ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်
ညကတော်တော်နဲ့ အိပ်မရ ....
တောင်စဉ်ရေမရအတွေးတို့သာ
ကြီးစိုးနေသည် ....မနက်ဖြန်ဆို ပရို
တင်ရတော့မည် ...မိမိမှာ စာလုံးဝမရေးရသေးချေ ... စဉ်းစားထားတာတော့ရှိသည် ..
သိုသော်လုံးဝချ မရေးရသေးပေ ...
မရေးရသေးသည်ကလည်း အကြောင်း
တော့ရှိသည် ... ထိုအကြောင်းကို အရင်
ပြောပါအုံးမည် ...
ပရိုမရှိသော ရက်များတွင် မိမိတင်သောပို့စ်များ၏ အခြေအနေမှာ အားရစရာမရှိလှပေ ..
မိမိတစ်ယောက်တည်းတော့မဟုတ်ပါ ...
အခြားသူများမှာလည်း ထိုနည်းတူပင် ...
ပရိုရက်များတွင် မိမိတို့ကို အချိန်ကုန်ခံ
အလုပ်ရှုပ်ခံကာ ပုံမှန် ပရိုရအောင် ကြိုးစား
စွမ်းဆောင်ပေးနေကြသော Leader နှင့်တစ်ကွ Admin များ၊ MSC အဖွဲ့သားများ
Group 4 ဆိုးတူကောင်းဘက် မိတ်ဆွေများ အားလုံးတို့၏ စေတနာကို
ပိုပြီးတန်ဖိုးထားသလို ပိုပြီးလည်း လေးစားမိသည် ..ပို၍လည်း ကျေးဇူးတင်မိသည် ...
ထိုသို့ တန်ဖိုးထား လေးစားမိခြင်းကြောင့်
ခါတိုင်းရေးနေကျ အပျော်ဖတ်စာပေမျိုးထက်
မိမိပို့စ်ကို အချိန်ကုန်ခံ ဘေအကုန်ခံ၍ လာရောက်ဖတ်ရှုသော စာဖတ်သူများကို
တစ်ခုခုရစေသော စာများရေးရန် မိမိစိတ်တွင် တဖွားဖွား ထက်သန်လာသည် ... ဤနေရာတွင် ဒုက္ခရောက်တော့သည် ... ဆိုခဲ့သော စာကောင်းပေမွန်များရေးသားရန်ဆိုသည်မှာ မိမိ၏ နည်းပါးလှသော ဗဟုသုတ ၊ မရင့်ကျက်သည့် အတွေ့အကြုံ ၊ ညံဖျင်းလှသော အရေးအသားများကြောင့် မိမိအတွက် အလွန်ခက်ခဲကာ မရေးရဲ မရေးဝံ့ ဖြစ်မိသည် ... မိမိတို့ Group တွင် အလွန်စာရေးကောင်းသော
အလွန်အတွေးကောင်းလွန်းသော မိတ်ဆွေများ၏ အရေးအသားများကြားတွင်
ဆွမ်းဆန်ထဲငှက်ချေးရောသလို
ဖြစ်မှာ စိုးရိမ်မိသည် ...
ဤသည်မှာ မိမိ စာမရေးရ သေးသည့်
အကြောင်းအရင်းဖြစ်သည် ...
သို့သော် ရပ်နေလျှင်ကျန်ခဲ့မည်၊ တံခါးဆိုတာ
ခေါက်မှ ပွင့်မည် ဆိုသည့်အတိုင်း ရေးတာ
တော့ ရေးရမည် ... မည်ကဲ့သို့သောစာမျိုး
ရေးမည်နည်း ...
ဤစတီးမစ်ပလက်ဖောင်းတွင် အတွေ့အကြုံ ရင့်ကျက်လှသော စီနီယာများနှင့်
အရေးအသားကောင်းမွန်လှသော စာရေးသူများ ရေးသားထားသော စုံလင်လှသည့်
အကြောင်းအရာ ပေါင်းစုံတို့သည် ရှိနှင့်နေပြီး
ဖြစ်သည့်အတွက် မိမိရေးသားလိုက်သော
စာသည် တစ်ဦးတစ်ယောက်ရေးသားထား
သော စာများနှင့် အတွေးအခေါ် အယူအဆ
ပုံစံများ မတော်တဆ သွားတူနေခဲ့ပြန်လျှင်လည်း မိမိမှာ ကော်ပီကူးယူခြင်း မဟုတ်သည့်တိုင် မူလရေးသားသူအား အလွန်အားနာစရာကောင်းလှပေမည် ... သို့သော်
တင်ပြပုံချင်းမတူလျှင်တော့
"သူ့ဟန် ကိုယ့်ဟန်"ကွဲသွားမည်ဖြစ်သည် ...
ထို့ကြောင့် မိမိဖတ်ရှုမှတ်သားဖူးသော
စာတိုပေစလေးများကို မိမိ၏ ကိုယ်ပိုင်
အတွေးနှင့်ပေါင်းစပ်ကာ ကြိုးစား၍ရေးသားထားသည့် အကြောင်းအရာလေးများအား အပြစ်မမြင်ဘဲ ချစ်ခင်ပေးဖို့
အနူးအညွှတ်တောင်းပန်အပ်ပါသည် ...
မည်သည့်အကြောင်းအရာကိုရေးမည်နည်း ..
ဆိုတော့ ... အထက်တွင်ဖော်ပြခဲ့သော ပရိုမရှိသည့်နေ့များတွင် ကျွန်တော်တို့ အခြေအနေမှာ အားရစရာမကောင်းဆိုသည်ကို
ပြန်ကောက်ရမည် ... အဘယ့်ကြောင့် ဤသို့
ဖြစ်ရသည် ... မည်ကဲ့သို့ ဖြေရှင်းကြရမည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားကြရပေမည် ...
အခြားနည်းလမ်းများကို တတ်သိနားလည်သူများက အဖြေရှာကြမည်ဖြစ်ပြီး မိမိကတော့
ပြိုင်တူတွန်းမှ ရွေ့နိုင်မည် ဆိုသလောက်သာ သိပေသည် ..
ဤနေရာတွင် ဖတ်ဖူးသော ပုံပြင်လေးအား
ပြောပြချင်ပါသည် ..
တစ်ခါက ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းရဲ့ အဖြေကို လိုက်ရှာနေတဲ့ လူတစ်ယောက်ရှိတယ်တဲ့ဗျာ .. နေရာတော်တော်များများကို ရောက်ပြီး လူပေါင်းစုံနဲ့တွေ့ခဲ့ပေမယ့် အဖြေကို မရခဲ့ပါဘူး ...တစ်ရက်မှာတော့ ပညာရှိတစ်ယောက်နဲ့တွေ့ပါလေရောတဲ့ ... အဲ့ဒီမှာ ပညာရှိကသူ့ကို အခန်းတစ်ခုထဲ ခေါ်သွားပါတယ် ...
မျက်စိထဲ မြင်အောင်ပြောရရင် ...
အခန်းက ၁၀ ပေ ပတ်လည်လောက်အခန်းပေါ့ဗျာ ... အခန်းထဲမှာ လူခြောက်ယောက်က ဝိုင်းဖွဲ့ထိုင်နေကြပါတယ် ... အလယ်မှာ
ဆန်ပြုတ်အိုးကြီး အပြည့်နဲ့ပေါ့ ... နောက်ပြီး သူတို့ တစ်ယောက်ချင်းစီမှာ ဆန်ပြုတ်
ခပ်သောက်ဖို့ဇွန်းတစ်ချောင်းစီရှိပါတယ် ...
ခက်တာက ဇွန်းက အရမ်းရှည်နေတာပဲ ...
မလွန်အမင်း ကိုရှည်နေတာပါ ..
သူတို့ပါးစပ်ဆီကို အရမ်းရှည်နေတဲ့ဇွန်းနဲ့ ဘယ်လိုမှ ရောက်အောင်ခပ်သောက်လို့
မရကြပါဘူး .. အလယ်မှာ ဆန်ပြုတ်အိုးကြီး အပြည့်ရှိနေပေမယ့် အားလုံးဟာ ဆာလောင်ခြင်းတွေနဲ့ လက်မှိုင်ချနေကြပါတယ် ...
အဲ့ဒီနောက် ပညာရှိက နောက်ထပ်အခန်း
တစ်ခုဆီ သူ့ကို ခေါ်သွားပြန်ပါတယ် ..
ဒီတစ်ခါ ခေါ်သွားတဲ့ အခန်းကလည်း အရင်အခန်းနဲ့ ပုံစံတူ ၊ လူကလည်းခြောက်ယောက် အလည်မှာဆန်ပြုတ်အိုးကြီးနဲ့ ဇွန်းအရှည်
ကြီးတွေနဲ့ ပေါ့ ... အားလုံးအတူတူပါပဲ ..
ဒါပေမယ့် အခန်းထဲမှာရှိနေတဲ့ လူတွေဟာ ဆာလောင်မနေကြပါဘူး .. အလယ်က
ဆန်ပြုတ်အိုးကြီးကလည်း ဟောက်လို့ပေါ့.. ဒီလူတွေ ဒီလောက်ရှည်တဲ့ဇွန်းတွေနဲ့ ဘယ်လိုစားကြလဲ ဆိုတာ သူအရမ်းသိချင်လာလို့ ပညာရှိကြီးကိုမေးကြည့်လိုက်တယ် .... ပညာရှိ ပြန်ပြောတာက ရိုးရိုးလေးပါပဲ ....
" သူတို့တွေဟာ တစ်ယောက်ကို
တစ်ယောက် ခွံ့ကျွေးနေကြလို့ပါ " တဲ့ .....
ကဲ ... ပုံပြင်လေးကတော့ ဒါပါပဲဗျာ ...
ဒီပုံပြင်လေးကို ဖတ်ရှုနားထောင်ပြီး
ကျွန်တော်တို့တွေလည်း ပရိုမရှိသည့် နေ့ရက်များတွင် တစ်ယောက်ကို တစ်ယောက်
ခွံ့ကျွေးကြရင်း ရှေ့ဆက်
ချီတက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ ...
Photo Credit - Google Image
Written by @myanmarpyithar
MSC 103
good တဲ့ပိုစ်လေး
တစ်ယောက်ကိုတစ်ယောက် ခွံကျွေးရင်း
Vote ကြ့ စို့ ဗျာ
အမှန်ပဲ ကိုကြီးရေ .. အဲ့လိုမှ ရှေ့ဆက်ဖို့ အားရှိတော့မှာ ..
တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီမှ လက်တွဲခေါ်မှ အဖွဲ့အစည်းတစ်ခုဟာ ခိုင်မာပြီး အလားအလာကောင်းမွန်လာမှာပါဗျာ .
ဖေးမကူညီမှု လက်တွဲခေါ်မှုတွေက စတီးမစ်မှာ ပိုပြီး အရေးကြီးတယ် လို့ထင်မိပါတယ်ဗျာ ..
proမရှိတဲ့ရက်ဆို 0မကွဲ တစ်ယောက်လောက် လာမန့်ရင်ကို ကျေးဇူးတင်နေတာ
ဟုတ်တယ်ဗျာ .. ဘယ်လို လုပ်ရင် အဆင်ပြေနိုင်မလဲ ..
အဖြေတစ်ခုတော့ရှာကြရအောင်အစ်မရေ ..
အဲ့လိုပါဘဲကွယ်
pro တင်မယ့် post ကို ရေးဖို့ စာတွေအများကြီး ဖတ်ရတယ်
ကိုယ်သိပြီးသား အကြောင်းအရာဆိုရင်တောင် အချက်အလက်က မှန်ရဲ့လား
စာဖတ်သူ ကိုစာအရေးအသားမကောင်းတောင် အနည်းဆုံး မှန်ကန်တိကျတဲ့
အကြောင်းအချက် ကိုဘဲ message ပေးခြင်ပါတယ်
ဟုတ်တယ်အစ်မရေ .. ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို နားလည်မှုနဲ့ ဖေးမပေးနေတဲ့ ညီကို မောင်နှမ တွေအားလုံး ကျေးဇူးပါဗျာ ..
အောင်မြင်မှု့ဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲကြိုးစားမှု့တိုင်းမှာ အောင်မြင်ဆိုတာ ရှိပြီးသားပါ ဇွဲ လုံ့လ ဝရိယ ရှိဖို့တော့လိုပါတယ်
အမှန်ဆုံး စကားပါပဲ ကိုလင်းရေ .. ထိုက်တန်တဲ့ ရင်းနှီးမှု ၊ အားထုတ်မှု ရှိကိုရှိရပါ့မယ် ...
လာရောက်ဖတ်ပေးတာကိုကျေးဇူးတင်ပါတယ်ဗျာ .. လေးစားလျှက် ...
ဒါအမှန်ပဲ Bro ရေ ရေးသားတာ ထိရောက်ပါပေတယ် ။Pro မရှိတဲ့နေ့ တွေမှာ post တင်ရတာ ဟာ နောက်နေ့  စာမရေးသားချင်လောက်ပါပဲ။ SP မရှိတော့ ကွကျတာပေါ့။ နောက်တစ်ခု အရေးအသား ညံ့ တာကလဲ မှန်နေပြန်တယ်၊ ကြိုးစားပြီးတော့ ရေးတာပဲ စိတ်ကြိုက်မဖြစ်ပါ။ဒါပေမဲ့ POST တော့ တင်ရမှာပဲနော်
ဟုတ်တယ် ညီကိုရေ .. post ကတော့ ပုံမှန်တင်ရမယ် .. ဒါမှ myanmar tag အောက်မကျမှာ ..
ညီလဲ msc မရတုန်းကအရမ်းတိုင်ပတ်ပါတယ်။ အခုတော့ admin အကိုတွေရဲ့အကူအညီတွေ gp ရဲ့ ညီအကိုမောင်နမတွေကြောင့် msc မှာ လျောက်လှမ်းနိုင်ခဲ့တာပါ
ကျွန်တော်လည်းအတူတူပေါ့ဗျာ ..
လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ ..
ကြိုးစား နိုးကြားစွာလျှောက်ကြပါစို့ရဲ့ ...
Steemit ဆိုတာလည်းအကိုပြောပြတဲ့ ပုံပြင်လိုပါဘဲ တစ်ယေါက်နဲ့တစ်ယောက်ရိုင်းပင်းကူညီမှအောင်မြင်မှာပါ
ဟုတ်ပါတယ် အစ်ကိုရေ .. တစ်ယောက်နဲ့တစ်ယောက်က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပါပဲဗျာ ..
မှန်ပါတယ်ကိုမြန်မာရေ။တစ်ယောက်ကိုတစ်ယောက်ခွံ့ကျွေးမှပဲရမှာပါပဲ။မသိကျိုးကျွန်ပြုနေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအစ်ကိုရေ။ဒါပေမယ့်လဲအဲ့လိုလူတွေကများနေတော့လဲခက်သားကလား။proနေ့တောင်စာကိုမဖတ်တာရှိတယ်။ဘယ်တော့တိုးတတ်မလဲဆိုတာစဉ်းစားလို့တောင်မရပါဘူးဗျာ။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုသလိုပေါ့ အစ်ကိုရေ .. သေချာ အာရုံထားပြီး ဂရုတစိုက်လုပ်မှရမယ် အစ်ကိုရေ ..
စည်းစည်းလုံးလုံး နဲ့ တစ်ယောက်ကို တစ်ယောက်သေသေချာချာ ကူညီရမှာပေါ့ ....
ကောင်းလွန်းပါ၏ဗျို့
ပျော်ပြီလေ .. ကျေးဇူးပါ ဦးအင်းရေ ..