ဝတ်ပြုခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ သိထားသင့်သော အချက်များ

in #myanmar6 years ago

အစ္စလာမ့်ဝတ်ပြုခြင်းဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ သိထားသင့်သော အချက်များ.

image

ဗလီရဲ့ပြင်ပမှာလည်း အစ္စလာမ်တို့ရဲ့ဝတ်ပြုခြင်းဟာ ပြုလုပ်ခွင့်ရှိကြောင်း ဘာသာခြားအများစုဟာမသိကြသေးပါဘူး။ ဒါကြောင့် ဝတ်ပြုတဲ့နေမှာလိုအပ်တဲ့စည်းကမ်းချက်တွေနဲ့အတူ သိသင့်တာတွေကို တင်ပြပေးလိုက်ပါတယ်။


👉နမာဇ်ဝတ်ပြုရန်အတွက် အရေးကြီးသော အချက်အချို့

၁။ အညစ်အကြေး အစရှိသည်တို့မှ သန့်ပြန့်အောင်ပြုလုပ်ထားခြင်း။

ဝတ်ပြုမှုပြုလုပ်မည့်နေရာသည် သန့်ပြန့်သောနေရာဖြစ်ရန် အရေးကြီးပါသည်။

၂။ ဖုံးကွယ်ထားရန်အရေးကြီးသည့်နေရာများကို ဖုံးအုပ်ထားခြင်း။

အမျိုးသားအတွက် ဖုံးအုပ်ရန်အရေးကြီးသောနေရာမှာ ချက်မှဒူးအထိဖြစ်သည်။
အမျိုးသမီးသည် မျက်နှာနှင့်လက်ဖဝါးမှလွဲ၍ ကျန်နေရာများကို ဖုံးအုပ်ထားရန်အရေးကြီးသည်။

၃။ကစ်ဗ်လာ(ခေါ်)အနောက်ဘက်သို့မျက်နှာမူခြင်း။
ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်သခင်အမိန့်ရှိထားသည်မှာ "အိုနဗီတမန်တော် အသင်သည်မည်သည့်နေရာ ဌာနမှမဆိုခရီးထွက်အံ့ (ဝါ)မည်သည့်နေရာ၌မဆိုရှိနေအံ့ ဝတ်ပြုဆောက်တည်ရာ၌ မိမိမျက်နှာကို မတ်စ်ဂျေဒေဟရာမ် ဝတ်ကျောင်းတော်ဘက်သို့သာလျင် လှည့်ပါလေ"။ (ကုရ်အာန် ၂:၁၄၉)

မွတ်စ်လင်မ်များ၏မျက်နှာမူရာအရပ်သည် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံလှပါသော ကအ်ဘာဝတ်ကျောင်းတော်ပင်ဖြစ်သည်။ ထိုဝတ်ကျောင်းတော်ကို နဗီတမန်တော်အီဗရာဟိမ်သခင်မှ ဆောက်လုပ်ခဲ့သည်။ ကျွန်ုပ်တို့သိကြတဲ့ ထိုကျောက်တုံးဟာ လူတို့ကို ကောင်းကျိုးတစ်စုံတစ်ရာမပေးနိုင်သလို ဆိုးကျိုးလည်းမပေးနိုင်ပါဘူး။ အလ္လာဟ်အရှင်မြတ်သခင်က မွတ်စ်လင်မ်များအား ထိုဝတ်ကျောင်းတော်ဘက်သို့မျက်နှာမူရန် အမိန့်သတ်မှတ်ထားသည်။ မွတ်စ်လင်မ်အားလုံး၏မျက်နှာမူရာအရပ်သည် တစ်ခုထဲဖြစ်၍ ထိုဘက်သို့မျက်နှာမူ၍သာ ခဝပ်မှုပြုလုပ်ကြသည်။

ကအ်ဗာဝတ်ကျောင်းတော်အား မြင်နေသောသူများအဖို့ ထိုဝတ်ကျောင်းတော်ရှိရာတည့်တည့်ကို မျက်နှာမူကာဖတ်ရမည်ဖြစ်ပြီး ဝေးနေသောသူများအတွက် မက္ကာမြို့တော်ဘက်ကိုသာ မျက်နှာမူ၍ဖတ်ခြင်းလုံလောက်သည် အနည်းငယ်နေရာလွဲခြင်းက တစ်စုံတစ်ရာဆိုးကျိုးမရှိပါ။

၎။ နမာဇ်ဝတ်ပြုဖို့ရာအတွက် အချိန်ဝင်ရောက်ခြင်းသည်လည်း စည်းကမ်းချက်တစ်ခုပါ။ အချိန်မကျပဲနဲ့ ဝတ်ပြုခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။ "ဧကန်မလွဲ ဝတ်ပြုမှုသည် မိုအ်မင်န်တို့ အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည်သတ်မှတ်ပြဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း"။ (ကုရ်အာန် ၄း၁၀၃)

👉နမာဇ်ဝတ်ပြုရမည့်နေရာ…

အစ္စလာမ်သာသနာသည် နမာဇ်အား စုစည်း၍ဖတ်ကြရန်လမ်းညွှန်ထားသည်။ သို့မှသာမွတ်စ်လင်မ်များစုစည်း ဆုံစည်းခွင့်ရကြမည်ဖြစ်ပြီး အချင်းချင်းကြား၌ညီ​နှောင်​စိတ်ဓာတ်များ၊ရင်းနှီးမှုများ၊ချစ်ခင်မှုများတိုးပွားလာမည်ဖြစ်သည်။ ထို့အတွက်ကြောင့် စုစည်း၍ဝတ်ပြုခြင်းအား တစ်ကိုယ်ရည်တစ်ကာယဝတ်ပြုခြင်းထက်ပို၍ မြင့်မားသောအဆင့်အတန်းသတ်မှတ်ထားသည်။ ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)သခင်အမိန့်ရှိတော်မူသည်မှာ "စုစည်း၍ဝတ်ပြုခြင်းသည် တစ်ကိုယ်ရည်တစ်ကာယဝတ်ပြုခြင်းထက် ၂၇ဆ ပိုမိုသာမြတ်ပေသည်"။ [ဗိုခါရီကျမ်း ၆၁၉]

သို့သော်လည်း နမာဇ်ဝတ်ပြုခြင်းကို မည်သည့်နေရာတွင်မဆို ဝတ်ပြုနိုင်သည်။ ဤသည်မှာ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်သခင်ဘက်မှ ကျွန်ုပ်တို့အား ကရုဏာ သက်ညှာထားခြင်းပင်ဖြစ်သည်။ ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)သခင် အမိန့်ရှိတော်မူသည်မှာ "မြေပထဝီထုကြီးဟာ ငါကိုယ်တော်အတွက် ဝတ်ပြုရာနေရာ သန့်ပြန့်ရာနေရာအဖြစ် သတ်မှတ်ပေးခြင်းခံခဲ့ရချေပြီ ငါကိုယ်တော်၏နောက်လိုက်ထဲမှ မည်သူမဆို နမာဇ်ကိုရရှိပါက(ဆိုလိုသည်က နမာဇ်အချိန်ရောက်ရှိချိန်နှင့်ကြုံကြိုက်ပါက)မည်သည့်နေရာတွင်မဆို ဝတ်ပြုလိုက်ပါလေ") [ဗိုခါရီကျမ်း ၃၂၈]

👉ဝတ်ပြုရန်နေရာနှင့် စည်းကမ်းချက်များ။

အစ္စလာမ်သာသနာက ဝတ်ပြုရန်နေရာအတွက် စည်းကမ်းချက်အချို့သတ်မှတ်ထားပါသည်။ အရေးကြီးဆုံးအချက်မှာ ဝတ်ပြုမည့်နေရာ သန့်ပြန့်ရမည် အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိတော်မူသည်မှာ…
"ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အိဗ်ရာဟီးမ်နှင့်နဗီတမန်တော်အိစ်မာအီးလ်သခင် တို့အား အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ ကျောင်းတော်မြတ်ကို လှည့်ပတ်ဖူးမျှော်ကြသူတို့အဖို့ရာလည်းကောင်း၊တရားကိုနှစ်သက်၍ထိုကျောင်းတော်၌တစ်ကိုယ်တစ်ကာယတည်း အိအ်သိကာဖ်ပြုလုပ်သတင်းသုံး နေထိုင်ကြသူတို့အဖို့ရာလည်းကောင်း၊ဦးညွတ်ရိုကျိုးသောသူအပေါင်းတို့ အဖို့ရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူအပေါင်းတို့ အဖို့ရာလည်းကောင်း ဤငါ၏အိမ်တော်ကို ရှင်းလင်းထားကြရမည်ဟု အမိန့်တော်ကို ချမှတ်တော်မူခဲ့လေသတည်း"။(ကုရ်အာန်၂:၁၂၅)

အရေးအကြီးဆုံးမှာ သန့်ပြန့်မှုသာလျှင်ဖြစ်သည် အကယ်၍အညစ်အကြေးရှိသောနေရာဟု မသိရလျင်လည်း ထိုနေရာသည် သန့်ပြန့်မှုအမိန့်နှင့်တစ်ထပ်တည်းပင်ဖြစ်သည်။ နမာဇ်ဝတ်ပြုခြင်းသည် သန့်ပြန့်သောမည့်သည့်နေရာတွင်မဆို ပြုလုပ်နိုင်သောဝတ်ပြုမှုတစ်ခုဖြစ်သည် မည်သည့်သီခြားအခင်းတစ်ခုခု အဝတ်တစ်ခုခုအရေးတကြီး မလိုအပ်ပါ။

👉အရေးကြီးသော အများနှင့်သက်ဆိုင်သည့် စည်းကမ်းချက်အချို့

၁။ မိမိနမာဇ်ဆောက်တည်ဝတ်ပြု သောနေရာသည် လူအများအတွက် အခက်တွေ့စေမည့် ဒုက္ခရောက်စေမည့်နေရာမျိုးမဖြစ်စေရ… ပမာဆိုရသော် လူအများလမ်းလျှောက်သည့်နေရာ ဖြတ်သွားဖြတ်လာပြုလုပ်သည့်နေရာများတွင် ဝတ်ပြုခြင်း ထိုကဲ့သို့ပင် လူအများအား စိတ်သောကဖြစ်စေရမည့် အဖြစ်မျိုးမှ အထူးတလည်ရှောင်ကြဉ်ရမည်။ ကိုယ်တော်မြတ်မိုဟမ္မဒ်သခင်က လူအများကို ဒုက္ခပေးခြင်း အခက်တွေ့အောင်လုပ်ခြင်းမှ တားမြစ်တော်မူခဲ့သည်။

၂။ နမာဇ်ဝတ်ပြုရာနေရာတွင် ဝတ်ပြုသူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမည့်အရာများမှ ကင်းဝေးရမည်။ ပမာဆိုရသော် ရုပ်ပုံကားချပ်များ၊ အော်ဟစ်ဆူညံသံများ၊ ဗုံသံဆိုင်းသံများစသဖြင့် ထိုကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်စေနိုင်မည့်နေရာမျိုးမှ ကင်းဝေးရမည်။

၃။ နမာဇ်​ဝတ်ပြုမည့်​​နေရာသည် အကယ်​၍ အကုသိုလ်​ ပြုလုပ်​ရန်​သက်​သက်​သာ ​ဆောက်​လုပ်​ထားသည်​ဆိုပါက ဥပမာ ကခုံသည့်​​နေရာ ၊ညဘက်​​ပျော်​မြူးသည့်​ နေရာမျိုးဖြစ်ပါက ထို​နေရာ၌ နမာဇ်​ဝတ်​ပြု ခြင်းသည်​ မနှစ်မျို့ဖွယ်ရာလုပ်ရပ်ဖြစ်၏။

ဤအရာများသည် အစ္စလာမ့်ဝတ်ပြုခြင်းဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ သိထားရမည့် အချက်များပင်ဖြစ်ပါသည်။

Mufti Bashirullah

အများမွတ်စ်လင်မ်လေ့လာဖတ်ရှုနိုင်အောင် Shareပြီးမျှဝေလိုက်ပါ။

Sort:  

တင်​ပြသူကို
allar အစား​ပေး​တော်​မူပါ​စေ
အာမီန်းယ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 57174.31
ETH 3071.24
USDT 1.00
SBD 2.40