အမြဲ​ပျော်​​နေဖို့ စိတ်​ထား ထားတတ်​ရန်

in #myanmar6 years ago

အမြဲပျော်နေဖို့ တဲ့ ဖတ်​မိတဲ့စာ​လေး ဖတ်​ပီးတဲ့ သူငယ်​ချင်း​တွေလဲရှိမှာ​ပေမယ့်​ အရမ်းမှန်​လို့ Steemit မှ သူငယ်​ချင်းများကို ပြန်​လည်​မျှ​ဝေလိုက်​ပါတယ်​​နော်

၁။ အခြေအနေတွေ ဘယ်လိုပဲရှိရှိ ပျော်ချင်တယ် ပျော်လည်းပျော်ရအောင်လုပ်မယ် လို့ ဆုံးဖြတ်ထားပါ။

၂။ ရိုးရှင်းတဲ့ဘဝ ကိုဖြတ်သန်းပါ။

၃။ ကိုယ်စိတ်နှစ်ဖြာ မျှတစွာရှိပါစေ။

၎။ မိမိကိုယ်ကိုယ် အားပေးချီးမြှောက်ပါ။

၅။ မိမိကိုယ်မိမိ ယုံကြည်မှုရှိပါ။

၆။ မိမိရည်မှန်းချက်ရောက်အောင် အစီအစဉ် ဆွဲပါ။

၇။ မိမိကိုယ်မိမိ အကြံဥာဏ် ပေးပါ။

၈။ မိမိဟာ မိမိကိုယ်တိုင်ရဲ့ အဖော်ကောင်းဖြစ်နေပါစေ။

၉။ ရှုံးနိမ့်စရာ မဖြစ်နိုင်ဘူး ဆိုတဲ့ ယုံကြည်မှုနဲ့ ဆောင်ရွက်ပါ။

၁ဝ။ အကောင်းမြင်စိတ် အပြုစိတ် အမြဲရှိပါစေ။

၁၁။ မိမိကိုယ်မိမိ အခြားသူများနဲ့ မနှိုင်းယှဉ်ပါနဲ့။

၁၂။ လူတိုင်းစိတ်ကျေနပ်အောင်လုပ်ဖို့မကြိုးစားပါနဲ့။

၁၃။ အမှာတစ်စုံတစ်ရာပြုလုပ်ခဲ့မိပါက အမှားကိုလက်ခံ၍ မိမိကိုယ်မိမိ ခွင့်လွှတ် နောက်တစ်ခါမမှားအောင် ကြိုးစားပါ။

၁၄။ ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ပါနဲ့။

၁၅။ အလုပ်တစ်ခုစလုပ်ပြီဆိုတာနဲ့ ကျရှုံးမှာမကြောက်ပါနဲ့။
အလုပ်ကိုလည်း လမ်းတစ်ဝက်ကနေ မစွန့်လွှတ်ပါနဲ့။

၁၆။ ဘဝမှာ ကြောက်စရာတစ်ခုမှမရှိပါဘူး။

၁၇။ လူအများစုကတော့ သူတို့စိတ်က ဆုံးဖြတ်တဲ့အတိုင်း ပျော်ရွှင်ကြတာပါ။

၁၈။ အလုပ်တိုင်းကပျော်ရွှင်မှုမပေးနိုင်ပါဘူး၊ ဒါပေမယ့် အလုပ်မရှိဘဲလည်း မပျော်ရွှင်နိုင်ပါဘူး။

၁၉။ ပျော်ရွှင်မှုဆိုတာ ရာထူး နေရာ ပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ပါ။

၂ဝ။ အောင်မြင်တိုင်းမပျော်ကြပါဘူး။ ဒါပေမယ့် အမြဲပျော်ရွှင်နေတတ်တဲ့သူက အောင်မြင်မှာမလွဲပါဘူး။

၂၁။ အခြားသူတွေက ကိုယ် မလုပ်နိုင်ဘူးလို့ ဆိုတာတွေ လုပ်ပြနိုင်တဲ့အခါ ပျော်စရာပါ။

၂၂။ မထင်မှတ်တာတွေ ဘဝမှာကြုံလာရတဲ့အခါ ဒီထက်မဆိုးတာပဲ ကံကောင်း လို့မှတ်ယူလိုက်ပါ။

၂၃။ မိမိကိုယ်မိမိ လက်ခံပါ။ လေးစားပါ။ ချစ်ပါ။

၂၄။ အရာတိုင်းကိုပြည့်စုံနေသူုဖြစ်အောင်မကြိုးစားပါနဲ့။

၂၅။ မိမိကိုယ် လူတွေဘယ်လို ထင်လည်း မတွေးပါနဲ့။

၂၆။ ဆင်ခြေပေးပြီး တာဝန်မဲ့တာမျိုးမလုပ်ပါနဲ့။

၂၇။ ရေ ကိုနမူနာယူပါ။ အခြေအနေ အချိန်အခါ လိုက်၍ မျှတာစွာနေပါ။

၂၈။ အရေးကြီးတာဦးစားပေးလုပ်ပါ။

၂၉။ ပစ္စုန်ပ္ပန်အချိန်ခဏလေးများမှာ အပြည့်အဝ ရှင်သန်ပါ။

၃ဝ။ အရေးအကြီးဆုံးက စိတ်ရင်းနဲ့ ပြုံးပါ။

image
Photo Credit to Mie Mie's Plants Collection

Sort:  

ဆက်လက်ကြိုးစားပါ👍🏻

ဟုတ်​ ချစ်​မ

အားပေးနေမယ် sis

ကျေးဇူးပါ bro

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66384.36
ETH 3272.25
USDT 1.00
SBD 4.27