Islam Knowledge

in #myanmar8 years ago

image

           ကေယာမသ်နေ့ရောက်၍ လူတို့ဟရှရ်ကွင်းပြင်ကြီးတွင် စုရုံးရောက်ရှိကြစဉ် ကင်းကြီးတစ်မျိုးဖြစ်သော ဟရီးရှ် ဟုအမည်တွင်သော သတ္တဝါကြီးတစ်ကောင် ထွက်လာပေမည်။ ယင်းသတ္တဝါကြီး၏ဦးခေါင်းသည် မိုးကောင်းကင်ပေါ်တွင်ရှိနေကာ သူ၏အမြှီးမှာ မြေပြင်ပေါ်၌ရှိနေပေမည်။ ထိုသတ္တဝါကြီးက စင်္ကြာဝဠာကို ဖန်ဆင်းမွေးမြူ ပြုစုပျိုးထောင် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ်ရှင်မြတ်အား ရင်ဆိုင်ရန်စိန်ခေါ်ခဲ့သူတို့ အဘယ်မှာနည်း အလ္လာဟ်ရှင်မြတ်နှင့် စစ်ထိုးရန်စစ်ကြေညာခဲ့သူတို့ အဘယ်မှာနည်းဟူ၍ အကြိမ် (၇၀) တိုင်တိုင်ကြေညာရှာဖွေနေသဖြင့် ဟဇရသ်ဂျစ်ဗရီးလ်က ထိုသတ္တဝါကြီးအား အိုဟရီးရှ် အသင်မည်သို့သောသူတို့အား ရှာဖွေနေပါသနည်းဟု မေးမြန်းရာ ၎င်းကကျွန်ုပ် (၅) မျိုးသောသူတို့အား ရှာဖွေနေခြင်းဖြစ်ပါသည်။

(၁) နမာဇ်ကိုစွန့်လွှတ်သူများ
(၂) ဇကားသ်မပေးသူများ
(၃) အရက်သေစာသောက်သုံးသူများ
(၄) အတိုးအညွှန့်စားသူများ
(၅) ဗလီတွင် လောကီရေးရာစကားများ ပြောကြသူများ

ဟဇရသ်မော်လနာ မွတ်ဖ်သီအဗဒွရ်ရအူးဖ်စခရ်စီ ပြုစုခဲ့သည့် ကျွန်ုပ်တို့၏ ဂုနာဟ်သုံးခုမှ ကောက်နုတ်ဖေါ်ပြပါသဖြင့် အကျယ်ကို ဖတ်ရှု့ပါရန် တိုက်တွန်းအပ်ပါသည်။ ။

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.087
BTC 58665.39
ETH 1573.91
USDT 1.00
SBD 0.38