မိအေးနှစ်ခါနာ

in #myanmar5 years ago (edited)

ခုတလော ပိုးတစ်ကောင် ကိုယ်ထဲကို ၀င်ပူးကပ်နေပါတယ်။
တော်တော်ဆိုးတဲ့ပိုးပါ ။ ဘိန်းပိုးဗျ ။ ဒီပိုးကိုစစ်ဖို့ မနက်၅နာရီခွဲလောက်ကို နိုးစက်ပေးထားရပါတယ်။ ကိုယ့်ဘိန်းဘယ်လောက်ထုတ်နိုင်ပြီလဲ။ ဘယ်သူက ကိုယ့်ဘိန်းကို လူမသိသူမသိ ခိုးတိုက်သွားသလဲ။ ဖုန်းစခရင်မ် ကိုပွတ်ပြီးကြည့်ရပါတယ်။
အမူးမပြေသေးတဲ့ မျက်လုံးကမပွင့်တပွင့်နဲ့မို့ မှုန်ဝါးဝါးသာမြင်ပါတယ်။

Screenshot_2019_0305_205136.jpg

" ခလွက် "ဆိုပြီးဖုန်းက မျက်နှာပေါ်ပြုတ်ကျတာ နာလို့
လန့်ဖျန့်ပြီး အိပ်ချင်စိတ်တောင် ဘယ်ပျောက်သွားမှန်းမသိ
တော့ပါ။ ဖြစ်ပုံက ကျွန်တော်က အိပ်ယာကမထပဲ
ပလက်အနေထားအိပ်နေရင်းနဲ့ မျက်နှာအပေါ်တဲ့တဲ့ လက်နှစ်ဖက်နဲ့ ဘိန်းပိုးကို စစ်နေခဲ့တာကိုး။
အဲ့ဒီချိန် ပြန်အိပ်ပျော်သွားပြီး လက်ထဲကဖုန်း မျက်နှာပေါ်ပြုတ်ကျတာ။ နာလိုက်တာဗျာ ။( အလုပ်သွားခါနီး မှန်ကြည့်မှ မျက်နှာမှာ အညိုရောင် အဖုလေးတွေ့လိုက်ရတယ်) တော်တော်ဆိုးတဲ့ဘိန်းပိုး။

မဖြစ်ဘူးဆိုကာ ခြုံစောင်ကို အသာလေးလှန်လိုက်ပြီး တမင်ခွေထထိုင်ပြီး သေချာပြန်စစ်ကြည့်လိုက်တော့ စောစောစီးစီး ဘိန်းအကျိုးပေးချက်ဗျ။ ဘယ်ချိန်ကတည်းက ချောင်းနေမှန်းမသိတဲ့ ကိုယ်လူဆိုးက ကျွန်တော့်ဘိန်းတွေ လာတိုက်သွားတယ်။
" ကုန်ပါပြီ ငါ့ဘိန်းတွေ "
အော် စောစောစီးစီး ငါအစွဲက ကပ်လာပြီ။ ငါ့ပစ္စည်း၊ ငါ့ဥစ္စာ နဲ့စိုးရိမ်ရ ၊ ပူလောင်ရပါတယ်။

"အင်း…. ဘိန်းပိုးကတော့ စောစောစီးစီး
တရားသဘောတွေပြနေပြီ " လို့စိတ်ထဲက သံဝေဂ
ရလာသလိုလို။
မတက်နိုင်ပြီ ကျန်တဲ့ဘိန်းလေးနဲ့ မမြတ်ထုတ်ရမှာပဲဆိုကာ
လုပ်စရာရှိတာဆက်လုပ် upgrade မြင့်ပြီးထားလိုက်တယ်။ ပြီးနောက် ကိုယ့်ဘိန်းလာခိုးတိုက်သွားတဲ့ငနဲကို ပြန်လိုက်ဖမ်းမယ်ဆိုပြီး စိတ်ကြွပြီး အားရပါးရကြည့်လိုက်တာ
အကောင်ကြီးကြီးဖြစ်နေတာနဲ့ သိပ်သိပ်လေးငြိမ်နေလိုက်ရတယ်။

" ဒီတစ်ခါတော့ရှိစေတော့ " ဆိုပြီးခွင့်လွတ်ပေးလိုက်ရတယ်။
ကြည့် ဘိန်းပိုးက ခွင့်လွတ်တက်ခြင်း ပါရမီလည်းတိုးစေတယ်ဗျ။
ဒါနဲ့တင် မပြီးသေးဘူး၊ အလုပ်ထဲမှာလည်း အဆင်မပြေဘူးဗျ။ တစိမ့်စိမ့် ဒီဘိန်းပိုးကြောင်းပဲတွေးနေတာ။ စားလည်း ဘိန်း၊ အလုပ်လုပ်လည်းဘိန်း၊ ဘာလုပ်လုပ်ဘိန်းကြောင်းပဲတွေးနေတာ။ အလုပ်ဘယ်ချိန်ပြီးမလဲ နာရီတကြည့်ကြည့်နဲ့ ခြေမငြိမ်လက်မငြိမ်(အလုပ်လုပ်နေရတာကိုး) ဖြစ်နေပါတယ်။
အလုပ်လည်း ပြီး အဆောင်ပြန်ရောက်တော့
ချက်ချင်းဖုန်းလေးကောက်ကိုင်ပြီး အမောတကော ဘိန်းပိုးကိုစစ်လိုက်တာ မျက်လုံးတောင်ပြူးသွားတယ်။

" တော်တော်ဆိုးတဲ့ ဘိန်းရာဇာကြီး "
ညက ကျွန်တော့်ဘိန်းတွေလာတိုက်သွားတဲ့
ဒီအကောင်ကြီးကြီးက ပြန်ပြီးလာတိုက်သွားတယ်။
ကျွန်တော့်ဘိန်းတွေသိပ်ချိုလို့လားမသိဘူး ။
ကျွန်တော့်အဖြစ်က

`` မိအေးနှစ်ခါနာ ကြီးပါဗျာ ´´

Screenshot_2019_0305_205924.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

MSC no. 118

Sort:  

ကင်းစောင့်ချထားဟေ့😁😁

Posted using Partiko Android

ကင်းစောင့်ချကိုမရဘူး တော်တော်ဆိုးတဲ့
ဘိန်းရာဇာကြီးဗျ

ဒီကောင်က bro ကို အချဉ်မှတ်ပြီး လာ လာဗျင်းနေတာပဲ။ အဆင့်မြှင့်ပြီး စစ်သား များများ သာ ထုတ်ထားပေတော့။

Posted using Partiko Android

ဟုတ်ကဲ့ အကိုရေ ။
အင်းအားဖြည့်ထားလိုက်မယ် ပြီးမှပြန်တိုက်မယ်။

တခါမှမတိုက်​ဖြစ်​ဘူး။freeရတာ​လေးပဲယူ​နေတာ

အဲ့ဒါ အကောင်းဆုံးပဲဗျ

ရှယ်တီးသွားကြတာပေါ့ လေ
😁

ဟုတ်ပ ကိုဒွန်ရာ

ပိုးဆို ဘာပိုးမှမကောင်းဘူး မဝင်စေနဲ့ 😁

ဟုတ်တယ် ဦးထွေးရေ

နိဟာကလည်း အမြဲ လု တာလား ၀င်း လေးဘားလေး ပေါ်ဘူးလား ☺

ဟိခုတော့ အငယ်လေးတွေပဲ လိုက်အနိုင်ကျင့်နေတယ်😁

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64693.66
ETH 2975.51
USDT 1.00
SBD 3.70