နောင်တ ခါးခါး

in #myanmar7 years ago (edited)

နောင်တ ခါးခါး
အပိုင်း (၁) ဖတ်ရန်
https://steemit.com/myanmar/@myanmarkoko/enangtkhakha

အပိုင်း (၂) ဖတ်ရန်
https://steemit.com/myanmar/@myanmarkoko/enangt-khakha

အပိုင်း (၃) ဖတ်ရန်

https://steemit.com/myanmar/@myanmarkoko/2qptqu-enangt-khakha

ဇတ်သိမ်းပိုင်း ...

ညနေခင်း နေညိုချိန်ဖြစ်၍ ဒိုးလုံးတစ်ယောက် ထန်းတောထဲတွင် မူးမူးရူးရူးနှင့် ပြိုလဲနေတော့သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သူမသိပါ။ လေထဲမှာ လမ်းလျောက်နေရသလို သူ့ရဲ့ခြေထောက်တွေမြေကြီး ထိလား၊ မထိလား သူမသိတော့ပြီ။ လေတဖြူးဖြူး တိုက်တဲ့အချိန်တိုင်း ရင်ဘတ်ကြီးကို ကော့ပြီး ဒယိုင်း ဒယိုင်နဲ့ ရွာလမ်းအတိုင်း လျောက်လာရင်း…

အရက်ကို ကြိုက်လို့သောက်တဲ့သူ …
စိတ်ပျော်တက်လို့ သောက်တဲ့သူ သောက်ပစ်လိုက်မယ်

အရက်များများ……
စိန်ဝင်းထွန်း ရဲ့ သီချင်းကို အာလေးလျာလေးသံဖြင့်
အော်ဟစ်နေတော့သည်။

image

ဒိုးလုံးတစ်ယောက် ဖီလင် အပြည့်နဲ့ သီချင်းလေး ညည်းရင်း သွားနေရင်း ရှေ့နား မလှမ်းမကမ်းတွင် ပါကျဲဒိုး ကားနက်ကြီး တစ်စီး လမ်းဘေး ထနှေင်းပင်အောက်တွင် ရပ်ထားတာကို မုန်ဝါးဝါး မြင်ရသည်။ ကားဘေးမှာ လူနှစ်ယောက် ရပ်နေပြီး သူ့ကိုလှမ်းကြည့်နေသည်ကို သူသိသည်။ သူပုံမှန်ပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ပုံစံမျိုးနဲ့ ဆက်သွားသည်။ ပုံမှန်ဆိုပေမဲ့ ခနကိုယ်ကတော့ ယိုင်းခါနေသည်။ ထိုလူစိမ်းနှစ်ယောက် နှင့် မလှမ်းမကမ်းအရောက်တွင် ရုပ်ရည်ခပ်သန့်သန့်နှင့် လူကြီးတစ်ယောက်က ဒိုးလုံးဆီ ကိုလှမ်းလာသည်။ ထို့နောက် လက်တစ်ကမ်း အကွာလောက်ရောက်သောခါ ထိုလူစိမ်းက မထိတထိပြုံးပြကာ စတင်စကား ဆိုသည်။

ဒိုးလုံးဆိုတာ မင်းလား

ဟုတ်တယ် ဒိုးလုံးဆိုတာကျူပ်ပဲ ….
( အာလေးလျှာလေးသံဖြင့် )

မင်းလက်မှက်ထိုးပေးတာနဲ့ သိန်း ၈၀ ရမယ်၊
ဘယ်လိုလဲ စိတ်ဝင်စားလား''

ဘာ …. လက်မှက်ထိုးပေးတာနဲ့ သိန်း ၈၀ ရမယ် ဟုတ်လား။

ဟုတ်တယ် ဘာအတွက်လည်း ဆိုတာတော့
မင်းကိုပြောပြလို့မရဘူး ။ မင်းပိုက်ဆံလိုချင်ရင်တော့ ထိုးပေးပေါ့ကွာ ။ စဉ်းစားပေါ့ သိန်း ၈၀ ရမှာနော်။

ဟား….. လက်မှက်ထိုးတာနဲ့ သိန်း ၈၀ ရမယ်ဆိုရင်
ကပြီးတော့တောင် ထိုးပေးဦးမယ်ဗျာ။ ဒိုးလုံးတဲ့
သေမထူးနေမထူး၊ ဘာဖြစ်ဖြစ်ထိုးတယ်ကွာ

ဒိုးလုံးရဲ့ အဖြေစကားကြားကြားချင်း ထိုလူစိမ်းက ကားနားမှာ ရပ်ကျန်နေခဲ့သော လူကို လက်ဖျောက်တီး ပြလိုက်သည်။ ကားနားကလူက ကားတံခါးဖွင့်ကာ ကျောပိုးအိပ်တစ်လုံးယူလိုက်သည် ထို့နောက် လေးထောင့် ရှည်ရှည် ပုလင်းတစ်လုံးနှင့် ခွက်တစ်လုံးပါ ယူလာပြီး ကျောပိုးအိပ်ကို ပေးသည်။ ကျောပိုးအိပ်ဇစ်ကို ဖွင့်ပြီး ဒိုးလုံးကိုပြသည်။ ဒိုးလုံးမျက်လုံးများပြူသွားသည်။ ကျောပိုးအိပ်ထဲတွင် တစ်ထောင်တန် ငွေစကူတွေအပြည့် ကိုမြင်လိုက်ရသည်။ ဒိုးလုံး ထိုကျောပိုးအိပ်ကို လှမ်းယူမည် အလုပ်၊ ထိုလူက ပြန်သိမ်းလိုက်သည်။

စိတ်ထိန်းပါသူငယ်….
မင်းကတကယ့်ကိုကံကောင်းတဲ့သူပဲ မင်းကိုဂုဏ်ပြုချင်လို့ တစ်ခွက်လောက်တိုက်ပါရစေ''…..

ပြောပြောဆိုဆိုနှင့် အရက်တစ်ခွက်ငှဲ့ကာ ဒိုးလုံးကိုကမ်းပေးသည်။ ဒိုးလုံးသူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေမိသည်။ ငါ့ကို သကြားမင်းးက သနားလို့ လူယောင်ဖန်ဆင်းပြီး ပိုက်ဆံတွေလာပေးတာလားမသိဘူး၊ သဘောကောင်းချက် အရက်တောင်တိုက်အုံးမယ်တဲ့၊ ငါတော့မုတ်ဆိတ်ပျားစွဲတာပဲ ။

ဟား…. တယ်မိုက်ပါလား…
ပိုက်ဆံလည်းရတယ်၊ အရက်လည်းသောက်ရမယ်ဆိုတော့
ဒီကမ္ဘာမှာ ကျူပ်လောက် ကံကောင်းတဲ့သူရှိပါတော့မလား''

ဒါပေါ့ကွာ…. ရော့သောက်လိုက်ပါဦး''

ဂလုဂလု…. ( အရက်မျိုချသံ )

အားကောင်းလိုက်တာ…. နောက်တစ်ခွက်ပေးစမ်းပါဗျာ

ဂလု… ဂလု…..

သုံးခွက်ဆက်တိုက် သောက်ပြီးသောအခါ ထိုလူစိမ်းက အရက်ပုလင်းကို ပြန်သိမ်းလိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်ထုတ်ပေးသည်။
ရော့ဒီစာရွက်ပေါ်မှာ လက်မှက်ထိုး လိုက်ရုံပဲ…

ဒိုးလုံးစာရွတ်ကိုယူကာ အရင်ဆုံးဖတ်ကြည့်သည် ။ ဘာမှကောင်းကောင်းမမြင်ရပါ။ သူတစ်နေကုန် ထန်းတောထဲမှာ သောက်ထားတဲ့အရှိန်နဲ့ ယခု အရက်ထပ်သောက်လိုက်သောကြောင့် ဘာကို ကောင်းကောင်း မမြင်တော့ ။ သူအားစိုက်ပြီး စာကိုဖတ်သည် မရပါ။ စာများက ရွေ့လျားနေကြသည်။

လက်မှက်ထိုးလေ…. သိန်း ၈၀ တောင်ရမှာနော်

ထိုးမယ်ဗျာ … ဘယ်နေရာထိုးရမှာလဲ

ဒီနေရာမှာထိုးလိုက်ပါ….

ကဲရော့ …. ရပြီလား …. ရော့ ….။

ဒိုလုံးက စာရွက်ကို ထိုလူစိမ်းကို ပေးလိုက်သည်။ ထို့နောက် ပိုက်ဆံအိပ်ကို လှမ်းယူလိုက်ကာ

ကဲ ….. ကျူပ်သွားပြီဗျာ….

ထိုလူစိမ်းကို နှုတ်ဆက်ကာ ရွာလမ်းအတိုင်း အိမ်ပြန်လာလေသည်။ ထိုလူစိမ်းများမှာလဲ ကားမောင်းကာ ထွက်သွားသည်။ ထိုလူစိမ်းများကို ဒိုးလုံးမသိ၊ သိစရာလည်းမလို။ ခုသူ့လက်ထဲမှာ ပိုက်ဆံတွေ ရောက်နေပြီလေ။ ဒါအိမ်မက်လား တကယ်လား ၊ ဒိုးလုံးသူ့ကိုယ်သူမသိတော့။ ထို့ကြောင့် သူ့ရဲ့လက်မောင်း ကိုဆွဲစိတ်ကြည့်သည်။ နာကျင်မှုကိုခံစားရသည်။ သေချာပါသည် ဒါအိမ်မက်မဟုတ်ပါ။

ဒီလိုနဲ့ ရွာအ၀င်နား ရောက်တော့ ဒိုးလုံးခြေစုံရပ်နေမိသည်။ အကြောင်းမှာ ရွာအ၀င်တွင် ချောင်းငယ်တစ်ခုရှိသည်။ ထိုချောင်းကို ကူးဖို့ သစ်သားတံတား ဖြတ်ထိုးထားသည်။ ထိုတံတားကို ဖြတ်ကူးဖို့က ဘာမှခက်ခဲသည်မဟုတ်။ ခက်နေသည်က ဒိုးလုံးဖြစ်သည်။ ဒိုးလုံးမျက်လုံးထဲတွင် တံတားမှာနှစ်ခုဖြစ်နေသည်။ ဘယ်တံတားကို ဖြတ်ကူးရမလဲသူမသိ။ ဒိုးလုံးသူ့မျက်လုံးကို ပွတ်ပြီး အားစိုက်ကြည့်သည်။ တံတားကနှစ်ခုဖြစ်နေသည်။မိုးကချုပ်နေပြီ ၊ အရာအားလုံးက မုန်ဝါးဝါးသာ မြင်ရသည်။ အိမ်ကိုပြန်ရောက်မည် ဖြစ်မည်။ ဒီလိုနဲ့ တံတားတစ်ခုကို သူစိတ်ကရွေးချယ်လိုက်ပြီးဖြေးဖြေးချင်း လျောက်သွားရင်း….

ဝုန်း……

ဒိုးလုံး သူ့တစ်ကိုယ်လုံး လေထဲမှာလွင့်နေသည်ကို သူသိလိုက်သည်။ ထို့နောက်သိပ်မကြာ နာကျင်သော ဝေဒနာတစ်ကို ခံစားလိုက်ရသည်။ အဲ့ဒီနောက်တွင်တော့ ဒိုးလုံးတစ်ယောက် ကမာကြီးနှင့် အဆက်အသွယ်ပျက်သွားတော့သည်။
ဒိုးလုံး ရုတ်တရက်အသိဝင်လာသည်။ ဘေးနားမှာ စကားသံတွေ ကြားနေရသည်။ သူအားယူပြီး ထမယ်အလုပ် ခေါင်းကကိုက်လာသည်။
အား … ကျွတ်… ( ဒိုးလုံးအသံ )

ဒိုးလုံး ညည်းသံကြား ဘေးနားမှာ ၀ိုင်းပြုစုနေသော ရွာသားများက ဒိုးလုံးသတိရလာမှန်း သတိထားမိသွားကြသည်။

ဒိုးလုံးသတိရလာပြီဟေ့ …..

ဒိုးလုံးအားယူပြီးထသည်၊ ဘေးနားက ရွာသားများက ဒိုးလုံးကို ဖေးကူကာထူပေးကြသည်။ ဒိုးလုံး ဘေးပတ်ဝန်းကျင်ကို အားစိုက်ပြီးကြည့်သည်။ လူအနည်းငယ်နှင့် ရွာသူကြီး ကိုတွေ့ရသည်။ အခုဒိုးလုံးဘယ်ရောက် သူ့ကိုယ်သူမသိပေ။

ကျွန်တော်ဘယ်ရောက်နေတာလဲဗျာ

အေး… မင်းငါ့အိမ်ရောက်နေတာပဲ။ ( သူကြီးကပြောသည် )

ကျွန်တော် သူကြီးအိမ်ကို ဘယ်လိုလုပ်ရောက်နေတာလဲဗျာ

ပြောရရင်တော့ အရှည်ကြီးပဲ ဘယ်ကစပြောရမှန်းတောင် အသိတော့ဘူး။ ဒီလို……
မင်းရွာအ၀င်တံတားမှာ ပြုတ်ကျပြီး သတိမေ့နေတာကို ရွာထဲက ခင်မောင်လွင်က တွေ့ပြီး မင်းအိမ်ကို ခေါ်လာပေးခဲ့တာ။ မင်းအိမ်ရောက်တော့ ဆရာဝန်ခေါ်ပြီး ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်။ ဒါပေမဲ့ မင်းသတိရမလာဘူး။ မင်းသတိမေ့မျှောနေတာ ဒီနေ့နဲ့ဆို ၇ နှစ်ရက်ရှိသွားပြီကွ။

ဗျာ……. ၇ နှစ်ရက်ရှိသွားပြီ ဟုတ်လား။

ဟုတ်တယ်…. မင်းအဲ့လိုသတိမေ့မျှောနေတဲ့အချိန်မှာ ဘာတွေဖြစ်ပျက်သွားခဲ့သလဲ မင်းသိလား…. ( ရွာသူကြီးက ဒိုးလုံးကို ဂရုဏာသက်စွာ ပြောလိုက်သည် )

ဘာတွေဖြစ်ပျက်သွား တာလဲ ကျွန်တော့်ကို
ပြောပြပါအုံး သူကြီး….

ပထမဆုံးပြောပြရမှာတော့ မင်းမိန်းမ အေးမြတ်ဖြူ အကြောင်းပဲ။

အေးမြတ်ဖြူ ကျူပ်မိန်းမ ဘာဖြစ်လို့လဲ

မင်းမိန်မက မိတ္ထီလာမြို့က ပွဲစား ဦးညွန့်မောင်နဲ့လက်ထက်သွားပြီ။

ဗျာ….. ဘယ်လိုဖြစ်တာလဲ။

မင်းကိုယ်တိုင်ပဲ ကွာရှင်းစာချုပ်မှာ လက်မှက်ထိုးပေးခဲ့တာပဲ။

ဗျာ …..

ဟုတ်တယ် မင်း သတိလစ်နေတဲ့အချိန်မှာပဲ ဦးညွန့်မောင်ဆိုတဲ့ ပွဲစားတစ်ယောက် ရောက်လာတယ်။ မင်းနဲ့ အေးမြတ်ဖြူ တရားဝင်ကွာရှင်းစာချုပ် ငါ့ကိုလာပြတယ် ပြီးတော့ လပ်ထပ်ဖို့အတွက် အေးမြတ်ဖြူနဲ့ သူ့အဒေါ် အပျိုကြီးကို မိတီလာကို ခေါ်သွားပြီးဖြစ်ကြောင်း လာပြောပြတယ်ကွ

ဗျာ………

ဒိုးလုံးပြန်စဉ်းစားသည်။ ရုတ်တရက် ခေါင်းကကိုက်လာသည်။ အတွေးအာရုံထဲတွင် ၀ါးသားသား ပုံရိပ်များ ပြန်မြင်နေမိသည်။ ပါကျဲဒိုး ကားနက်တစ်စီး၊ လူစိမ်းနှစ်ယောက်၊ ထို့နောက် စာရွက်တစ်ရွက်ပေါ်တွင် သူလက်မှက်ထိုးခဲ့ ပုံများကို ပြန်သတိရသွားသည်။

တောက်ဒါကျူပ်ကို သက်သက်လည့်စားသွားတာ ဒင်းတို့ကို ငါကိုယ်တိုင်သတ်မယ်

ဒိုးလုံးထသွားမယ်အလုပ် ရွာသူကြီးက ဆွဲတားကာ ပြောလိုက်သော စကားများကြောင့် ဒိုးလုံး ခြေထောက်များမခိုင်တော့ပဲ လှဲကျသွားတော့သည်။

တော်တော့ ဘာမှလျောက်မလုပ်နဲ့တော့ စိတ်ကိုထိန်း။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ။ အခုမင်းမိဘတွေ ရက်လည်ကိစ္စ ပြီးစီးဖို့က ပိုအရေးကြီးတယ်။

ဗျာ …. ကျွန်တော့်မိဘတွေ ဘာဖြစ်လို့လဲ သူကြီး

အေ…. မင်းသတိမေ့ပြီး မျှောနေတဲ့အချိန်မှာပဲ မင်းအမေ နှလုံးရောဂါဖောက်ပြီး ဆေးရုံမှာပဲ ဆုံးသွားတယ်။ မင်းအမေ ဆုံးပြီး နှစ်ရက်အကြာမှာပဲ မင်းအဖ လယ်ထဲမှာ ပိုးထိပြီးဆုံးသွားတယ်။ ရွာသူရွာသားတွေက မင်းမိဘတွေ ရက်လည်အတွက် အားလုံးဝိုင်းဝန်းကူညီ ပြင်ဆင်ပေးနေကြပါတယ်။

မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး

ဒိုးလုံး သူကြီးရဲ့စကားတွေကို ပြီးဆုံးအောင်နားထောင်နိုင်စွမ်းမရှိကြတော့။ မိန်းမက နောက်ယောကျာ်း ယူသွားပြီ။ မိဘနှစ်ပါးက ဆုံးပါးသွားကြပြီ သူ့ဘ၀မှာ ဘာမှမရှိတော့ ။ သူကိုယ်သူ ရူကြုံးမရဖြစ်မိသည်။ ကံတရားကြီးက သူ့ကိုလှလှပပကြီး ပညာပေးလိုက်လေသလား၊ သို့မဟုတ် ဒဏ်ခက်လိုက်လေသလား။ သူ့မိဘတွေရဲ့နောက်ဆုံးချိန်မှာတောင် သူ့မိဘတွေဘေးနားမှာ မရှိနိုင်ခဲ့။
နောင်တကြီးစွာရပြီး သူ့ကိုသူသက်သေချင်စိတ်တွေ တဖွားဖွားပေါက်လာသည်။ ထို့နောက် ခေါင်းကဒဏ်ရာရှိန် ကြောင့် မျက်လုံးများေ၀၀ါးလာသည်။ ထို့နောက် ဒိုးလုံး အသိစိတ်များ အားလုံးလွင့်စင်ပျေက်ကွယ်သွားခဲ့ လေတော့သည်။
ဒိုးလုံးတစ်ယောက် အ၀တ်စားတွေ ကိုယ်ပေါ်မှာမရှိတော့ ပုဆိုးစုက်လေး တစ်ထည်သာ ခါးမှာ ချည်ထားသည်။ တခါတရံ သင်္ချိုင်းကုန်းက အုပ်ဂူဖြူလေးကို ဖတ်ပြီးငိုနေတက်သလို ၊ လူမနေတော့တဲ့ အိမ်အစုက်အပျက်လေးထဲမှာ ရယ်လိုက် ငိုလိုက် စကားတွေပြောလိုက်နှင့် အရူးကြီးလုံးလုံးဖြစ်သွားတော့သည်။

ပြီးပါပြီ...

*မှက်ချက်။ ဒီဝတ္ထုတိုလေးကို စိတ်ကူးယဉ်သက်သက် ရေးသားထားပါသည်။ စာရေးဆရာ မဟုတ်သောကြောင့် အကယ်၍အမှားများပါခဲ့ ခွင့်လွတ်ပေးကြပါကုန်။ စာဖတ်သူအားလုံးကို အစဉ် ကျေးဇူးတင်လျက်
image
ကိုကိုမိုးဟိန်း
သစ်အယ်သီး

Photos credit from Gogle Image

Written by @kokomoehein
MSC no. 118

Sort:  

စိတ်ကူးကောင်းပါတယ်ဗျား

ဟုတ် ကြေကွဲစွာဇာတ်သိမ်းလိုက်ရပါတယ်

စိတ်ကူးညဏ်ကတော့ ရှယ်ဘဲ့ အားကျမိပါတယ်

ဟုတ် အားပေးဖတ်ရှူပေးလို့ ကျေးဇူးပါ bro

အားပေးနေတယ် အစ်ကိုရေ

ကျေးဇူးပါ အကို

အရမ်းကောင်းတယ်ဘဒိုရေ
ပညာပေးသွားတာက အရက်မူးချိန် ဆုံးဖြတ်ချက်ချလိုက်တော့ အမှားပါသွားတာ

ဟုတ် ကျေးဇူးပါကိုစိုင်း

ဒိုးလုံးအဖြစ်​ကဆိုးတာ အရက်​ကို​ရှောင့်သင့်ပါ​တယ်

ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ bro
အားပေးလို့ ကျေးဇူးပါ

သြော် ဒိုးလုံးဒိုးလုံး

ဇာတ်သိမ်းမလှခဲ့ဘူးပေါ့ broရေ...

Read lo tot kg thar

Thank you bro

Thank you bro

ကံငါးပါးထဲမှာ အရက်သေစာသောက်စားတဲ့ကံက အဆိုးဆုံးပါဘဲ

အားပေးနေပါတယ် bro

ဟုတ် ကျေးဇူးပါbro

လောဘရဲ့သားကောင်တစ်ဦးဖြစ်ခဲ့သည်ပေါ့
ထိမိတဲ့ရေးသားမှုလေးပါပဲဗျာ။
စာပိုဒ်တွေတခြို့ပျောက်နေတယ် ပြင်လိုက်အုံးနော် ညီလေး

ဟုတ်ပြင်လိုက်မယ် bro အားပေးပြောပြပေးလို့ကျေးဇူးပါ ကိုမိုး

Coin Marketplace

STEEM 0.21
TRX 0.26
JST 0.039
BTC 95625.14
ETH 3355.68
USDT 1.00
SBD 3.05