ဝဟာဗီ " စလ်ဖီ ဟုဘာကြောင့်ခေါ်သနည်း

in #myanmar6 years ago

" ဝဟာဗီ " စလ်ဖီ ဟုဘာကြောင့်ခေါ်သနည်း

image

မုဟမ္မဒ် ဗင်န် အဗ်ဒွလ်ဝဟားဗ်နဂျဒီသည် ဟစ်ဂ်ျရီ ၁၃ရာစုအစပိုင်းတွင် အာရေဗျတိုက်၏ နဂျဒ်မြို့တွင်ပေါ်ထွန်းလာခဲ့သည်။
(ထိုစဉ်က ယခု ဆော်ဒီအာရေဗျ ဟုခေါ်ဝေါ်နေသော ဟိဂျာဇ် နယ်မြေဒေသသည်တူရကီတို့၏အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည်။တူရကီအာရဗ်များသည် ထိုစဉ်မှယနေ့ထိတိုင် ဟနဖီမဇ်ဟဗ်ဝင်များဖြစ်ကြသည်။
မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ် နှင့် မုဟမ္မဒ်ဗင်န်စအူးဒ် ဆိုသူသည် ဟမ်ဘလီ မဇ်ဟဗ်ဝင်များဖြစ်ကြသည်။ယင်းတို့နှစ်ဦးက အင်္ဂလိပ်နယ်ချဲ့အကူအညီဖြင့် တူရကီ၏အုပ်ချုပ်မှုကို တော်လှန်ပုန်ကန်ပြီး ဟိဂျာဇ်မည်သော (ယခုအခေါ် " ဆော်ဒီအာရေဗျ" ) နယ်မြေဒေသကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သို့ဖြင့် မုဟမ္မဒ်ဗင်န်စအူးဒ်ဆိုသူမှာ ဘုရင်စအူးဒ် ဖြစ်လာတော့သည်။ ဘုရင်စအူးဒ်သည် မိမိအာဏာရလာသည်နှင့်တစ်ပြိုက်နက် မိမိ၏တိုက်ပွဲဝင်အနီးကပ်ရဲဘော်ရဲဘက်ဖြစ်သည့် မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ် နှင့် တိုင်ပင်ဆွေးနွေးပြီး ဦးစွာပထမလုပ်ဆောင်ခဲ့သောလုပ်ရပ်မှာ ဟိဂျာဇ်မည်သောနေရာဒေသ၏ အမည်ကို မိမိအမည်နှင့်တွဲဖက်၍
ဆော်ဒီအာရေဗျ နိုင်ငံ ( المملكة السعودية العربية ) ဟူ၍ အမည်ပြောင်းခဲ့ခြင်းပင်ဖြစ်သည်။
တမန်တော်မြတ် (ဆွ) ၏လက်ထက်တော်မှ ဘုရင်စအူးဒ်အာဏာမရမီအထိထိုနေရာဒေသ၏အမည်မှာ ဟိဂျာဇ်ဖြစ်ခဲ့သည်။
တစ်ဖန်ဆက်လက်၍ ဘုရင်စအူးဒ်နှင့်မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ်တို့ပူးပေါင်း၍ဆောင်ရွက်ခဲ့သည့်ဒုတိယကိစ္စရပ်မှာ -
လွန်ခဲ့သော ဟစ်ဂ်ျရီ ၃ရာစုမှ ၁၁ရာစုထိ ကအ်ဗဟ်ကျောင်းတော်တွင် စဉ်ဆက်မပြတ်ရှိခဲ့သည့်အိမာမ်ကြီးလေးပါး၏ မုဆွလ္လာဟ် အေမာမ်ရှေ့ဆောင်ဝတ်ပြုရာနေရာအသီးသီးကိုဖယ်ရှားပြီး ဟမ်ဘလီအိမာမ်တစ်ဦးတည်း၏မုဆွလ္လာဟ်တစ်ခုတည်းကိုသာ သတ်မှတ်ခဲ့ခြင်းပင်ဖြစ်သည်။

ယင်းသို့ပြုမူဆောင်ရွက်ရခြင်း၏အဓိကအကြောင်းအရင်းမှာ -
ဘုရင်စအူးဒ် နှင့် မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ်တို့သည် ဟမ်ဘလီမဇ်ဟဗ်ဝင်များဖြစ်ကြသည်။ထိုနေရာဒေသကိုယခင်က နှစ်ပေါင်းများစွာမှအုပ်ချုပ်ခဲ့သူမှာ ဟနဖီမဇ်ဟဗ်ဝင်တူရကီများဖြစ်ကြသည်။
ကမ္ဘာပေါ်တွင် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်များအနက် ဟနဖီမဇ်ဟဗ်ဝင်များသည် အများဆုံးဖြစ်ပြီး ဟမ်ဘလီမဇ်ဟဗ်ဝင်များသည် အနည်းဆုံးဖြစ်လေသည်။သို့ပါ၍ဟနဖီမဇ်ဟဗ်ဝင်များဖြစ်သည့်တူရကီများကို ထိုနေရာဒေသမှဖယ်ရှားပြီးနောက် ထိုတူရကီများကျင့်သုံးသည့်ဟနဖီမဇ်ဟဗ်ကိုလည်းဖယ်ရှားလိုခြင်းဖြစ်သည်။

အခြားအကြောင်းတစ်ရပ်မှာ -
ဘုရင်စအူးဒ်နှင့် မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ်တို့သည် ဟမ်ဘလီမဇ်ဟဗ်ဝင်များဖြစ်သည်ဟု ထုတ်ဖော်ကြေငြာသော်လည်း ဟမ်ဘလီမဇ်ဟဗ်ဝင်ဟုဆိုသည့်သာသနာ့ပညာရှင်တစ်ပါးဖြစ်သူ အလ္လာမဟ် အိဗ်နေ့သိုင်မီယဟ်၏အယူအဆနောက်သို့လိုက်ကြသူများဖြစ်သည်။အလ္လာမဟ် အိဗ်နေ့သိုင်မီယဟ်သည် မြောက်များစွာသော မစာအိလ် အစ္စလာမ့်ဓမ္မသတ်များတွင်မိမိ၏အယူအဆကိုဦးစားပေးကာ ဟမ်ဘလီအိမာမ်ကြီးဖြစ်သည့် အိမာမ်အဟ်မဒ်ဗင်န်ဟမ်ဘလ် အပါအဝင် အိမာမ်ကြီးလေးပါးနှင့် အခြားသော အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်သာသနာ့ပညာရှင်များ၏လမ်းစဉ်ကိုကျောခိုင်းပြီး များစွာသောသာသနာ့ကိစ္စရပ်များတွင် အိမာမ်ကြီးလေးပါးနှင့် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်သာသနာ့ပညာရှင်များ၏လမ်းစဉ်နှင့်ဆန့်ကျင်မှုပြုခဲ့သူဖြစ်သည်။
ထို့ကြောင့်မုဟမ္မဒ်ဗင်န်အဗ်ဒွလ်ဝဟားဗ်နဂျဒီက ဘုရင်စအူးဒ်နှင့်ပူးပေါင်းပြီး မက္ကဟ်နှင့်မဒီနဟ်အတွင်းရှိနေသူများကို (ဗစ်ဒ်အသ်)သာသနာတွင်မရှိသော လုပ်ရပ်များလုပ်ကြသူများဟု မတရားစွပ်စွဲ၍နှိပ်ကွပ်လေရာ မက္ကဟ်နှင့်မဒီနဟ်မြို့ရှိလူအချို့အပေါ် အဗ်ဒွလ်ဝဟားဗ် ၏ ဖိနှိပ်မှုကြောင့် " ဝဟာဗီ " ဝါဒလွှမ်းမိုးခဲ့လေသည်။သို့ဖြင့် အဗ်ဒွလ်ဝဟားဗ်၏နောက်လိုက်များက မိမိကိုယ်မိမိ " ဝဟာဗီ " ဟုခေါ်တွင်စေတော့သည်။
တဖြည်းဖြည်းနှင့် ယင်းအဗ်ဒွလ်ဝဟားဗ်၏နောက်လိုက်ဝဟာဗီများက အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်များနှင့်တိုက်ခိုက်မှုများ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ထို့ပြင် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်များအား ယင်းတို့၏ပျက်ပြားနေသောအတွေးအခေါ်များကို အတင်းအဓမ္မလက်ခံလိုက်နာစေခဲ့သည်။
ယင်းဝဟာဗီများက မိမိတို့အတွက် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်များ၏ ဥစ္ဏာပစ္စည်းများကို သုံ့ပန်းသဖွယ် ဟလာလ်ဟုသတ်မှတ်ကြသည်။
အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်များအားသတ်ဖြတ်ခြင်းကို ကုသိုလ်အကျိုးစဝါးဗ်နှင့်ရဟ်မသ်ဟူ၍လည်း မှတ်ယူကြသည်။

အဟ်လေ့ဟိဂျာဇ် (ယခုဆော်ဒီအာရေဗျသား)များကို သာမန်အားဖြင့်လည်းကောင်း ဟရမိုင်န် ရှရီဖိုင်န်တွင်နေကြသူများကိုအထူးသဖြင့် လည်းကောင်း ထိုဝဟာဗီများကအလွန်ရက်စက်စွာ ဒုက္ခသင့်စေခဲ့သည်။ဆလဖေ့ဆွာလေ့ဟီးန် ရှေးသူမွန်သူမြတ်များနှင့် ယင်း၏နောက်လိုက်သူများအပေါ်အလွန်ရိုင်းပြသောစကားလုံးများသုံးနှုန်းခဲ့သည်။
အများအားဖြင့်လူတို့သည်ယင်းတို့၏မတရားနှိပ်စက်မှုကြောင့်မဒီနာဟ်ရွှေမြို့တော်နှင့် မက္ကာဟ်ရွှေမြို့တော်မှ ဟိဂ်ျရသ်ပြုထွက်ခွာသွားခဲ့ရ၏။
ယင်းအပြင် ထောင်ပေါင်များစွာသောသူမွန်သူမြတ်များနှင့် စစ်မှန်သည့်မွတ်စ်လင်မ်များသည် ယင်းဝဟာဗီအုပ်စု၏ လက်ချက်ဖြင့်ရှဟီဒ်ဖြစ်ခဲ့ရသည်။

အချုပ်ဆိုရသော် ယင်း ဝဟာဗီအုပ်စုသည် ဇွာလင်မ် မတရားသတ်ဖြတ်ခဲ့သူနှင့် ဖာစိက် တရားပျက်သူများဖြစ်ကြသည်။ထို့ကြောင့်သာ အထူးသဖြင့် အရဗ်များနှင့်အများအားဖြင့် အစ္စလာမ်ဘာသာဝင်များက ယင်းဝဟာဗီများအားအလွန်ရွံရှာခဲ့ခြင်းဖြစ်သည်။
ယဟူဒ်၊နဆွာရာ မဂျူစ်နှင့် ဟုနူဒ် စသည်များထက်သာပို၍ ဝဟာဗီအုပ်စုကိုသာပို၍ ရွံမုန်းခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ်ယင်းဝဟာဗီတို့သည်ဖော်ပြပါသူတို့ထက်ပင် လွန်စွာရွံမုန်းဖွယ်ရာဖြစ်သည်။

တစ်ကမ္ဘာလုံးရှိအဟ်လေ့စ္နွ္နသ်ဝလ်ဂျမာအသ်ဝင်များက ထိုဝဟာဗီအုပ်စုကိုလက်မခံသည့်အပြင် ထိုသို့ရွံမုန်းလာသည်ကို ခံစားလာရသောအခါ ထိုစဉ်ကအီဂျစ်နိုင်ငံတွင်ဗစ်ဒ်အသ်လုပ်ရပ်များအလွန်များပြားနေမှုကြောင့် သာသနာသန့်စင်ရေးခေါင်းစဉ်ဖြင့် မဇ်ဟဗ်ဝင်များကို ဗစ်ဒ်အသီများဟုစွပ်စွဲကာ တိုက်ခိုက်နှိမ်နှင်းခဲ့သော ရှိုင်ခ်မုဟမ္မဒ်အွဗ်ဒဟ်နှင့် ဂျမာလွဒ္ဒီးန်အဖ်ဂါနီတို့၏ "စလဖီယဟ်" ဂိုဏ်းအမည်ကို မက္ကဟ်နှင့်မဒီနဟ်မြို့ရှိ ဝဟာဗီများက စလဖီ (SALAFIS) ဟုပြောင်းလဲသုံးစွဲနေခြင်းသာဖြစ်သည်။

တစ်ကမ္ဘာလုံးရှိအဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဝင်များက ယင်း "ဝဟာဗီ စလ်ဖီ" အားရွံမုန်းပြီး ယင်းတို့၏ညစ်ညမ်းသောအကီဒဟ်ယုံကြည်ချက်နှင့်ကွဲလွဲသကဲ့သို့ ဒေယိုဘန်ဒ်အာလင်မ်သာသနာ့ပညာရှင်များသည်လည်း ထိုအတိုင်းပင်ရွံမုန်းပြီးဆန့်ကျင်ကြလေသည်။

Ref ; မောင်လာနာ ဂါဇီ ကရီးမ်ဘခ်ရှ် ဦးစိုးလွင် (မဟ်မူဒီ)

သို့ပါ၍ ကျွန်ုပ်တို့၏ ဟနဖီမတ်စ်လက် နှင့် ဝဟာဗီစလ်ဖီတို့၏ အယူအဆ အဘယ်မျှကွဲလွဲကြောင်းကို ရှေ့တင်ပြမည့်ပို့စ်များတွင်ဆက်လက် ရှုစားကြပါကုန် /
!
Researching and addition by
Mahmood ismail akhoon

မုဟမ္မဒ် ဗင်န် အဗ်ဒွလ်ဝဟားဗ်

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 57174.31
ETH 3071.24
USDT 1.00
SBD 2.40