ရွေးချယ်​မှု အနုပညာ

in #myanmar7 years ago (edited)

image
မွေးဖွားတဲ့အချိန်​မှ ​သေသည့်​အချိန်​အတွင်း
တို​တောင်းလှတဲ့ ဘဝရဲ့အခိုက်​တန့်​​လေးမှာ ရုန်းကန်​ ရှင်​သန်​​နေကြရတဲ့
ကျွန်​​တော်​တို့တ​တွေဟာ ​နေ့စဉ်​​နေ့တိုင်း 
ရွေးချယ်​မှု အနုပညာနဲ့
ခရီးဆက်​​နေကြရတယ်​ဆိုရင်
မှားအံ့မထင်​ ..............
image
လူတစ်​​ယောက်​ရဲ့ ဘဝကို
အဆုံးဖြတ်​​ပေးတာဟာ သူ့ရဲ့​ရွေးချယ်​မှုပါ ...
အောင်​မြင်​မလား၊ ကျရှုံးမလား
ချမ်းသာမလား၊ ဆင်းရဲမလား
တိုးတက်​မလား၊ ဆုတ်​ယုတ်​မလား ....
လူဆိုတာ ကိုယ်​စိုက်​ပျိုးတာကိုပဲ
ကိုယ်​ပြန်​ရိတ်​သိမ်းကြရမှာပါ ....
ကိုယ်​​ရွေးချယ်​ခဲ့တဲ့အ​ပေါ်မူတည်​ပြီး
ကိုယ်​ဘဝရဲ့ ​ကောင်းခြင်း ဆိုးခြင်းကို
ကိုယ်​တိုင်​ဖြတ်​သန်းကြရမှာပါ ..
image
လာပါပြီ ......
မနက်​မိုးလင်း မျက်​စိမဖွင့်​ခင်​ကတည်းက
စော​စောထမလား မထဘူးလား 
ရွေးချယ်​ရပါ​တော့မယ်​ ...
မနက်​စာ စားမလား မစားဘူးလား ...
ဘာနဲ့ စားမလဲ ​ရွေးချယ်​ရပါပြီ ....
ကျောင်းသွားမလား မသွားဘူးလား ...
ကျောင်း​ရောက်​ရင်
အတန်းတက်​မလား မတက်​ဘူးလား ...
စာကို ​သေချာလိုက်​သင်​မလား မသင်​ဘူးလား
စာကျက်​မလား မကျက်​ဘူးလား ....
အလုပ်​သွားမလား မသွားဘူးလား ...
အ​ရေးကြီးပုဂ္ဂိုလ်​နဲ့ ​တွေ့မလား မ​တွေ့ဘူးလား
အလုပ်​အားချိန်​ စာဖတ်​မလား မဖတ်​ဘူးလားဒီ​နေ့ အလုပ်​​တွေကို
ဒီ​နေ့ပြီး​အောင်​ လုပ်​မလား မလုပ်​ဘူးလား ...
အိပ်​​ရေးဝ​အောင်​ အိပ်​မလား မအိပ်​ဘူးလား..
Internet သုံးပြီး 
အကျိုးရှိတာ​တွေရှာဖတ်​မလား
အကျိုးမရှိတာ​တွေနဲ့ အချိန်​ကုန်​မလား ..
မိမိရဲ့ တန်​ဖိုးရှိတဲ့အချိန်​​တွေကို
အမြဲတမ်း facebook ​ခေါင်းမ​ဖော်​တမ်းသုံး
ပြီး​နေမလား ...
Steemit လို အကျိုးရှိတဲ့​နေရာမှာသုံးမလား..
Copy တင်​မလား
ကိုယ်​ပိုင်​အတွေးနဲ့
ကိုယ်​တိုင်​​ရေး​တွေတင်​မလား ...
စသည်​ဖြင့်​ ...
စသည်​ဖြင့်​ ... ကျွန်​​တော်​တို့ ​ပတ်​ချာလည်​မှာ 
ရွေးချယ်​မှု​တွေပဲ ပြည့်​နှက်​​နေပါတယ်​ .....
မိမိရဲ့ ​ရွေးချယ်​မှုတိုင်းဟာ ​ရှေ့ဆက်​ရမယ့်​ မိမိဘဝရဲ့ အစိတ်​ပိုင်း​တွေဖြစ်​လာပါမယ်​ ..
image
image

ဒီ​နေရာမှာ တစ်​ခု​ပြောချင်​တာက
အချို့က​ပြောပါမယ်​ .. 
"ရွေးစရာမရှိလို့ကို လုပ်​လိုက်​ရတာပါ" ....
ဒီလိုဆိုရင်​လည်း ကျွန်​​တော်​တို့​တွေထပ်​ပြီး 
ရွေးချယ်​ရပါလိမ့်​အုံးမယ်​ ...
ဥပမာတစ်​ခု ဆိုပါစို့ ..
ကျွန်​​တော်​တို့ ထမင်းစားတယ်​ ... 
အ​နောက်​နိုင်​ငံ​တွေမှာ​တော့ ဂျုံစားတယ်​​ပေါ့ ..
နေ့တိုင်းစားတယ်​ ...
မစားရင်​ အာဟာရမရဘဲ​သေသွားမှာ​ပေါ့ ...
အဲ့​တော့ မစားမဖြစ်​လို့ကို စားရတာပါ ...
ဆို​တော့ .....
ဘယ်​​လောက်​စားမှာလဲ ..
ပြည့်​အင့်​​နေ​အောင်​စားမလား ...
အ​တော်​အသင့်​ဘဲစားမလား ...
ကျန်းမာ​ရေးနဲ့ ညီညွတ်​​အောင်​စားမလား
ပြီး ပြီး​ရော စားမလား ..
ကျေညက်​​အောင်​ဝါးစားမလား ..
ပြီးစလွယ်​ စားမလား ...
စ တာ​တွေကို ထပ်​​ရွေးချယ်​ရပါ​တော့မယ်​ ...

ပြောချင်​တာက
မလုပ်​မဖြစ်​လို့ လုပ်​ရမယ်​ဆိုရင်​​တောင်​ .....
ကောင်းသွား​အောင်​လုပ်​မှာလား
ဆိုးသွား​အောင်​လုပ်​မှာလား စတဲ့ 
ရွေးချယ်​မှု​တွေပါလာပါပြီ ....

image
တစ်​ခါတ​လေမှာ​တော့
ရွေးချယ်​စရာ​တွေက နှစ်​ခု သုံးခုမက
ဗျာ များ​လောက်​​အောင်​ ​ပေါ​နေပြန်​ပါ​လေ​ရော ဒီအခါမှာလည်း ကိုယ့်​ရဲ့​ရွေးချယ်​မှုက
နောင်​အနာဂါတ်​အတွက်​ "နိဒါန်း" ပါပဲ .....
လူတိုင်းက ကိုယ့်​​ရွေးချယ်​မှုနဲ့ကိုယ်
ဘဝကို ဖြတ်​သန်း​နေကြတာပါပဲ .....
ကောင်းမွန်​မှန်​ကန်​တဲ့ ​ရွေးချယ်​မှု​တွေ
ွပြုလုပ်​နိုင်​ဖို့ အထူးလိုအပ်​လှပါတယ်​ .....

ဘဝအတွက်​ အ​ကောင်းဆုံး ​ရွေးချယ်​မှု​တွေ
ပြုလုပ်​နိုင်​ကြပါ​စေ .......

Photo Credit - Google Image
Written by @myanmarpyithar
MSC - 103

Sort:  

အရေးအသားလေးကြိုက်လိုက်တာ

ကျေးဇူးပါဗျ ဆက်​ကြိုးစားပါ့မယ်​ အား​ပေးပါအုံး​နော်

ရွေးချယ်​မှု​တေက​တော့ဘဝရဲ့​နောက်​ဆုံးအချိန်​ထိစိန်​​ခေါ်​နေအုန်းမှာပါbro

အမှန်​ပါပဲ bro ​ရေ

ကိုယ့်ရဲ့ရွေးချယ်မှု အကောင်းအဆိုးကို ကိုယ်တိုင်ခံစားကျရတာပါဘဲ အရေးအသားကောင်းပါတယ် မောင်လေး အားပေးလျှက်ပါ

ဟုတ်​ မစု ​ကျေးဇူးပါဗျ ဆက်​ကြိုးစားပါ့မယ်​ဗျ

အကောင်းဆုံးရွေးချယ်လျောက်လှမ်းနိုင်ပါစေဗျာ

ကျေးဇူးပါဘုရား ​အ​ကောင်းဆုံး​ရွေးချယ်​နိုင်​ဖို့ ကြိုးစားပါ့မယ်​ ဘုရား

ကျေးဇူးပါခင်​ဗျ

ကျေးဇူးအစ်​ကို​ရေ

ရေးထားတာ​လေး​ကောင်းတယ်​bro

အား​ပေးတာ ​ကျေးဇူးပါဗျ

ကျေးဇူးပါ အစ်​ကို​ရေ

အ​ကောင်းဆုံး​ရွေးချယ်​မှူ​တွေကိုြုလုပ်​နိုင်​ပ​စေဗျာ

ဟုတ်​ ကြိုးစားပါ့မယ်​ဗျာ ​ကျေးဇူးပါ

အရေးအသားအရမ်းကောင်း

ကျေးဇူးဗျ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55326.60
ETH 2348.86
USDT 1.00
SBD 2.32