှာ .. ကဲ လုပ်​ချင်​တာလုပ်​​တော့ဗျို့ ...." တဲ့ ....

ကဲ .. ​အေး​ရော ...
ဦးတင့်​သည်​ ထိုသို့လည်း ရွဲ့တတ်​သူဖြစ်​​ပေ၏။

image
Photo Credit - Pixabay Image
Written by @myanmarpyithar
MSC 103

Sort:  

ဦးတင့်ရဲ့စိတ်ဓာတ်တော့..တကယ်ကျြိုက်တယ်ကွာ။လူဆိုတာ..သီးခံနိုင်တယ်ဆိုပေမဲ့..အတိုင်းအတာတခုတော့ရှိတယ်လေ...။

ဟုတ်​တယ်​ တီ​ဆွေ​ရေ .. တကယ်​သီးမခံနိုင်​​တော့တဲ့ အဆုံး စိတ်​​ကောက်​​တာ​တွေ ဟန်​​ဆောင်​တာ​တွေမရှိဘဲ ဘွင်းဘွင်းကြီးကို ​ပြောလိုက်​တာဗျာ ..

You got a 50% upvote from @aungzawhtwe courtesy of @myanmarpyithar ! its cool fee free .

ကျေးဇူးပါ ကို​ထွေးခင်​ဗျာ .. ကျန်းမာ ရွှင်​လန်း ဝင်​​ငွေကြမ်းပါ​စေဗျ ..

ကိုတင့်တို့ရပ်ကွက်ထဲမှာပေါ့။

ဟုတ်​ပါ့ဗျား .. ရပ်​ကွက်​ရဲ့ ဒိတ်​ဒိတ်​​ကြဲ ထဲကတစ်​​ယောက်​​ပေါ့ဗျာ ..

ဟီးဟီး ​အေး​ရော​လေ😂😂

ဟီး .. လူ​ပျော်​ လူ​နောက်​ကြီး စိတ်​ဆိုး​တော့လည်း ဒဲ့ပဲ .. 😀

Vote ခဲ့ပြီ

ကျေးဇူး အထူးပါ ခင်​ဗျ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟားဟား ...ရေးတတ်ပါပေ့ဗျာ ..ဟုတ်တယ်ဗျာ တစ်ခါတစ်လေ သည်းခံတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုထိပဲ့ကောင်းပါတယ်

ဟုတ်​တယ်​အစ်​ကို​ရေ .. သည်းမခံနိုင်​တဲ့အဆုံး ဒဲ့ တွယ်​​တော့တာပဲဗျာ ..

Loading...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63407.49
ETH 2645.11
USDT 1.00
SBD 2.81