ယခင် ပုဂံ ၊ မင်းဘူး ရွှေစက်တော်ဘုရားဖူးခရီးစဉ်မှအဆက်​… (၃)

in #myanmar6 years ago (edited)

ယခင် ပုဂံ ၊ မင်းဘူး ရွှေစက်တော်ဘုရားဖူးခရီးစဉ်… (၃)

ကျွန်တော်တို့ဘုရားဖူးကားလေးသည် ပုပ္ပါးတောင်မှထွက်ခွာလာခဲ့ပြီး မင်းဘူးရွှေစက်တော် သို့ခရီးဆက်ခဲ့ကြပါသည်။ ကားပေါ်မှ လူငယ်၅ယောက်ပါလာရာ လူငယ်တစ်ယောက်မှ သီချင်းထညည်း၍ ကျန် ၄ ယောက်ကပါ ၀ိုင်းဆိုကြပါသည်။ ထိုကြောင့် တစ်ကားလုံး သီချင်းသံများဖြင့် ဆူညံသွားလေသည်။ သီချင်းမျိုးစုံကို ဆိုကြပါသည်။ တောသီချင်း၊ ခေတ်သီချင်းများ နှင့် ရက်ပါ ပါမကျန် အော်ဆိုကြလေသည်။ သင်္ကြန်ရောက်တော့မည်ဖြစ်၍ သင်္ကြန်သီများဆိုကြသောအခါ ကားပေါ်မှပါလာသော လူကြီးသူငယ်အားလုံး လက်ခုတ်သီးပြီးလိုက်ဆိုကြလေသည်။ မနက်ခင်းစောစောမို့ တိတ်ဆိတ်နေသော လမ်းလေးသည်။ ကျွန်တော်တို့ ဘုရားဖူးကားမှ ထွက်ပေါ်လာသော သီချင်းသံများဖြင့် စိုစိုပြေပြေ ဖြစ်သွားခဲ့ပြီး၊ အားလုံးရဲ့ ပါးပြင်ထက်တွင်လည်း ဖြူစင်သော ဟန်ဆောင်မှုမပါသော အပြုံးများကို မြင်တွေ့ခဲ့ရပါသည်။
ကားအရှိန်ပြင်းစွာ မောင်းနှင်လာသည်နှင့် အမျှ နေမင်းကြီးကလည်း ကောင်းကင်ပေါ်တည့်တည့်သို့ ရောက်ရှိနေခဲ့လေပြီ။ ကားအပြင်ဘက်ကိုလှမ်းကြည့်မိသည်။ ကားလမ်းဘေးတစ်လျောက်တွင် ထနှေင်းပင်းကြီးများကိုမြင်ရသည်။ ထနှောင်းပင်များမှာ အကိုင်းအခက်များ ဝေေ၀ဆာဆာနှင့် တကယ်ကို အရိပ်ကောင်းလှပေသည်။ နေ့ခင်းပူပူတွင် ထိုထနှောင်းပင် အရိပ်အောင်တွင် ဖျာခင်းပြီး အိပ်လိုက်ရရင်တော့ ဘယ်လောက် အရသာရှိလိုက်လေမလဲ။ နတ်စည်းစိမ်နှင့် ထိုအရသာကို လှဲနိုင်မည် မထင်ပေ။ ထိုနောက် တစ်စီတစ်တန်းကြီး ထိုထိုထောင်ထောင် နှင့် ထန်းပင်များကို မြင်ရလေသည်။ ထန်းပင်ဆိုမှ လာရာခရီးလမ်းတစ်လျောက်တွင် ထန်းပင်များကိုနေရာတော်တော်များတွင် တွေ့ရှိကြောင်းသတိထားမိခဲ့သည်။ ထိုကြောင့်လည်း အညာနှင့်ထန်းပင်က ခွဲခြားလို့မရခြင်းဖြစ်ပေလိမ့်မည်။့ လမ်းဘေးကို သေချာချာကြည့်မိတော့ ထန်းလျက်မိုးနှင့် ထန်းရည်ဆိုင်များကို တွေ့ရလေသည်။ ထန်းပင်များနှင့် ထနှောင်းပင်များ ရောယှက်ထားသော အညာဒေသရဲ့ အလှကို ခံစားရင် သာယာကြည်နူးနေခိုက် လူငယ်တစ်ယောက်က ထအော်သည်။ ကားဆရာရေ…. ထန်းရည်သောက်ရအောင်ဗျို့ အဲ့ဒီနောက်တွင်တော့ ကျန်သော လူငယ်အားလုံးကလဲ ထန်းရည်သောက် ဖို့ တစ်ညီတစ်ညာတည်း ထောက်ခံကြသည်။ ကျွန်တော်အပါအ၀င်ပေါ့ ဟဲဟဲ …
ဒီလိုနှင့် ကားဆရာ လည်း ရှေ့နားကထန်းရည်ဆိုင်တစ်ဆိုင်တွင် ကားရပ်ကာ ထန်းရည်သောက်ကြရင်း ခရီးတစ်ထောက်နားကြဖို့ ဆော်သြာ်လေသည်။ ထန်းရည်မှာပြီး ၀ိုင်းဖွဲ့ကာ သောက်ကြလေသည်။ အမြီးကတော့ လယ်ကြွက်ကြော်ဖြစ်သည်။ ထန်းရည်မှာလည်း စစ်သည်။ ကြွက်ကြော်ကလည်း လတ်လတ်ဆတ်ဆတ် တကယ်မြိန်လှပေသည်။ မသောက်တက်သော အမျိုးသမီးများကတော့ ကြွက်ကြော်စားကြပေါ့လေ။ ဟာသတွေပြော ရယ်စရာတွေပြောနှင့် ထန်းရည်ဝိုင်းလေးမှာ အတော်ကိုစည်ကားခဲ့လေသည်။
ဘယ်လောက်တောင် စားသောက်ကြသည်မသိ၊ အမြီးကြွက်ကြော်ထပ်မှာသည်ကိုပင် ဆိုင်ရှင်မှကြွက်ကြော် ကုန်သွားကြောင်း ပြောရသည်အထိပင်ဖြစ်သည်။ သည်လိုနှင့် သောက်စားကြပြီး ခရီးဆက်ခဲ့ကြပြန်သည်။ ဒီတစ်ခါတော့ ထန်းရည်မူးနေသော ကျွန်တော်တို့လူငယ်များအသံမထွက်နိုင်တော့ ကားပေါ်တွင် ကြုံသလို တစ်ချိုးတည်းအိပ်စက်ကြလေတော့သည်။

IMG_20180304_103504.jpg

2018-03-04-10-16-21-981.jpg

ဒီလိုနှင့် တစ်ရေးနိုးခဲ့လေသည်။ ဘယ်လောက်ကြာကြာအိပ်သည်မသိ။ ကားပြင်ဘက်ကိုကြည့်လိုက်ရာ နေပင်အတော်စောင်းနေပြီ။ ထို့ကြောင့် ဘေးနားမှ ဦးလေးတစ်ယောက်ကို မင်းဘူးရွှေစက်တော် မရောင်သေးဘူးလားဟုလှမ်းမေးလိုက်လေသည်။ မင်းဘူးရောက်တော့မည်ဖြစ်ကြောင်း သိပ်မလိုတော့ကြောင်း ပြန်ဖြေလေသည်။ ၄၅ မိနစ်လောက် ကြာသောအခါ ရွှေစက်တော်သို့ ဆိုသော ဆိုင်းဘုတ်လေးကို လှမ်းမြင်လိုက်လေသည်။ ရွှေစက်တော် ရောက်တော့မည်ဖြစ်ပြီးကားပေါ်မှလူအားလုံး လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ ထို့နောက် အတန်ကြာမောင်းပြီ မန်းရွှေစက်တော်သို့ရောက်ရှိလေသည်။ ရောက်လျှင်ရောက်ခြင်း ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ခေါင်းဆောင်မှ တည်ခိုးဆောင်ငှားဖို့ လိုက်မေးကာ ဈေးညိပြီး တည်ခိုဆောင်လေးရှေ့တွင်ကားရပ်ကာ ထုပ်ပိုးများချကြကာ တည်ခိုဆောင်ခန်းတွင် အနားယူကြလေသည်။ တည်းခိုဆောင်များကို ၀ါးများဖြင့် ပြုလုပ်ထားသည်။ ချောင်းဘေးတစ်လျောက်စီစီရီရီ ဆောက်လုပ်ထားကြခြင်းဖြစ်ပြီး ရေဆော့ကစားဖိုလည်း အတော်ကို အဆင်ပြေလှသည်။ကျွန်တော်တို့ ဘုရားဖူးအဖွဲ့လည်း ခေတ္တခန အနားယူကြပြီး ချောင်းထဲသို့ ရေကစားရန်ဆင်းကြလေသည်။ ချောင်းရေမှာလည်း အေးမြပြီး အတော်လေးကြည်လင်သည်။ ချောင်းရိုးတစ်လျှောက် ရေကစားကြသူများနှင့် ပြည့်နပ်နေသော်လည်း ချောင်းရေမှာ နောက်ညိသွားခြင်းမရှိပေ။ ရေစီးကတော့ အနည်းငယ်သန်သည်။

2018-03-04-16-52-34-119.jpg

IMG_20180304_163714.jpg

IMG_20180304_163702.jpg

တပျော်တပါး ရေကစားကြပြီးနောက် ဘုရားဖူးဖို့ တောင်ပေါ်သို့ တက်ကြသည်။ တောင်ပေါ်သို့ ကားလမ်းရော ခြေလျင်ပါ နှစ်မျိုးလုံးဖြင့် တက်နိုင်သည်။ သက်ကြီးဘိုးဘွားများကတော့ ကားဖြင့်တက်ကြသည်။ ကားခမှာလည်း ၅၀၀ကျပ်သာကြသင့်သည်။ တောင်ပေါ်သို့ခြေလျင်တက်ရာလမ်းတစ်လျောက်ကိုစောင်းတန်း လုပ်ပေးထားသည်။ ထိုစောင်းတန်းတစ်လျောက်တွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များကို ညီညီညာညာ ခင်းကျင်း ရောင်းချထားပါသည်။ အမှတ်တရပစ္စည်းမှာလည်း စုံလင်လှသည်။ ခြေလျင်ဖြင့် တက်လာရာ မိနစ် ၃၀ ကြာတွင် တောင်ပေါ်သို့ရောက်ရှိပြီး ဘုရားဖူးကြသည်။


ခြေတော်ရာသို့ ၊ တစ်ခါရောက်လျှင်
သွားချင်နေကြ ၊ လွန်တောင့်တ
ဟတသွယ်ပျောင်း ၊ လက်ဆယ်ချောင်းကို
ဦးခေါင်းထိပ်တင် ၊ ကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ။
ရှိခိုးပါရ ၊ ပုညကြောင့်
ဘ၀အမှန် ၊ ထက်ရွာစံသည်
နိဗာန်ရွှေမြို့ ၊ ရောက်စေသော် …။
မင်းပူး ဦးသြဘာသ ( ကုန်းဘောင်ခေတ်စကားပြေစာဆိုဆရာတော် )

IMG_20180304_183412.jpg

မန်းရွှေစက်တော်သမိုင်းအကျဉ်းမှာ မြတ်စွာဘုရားရှင်ဟာ စန္ဒကူးနံ့သာကျောင်းတော်တွင် (၇)ရက်သီတင်းသုံးနေတော်ပူပြီးနောက် သာဝတ္တိပြည်၊ ဇေတ၀န်ကျောင်းတော်သို့ အပြန်လမ်းခရီး နမ္မဒါနဂါးမင်းတောင်းပန်မှုကြောင့် ဘယ်ဘက်ခြေတော်ရာတစ်ဆုချတော်မူရာ အောက်စက်တော်ဟု အမည်တွင်လေသည်။
အရှင်သစ္စဗ္ဗန္ဓရဟန္တာမထေရ်မြတ် တောင်းပန်မှုဖြင့် မန်းတောင်ပေါ်တွင် ဘယ်ဘက်ခြေတော်ရာကိုချတော်မူရာ အထက်ခြေတော်ရာဟု အမည်တွင်လေသည်။

အထက်ခြေတော်ရာ ဘုရားတောင်ပေါ်မှလှမ်းကြည့်လိုက်လျှင် တောတောင်အထက်ထက်နှင့် လျှိုမြောင်များကို မြင်ရမည်ဖြစ်သည်။ ကွေ့ကောက်နေသော မန်းချောင်းနှင့် ထိုမန်းချောင်းကိုမှီပြီး ချောင်းရိုးတစ်လျောက် ဆောက်လုပ်ထားသော တည်းခိုဆောင်များကို လှပစွာ လှမ်းမြင်နေရပါသည်။ မိုးရာသီချိန်တွင် ထိုမန်းချောင်းမှာ ရေများပြည့်လျှံကာ အောက်ခြေတော်ရာ ရေ၀င်ကာ ဘုရားဖူးမျှော်လို့မရနိုင်ကြောင်းသိရှိရလေသည်။ သို့ဖြစ်၍မိုးဦးစပြီဆိုတာနှင့် ဘုရားခရီးသည်များလာရောက်ခြင်းကို တားမြစ်သောကြောင့် ယခုလို နွေဦးရာသီ လတပေါင်းတွင် ဘုရားဖူးများ စည်းကားသိုက်မြိုက်လျှက်ရှိခြင်းဖြစ်ပေလိမ့်မည်။

ကျွန်တော်ဘုရားဖူးအဖွဲ့လည်း တောင်တန်းတွေကြားမှာ အိပ်စက်အနားယူတော့မည့် သူရိန်နေမင်းကြီးကို နောက်ခံထားကာ ဓာတ်ပုံများ အလုအယက်ရိုက်ခဲ့ကြလေသည်။ မန်းရွှေစက်တော် ဘုရားတောင်ပေါ်မှ နေ၀င်ဆည်းအလှကို ရှူစားခဲ့ပုံများကို ကျွန်တော့်တသက်မေ့နိုင်တော့မည်မထင်ပေ။ တောင်ပ်ါမှ ဘုရားဖူးပြီး ပြန်ဆင်းကာ ဘုရားဈေးတန်တွင် လည်ပက်ကြကာ ညနေစာ စားခဲ့ကြပါသည်။ ထိုသို့ ဘုရားဈေးတန်းတွင် လျောက်လည်ရင်း တစ်နေရာတွင် လူများဝိုင်းအုံနေသည်ကိုတွေ့ခဲ့ရ၍ သွားရောက်စပ်စုကြည့်ခဲ့ရာ ပန်းချီဆရာမှ ပန်းချီကားများရေးဆွဲကာ ရောင်းချနေခြင်းဖြစ်သည်။နှစ်ပေလောက်ရှိသော ပန်းချီကားချပ်လွတ်ပေါ်တွင် ပန်းချီဆရာက စုတ်သံဖြင့် ဟိုခြစ်ဒီခြစ် ရေးဆွဲနေသည် ပထမတော့ ဘာကိုရေးဆွဲမှန်းမသိကြပေ။ နောက်ဆုံးမှ ဘုရားစေတီပုံနှင့် တောတန်းလေးဖြစ်သည်။ ကျွန်တော်မှာ ထိုပန်းချီဆရာကို အားကျမိလေသည်။ ကိုယ်ဝါသနာပါတာလည်းလုပ်ရပြီး ပိုက်ဆံကလည်းရသေးသည်။ ထို့ကြောင့် မိမိဘ၀တွင် အောင်မြင်မှုများရရှိချင်လျှင် မိမိဝါသနာ ပါရာကို လုပ်ကိုင်ကြဖို့ လူကြီးများ ဆရာသမားများက တွန်းအားပေးခြင်း ၊ ဆိုဆုံးမခြင်းဖြစ်လိမ့်မည်ဟု စိတ်ထဲတွင် တွေးထင်ခဲ့မိလေသည်။

IMG_20180304_171019.jpg

IMG_20180304_171633.jpg

IMG_20180304_171652.jpg

2018-03-04-17-31-26-390.jpg

IMG_20180304_174316.jpg
ဓာတ်​ပုံ >> ​မန်း​ရွှေစက်တော် ဘုရား​တောင်​​ပေါ်မှ ရှူခင်းများကို လှမ်းမြင်​ရပုံ ။

ထို့နောက်တွင်တော့ တည်းခိုဆောင်သို့ပြန်လာကာ တစ်ညတာအိပ်စက်အနားယူကြလေတော့သည်။မနက်ခင်းစောစော ၄ နာရီလောက်ထကာ မကွေးမြသလွန်၊ ကျောင်းတော်ရာ၊ နဂါးပွတ်တောင် ဘုရားဖူးဖို့ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ ရွှေစက်တော် မှ ထွက်ခွာလာခဲ့ကြသည်။ ၁ နာရီကြာ ကားစီးလာပြီးနောက်တွင် ကျောင်းတော်ရာ သို့ ရောက်ရှိခဲ့လေသည်။

ကျောင်းတော်ရာစေတီဖူးမျော်ပြီးနောက် ၀ါတွင်းကာလတွင် ဘုရားဖူးလာသော ငါးကြီးများလာရာမုန်းချောင်းသို့ သွားရောက်ခဲ့ကြပေသည်။ ထိုချောင်းနှဘေးတွင် နေထိုင်သော အဘိုးအိုမှ ငါးများအကြောင်းကိုစိတ်ရှည်လက်ရှည်ရှင်းပြပေးပါသည်။မုန်းချောင်းမှာ ဧရာဝတီမြစ်မှ ခွဲထွက်လာသော ချောင်းကြီးဖြစ်ပြီး ၀ါတွင်းကာလတွင် ကျောင်းတော်ရာ သို့ ဘုရားဖူးရန်ငါးကြီးမျးလာရောက်ကြကြောင်း ထိုဧရာဝတီမြစ်ထဲ ငါးများကို လှေငယ်တစ်စီးနှင့် ဧရာဝတီမြစ်ကမ်းသို့ သွားရောက်ကြိုရကြောင်း ထိုအဘိုးအို ပြောပြ၍သိရှိခဲ့ရလေသသည်။

IMG_20180305_073617.jpg

IMG_20180305_073736.jpg
ဓာတ်​ပုံ >> ​ ​ကျောင်း​တော်​ရာ​စေတီ

ထို့နောက်တွင် မြသလွန် စေတီတော်သို့ ခရီးဆက်ခဲ့ကြလေသည်။ မကွေးမြို့စွန် မြသလွန်စေတီသို့ ၁၀နာရီခွဲတွင် ရောက်ရှိဘုရားဖူးခဲ့လေသည်။ ဘုရားသမိုင်းကြောင်းကို မဖေါ်ပြတော့ပါ ရေးရမည်ဆိုလျှင် ရေး၍ကုန်နိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ရောက်ရှိခဲ့ကြောင်းကိုသာရေးသားလိုက်ရပါသည်။ နဂါးပွတ်တောင် သို့ နောက်ဆုံးသွားရောက်လည်ပတ်ခဲ့ကြပြီး မကွေးမြို့ကို နှုတ်ဆက်ကာ ပြင်ဦးလွင်သို့ ပြန်ခဲ့ကြလေသည်။ အပြန်လမ်းတွင်တော့ အားလုံးခရီးပန်းနေကြပြီဖြစ်သောကြောင့် အသံမထွက်နိုင်ဘဲ အိပ်မောကြနေခဲ့သည်။ ပြင်ဦးလွင်သို့ ည ၈နာရီတွင် ပြန်ရောက်ပြီး ကားဆရာမှ ဘုရားဖူးညီအကို မောင်နှမများ အယောက်စီတိုင်း၏ အိမ်သို့ လိုက်လံပို့ဆောင်ပေးပြီး နှုတ်ဆတ်ခဲ့ကြပါသည်။

IMG_20180305_082445.jpg
မုန်း​ချောင်း

2018-03-05-11-08-52-897.jpg
ဓာတ်​ပုံ >> မ​ကွေးမြသလွန်​​စေတီ

ကျွန်တော့် ဘ၀တသက်တွင် မေ့နိုင်လိမ့်မည်မဟုတ်သော ဤပုဂံ ၊ မင်းဘူး ရွှေစက်တော် ဘုရားဖူးခရီးစဉ်မှ အမှတ်တရများကို Steemit Platfrom ပေါ်တွင် သိမ်းဆည်းလိုက်ရပါ၏ ။။။

×××××××××××××××××××××××××××××××××

မှတ်ချက် ။ ။ ဘုရားသမိုင်းအကျဉ်းအား မန်းရွှေစက်တော် လမ်းညွန် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ ( ဌေးမြင့် (ဒဿနိက) )
ဖတ်ရှူပေးပါသော စတီးမစ် ညီအကိုမောင်နှများအား အထူးကျေးဇူးတင်လျှက် …

ဓာတ်​ပုံ >> ကိုယ်​တိုင်​ရိုက်​ယူသည်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by >>> KoKoMoeHein @myanmarkoko
MSC no. 118

Sort:  

နောက်ဆို အတူတူသွားနိုင်အောင်ကြိုးစားကြတာပေါ့ဗျာ....မျှော်လင့်နေပါတယ်..

တစ်​ခေါက်​​လောက်​​တော့လည်​ချင်​တယ်​အကို

နောက်​ကျ အတူတူသွားကြတာ​ပေါ့

ဒီလိုအချိန်ဘဲ သွားရတာဆိုတော့ သွားနိုင်ရင်အကောင်းဆုံးပါ လူများတော့ ပိုပျော်စရာကောင်းပါတယ်ဗျာ

ဟုတ်​ မိုးဦးကျရင်​ ဘုရားက​ရေတက်​​တော့ပိတ်​ထား​တာ ခုလိုရာသီက ဘုရားဖူးသွားဖို့အဆင်​​ပြေဆုံးပါ

ကျွန်တော်ငယ်ငယ်တုန်းက ၁ ကြိမ်ရောက်ဖူးတယ်။ အဲ့တုန်းက ရေတက်တဲ့အချိန်ဗျ ခြေတော်ရာ ရေလွှမ်းတယ်တဲ့ ကိုယ်ကငယ်သေးတော့ သေချာမမှတ်မိတော့ပါဘူးဗျာ။ ခုလိုတွေဖတ်ရတော့ နည်းနည်းတော့ ပြန်သတိရလာတယ်။

ဟုတ်​ ​နောက်​ကျရင်​ စတီးမစ်​ညီကို​တွေနဲ့အတူ ခရီးထွက်​ချင်​မိပါတယ်​ဗျ

ဘုရားတွေ စုံအောင် ဖူးရလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ။ ထန်းရည်တွေမြင်ရတော့လည်း သောက်ချင်လိုက်တာ။

လာ​တော့ အတူတူ​သောက်​ကြတာ​ပေါ့ဗျ မန်း​လေးမှာ​တော့ ထန်းရည်​အစစ်​ကရှားတယ်​ဗျ

ကျေးဇူးပါဗျာ မရောက်ဘူးသေးတဲ့
ဘုရားတွေကို အခုလို ဖူးမျှော်ရလို့ 

ဟုတ်​ ​ကျေးဇူးပါဗျ

ဘုရားဖူးတစ်ခေါက်ဆိုတစ်ခေါက်သိတာအောင်ကိုဘုရားတွေစုံအောင်ဖူးပြစ်တာပဲ
အားကျတယ်bro ရေ

ဟုတ်​ အစုံဖူးခဲ့ရတာ ​ပျော်​ဖို့လည်း​ကောင်း ဗဟုသုတ​တွေလည်းရ​ပေါ့

အရမ်းကိုပျော်ဖို့ ကောင်းမှာပဲ

ဟုတ်​ အရမ်း​ပျော်​ခဲ့ပါတယ်​ဗျ

ရွေစက်တော်ကိုမရောက်ဖူးသေးဖူး။ ဒါပေမဲ့ ခုရောက်နေသလိုပဲ ကျေးဇူးပါဘဒိုရေ

ဟုတ်​ ​တောဘုရား​လေဆူထဲမှာ ရွေစက်တော်​ဘုရား ပါတယ်​ဗျ
တန်​ခိုကြီးလို့ ဖူး​မျော်​​စေချင်​ပါတယ်​ဗျ

ဟုတ်ဘဒို တရက်တော့သွားဖူးမယ်ဗျာ

လွမ်းမောစရာ ထန်းတောကြီးရယ်
အားကျစဖွယ် သူငယ်ချင်တစု ထန်းရေဝိုင်း
ငိငိ

ကြည်ညိုဖွယ်ရာ ဘုရားခြေတော်ရာပုံလေး မေ့ကျန်ခဲ့တယ် ထင်သပ broရေ

ရေးထားတာအရမ်းပဲကောင်းပါတယ်ခင်မျ

ဟုတ်​ အရမ်းကို​ပျော်​ခဲ့ရပါတယ်​ဗျ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66892.02
ETH 3513.87
USDT 1.00
SBD 2.67