ဖတ်ကြည့်ပါ

in #myanmar6 years ago

image
မွစ်လင်မ် အားလုံးဖတ်ဖြစ်အောင်ဖတ်ပါ၊

မနေ့က ......
"စာတွေဖတ်နိုင်လို့ စာအုပ်တွေလေ့ရုံ၊
ဘွဲ့လက်မှတ်တွေ ရယူရုံ နဲ့ သာသနာ့အသိမရသေးဘူး၊

သာသနာ့အသိအစစ်ရဖို့ တကယ်သာသနာကို
သဘောပေါက်ဖို့က စစ်မှန်တဲ့
သနာ့ပညာရှင် တွေနား နေမှ ချဉ်းကပ်နေခြင်း
က ပဲရမယ်၊ "ဆိုပြီး (မွဖ်သီ သကီ့ဆပ် ဒါမသ်ဘရ်ကာသိုဟူမ်)၏ မိန့်ကြားချက် ကို ကိုးကားပြီးတင်ပြခဲ့တယ်၊

image

ဒီအချက်နဲ့ ပတ်သတ်ပြီး ခုကျနော်တို့နိုင်ငံမှာ စလ်ဖီ၊အဲဟ်လေ့ဟဆီးဒ် စတဲ့အမည်ခံပြိး လူရာမဝင်အဖွဲ့မှ onlineနဲ့ ဗလီတွေမှာ ဝါဒလိုက်
ဖြန့်နေတဲ့ စာရွက် နှစ်ခုဖော်ပြပါမယ်၊

အောက်ပုံတစ် မှာ သူတို့ရေးထားသည်မှာ ကျနော်တို့ ဟနဖီမဇ်ဟဗ် ရဲ့ကျော်ကြားသောကျမ်းကြီး ဒွရ်ရေမွခ်သာရ် မှာ ,
ويحرم سؤال العافية مدى الدهر ، أو خير الدارين ودفع شرهم
" နမာဇ်အတွင်း တစ်သတ်လုံး ဘေးဘလာဒုက္ခ ကင်းကင်းကျန်းမာစွာ ထားဖို့ တောင်းခံခြင်း ဟရာမ်ဖြစ်ကြောင်း ရေးထားတယ်၊
ဒါဟာ ကုရ်အာန် နှင့် ဆန့်ကျင်တယ်ဘာညာ ဆိုပြိး
ဟနဖီကို ပုပ်ခက်ဝါဒဖြန့်ထားပါတယ်၊ မသိနားမလည်သူကတော့ ဟုတ်နိုးနိုး ယောင်မိမှာပါ၊ သို့သော်.....

အဖြေအမှန်က ဘာလဲဆိုတော့ ၊ထိုဖော်ပြပါစာ
ကြောင်းကို ရှေ့နည်းနည်း ဆက်ဖတ်တာနဲ့ သိရမှာဖြစိသလို ၎င်းကျမ်း
၏ အကျယ်ပြန်ကျမ်း (ရဒ်ဒွရ်မိုဟ်သာရ်) ရှာမီကျမ်းမှာလည်း ဤသို့ဖော်ပြထား
ပါတယ်၊
سؤال العافية مدى الدهر ، أو خير الدارين ودفع شرهما ، أو المستحيلات العادية كنزول المائدة ، قيل والشرعية . والحق حرمة.الدعاء بالمغفرة للكافر لا لكل المؤمنين
"နမာဇ်မှာ မဖြစ်နိုင်တာ တောင်းခြင်း ဟရာမ်ဖြစ်တယ်လို့ဆို
တာဖြစ်တယ်၊ လူသားက အသွေးအသားနဲ့ဖွဲ့စည်း
ထားတာဖြစ်လို့ လူ့သဘာဝ ဗီဇအရ
တသတ်လုံး ဘေးဘလာဒုက္ခ ကင်းကင်းကျန်းမာစွာ ထားဖို့ မဖြစ်နိုင်ပါ၊
ထို့ကြောင့် ဟရာမ်ဖြစ်ကြောင်း ဆိုထားခြင်း
ဖြစ်သည်၊ ဒါက ဦးနောက်နဲ့လည်း ကိုက်ညီတဲ့အချက်ဖြစ်တယ်၊
မဖြစ်နိုင်တာတောင်းခြင်း ဤကဲ့သို့ ဖိရှ်သာများ၏
အရည်ချင်းပုံစံ ကိုတောင်းခြင်းက ဒိုအာတောင်းခံ
တာမဟုတ်ဘဲ လှောင်ပြောင်ရာကျပါတယ်၊ ဒါကြောင့် ဟရာမ်ဖြစ်ပါတယ်၊ ထိုအတိုင်း ကာဖိရ်သေသူတို့အတွက် မဂ်ဖွေရသ် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးခြင်း မဖြစ်နိုင်
သည့်အတွက် ထိုသို့တောင်းခံပေးခြင်း မိုအ်မင်တိုင်းအဖို့ ဟရာမ်မပြုပိုင်ချေ။ ဟုဆိုထားတယ်၊

(ရှာမီကျမ်း အတွဲ တစ် နမာဇ်အခန်း)

မှတ်ချက်၊ ဤသည် နမာဇ်အတွင်းသီးသန့်ဖြစ်
သည်၊ တသက်လုံးဆိုသည့် စည်းကမ်းချက် မထား
ပဲ "ဘေးဘလာဒုက္ခ ကင်းကင်းကျန်းမာစွာ ထားဖို့
,(အာဖီယသ်)ဒိုအာအား အပြင်မှာလည်း တောင်းနိုင်သလို နမာဇ်မှာလည်းတောင်းနိုင်သည်၊

=========================

နောက်ပုံ နှစ် မှာ မျဉ်းအနီတားပြိး ဟနဖီကျမ်းမှာ
إن الهداية كالقرآن.

"ဟေဒါယာကျမ်းသည် ကုရ်အာန်ကဲ့သို့ဖြစ်သည်"
ဟုဖော်ပြထားထားကြောင်း လူရေးကျမ်းကို ခုကဲ့
သို့ ကုရ်အာန်နှင့် နှိုင်းယှဉ်သည်မှာ ရှရိးက်ဖြစ်
ကြောင်း ဟနဖီတို့ ရှရိးက်လုပ်နေကြောင်း စသည်ဖြင့် လူပြိန်းများအား ဝါဒ ဖြန်ထားပါသေး
သည်၊

တကယ်တော့ အဖြေမှန်က သူတို့က သူတို့ လုပ်ကြံဝါဒဖြန့်လိုတာကို ဖော်ပြတာပဲဖစ်တယ်၊
အဲ့စာကြောင်းကိုပဲ တဆက်တည်း ဆက်ဖတ်ရင်
ဤသို့ တွေ့ရမယ်၊
إن الهداية كالقرآن قد نسخت ... ما صنفوا قبلها في الشرح من كتب.
ဟေဒါယာကျမ်းသည် ကုရ်အာန်ကျမ်းကဲ့သို့ဖြစ်
တယ်၊ ကုရ်အာန်သည် မိမိအရင်ကျရောက်ခဲ့သော
ကျမ်းများကို ပယ်ဖျက်စေလိုက်ပြိး ကုရ်အာန်တစ်ခု
တည်း လူသားတွေအတွက် လုံလောက်စေသကဲ့ သို့ ဟေဒါယာကျမ်း သည်လည်း ၎င်းအရင် ရေးခဲ့
သော ဖေကာဟ်အကျယ်ပြန်ကျမ်းများကို ပယ်ဖျက်
စေလိုက်ကာ မိမိကျမ်းတစ်အုပ်တည်း ဟနဖီဖေကာဟ် လုံလောက် ပြည့်စုံစေခဲ့သည်၊ ဤသည် ဟေဒါယာကျမ်းရှင်
အား ကဗူလ်ပြုခဲ့သည့် အထောက်ထားဖြစ်သည်
ဆိုပြိးရေးထားပါတယ်၊"

သမိုင်းမှာလည်း ထိုအတိုင်း သာဖြစ်သည်။ ဟေဒါယာကျမ်း အား ခုချိန်ထိ ဟနဖီကျောင်းတိုင်း
သင်ရိုးထဲပါပြိး အထူးလက်ခံခြင်း ခံနေရဆဲဖြစ်သည်၊

သို့သော် ထို ဟနဖီမဇ်ဟဗ် အား မနာလိုသူ လူရာမဝင်အုပ်စုကတော့ စာဖတ်တတ်ပြိး သာသနာကို မသိသူများဖြစ်သည့်အတိုင်း
လမင်းကို ခွေးဟောင်ဆဲဖြစ်သည်၊ နီးစပ်ရာကို
စာပေဖြန့်ကာ ဝါဒဖြန့်ဆဲဖစ်သည်၊

အားလုံးသတိထား၍ ထိုလူရာမဝင် အုပ်စုကို ရှောင်ကျဉ်ကြပါ၊ ထိုလူရာမဝင်အုပ်စုကို နောက်က
နေပံ့ပို့နေသည့် စီးပွားရေးသများအား အရောင်းဝယ်များ အဆက်သွယ်ပါဖြတ်သင့်ပြီ၊ သို့မှသာ ကျနော်တို့ပတ်ဝန်းကျင်သန့်မည်၊ မွစ်လင်မ် အသိုင်းအတွင်း ငြိမ်းချမ်းမည်ဖြစ်ပြိး
မွစိလင်မ် အသိုင်းဝိုင်း တိုးတတ်ရေးအတွက်
ကြိုးပမ်းနိုင်မည် ဖြစ်ကြောင်း တိုက်တွန်းပါတယ်၊

ဖတ်ပြီးလျှင်
တဆင့်ပြန် shareပေးကြပါ၊

#ဆရာကျော်နိုင်(ဓနုဖြူ)
SayaKyawNaing

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85