ခပ်​မွဲမွဲအချစ်

in #myanmar7 years ago (edited)

love-560783_960_720.jpg

အော်​... အချစ်​တဲ့ လူတိုင်းမကင်းနိုင်​တဲ့အရာ

မိဘက သားသမီးကို ချစ်​တဲ့အချစ်​ ၊

ညီအကို ​မောင်​နှမအချင်းချင်း ချစ်​တဲ့အချစ်​ ၊

သူငယ်​ချင်း မိတ်​​ဆွေအချင်းချင်း ချစ်​တဲ့အချစ်​ ၊

ကောင်​​လေးက ​ကောင်​မ​လေးကိုချစ်​တဲ့ အချစ်​ ၊

ဒီကမ္ဘာကြီးကို အချစ်​မျိုးစုံနဲ့ ဖန်​တီးထား​လေရဲ့...

ဒီလိုဆို... ကျွန်​​တော်​လည်း သူ့ကိုချစ်​မိ ၊

ရိုးရိုး​လေးနဲ့ချစ်​ ၊ စွဲစွဲမြဲမြဲချစ်​ ...

ပကာသန မပါတဲ့ ခပ်​မွဲမွဲ အချစ်​မို့

မင်းနှ​ခေါင်းရှူံ့​လေမလား...

" သွား " မပါရင်​​နေ " ကား " ပါရင်​ချစ်​မယ်​ဆိုတဲ့

အခု​ခေတ်​ရဲ့ အချစ်​၀င်္ကပါ ကြီးထဲမှာ

ကိုယ့်​ရဲ့အချစ်​တို့ ​ခေါင်းမ​ဖော်​ရဲ...

ဂုဏ်​ရှိမှ ၊ ​ရွှေရှိမှ အချစ်​ဆိုတာ လူရာဝင်​တာမို့

သစ္စာနဲ့ ​မေတ္တာ မျက်​နှာငယ်​ရ​ပေါ့ ။

ပြောင်းလဲလာတဲ့ ယ​နေ့​ခေတ်​အချစ်​ကို

အာဒံ နဲ့ ဧ၀ တို့တာသိရင်​ သူတို့ဖန်​တီးလိုက်​တဲ့

အချစ်​တွက်​ ​နောင်​ရ​နေလိမ့်​မယ်​ကွယ်​...

help-relief-poverty-hunger-love-18125203.jpg

Photos credit >> from google image

ကိုကိုမိုးဟိန်း
သစ်​အယ်​သီး

Written by KoKoMoeHein @myanmarkoko

MSC no. 118

Sort:  

ကားမပါ​ပေမယ့်​voteက​လေး​တော့​ပေးနိုင်​ပါရဲ့ကွ်​ယ်​😜😜😜။အ​ရေးအသား​ကောင်းပါတယ်​ရှင်​။

ဟုတ်​ လာအား​ပေးလို့ ​ကျေးဇူးပါဗျ

စာသားတွေက အလန်း

လန်းဆို ရင်​ဘတ်​ထဲကထွက်​လာတာကိုးဗျ

အိုက်စ် အာဒံ နဲ့ ဧဝ တောင်နောင်တတွေရမယ်ဆိုပဲ။

ဟီး ခု​ခေတ်​ချစ်​က အဲ့ဂလိုကို ဖြစ်​​နေပြီဗျ

ကိုယ်လည်း ချစ်တတ်ပါတယ် ဘာမှမပါလည်းပေါ့

ဟုတ်​ တယ်​ဗျာ ဘယ်​လို​ပြောရမလဲ ...
အချစ်​စစ်​​ပေါ့​နော့... ဟဲဟဲ

good tyr it. nice words i like it.

ကျေးဇူးပါ Bro

ဟုတ်ကဲ့ ကျွန်တော်သွားမပါဘဲနဲ့ vote လိုက်ပါတယ်
ဗျာ

ကားပါမှ လာ ဘုတ်​ပါ ဟဲဟဲ

Coin Marketplace

STEEM 0.15
TRX 0.16
JST 0.028
BTC 67814.21
ETH 2401.94
USDT 1.00
SBD 2.34