ဘဝတွက်​တာ

in #myanmar6 years ago (edited)

image

သင်​ ဘာဆု​တွေ ​တောင်းချင်​ပါသလဲ
သင်​လိုချင်​​သော အရာ​တွေ
သင်​ဖြစ်​ချင်​​သော ဆန္ဒ​တွေအတွက်
သင်​ဆု​တောင်းဖို့ ပထမဆုံးသင့်​မှာ
ယုံကြည်​မှုရှိဖို့ အ​ရေးကြီးပါတယ်​ ...

သင်​ ဘာ​တွေ​ပြော​တော့မှာလဲ
ခွန်းတုန့်​ပြန်​ဖို့လား
ဒါမှမဟုတ်​ ​ဖြေရှင်းဖို့လား
သင်​​ပြောချင်​​သော စကား​တွေအတွက်
ပထမဆုံး သူ​ပြောတာကို
နား​ထောင်​​ပေးဖို့ အ​ရေးကြီးပါတယ်​ ...

သင်​ ဘာ​တွေ သုံး​တော့မှာလဲ
အသုံးအတွက်​ပဲ ဖြစ်​ဖြစ်
အဖြုန်းအတွက်​ပဲဖြစ်​ဖြစ်
သင်​သုံးချင်​တာသုံးနိုင်​ဖို့ ပထမဆုံး
သင်​ ​ငွေအရင်ရှာဖို့ အ​ရေးကြီးပါတယ်​ ...

သင်​ဘာ​တွေ ​ရေး​တော့မှာလဲ
အကြမ်း​တွေလား
အလွမ်း​တွေလား
သင်​​ရေးချင်​တာ​တွေ ​ရေးနိုင်​ဖို့ ပထမဆုံး
သင်​ပိုင်​ပိုင်​နိုင်​နိုင်​​တွေးဖို့ အ​ရေးကြီးပါတယ်​ ..

သင် အရာရာကို စိတ်​ပျက်
အားကုန်​ ​မောပန်း လက်​​လျော့ချင်​​နေပြီလား
ခဏ​နေပါအုံး မိတ်​​ဆွေ
လက်​မ​လျော့ခင်​ ထပ်​ပြီး
သင်​ ကြိုးစား​ပေးပါအုံး ...

ကျွန်​​တော်​တို့​တွေ အားလုံး မ​သေခင်
ကြိုးစားရင်းနဲ့ ရှင်​သန်​​နေကြရမှာ မဟုတ်​လား
ဒါမှလည်း ဘဝဟာ
အဓိပ္ပါယ်​ ရှိ​တော့မ​ပေါ့ .....

image
Image credit - Original source

(Six ethics of life ကို သင့်​​တော်​သလို
ခံစား​ရေးဖွဲ့ခြင်း ဖြစ်​ပါသည်​)

image
Written by @myanmarpyithar
MSC 103

Sort:  

မ​သေမချင်း​တော့ကြိုးစာ​နေ​ကြရမှာ အမှန်​​ပေါ့ အကို​ရေ

ဟုတ်​တယ်​ ကို​အောင်​ကြီး​ရေ .. ​ဒါမှလည်း ​နေ​ပျော်​တဲ့ဘဝ​လေး ရနိုင်​မှာ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျွန်​မတို့မ​သေဆုံးခင်​ထိကျွန်​မတို့ဖြစ်​ချင်​တဲ့​မျှော်​လင့်​ချက်​​တွေအားလုံးကို​မျှော်​လင့်​နိုင်​ပါ​သေးတယ်​ရှင်​။

ဟုတ်​တာ​ပေါ့ အစ်​မ​ရေ .. မ​သေ ​သေးရင်​ ဘာမဆို ဖြစ်​နိုင်​​သေးတယ်​ဗျာ ..

"လနဲ့စတဲ့လူ လဲရင်ပြန်ထ
ဒါ ဘဝ"

အမှန်​ပါပဲ ဗျာ .. ဘဝ တိုက်​ပွဲ ​အောင်​မြင်​ပါ​​စေဗျ .. ​ကျေးဇူးပါ ..

ကြိုးစားနေတာကိုက အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုပါဘဲ

ဟုတ်​တယ်​မစု​ရေ .. ဘာမှ မလုပ်​ရင်​ ဘာမှ အဓိပ္ပါယ်​မရှိတဲ့ ဘဝပဲ ပိုင်​ဆိုင်​ရမှာ ..

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83