စုန်ရေဆန်ရေ

in #myanmar6 years ago

စုန်ရေဆန်ရေ
image(cridet [original image])https://steemit.com/myanmar/@nyeichanaung/yamt-miba-91650d8890bf5
သားသမီးနှင့်မိဘများသည်ဘဝရေစက်ပေါင်းများစွာဆုံကြုံခဲ့ရပါသည်။မိဘများသည်ဘဝခွန်အားအပြည့်နှင့်သားသမီးများကိုပြုစုပျိုးထောင်ပေးခဲ့ပါသည်။သားသမီးများစွာမွေးထားသောမိဘများ၏ရင်တွင်းခံစားချက်သည်အခြေအနေအချိန်အခါအရပြောင်းလဲမှုရှိနိုင်မည်ဟုထင်ရပါသည်။မိဘများ၏မေတ္တာတရားကျေးဇူးတရားကြီးမားကြောင်းသားသမီးတိုင်းငြင်းနိုင်မည်မထင်ပါ။သားသမီးများသည်လည်းမိဘများ၏ကျေးဇူးကိုသိတတ်စွာဆပ်ကြပါသည်။မိဘများသည်သားသမီးများကိုလမ်းညွန်သွန်သင်ပြသောလမ်းပြဆရာဖြစ်ပါသည်။မိဘများသည်သားသမီးတို့၏ဖြစ်တည်နေသောကံကြမ္မာအပေါာကြည့်ပြီးစိတ်ထားပြောင်းလဲမှုကိုတွေ့နိုင်ပါမည်။မိဘအားလုးံကိုမဆိုလိုပါ။ဖြစ်နေသောမြင်မေရသောကြုံနေရသောအရာများကိုပြောပြချင်ပါသည်။အိမ်တအိမ်တွင်များသောအားဖြင့်သားယောကျာင်္းများသည်မိ
ဘတို့အတွက်အားဖြစ်စေပါသည်။အားဆိုသည့်အတိုင်းမိဘများအပေါာကြိုးစားပီးဖြည့်ဆည်းလုပ်ကိုင်ပေးကြပါသည်။သမီးများသည်မိဘများအတွက်ထီးကလေးဖြစ်စေခဲ့ပါသည်။ထီးကလေးဆိုသည့်အတိုင်းမိဘများကိုအိမ်တွင်ကူဖော်ကူဖက်အားကိုးရပါသည်။မိဘများကိုပြုစုကြပါသည်။ဖြစ်တည်သဘာဝအရသမီးမိန်းကလေးသည်မိဘနှင့်အနီးကပ်နေရပြီးနေမထိလေမထိအေးချမ်းစွာဘဝကိုဖြတ်သန်းကြရပါမည်။သားယောကျားင်္များကြပြန်တော့သဘာဝတရားအရစွန့်စားရုန်းကန်ကြရပါသည်။ဤဖြစ်စဉ်နှစ်ခုတွင်ရုန်းကန်ကြိုးစားပြီးမိဘကိုကျေးဇူးဆပ်သောသားယောကျာင်္းများသည်မိဘနှင့်ဝေးရာတွင်နေထိုင်ကြရသည်မှာများပါသည်။အသက်အရွယ်ဘဝပေးအခြေအနေအရအိမ်ထောင်ပြုကြရပါနော့မည်။ထိုအခါမိဘများကစီမံဆောင်ရွက်ထိမ်းမြှားလက်ထပ်ပေးကြပါသည်။ဤအခိမ်တွင်မိဘနှင့်သားသမီးနှစ်ဦးနှစ်ဖက်နားလည်နေကြလျှင်အ
ရာအားလုးံသာယာစေပါသည်။နားလည်မှုမရှိကြလျှင်သားနှင့်ချွေးမကြားရှုပ်ထွေးစကားများလာကြပါတော့မည်။ဘဝစီးပွားရေးတိုးတက်ရန်ပေးကမ်းထောက်ပံ့မှုတွင်မိဘများသည်သမီးမိန်းကလေးများကိုပံ့ပိုးထောက်ပံ့မှုလွယ်ကူစွာပေးပါသည်။တကယ်အလုပ်လုပ်ပေးခဲ့သောသားယောကျာင်္းများကိုမူပြန်လည်ထောက်ပံ့ရန်တွန့်တိုကြပါသည်။လူတိုင်းကိုမဆိုလိုပါ။အမှန်မှာညီမျှစွာထောက်ပံ့ခဲ့လျှင်ပြသာနာသည်။ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။သားသမီးများသည်မိဘများကိုရိုသေလေးစားကြသည့်အတိုင်းမိဘများ၏အမှားကိုပြန်ထောက်ရန်ဝန်လေးကြပါသည်။မိဘများသည်လည်းတခါတရံမှားနိုင်မည်ဟုထင်ပါသည်။ဤမှန်သည်မှားသည်ဟူသောစိတ်ကိုထိန်း၍ပြင်နိုင်လျှင်ကောင်းပါမည် ရုန်းကန်ခဲ့သောသားကိုချွေးမကိုမုန်း၍မပေးကမ်းမထောက်ပံ့ချင်သောစိတ်ကိုပြင်ဆင်ထိန်းစေချင်ပါသည်။သမီးမိန်းခလေးများလည်းရလေလိုလေကိုယ့်အတွက်ဘဲမကြည့်သင့်ပါ။စိတ်ဝမ်းမကွဲသင့်ပါ။ image(credit [Original image])http://lovequestionlifeanswer.org/mm/page/148
လောကတွင်ရေသည်တက်မည်ကျမည်မိဘနှင့်သားသမီးသည်အမှားအမှန်ကြားတွင်ဆုံကြရပါသည်။သားသမီးများသည်လည်းရနေသောလူ့ဘဝတခဏတာတွင်မိဘများအပေါာနားလည်စေချင်ပါသည်။မိဘများသည်များသည်လည်းမည်သည့်သားသမီးသာစေနာစေမဖြစ်အောင်နားလည်ပေးနိုင်ရပါမည်။လောကတွင်မိဘနှင့်သားသမီးအနည်းနှင့်အများပြောဆိုကြရသောအကြောင်းအရာများစွာရှိကြပါမည်။မည်ကဲ့သို့ပြောဆိုနေကြရပါစေ။နားလည်သောမိသားစုများဖြစ်ကြစေချင်ပါသည်။သူ့အချိန်နှင့်သူ့နေရာသူတက်မည်ကျမည်စုန်မည်ဆန်မည်ဆိုသည်မှာဖြစ်မြဲဓမ္မတာပါ။မိဘနှင့်သားသမီးများအပြန်အလှန်နားလည်ကြပြီးဖြတ်သန်းရသောလူ့ဘဝတခဏနာတွင်သောကကင်းပြီးအောင်မြင်သောဘဝကောင်းကိုလက်တွဲသွားကြစေပါသည်။
ဆန္ဒမွန်ဖြင့်
မိုးဝေ

Sort:  

သိပ်မှန်တာပေါ့ ညီမလေး
မိဘနဲ့သားသမီးတွေမှာ အဲလိုပြဿနာ အတော်များများရှိကြတယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63781.73
ETH 3407.93
USDT 1.00
SBD 2.47