True Love (အချစ်စစ်)
အချစ်စစ်ဆိုသည်မှာ
ကျွန်တော်ပေးထားသော ဆောင်းပါးခေါင်းစဉ်ကိုမြင်ပြီး ကိုကိုမိုးဟိန်းကတော့ အချစ်နယ်မှာ ဆရာတစ်ဆူလို့တော့ မထင်လိုက်ပါနှင့် အရင်တစ်ပက်က ကျွန်တော်ဖတ်ဖြစ်ခဲ့သော ငွေတာရီ၊ ၀တ္ထုတိုပေါင်းချုပ် ထဲမှ ၀တ္ထုတိုလေးတစ်ပုဒ်ကြောင့် ကျွန်တော့်အတွေးများ ဘောင်ဘင်ခက်ခဲ့ရပြီး ယခုလို စီးစီးနင်းနင်း အချစ်စစ်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတော့သည်။
ငွေတာရီ ၀တ္ထုတိုပေါင်းချုပ်သည် ပထမဆုံး ကျွန်တော်ဖတ်မိသော နိုင်ငံကျော် စာရေးဆရာမ ငွေတာရီ၏ စာအုပ်ဖြစ်ပါသည်။
ယခင်က တက်ကြမ်းများသာ အဖတ်များခဲ့ပြီး ရသစာပေများကို မဖတ်ဖြစ်ခဲ့ပေ။လူငယ်ပီပီ တိုးတက်ကြီးပွားချင်စိတ်ကသာများခဲ့ပေသည်။ အသက်က ၂၄ ကျော်လာ၍လားမသိ ရသစာပေများကို ခံတွင်းတွေ့နေပြီး ထူးထူးခြားခြား နှစ်ခြိုက်မိနေခြင်းဖြစ်သည်။ မဆီမဆိုင် ဘာတွေရေးနေမိမှန်းမသိ၊ ပေးထားသော ခေါင်းစဉ်နှင့် လွဲသွားမည်စိုး၍ တိုတိုတုတ်တုတ် လိုရင်းကိုသာဆက်ပါတော့မည်။
ကမ္ဘာရွေ့စေတော့ ဝေဇင့်ကိုကား ကျွန်တော်မေ့၍ မရနိုင်တော့ပါ ……..
ဝတ္ထုတိုလေး၏ ခေါင်းစဉ်မှာ ဝေဇင် ဖြစ်သည်။ ဝေဇင်ဆိုသော မိန်းမပျိုလေးသည် ၂၃နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့ပါသည်။ ဝေဇင် သည် မိန်းမချင်းငေးရလောက်အောင်ပင် လှပနုပျိုသော မိန်းမပျိုလေးဖြစ်ပြီး ပုရိသတို့၏ အသဲကို ကိုင်လှုပ်နိုင်သော အလှထွဋ်ခေါင် နတ်မိမယ်လေးတစ်ပါး ကဲ့သို့ပင် ချောမောလွန်းလှပေသည်။ အိမ်ထောင်ကျပြီး ၅နှစ်ကြာသော် မျိုးချစ်စိတ်ကြီးတဲ့ လင်ယောကျာ်းဟာ နယ်ချဲ့အင်္ဂလိပ်တို့ကိုတော်လှန်ဖို့ ဗမာ့တပ်မတော်ထဲကို ၀င်ခဲ့သည်။ တော်လှန်ရေးပြီး၍ ပြန်လည်ရောက်ရှိလာရာ မျိုးချစ်ကြီးမှာ မျက်မမြင် ဒုက္ခိတ တစ်ယောက်ဖြစ်နေခဲ့ပါတော့သည်။ ဤကဲ့သို့ လင်ယောကျာ်းမှာ ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ဝေဇင်မှာ သူမ၏ ခင်ပွန်းအပေါ် ညည်းညူမှု တစ်ချက်မပြုခဲ့ပဲ၊ မိမိ၏ခင်ပွန်းအပေါ် ပြုစုယုယကြင်နာခဲ့သည်။ ဤအချင်းအရာကို မြင်ပြီး တအံ့တသြ ဖြစ်နေသော အိမ်နီးနားချင်းအဖြစ် အသစ်ရောက်ရှိလာသော မိတ်ဆွေက ဝေဇင်အား အဘယ့်ကြောင့် ယခုကဲ့သို့ မျက်မမြင် ဒုက္ခိတ လင်ယောကျာ်းအပေါ် စိတ်ပျက်ခြင်းမရှိပဲ လိုလေးသေးမရှိ မယားဝတ်တရားကျေပွန်အောင် ပြုစုလုပ်ကျွေးနေရသလဲ ဟု ဂရုဏာသက်စွာ မေးမြန်းသောအခါ ဝေဇင်က-
ကျွန်မဟာ လွန်ခဲ့တဲ့အသက်၂၃နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်။ ကျွန်မယောကျာ်းဟာ ကျွန်မကို တစ်နေ့လုံးထိုင်ပြီး တစိမ့်စိမ့်ကြည့်နေနိုင်အောင်ထိ ကျွန်မကို စွဲလမ်းစုံမက်ခဲ့တယ်။ အခုကျွန်မအသက်ဟာ ၃၃ နှစ်ရှိပြီး ရုပ်ရည်ဟာလည်း အရင်ကလောက် မနုပျိုတော့တယ်။ သို့ပေမဲ့ ကျွန်မယောကျာ်းဟာ ကျွန်မကို ၂၃ နှစ်အရွယ်တုန်းကလိုမျိုး သူ့စိတ်ထဲမှာထင်မှတ်ပြီး ချစ်မြဲတိုင်းချစ်ပြီး တွယ်တာမြတ်နိုးစုံမက်နေဦးမှာပဲ။ ဒီလိုပဲ ကျွန်မအသက် ၆၀ ကျော်လာတဲ့အခါ ကျွန်မရုပ်ရည်ဟာ ဘယ်သူကမှ ၂၃နှစ်အရွယ်ကလိုမျိုး လှပနုပျိုဆဲလို့ ထင်မှက်ပြီး ခံစားနိုင်ကြမှာမဟုတ်ဘူး ။ ကျွန်မပါးပြင်ဟာ အတွန့်တွန့်လိပ်နေပြီး၊ သွားများလည်းကျိုးနေပေလိမ့်မည်။ သို့ပေမဲ့ မျက်မမြင် ဒုက္ခိတ ကျွန်မရဲ့ လင်ယောကျာ်းကတော့ ကျွန်မကို ၂၃နှစ်ကလိုမျိုး လန်းဆန်းဆဲ၊ နုပျိုဆဲ၊ စွဲမက်ဖွယ်ကောင်းဆဲလို့ သူစိတ်မှာစွဲစွဲမြဲမြဲ မလျော့တဲ့အချစ်တွေနဲ့ ချစ်နေအုံးမှာပဲ။ ဒါကြောင့် ကျွန်မရဲ့ လင်ယောကျာ်း မျက်မမြင် ဒုက္ခိတ ဖြစ်သွားတာကိုပဲ ပျော်ရမလိုလို၊….။
အသံကပြောရင်း ဝေဇင့်အသံမှာ သိမ်ဝင်သွားသည်။ သိမ်ဝင်သွားရခြင်းမှာ လင်ယောက်ျား မျက်မမြင် ဒုက္ခိတဖြစ်သွားခဲ့ခြင်းကြောင့် မိမိလင်ယောက်ျားအတွက် စိတ်မကောင်းဖြစ်ခြင်း ဖြစ်ပေလိမ့်မည်။ ပျော်မလိုလို ဟုဆိုသည်ကား သူမ၏ လင်ယောက်ျားမှာ သူမကို တသက်လုံးစွဲစွဲမြဲမြဲ ချစ်ခင်စုံမက်သွားမည်ကို တွေးပြီး ပျော်မိခြင်းဖြစ်ပေလိမ့်မည်။
ဝတ္ထုတိုအကျဉ်းချုပ်ကတော့ ဤမျှပင်ဖြစ်သည်။ ကျွန်တော်ရေးသားသည်မှာ လိုအပ်ချက်များစွာရှိနေပေလိမ့်မည်။ ဆရာမငွေတာရီ၏ ဖွဲ့နွဲ့ရေးသားထားပုံမှာ စာဖတ်သူရင်ထဲကို နစ်ဝင်သွားစေသည်။ ဖတ်ချင်သူများ ငွေတာရီဝတ္ထုတိုပေါင်းချုပ်ထဲတွင် ရှာဖတ်နိုင်ပါသည်။ ၀တ္ထုတိုလေးကပြီးသွားပေမဲ့ ကျွန်တော့်အတွေးတို့က တွေးကောင်းဆဲမျှောကောင်းဆဲပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ မည်သို့နည်း ။ ကျွန်တော့်အမြင်တွင်တော့ အချစ်ဆိုသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုမျိုး အပြန်အလှန် အမှီတဟဲပြုနေကြရသော ထိတွေ့ကိုင်တွယ်၍မရသော စိတ္တဇနာမ်တစ်ခုပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။
ဤ၀တ္ထုတိုလေးအား ဖတ်မိပြီးနောက် ကျွန်တော်၏ လုပ်ဖော်ကိုက်ဖက် အမတစ်ယောက်အကြောင်းကိုပြေးမြင်မိသည်။ ထိုအမတွင် ယောက်ျားနှင့် သမီးကလေးတစ်ယောက်ရှိသည်။ ထိုအမသည် အလုပ်ကိုနှစ်ဆလုပ်သည်။ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်ရင်း ထီးများရောင်းချသည်။ အလုပ်ကပြန်လာလျှင်လည်း အသိမိတ်ဆွေများထံသို့ မကုန်သေးသော ထီလက်မှက်များကို လိုက်လံရောင်းချရသေးသည်။ ထိုမျှမကသေး အိမ်ပြန်ရောက်လျှင်လည်း ထမင်းဟင်းချက်ပြုပ်ရသေးသည်။ အိမ်မှုကိစ္စအ၀၀ကို လုပ်ရသေးသည်။ ထို့မျှနှင့်လည်း မပြီးသေး ထိုအမ၏ ယောက်ျားမှာ အိမ်ထောင်ကျပြီး ၃နှစ်ကြာပြီးနောက် အတက်ရောဂါ(၀က်ရူးပြန်) စွဲကပ်လာသောကြောင့် ဒုက္ခိတ လင်ယောက်ျားအား ပြုစုရသေးပေသည်။ တခါတော့ ထိုအမနှင့် စကားလက်ဆုံပြောမိရာမှာ ထိုအမအား -
အခုလို အမ ရုန်းကန်လုပ်ရှားနေရတာ မပင်ပန်းဘူးလားဟု မေးမိပါသည်။ ထိုအမပြန်ပြောသည်ကတော့-
ငါ့မောင်ရယ် … ပင်ပန်းတယ်လို့တော့လည်း ဘယ်ဟုတ်မလဲ။ ကံတရားကိုပဲ အပြစ်ပုံချရတော့မပေါ့။ ငါ့ယောက်ျား သန်မာကျန်းမာခဲ့စဉ်တုန်းကလည်း အမတို့သားအမိကို လိုလေးသေးမရှိ ကျွေးမွေးစောက်ရှောက်ခဲ့တာပဲ။ ကဲ… အခုလို သူဒုက္ခိတ ဘ၀ရောက်တော့လည်း အမကပြန်ပြီး ပြုစုစောင့်ရှောက်ရမပေါ့့ ဟုတ်ဖူးလား။ ဒီလိုပဲလဲ မေတ္တာဆိုတာ အတုန့်အလှည့်ရှိမပေါ့။
ဟာ အမလိုမိန်းမမျိုးကတော့ အခုခေတ်မှာ ရှားသွားပြီ။ တစ်ရာမှာတစ်ယောက်ပဲ ။ အမကိုတကယ်လေးစားမိတယ် ဟု ကျွန်တော်ပြောလိုက်မိတော့ ထိုအမက-
အင်း… အမကလည်း အဲ့ဒီတစ်ရာမှာ တစ်ယောက်ဖြစ်ခွင့်ရလို့ ကျေနပ်နေတာ
ထိုသို့ ပြုံးရယ်ကာ ပြောပြီးထွက်သွားခဲ့သည်။ထိုအမမှာ အသက်အရွယ်အားဖြင့် ၃၀ ဆိုပေမဲ့ ၂၃ နှစ်အရွယ်မိန်းမပျိုလေးကဲ့သို့ပင် နုဆဲ ထွတ်ဆဲပင်ဖြစ်သည်။ ဤကဲ့သို့ လောကဓံ၏ အထုအထောင်းကြားမှာ အစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်ကို ဤဆောင်းပါးဖြင့် အသိအမှတ်ပြုလိုက်ရပါသည်။
Image Credit >>> https://www.pexels.com/
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
@myanmarkoko
MSC no. 118
ခုခေတ်မှာတော့ အတော်ရှားပါးသွားတာပဲ
အရမ်းရှားသွားပြီပေါ့ ဦးထွေးရေ။
အချစ်စစ်ဆိုတာ တကယ်တော့ အဟီး ခင်မောင်တိုးမေးကြည့်အုံးမယ်
ဟိဟိ မေးကြည့် ဦးယု။
massage လေး ကောင်းတယ်ဗျာ။
ဟုတ် ကျေးဇူးပါဗျ
ကောင်းမွန်လှပါ၏
Posted using Partiko Android
ကျေးဇူးပါ ဗျာ။
တကျော့ပြန်တွေပါလားကွယ်
အတုံ့အလှည့်ပေါ့ မစု။
Congratulations @myanmarkoko! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard: