ဆေးရုံကြီးသို့ ​ရောက်​ခဲ့စဉ်​ဝယ်

in #myanmar6 years ago

image

လွန်​ခဲ့တဲ့ ​လေး ငါး လ ​လောက်​က ​မန္တ​လေး
ဆေးရုံကြီးကို အဖိုးကျန်းမာ​ရေးကိစ္စ​ကြောင့်
ရောက်​ခဲ့တယ်​ဆိုပါ​တော့ဗျာ ..
အဲ .. မလာခင်
အရင်​ညက တရားနာဖြစ်​​သေးတယ်​ဗျို့ .. ဒါနတစ်​ခု ​နေ့စဉ်​ပြုဆိုတာ​ကို စိတ်​ထဲစွဲပြီး
ဒီ​နေ့ ဒါန​လေးတစ်​ခု​လောက်​​တော့
လုပ်​ဖြစ်​​အောင်​ လုပ်​မယ်​ဟဲ့ လို့
အားခဲထားမိတယ်​ဗျ ..

ဆေးရုံကြီး​ရောက်​​တော့ ..
ပြင်​ပလူနာဌာနမှာေ​ဆးရုံတက်ဖို့ 
စာအုပ်​​တွေ ဘာ​တွေလုပ်​ပြီး ခဏနား​နေချိန်
ကျွန်​​တော်​နားကို အဝတ်​အစား ခပ်​နွမ်းနွမ်းနဲ့ အမျိုးသမီး တစ်​​ယောက်​​ရောက်​လာပြီး ..
သူတို့က မုံရွာနယ်​ဘက်​ကဖြစ်​​ကြောင်း ..
ဆေးရုံလာတက်​ရင်း စားစရိတ်​​ရော
လမ်းစရိတ်​ပါ ပြတ်​သွား​ကြောင်း .. 
နောက်​​နေ့ ​ဆေးရုံကဆင်းရ​တော့မှာ
ဖြစ်​​ကြောင်း ... ​ဆေးရုံက ဆင်းလျှင်
ပြန်​စရိတ်​မရှိ၍ တတ်​နိုင်​သ​လောက်
ကူညီပါအုံးလို့ ဆိုပါတယ်​ ...

image
Image credit - Original source

အို .. ဟန်​ကျလိုက်​​လေခြင်းဗျာ .. လှူချင်​​နေတဲ့အချိန်​ အလှူခံပုဂ္ဂိုလ်​က အဆင်​သင့်​ .. 
ရေကန်​အသင့်​ ကြာအသင့်​ .. ဒါ​ကြောင့်​​ပြောတာ နတ်​ပြည်​ ဗြဟ္မာပြည်​မှာ​တောင်
အလှူခံပုဂ္ဂိုလ်​မရှိလို့ လှူချင်​တိုင်း
လှူမရဘူးဆိုပဲဗျ ...
ကျွန်​​တော်​အတွက်​​တော့ ​ရေငတ်​တုန်း 
ရေသန့်​ဗူး​ရောင်းတဲ့ဆိုင်​​တွေ့လိုက်​ရသလိုပဲဗျို့ .. ဒါနဲ့ ပိုက်​ဆံနှစ်​ရာ လှူလိုက်​တယ်​​ပြော
မလား .. အဲ ..ကူညီ လိုက်​တယ်
ပေါ့ဗျာ .. နည်းတယ်​လို့​တော့ မ​အောင့်​​မေ့နဲ့ဗျ
အဓိက က ​စေတနာပဲ မဟုတ်​လား .. 
ညောင်​စိ​လေး​လောက်​လှူလည်း ​​စေတနာ
ကောင်းရင်​ ​ညောင်​ပင်​ကြီး​လောက်​ ကုသိုလ်​ရတယ်​တဲ့ဗျ ...

image
Image credit - Original source

အဲ .. ဒီလိုနဲ့ .. ဒီလိုနဲ့​ပေါ့​နော်​ ..

မ​နေ့က ​ဆေးရုံကြီးကို ​နောက်​တစ်​​ခေါက်​ထပ်​ရောက်​ပြန်​ပါ​လေ​ရော ...

ကိုယ့်​မျက်​စိကိုပင်​ မယုံနိုင်​ဖြစ်​မိ​သေး ..
ကျွန်​​တော်​ ​ကောင်း​ကောင်းမှတ်​မိတာ​ပေါ့ ..
ကျွန်​​တော်​ဆီ အကူညီ​လာတောင်းတဲ့
အမျိုးသမီး​လေ .. ခပ်​လှမ်းလှမ်းက လူ​တွေဆီမှာ စားစရိတ်​ လမ်းစရိတ်​ ပြတ်​သွားလို့ အကူအညီ ​တောင်း​နေရှာပါ ရောလား ..

image
Image credit - Original source

သြော်​ .. ​နောက်​တစ်​ခါ စရိတ်​ထပ်​ပြတ်​ပြန်​ပြီ​နေမှာ .. သူခမျာ သနားစရာ ပါလားဗျာ ..

(​အော်​ .. ​မေ့​တော့မလို့ .. မိတ်​​ဆွေများ
မန္တ​လေး ​ဆေးရုံကြီး ​ရောက်​ခဲ့ရင်​ ..
သူ့ကို​လေ ....
တစ်​​ခေါက်​မှ မပြန်​ရ​သေးတာလား ..
ပြန်​ကို မပြန်​​တော့တာလား .. ပြန်​လိုက်​ ပြတ်​လိုက်​ဖြစ်​​နေတာလား ဆိုတာ​လေး
သေချာ​မေးခဲ့​ပေးအုံး​နော်​ .... 😂😂😂😂😂)

image
Written by @myanmarpyithar
MSC 103

Sort:  

မိန်းမတွေလဲပြတ်တယ်လမ်းစရိတ်က ခလေးလေးတွေချီပြီးတော့လေ။ယောက်ကျားကြီးတွေလဲ စစ်သားဟောင်းတွေ လမ်းစားရိတ်ပြတ်နေကြပဲ။အနီရောင်တွေလဲပါတယ် သူလဲပြတ်တာပါပဲ။သြော် လောကကြီး။အချောင်သမားတွေများများလာတယ်။မကြိုးစားကြတော့ဘူး ကောင်းနေတဲ့သူကလဲတောင်းတာပိုရတယ်တဆိုပြီးတော့မလုပ်ချင်ကြတော့ဘူးကိုမြန်မာရေ။

ခက်​ပါတယ်​ဗျာ .. တကယ်​​တော့ မြန်​မာလူမျိုးတွေရဲ့ သဒ္ဒါတရားကို အလွဲသုံးစားလုပ်​.. သံသရာအတွက်​ အ​ကြောက်​တရားမရှိ လုပ်​​နေကြတယ်​ဗျာ ..

ဘူတာကြီးလာခဲ့ ပေါချက် 😁

ဘူတာကြီးထဲလာ​တော့ဘူးကိုကြီး​ရေ .. ဘူတာကြီး​ရှေ့ မီးပွိုင့်​က အူ နီနီနဲ့ လူကြီး​ကြောက်​လို့ဘာ .. 😀

ကုသိုလ်ရတာပေါ့အေ

ရတာ​တော့ ရတာ​ပေါ့ မစု​ရေ .. ဒါ​ပေမယ့်​ .. အင်း ... ရတယ်​ပဲ ထားလိုက်​ပါ​လေ ..😂

စရိတ်​ပြတ်​သွားလို့အကို sbd 100 ​လောက်​ကူညီပါ😂

အဟီး .. ခုချိန်​ 5sbd ရှိရင်​ နတ်​ပြည်​သွားရမယ်​ ဆိုရင်​​တောင်​ ကျွန်​​တော်​​နေခဲ့ရမှာရယ်​ ကို​အောင်​ကြီး​ရေ .. 😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အဲ့ဆိုတာကို နာလည်းသိဘူး

Loading...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63931.73
ETH 2663.43
USDT 1.00
SBD 2.84