မိုးသည်း (အပိုင်း-၆)

in #myanmar6 years ago (edited)

မိုးသည်းပြန်လာပြီ အားပေးကြပါအုံးနော်
သစ်အယ်သီး...

မိုးသည်း (အပိုင်း-၆)


မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကောင်းကင်သည် ကြည်လင်ကာ ပြာလျှက်ရှိသည်။ မိုးတိမ်များသည်လည်း နေရောင်ကြောင့် ဖြူစွတ်လျှက်ရှိသည်။ အချိန်ကား ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်ဖြစ်၍
လမ်းမတိုင်းပေါ်တွင် ကျောင်းသူကျောင်းသားများနှင့် မိဘများဖြင့် ပြည့်နေသည်။ အနီးစခန်းလမ်းမှခွဲ၍ တောင်ကျွန်းလမ်းသို့ ချိုးကွေ့လိုက်ကာ ညီထွဋ်တစ်ယောက် ကိုရီးယားစက်ဘီးလေးဖြင့် ကျောင်းမှအိမ်သို့ပြန်လာသည်။ ကတ္တရာလမ်းဖြစ်သော်လည်း လမ်းမှာ အတော်ဟောင်း၍ အိုနေပြီဖြစ်သောကြောင့် ချိုင့်ခွက်များကပေါလှသည်။ မိုးရွာပြီးစဖြစ်၍ တစ်ချို့နေရာများတွင် ရေ၀ပ်လျှက်ရှိသည်။ ပတ်ဝန်းကျင်ကား အစိမ်းရင့်ရောင်တောက်တောက်ဖြစ်နေပြီး လေးအေးများက တဖြူးဖြူး တိုက်ခက်လျှက်ရှိသည်။

pexels-photo-338936.jpg

မက်စောက်သော ကုန်းဆင်းကို ကျော်ပြီး လျှင် ပြင်ညီမြေပြန့်ပေါ်တွင် အုံ့ မိုင်းမိုင်း ထင်းရှူးတောကြီးကို ဖြတ်ကျော်ရသည်။ ထင်းရှူးတောအုပ်ကြီး မှာ ထူးပိန်းလွန်း၍ နေရောင်မထိုးဖောက်နိုင်ပေ။ မြူနှင်းများဖြင့် မှောင်ပိန်းနေ၍ တောအုပ်အတွင်းထဲကို မမြင်နိုင်ပေ။ ဘေးမဲ့တောဖြစ်ပြီး မည်သူမျှလည်း ဒီတောအုပ်ထဲသို့ မ၀င်ရဲကြပေ။ "သစ်မခုတ်ရ တွေ့ရှိပါက ထောင်ဒဏ် ၅နှစ်" ဆိုသော ဆိုင်းပုဒ်နီကြီးများကို ထိုတောအုပ်ဘေးတစ်လျှောက်တွင် ကပ်ထားသောကြောင့် ဘယ်သူမှ မ၀င်ရဲတာလည်းဖြစ်ပေလိမ့်မည်။

ထိုတောအုပ်အနားက ဖြတ်ကျော်မိတိုင်း ညီထွဋ်ကျောချမ်းလာသလို အမြဲခံစားရသည်။ တခါတလေ ခြေသံလိုလို ကြားရတက်သည်။ ထိုသို့ကြားရချိန်တိုင်း ဘေးသီဝဲယာကို ကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကို မျှမတွေ့ရပေ။ ညီထွဋ်လည်း စိတ်ထင်လို့နေမှာပါဟု စိတ်တင်းကာ စက်ဘီးကို ခက်သုပ်သုပ် နင်းလေ့ရှိခဲ့သည်။ ယခုလည်း ဒီတောအုပ်နားရောက်မှ မြူနှင်းများက ရုတ်တရက်ဖုံးလွမ်းလာသည်။ပတ်ဝန်းကျင်ကို သည်းသည်းကွဲကွဲမမြင်ရတော့ပေ။ ညီထွဋ်လည်း ကြောက်စိတ်ဖြင့် စက်ဘီးကို အားစိုက်နင်းလိုက်သည်။ ရုတ်တရက် အဖြူရောင် ၀တ်စုံဖြင့် ရပ်လျှက်ရှိပြီး သူ့အားတားနေသည်ကို မသည်းမကွဲမြင်လိုက်ရ၍ ညီထွဋ် အသက်ထွက်မတက်
လန့်ဖြန့်သွားသည်။ စက်ဘီးကို နောက်ပြန်လှည့်မောင်း၍ လည်းမဖြစ်တော့ ။ ဘာဖြစ်ဖြစ်ဆိုပြီး ကြောက်စိတ်ကို အတင်းဖယ်ထုတ်ရင်း စက်ဘီးကို အရှိန်တင်လေတော့သည်။
ထိုဝတ်စုံဖြူနားသို့ အရောက် မိမိနာမည်အား ခေါ်လိုက်သောကြောင့် ညီထွဋ် သေချာကြည့်မိလိုက်မှ ကျောင်းသူတစ်ယောက်ဖြစ်မှန်းသိလိုက်ရသည်။ ထိုအခါမှ ကြောက်စိတ်တို့က ပျောက်သွားတော့သည်။ ပြီး သေချာကြည့်လိုက်မှ မိုးသည်း ဖြစ်နေမှန်းသိလိုက်ရသည်။

"မိုးသည်း "

"ညီထွဋ် …. ၊ ငါ့စက်ဘီးချိန်းကျသွားလို့ ကူညီပါအုံး။"

"ဟုတ်လား ။ ဒုက္ခပဲ ငါစက်ဘီးကို စီးပဲစီးတက်တာ မပြင်တက်ဘူး ဒါပေမဲ့ ငါလုပ်ကြည့်ပေးမယ်။"

ညီထွဋ်လည်းကျနေသော ချိန်းကို ပြန်တင်ရန် လမ်းဘေးမှ သစ်ကိုင်းခပ်မာမာကို ချိုးယူလိုက်သည်။ ထို့နောက် ကျနေသာချိန်းကို ထိုသစ်ကိုင်းဖြင့်ကော်ကာ ဂီယာဝီးပေါ်ပြန်တင်သည်။ ပထမတော့ မရပေ။ သုံးကြိမ်မြောက်တွင် ရသွားသည်။

"ကဲ… ရသွားပြီး အခုတော့ စီးလို့ အဆင်ပြေပါသေးတယ်။ ချိန်းလျော့နေလို့ဖြစ်တာ ၊ စက်ဘီးပြင်ဆိုင်သွားပြီး ချိန်းတင်းခိုင်းလိုက်ရင် ကောင်းသွားမှာပါ။ "

" ကျေးဇူးပါပဲဟာ … နင်မကူညီရင် ဒီစက်ဘီးနှင့် ဒီတောအုပ်ကြီးထဲမှာ တစ်ယောက်တည်း ဒုက္ခ ရောက်တော့မှာ ။ "

ညီထွဋ်လည်း မိုးသည်းအဖြစ်ကို စာနာမိသွာ:သည်။ မိမိလို ယောက်ျားတစ်ယောက်တောင် အသက်ထွက်မသက် ကြောက်လျှင် သူမလို မိန်းမသားတစ်ယောက်က ပိုပြီးကြောက်နေလိမ့်မည်။

"ရပါတယ်ဟာ တစ်ကျောင်းတည်းပဲဟာ ကူညီပေးရမပေါ့ ။ နောက်ပြီး ကျေးဇူးတင်စရာလည်း မလိုပါဘူး။"

"ဘာလို့ ကျေးဇူးမတင်ရမှာ လည်း နင်ကင့ါကို ကူညီတာကို။"

" ကျေးဇူးတင်ခံရရင် အဲ့ဒီကျေးဇူးကို ပြန်ဆပ်ရတယ်။ အဲ့ဒါကြောင့် ကျေးဇူးတင်မခံချင်တာ။"

"နင်က စကားပြောကောင်းသားပဲ။"

မိုးသည်းက လေတိုက်၍ မျက်နှာပေါ်သို့ ကျလာသော ဆံပင်ကို နောက်သို့သပ်လိုက်ပြီးပြောလိုက်ခြင်းဖြစ်သည်။ မိုးသည်း၏ဆံပင်ကို တိုးဝှေ့ခဲ့သော လေပြေသည်။ ညီထွဋ်၏ နာခေါင်းဝသို့ ရောက်သောအခါ အမျိုးမည်အမည်မသိသော အနံ့တစ်ခု ညီထွဋ်ရင်ထဲသို့ စူးခနဲဝင်သွားသည်။

pexels-photo-238366.jpg

"နင့်လောက်တော့ စကားပြောမကောင်းပါဘူးဟာ ။ ကျောင်းမှာ သတင်းကြီးနေတဲ့ မိုးသည်းကိုတော့ ငါဘယ်မှီပါ့မလဲ။ ကဲ ငါသွားတော့မယ် ။"

"ဟာ … သွားတော့မလို့လား၊ အိမ်ကထွက်မပြေးပါဘူး။ အရေးမကြီးဘူး ဆိုရင် စက်ဘီးကို ဒီအတိုင်းတွန်းပြီး လမ်းလျှောက်စကားပြောသွားကြရအောင်။ ငါစောစောအိမ်မပြန်ချင်လို့။"

"နင်က ဘာလို့ စောစောအိမ်ကို မပြန်ချင်တာလည်း။"

" နောက်တော့ပြောပြမှာပေါ့ဟာ။"

ညီထွဋ်သိလိုက်သည်။ မိမိအား တစ်ခြားကောင်လေးတွေလို ချဉ်းကပ်နေမှန်း ။ သို့ပေမဲ့ မိမိက သူ့အကြောင်းအကုန်စင် သိပြီးပြီမို့ သူချဉ်းကပ်လည်း အပိုပဲ။ ဒီတော့ မိုးသည်းနှင့် အတူတူ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့ကြသည်။

မြူစိုင်းနေသော ထင်းရှူးတောအုပ်ကို ကျော်လာပြီဖြစ်၍ ကြောက်စိတ်များလည်း မရှိတော့ပေ။ တစ်ကျောင်းလုံး၏ နာမည်ကြီး မိုးသည်းနှင့် လည်း ရင်းနှီးခဲ့ရပြီ။ စကားတွေကို ထွေလာသောင်းပြောင်း လျှောက်ပြောကြသည်။ တိတ်ဆိတ်ငြိမ်သက်နေသော တောင်ကုန်းများနှင့် တောအုပ်ကို ကျော်ကာ သူတို့နှစ်ဦး၏ စကားသံသည် လွင့်ပြန်လျှက်ရှိသည်။ အနောက်ဘက် တောင်တန်းထဲသို့ နိမ့်ဝင်ကာ နေမင်းကြီးက နှုတ်ဆက်သွားပြီး ဖြစ်သောကြောင့် ကျန်ရစ်ခဲ့သော ထိုထင်းရှူးတောအုပ်ကြီးသည် ပို၍ပင် မှောင်မိုက်အတိဖုံးလွှမ်းသွားလေတော့သည်။

pexels-photo-1367170.jpg

Image Credit >>> Source Free photos Pexels

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko

MSC no. 118

Sort:  

အရေးအသားကတော့ရှယ်ပဲ့ ကိုဟိန်းရေ

ညီ့ကိုတော့ လိုက်မမှီသေးပါဘူး။
ကျေးဇူးပါ ညီ...

စာတွေလိုက်ဖတ်ကြည့်တော့ သရဲကြောက်တတ်သူတွေအတော်များနေသလိုလိုပဲ ဟုတ်လားတော့မသိဘူးနော် ☺☺☺

ဦးစိုးရဲ့ ထိုးဖောက်မြင်နိုင်စွမ်းက သားတို့လိုက်မမှီနိုက်ပါဘူး။
ဒါပေမဲ့ အထင်တော့သေးနဲ့နော် ကျော်တက်နိုင်အောင်
ကြိုးစားသွားမှာ 😂

ချချ အမြဲ အားပေးနေတယ်

a29bcc2de7bcbc9b5b2feeaf0f97cb48--silly-faces-happy-faces.jpg

စာ​ရေး​ကောင်းတယ်​ရှင်​သစ်​အယ်​သီး​လေးက😌😌

ကျေးဇူးပါ မအိ

အပိုင်6း​ရောက်​မှ ဖတ်​မိ​တော့ ဘာမှကို နားမလည်​ ဟီး😂

ဟုတ် အားပေးလို့ ကျေးဇူးပါဗျ

ဆက်လက် စောင့်မျော်နေပါတယ် မိုးသည်းရေ

ဟုတ် ကျေးဇူးပါ မစု

ဘာပုလို့ မှောင်မိုက်အတိဖုံးလွှမ်းသွားတာလဲ

နေဝင်သွားလို့ထင်ပါတယ်ဆရာ 😁

ဇာတ်လမ်းထွင်ပြန်တာလား မိုးသည်းက...

အဲ့လိုပဲ မိန်းမလည် လေးဆိုတော့
ထိန်းရခက်တယ် ကိုဟိန်းရေ

အား‌ပေး‌နေပါတယ်‌ညီ။‌နောက်‌အပိုင်း‌တွေ ‌စောင့်‌‌မျှော်‌‌နေလျက်‌

ဟုတ် ကျေးဇူးပါ ကိုမဟော်

တောထဲမှာ သရဲမပေါ်လာတယ်မှတ်လို့ နည်းနည်းတော့ ကျောစိမ့်သွားတယ်။နောက်မှ မိုးသည်း ဖြစ်နေတာကိုး။

ဟုတ် မြူနှင်းတွေကျတော့ သည်းသည်းကွဲကွဲ မမြင်ရလို့ပါ။

အသက်ထွက်မသက်ဆိုတာလေးပြင်လိုက်ရင် စာရေးဆရာဖြစ်ပီ😍😍😍

ဟီး ခုပဲပြင်လိုက်ပြီ ကိုမိုး။
ပြောပြပေးလို့ ကျေးဇူး။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64106.00
ETH 3129.71
USDT 1.00
SBD 4.16