MSC နှင့် ကျွန်တော်၏ Review

in #myanmar6 years ago

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဖေ့ဘွစ်သုံးရင်း ပို့စ်လေးတစ်ခု ဖတ်မိခဲ့တယ်။ " အွန်လိုင်းပေါ်မှာ စတီးမစ်သုံးပြီးငွေရှာနည်း " ဆိုတဲ့ခေါင်းစဉ်နဲ့ ဘယ်သူ တင်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမမှတ်မိတော့ပါ။

စိတ်အရမ်းကြီးဝင်စားသွားခဲ့တာပေါ့။ ဒီလိုနဲ့စတီးမစ်အကြောင်း ဆက်လေ့လာပြီး အကောင့်တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ နောက်တော့ MSC ဖြစ်လာမဲ့ မက်ဆင်ဂျာမှာ မြန်မာအဖွဲ့နဲ့ချိတ်ဆက်မိပြီး စတီးမစ်ကိုသုံးကြည့်၊ လုပ်ဆောင်ကြည့်မိခဲ့ပါတယ်။ သို့သော်ငြား
ကျွန်တော့်မှာ ဘာဆိုဘာမှမသိတဲ့ အွန်လိုင်းငွေရှာနည်းနှင့် အစိမ်းသက်သက်ဖြစ်တာကြောင့် စတီးမစ်နှင့် လုပ်ဆောင်စရာများက ကျွန်တော့်လိုအသစ်နုနုထွတ်ထွတ်အတွက်
စိတ်ပျက်မှုတွေနှင့်သာ ကြုံတွေ့ခဲ့ရပါတယ်။ ဘယ်လောက်တောင်လဲဆို ဗုတ် ဘယ်လိုပေးရမှန်းတောင် မသိခဲ့လောက်အောင်ကို တုံးအလွန်းခဲ့ပါတယ်။ ဘယ်သူ့ကိုမှလည်းမမေးရဲခဲ့။ ကိုယ့်ကအသစ်ဆိုတော့ သူတို့က ကိုယ့်ကိုကြည်ဖြူရဲ့လား စသဖြင့် ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေနှင့် စတီးမစ်ကို လက်ပြနှုတ်ဆက်ခဲ့ပြီး ထိုစတီးမစ် အကောင့်သည်လည်း ပျောက်ဆုံးသွားခဲ့ပါတော့တယ်။

နောက်တော့ စတီးမစ်နှင့် အဆက်သွယ်ပျက်ကာ မေ့မေ့ပျောက်ဖြစ်သွားပြီး နောက်တစ်လအကြာမှာတော့ ပျေက်ဆုံးသွားခဲ့သော စတီးမစ် အိမ်မက်များပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ ဒီတစ်ခါမှာတော့ MSC ဆိုတဲ့
သင်္ဘောကြီးပေါ်မှာ ပင်လယ်ပျော်တစ်ယောက်ဖြစ်ခဲ့ပါတော့တယ်။
စတီးမစ်ပင်လယ်ထဲဝယ် ကိုဟင်ဦးဆောင်တဲ့ MSC မိသားစု ၏ ရိုင်းပင်းကူညီဖေးမပေးခဲ့မှုကြောင့် စတီးမစ်လမ်းကြောင်းပေါ် နည်းမှန် လမ်းမှန် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

အခုဆိုရင် စတီးမစ်ပေါ်မှာ လျှောက်လှမ်းခဲ့တာ
တစ်နှစ်ကျော်ရှိခဲ့ပါပြီ။ လိုင်းပေါ်တွင်သာ စာပေဖြင့် ခင်မင်ရင်းနှီးခဲ့ရသော MSC မိသားစုဝင်များနှင့်အတူ အခုတော့ တကယ့်အပြင်လက်တွေ့ဘဝတွင်လည်း နှလုံးသားချင်းနီးသော အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခွင့်ရခဲ့ပါတော့တယ်။
ရှေ့အနာဂတ်တွင်လည်း MSC နှင့်အတူ ခရီးဆက်ကာ စတီးမစ်ပေါ်တွင် အောင်မြင်သောမြန်မာများဖြစ်ကြဖို့ ဆက်လက်ကြိုးစားသွားပါ့မယ်လို့ ကတိပြုလိုက်ရပါတယ်ဗျာ...

received_2511347805758391.jpeg

ဒါကတော့ ယခင်အသုံးပြုခဲ့သော စတီးမစ်အကောင့်ဖြစ်ပါတယ်။
အခုမှ မန့်တွေပြန်ကြည့်မိပြီး ကျွန်တော်တစ်ယောက် ပြုံးနေမိပါတော့တယ်။

https://steemit.com/@kokomoehein

Screenshot_2018_1031_192026.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

@myanmarkoko
KoKoMoeHein

MSC no. 118

Sort:  

ဆက်လက်ချီတတ်ကြပါစို့

Posted using Partiko Android

ဟုတ် ကိုဟိန်း ဖိုက်တင်း

အတူတူကြိုးစားကြတာ‌ပေါ့ညီ။

ဟုတ် ကိုမဟော်။
ရှေ့သို့လှမ်းချီ MSC...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70