GROUP 4 မှ စကားသံများ

in #myanmar6 years ago (edited)

image

ဆရာ​တော်​ အရှင်​ဂုဏ ကား မည်​သူ့ကိုမှ အသိမ​ပေးဘဲ တစ်​ပါးတည်း ခရီးထွက်​လာခဲ့​ချေပြီ ... ဆရာ​တော်​၏ ဦးတည်​ရာကား
ဟိုး .. မြန်​မာနိုင်​ငံ အထက်​ပိုင်း ​ရေခဲတို့ ဖုန်းလွှမ်းရာ ​တောင်​​ပေါ်​ဒေသသို့ ....

ဤခရီးကား မည်​မျှခက်ခဲမည်​ကို ဆရာ​တော်​သိသည်​ ... ယခု ရထား​ပေါ်မှာပင်
မိမိ​ခြေ​ထောက်​ မိမိပြန်​ထမ်းထားရ​တော့မည့်
အ​ခြေအ​နေနဲ့ ရင်​ဆိုင်​​နေရသည်​ ..ကြပ်​လိုက်​သည့်​ ဖြစ်​ခြင်း ... မတတ်​နိုင်​ ...
ခရီးဆုံးလျှင်​​တော့ ရွာ​တွေ့ရမည်​ ဆိုသည့်​စကားအတိုင်း ဆရာ​တော်​ရှာ​ဖွေ​နေ​သောအရာကို မြန်​မြန်​ပြန်​​တွေ့ရန်​ အ​ရေးကြီးသည်
မှန်​ပါသည်​ ... ဆရာ​တော်​၏ ခရီးစဉ်​ ဦးတည်​ချက်​ကား ပျောက်​ဆုံး​နေ​သော အရာတစ်​ခုကို ရှာ​ဖွေရန်​ ပင်​ဖြစ်​​တော့သည်​ ... သို့​သော်​ ဆရာ​တော်​ ပထမဦးစွာရှာရမည်​မှာ ခရီးဆုံးလျှင်​ မိမိ၏ ​ခြေ လက်​ များကို ဆွဲဆန့်​ ​ပေးရန်​ ဒကာတစ်​ဦးအား အရင်​ရှာရ​ပေမည်​ ...
လူကြပ်​သည့်​ ဒဏ်​​ကြောင့်​ 
ခြေလက်​များ ကပ်​ကာ အချို့ ​နေရာများမှာ
လှုပ်​ပင်​မရ​တော့​ချေ .....
မည်​သို့ပင်​ဖြစ်​​စေ .. ​ပျောက်​ဆုံး​နေ​သော အရာကို​တော့ဖြင့်​ မ​တွေ့​ ​တွေ့​အောင်​ရှာရမည်
တစ်​နိုင်​ငံလုံးကို ပိုက်​စိတ်​တိုက်​လိုက်​ရှာမည့်​ ခရီးစဉ်​၏ ပထမဆုံး​သော​ခြေလှမ်းအဖြစ်​ ဤ​တောင်​​ပေါ်​ဒေသကို ဦးစွာ ​ရွေးချယ်​၍
လာခဲ့ခြင်း ဖြစ်​​ပေ​တော့သည်​ ...

image

image

image

::::::::::::::::::::::

မြေပြန့်​​ဒေသတွင်​ကား ......

လွန်​စွာကြီးကျယ်​ခမ်းနားလှ​သည့်
MSC ဆို​သောရဲတိုက်​ကြီးတစ်​လုံး၏ အခန်းတစ်​ခု အတွင်းဝယ်​ လူငါးဦး ​ခေါင်းချင်းဆိုင်​ကာ အစည်းအ​ဝေးတစ်​ခု ပြုလုပ်​​နေ​သည်​ ...
အခန်းထဲတွင်​ထွန်းထား​သော အလင်းတိုင်​၏ အ​ရောင်​သည်​ တည်​ငြိမ်​လွန်းစွာ ​တောက်​ပလျှက်​ .. ထိုအလင်းတိုင်​​အ​ရောင်​ဖြင့်
အခန်း၏ တစ်​ခု​သော နံရံ​ပေါ်တွင်
ရွှေ​ရောင်​​ဖောင်းကြွစာလုံးများဖြင့်​ ​ရေးထိုးထား​သော Group 4 ဟူ​သော
ထည်​ဝါလှသည့်စာလုံးကြီးအား ​တွေ့နိုင်​​ပေသည်​ ...အစည်းအ​ဝေး ပြုလုပ်​​နေကြသူများကို 
သေချာကြည့်​ပါက အမျိုးသား ​လေးဦးနဲ့ အမျိုးသမီးတစ်​ဦး ဖြစ်​​ကြောင်း​တွေ့ရမည်​ ...
အမျိုးသား​လေး​ယောက်​နဲ့ အတူရှိ​နေ​သော
အမျိုးသမီးမှာ အခြားမဟုတ်​ ...
သူတို့ G4 အဖွဲ့၏ အကျိုးကို စွမ်းစွမ်းတမံ​ဆောင်​ရွက်​ရင်း အမြဲ အဖွဲ့တိုးတက်​​ရေးအတွက်​ ကြံ​ဆောင်​​နေတတ်​​သော
သူတို့၏ SL " မယ်​နှင်း " ဖြစ်​​ပေသည်​ ...
(သို့​သော်​ .. အခန်း၏ အလင်း​ရောင်
ကြောင့် ​(သေချာကြည့်​မှ) မြင်​ရမည်​ .. 😂😂)
မယ်​နှင်း၏ ညာဘက်​တွင်​ မျက်​နှာမသာမယာနှင်​ ထိုင်​​နေသူကား သူမ၏ ချစ်​သူ
" က​ကျော်​ " ဖြစ်​​သည်​ ... က​ကျော်​၏ မျက်​နှာသည်​ ပြို​တော့မယ့်​ မိုးလို အုံ့မှိုင်းလျှက်​ ... တစ်​ချက်​ တစ်​ချက်​ မယ်​နှင်း၏ ဘယ်​ဘက်
တွင်​ ထိုင်​​နေသူအား အစိမ်းလိုက်​ဝါးစားမတတ်​ လှမ်းကြည့်​​နေ​သေးသည်​ ...
မယ်​နှင်း၏ ဘယ်​ဘက်​တွင်​ ထိုင်​​နေသူကား မည်​သူနည်း ... သူကား အခြားလူမဟုတ်​ ..
အမြဲတမ်း အဆာ​ရေစာ ရှားပါး​ကြောင်း ..
မိမိ ​နေထိုင်​ရာ​တောင်​​ပေါ် အရပ်​တွင်​ စား​ရေး
သောက်​​ရေး ​နေ​ရေး ထိုင်​​ရေး
မည်​မျှခက်​ခဲ​ကြောင်းကို သနားစဖွယ်​ ခိုညည်းညည်းတတ်​​သော ဦးအင်း ပင်​ဖြစ်​သည်​ ..
ထိုသို့အမြဲညည်းပြတတ်​ခြင်း​ကြောင့်​ က​ကျော်​၏ချစ်​သူ မယ်​နှင်းက ကရုဏာသက်​ကာ
ဦးအင်းရှိရာသို့ လိုက်​မည်​တကဲကဲ
ပြု​နေခြင်းဖြစ်​​ပေသည်​ .. အစား​သောက်​ရှားပါး၍ မလာရန်​ ​ပြော​သော်​လည်း မယ်​နှင်းက
တော့ သွားမယ်​ချည်း လုပ်​​နေ၏ .. က​ကျော့်​ မှာလည်း အခြားဘက်​က ပြသနာ​တွေ
ဖြေရှင်း​နေရသလို ဒီဘက်​မှာလည်း မယ်​နှင်းကို ဦးအင်းဆီ မသွား​ရေး အမျိုးမျိုး ​ချော့ကာ ဆွဲထားရ​သေးသည်​ .. သူတို့ သုံးဦး၏ သုံးပွင့်​ဆိုင်​ အချစ်​ဇာတ်​လမ်းကား ရှုပ်​​ထွေးလှ​ပေစွ .
ခု​တော့ ​မြေပြန့်​မှာ လာဆုံမိကြ​လြေ​ပီ ...

image

image

image

" အာ့ဆို ဂရု ၃ ခု ခွဲရမယ်​ ...
သိုင်း ၂ ဖွဲ့ .. ​မှော်​ ၁ ဖွဲ့ ..."
ပြုလုပ်​​နေ​သော အစည်းအ​ဝေးအား စိတ်​မရှည်​ဟန်​ဖြင့်​ တိတ်​ဆိတ်​မှုကို ဖြိုခွင်းလိုက်​သူက ... အ​ကောင်​အို ​ခေါ် အစ်​ကို​အောင်​ ​ခေါ် ကို​အောင်​ကြီး ဖြစ်​သည်​ ...သူကား ​ခေသူမဟုတ်​ .. မကြာ​သေးမီကပင်
MSC ဂိုဏ်းချုပ်​ကြီးနှင့်​​ ​ဒုဂိုဏ်းချုပ်​များကို တွေ့ခွင့်​ရခဲ့သူ ...
" ကျုပ်​က​တော့ သိုင်းအဖွဲ့မှာပဲ ပါမယ်​ဗျာ ..
ကျုပ်​ရဲ့ လင်​ကြီး​ချွေ သိုင်းအစွမ်းကို ခင်​ဗျားတို့ သိပါတယ်​ ..." ခန့်ငြား ​တည်​ငြိမ်​​၍ အတွင်းအား ​ကောင်းလှ​သောအသံကြီး
ဖြင့်​​ပြောလိုက်​သူကား လင်​ကြီး​ချွေ
သိုင်းသမား က​ဇော်​လင်း ဖြစ်​သည်​ ...
က​ဇော်​လင်း၏ ​ခေါင်းနဲ့ တစ်​ဆက်​တည်း ဖြစ်​​နေ​သော နဖူးကို ကြည့်​ခြင်းဖြင့်​ မည်​မျှ အတွင်းအား​ကောင်း​ကြောင်း ရိပ်​မိနိုင်​​လေသည်​ ... က​ဇော်​လင်းကား သူ၏ မူလ ဇာမဏီ သိုင်းကွက်​များအား သူ့အစ်​မ ဖြစ်​သူ လီ​ရှောင်​စု ​ခေါ် မယ်​စု နှင့်​ ​ပေါင်းကာ လင်​ကြီး​ချွေ သိုင်းအဖြစ်​ အဆင့်​မြှင့်​ပြီး​နောက်​ လျှမ်းလျှမ်း​တောက်​ ​ကြော်​ကြားလာသူ ဖြစ်​သည်​ ...
အစ်​မဖြစ်​သူ လီ​ရှောင်​စုမှာမူ ယခု အစည်းအ​ဝေးသို့ လိုက်​ပါနိုင်​ခြင်း မရှိ​ပေ .. တစ်​​ယောက်​တည်း ဂူ​အောင်းကာ သူမ၏ အဆင့်​မြင့်" လင်​​ရှောင်​ "သိုင်းကျမ်းအား ကျင့်​​နေခဲ့ခြင်းဖြစ်​သည်​ (ရှောင်​လင်​သိုင်းမှာ ​ယောက်ျားသားများသာကျင့်​နိုင်​သည်​ကို စိတ်​နာပြီး မိန်းမသားများသာ ကျင့်​နိုင်​သည့်​ လင်​​ရှောင်​သိုင်းတီထွင်​သူ ဖြစ်​သည်​ ..😂😂)

image

image

image

ထိုစဉ်​ ....

" ကလင်​ ... ကလင်​.. ကလင်း "
အသံလာရာ အခန်းဝဆီသို့ သူတို့အားလုံး ပြိုင်​တူ ကြည့်​လိုက်​ကြသည်​ ... ​တွေ့ပါပြီ .. အသံပိုင်​ရှင်​မှာ လက်​ထဲတွင်​ ဘာမှမပါ​သော်​လည်း သူလာလျှင်​ ​"ကလင်း ကလင်း "
ရေခဲ​ချောင်း​ရောင်းသလို ကလိုင်​သံ​တွေ ဆူညံ​နေတတ်​​သော ​SHE ​ရောင်း​သော .. (အဲ.. မှားလို့ ) SHE ​ရေး​သော ​မှော်​ဆရာ
" ကလင်း" .. ​မှော်​ဆရာ ကလင်း အခန်းထဲသို့ ​ပါးစပ်​မှ " ဥုံ လပု လပု ခရီနာ ​ရော်​ဂျာ"
အစချီ​သော ဂါထာတစ်​ပုဒ်​ရွတ်​ရင်း ဝင်​​ရောက်
လာသည်​ ...

image

ထို့​နောက်
" ခင်​ဗျားတို့လည်း ​ပျောက်​ဆုံး​နေတဲ့ အရာကို ရှာ​ဖွေမလို့ တိုင်​ပင်​​နေတာ မလား " ဟု​ပြောလိုက်​သည်​ ....
" ဟာ ​မှော်​ဆရာ ခင်​ဗျားသိလှချည်​လား "
ကို​အောင်​ကြီး၏ အံ့သြ​နေပုံကိုကြည့်​ကာ
ကလင်းကဆက်​၍ " ဒါတင်​ ဘယ်​က​သေးမလဲ ... အရှင်​ဂုဏ က ခင်​ဗျားတို့ထက်​အရင်​ သွားနှင့်​ပြီ ဆိုတာပါ ကျုပ်​သိထားတယ်​ ..."
"ဟင်​"
"ဟာ"
"အို"
"ဟယ်​"
" ဒါဆို မဖြစ်​ဘူး .. ကျုပ်​တို့ အမြန်​လှုပ်​ရှားမှ
ဖြစ်​မယ်​ ...." က​ဇော်​လင်းမှ အတွင်းအား​တွေကို နဖူးမှာစုရင်း ​ပြောလိုက်​သည်​ ...
" ဒီလို​တော့လည်း မဖြစ်​​သေးဘူးဗျ .. ကျုပ်​တို့ သွားတဲ့ လမ်းတစ်​​လျောက်​ အစာအစာ ရှားပါးရင်​ ဘယ့်​နဲ့ လုပ်​မတုန်း ..."
အမြဲတမ်း အစားအစာ ရှားပါးမှုနှင့်​ ယဉ်​ပါး​နေသူ ဦးအင်းက လမ်းခရီးတွင်​ စားစရာ 
သောက်​စရာ ခက်​ခဲမှာကို စိုးရိမ်​မှု အပြည်​ဖြင့်​အထိတ်​တလန့်​ ဝင်​​ပြောလိုက်​သည်​ ...
SL မယ်​နှင်းမှ လက်​ကာပြလိုက်​ပြီး ...
" အဲ့ဒီ အတွက်​​တော့ လုံးဝပူစရာမရှိပါဘူး
ဒို့​တွေ သွားရင်း လမ်းမှာ သုပ်​သည်​တော်​ ကို ဝင်​​ခေါ်သွားမယ်​​လေ ... သူရဲ့ စူပါ ပါဝါက ဘာလည်းသိလား ..​တွေ့တဲ့ အရွက်​တိုင်းကို အသုပ်​ဖြစ်​​အောင်​ လုပ်​တတ်​တာပဲ ..."
ဟု​ပြောလိုက်​သည်​ ...
(​လေးသည်​​တော်​ ၊ စစ်​သည်​​တော်
သုပ်​သည်တော်​ ဟု​ခေါ်ခြင်းဖြစ်​သည်​ ..
ဤကား စကားချပ်​)

image

SL မယ်​နှင်း ၏ စကားကို အားလုံး​ကျေနပ်​သွားကြသည်​ ... ထို့​နောက်
" ကဲ သွားကြစို့ ... "
ဟုဆိုကာ ​ပျောက်​ဆုံး​နေ​သော အရာကို ရှာ​ဖွေရန်​ အလျှိုလျှို ထွက်​ခွာသွားကြ​လေသည်​ ...

သူတို့ ထွက်​သွားပြီး မကြာခင်​မှာပင်​ အခန်းထဲသို့ လူတစ်​​ယောက်​ ​ရောက်​လာ​လေသည်​ .. လူဟန်​ကား ပိန်​ပိန်​ရှည်​ရှည်​နှင့်​ ..
သူ့ကြည့်​ရသည်​မှာ အရမ်း​မောပန်းနေဟန်​တူသည်​ ... ထို့​နောက်​အခန်းကို လှည့်​ပတ်​ကြည့်​ကာ ပြန်​ထွက်​သွား​ပြီး တဖြည်းဖြည်း မြင်​ကွင်းမှ ​ပျောက်​ကွယ်​သွား​လေသည်​ ...
သူကား အခြားမဟုတ်​ ...
G4 ဖွဲ့ဝင်​တစ်​ဦးဖြစ်​ကာ အမြဲတ​​စေ
ဥာဏ်​စမ်းပ​​ဟေဠိ များ​မေးပြီး ဖုန်း​ဘေများ
မဲ​ဖောက်​​ပေးတတ်​​သော ကွာကာပင်​ဖြစ်​သည်​ .......
အရှင်​ဂုဏ နှင့်​ SL တို့ တစ်​ဖွဲ့လုံး အသည်းအသန်​ လိုက်​ရှာ​နေသည့်​ ​ပျောက်​ဆုံး​နေ​သော အရာ ဆိုသည်​မှာ ကွာကာ ကို ​ပြောခြင်း ဖြစ်​​ပေသည်​ ... အဘယ့်​​ကြောင့်​နည်း ....
" မဲ ​ဖောက်​ ခိုင်း ရန်​ " အတွက်​ပင်​ ဖြစ်​​​လေ​တော့သည်​ .......

(စိတ်​မဆိုးကြဖို့ အနူးညွှတ်​ ​တောင်းပန်​ပါတယ်​ဗျာ 🙏🙏🙏)

image
Written by @myanmarpyithar
MSC 103

Sort:  

ကွာကာက ဘာလို့ မောပီးရောက်လာတာလဲ ရှုင်းအုန်းလေ။

G4 အခန်းဆီ​ရောက်​​အောင်​ သူ့ကိစ္စ​တွေကြားက ​ပြေး ​ပြေး လာရလို့ပါ ... 😀😀

ကျင့်နာ အောင်တော့မယ်

အောင်​သွားရင်​ ​မြေပြန့်​​ဒေသကို ​ခြေချ​တော့မယ်​​ပေါ့ ...

ရေးတက်တာဗျာ ကျွန်တော်တော့ ဘာရေးရမှန်းမသိဘူး

လာကြပါဗျို့ ... ​ပျောက်​​နေတဲ့သူကြီး ​တွေ့ရပြီ .. 😂😂

ကျော်ဝူးကျိတို့ရွာနဲ့နီးနေပြီဝင်ခဲ့ဦးလေ

တစ်​ဖွဲ့လုံး ဝင်​ခဲ့မယ်​ဗျာ စိတ်​ချ ...

အဟေးဟေး ကွာကာကြီး ရှာပုံတော်ဆိုပြီး ဇာတ်လမ်းတွဲလေးရေးမယ် ဂရုထဲက မိသားစုလည်း အကုန်ပါရမယ် ခုထဲက ဇာတ်လမ်းဇာတ်ကွက် စဉ်းစားတော့မယ်

မြန်​မြန်​​ရေးပါ​တော့ အရှင်​ဘုရား ..အရှင်​ဘုရား လက်​ရာ​လေး ဖတ်​ချင်​​နေပါပြီ ဘုရား ..

ခိခိ ရေးတတ်ပဗျာ

ဟီး .. ​ကျေးဇူးဗျာ .. မနည်းကြံဖန်​​တွေးထားရတာ ..😀😀

ခုလို ရေးနိုင်အောင် @myanmarpyithar သည်
ကင်ခြေမြား ပုရွက်ဆိတ် တို့အကိုက်ခံ ကာ ခြုံပုတ်အတွင်း
မှ ထိုင်ကြည့် နေခဲ့လေသည်

အရှင်​ဂုဏသွားတဲ့ဆီမှာ ကျွန်​​တော့်​ သတင်း​ပေး​တွေရှိတယ်​​လေ .. ဟဲဟဲ ခြုံပုတ်​ထဲကကြည့်​တာမဟုတ်​ပါဘူးဗျာ .. အခန်းထဲက g4 ဆိုတဲ့ စာလုံးကြီးမှာ လျှို့ဝှက်​ ​ချောင်းကြည့်​​ပေါက်​ရှိတယ်​​လေ .. ​မြေ​အောက်​ခန်းနဲ့ ဆက်​ထားတာ​ပေါ့ ... 😂😂

G4 က​တော့တကယ်​ပါ
G4 စကားသံများဆို​တော့ အားလုံး​ရေးတာမိုက်​တယ်​ဗျ

မိုက်​ရမယ်​​လေ .. ကို​အောင်​ကြီးတို့ SL တို့ရှိ​နေမှ​တော့ မိုက်​ပြီ​လေ ..😂😂

အဟား။ကောင်းပါ့ဗျာ။လင်ကြီးချွေသိုင်းနဲ့တွေ့ပီလေ။မယ်စုရေလာကူပါအုံးဗျာ။ဂူထဲပဲမနေပါနဲ့မမရယ်သားသားတစ်ယောက်ထဲပစ်မထားပါနက်။

အို အစ်​ကိုရယ်​ ... မစုမပါဘဲ အစ်​ကိုတစ်​​ယောက်​တည်း​တောင် အစ်​ကို့သိုင်းနာမည်​ကြားယုံ နဲ့ ​ အိမ်​​ထောင်​သည်​ အမျိုးသား​တွေ မျက်​ခုံးလှုပ်​​နေပါပြီလို့ ..

တို့ရထားစီးမယ်​သူမရှိ​တော့ဘူး​အောင်း​​မေ့တာ
စီးသူရှိလို့​တော်​​သေး

ဆရာ​တော်​ ​ပြောပုံအရဆို
ရထား​ပေါ်မှာ ​အ​ကြောပြင်​ အနှိပ်​ခန်း​လေးဖွင့်​ရင်​ ​အောင်​မြင်​​လောက်​တယ်​​နော်​ ကိုကြီး .😂😂

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 69516.92
ETH 3835.82
USDT 1.00
SBD 3.72