မင်းကိုချစ်လို့ပါ

in #myanmar6 years ago

မင်းကိုချစ်လို့ပါ

image credit (original image)
မီးစိမ်းကလေးမှစတင်တွေ့လာ
ဘာညာသာရကာမိတ်ဆွေဖွဲ့လာ
ရင်ဖွင့်ရှင်းပြလူမှုရေးရာ
မေတ္တာဆုတောင်းပို့သကြရင်း
ဖြစ်တည်လာစရင်းတွင်းမေတ္တာ
ပုံဖော်စာရေးချစ်ရေးဆိုလာ
ဆန်းကြယ်မေတ္တာအံ့သြစရာ
နှလုးံသားအတွေးအာရုံထဲမှာ
ပေါာ်လာသည်မှာမင်းရဲ့ချစ်ခြင်း
ကိုယ့်ရင်ခုန်သံကိုယ်ကြားရပြန်
ခိုင်ခန့်ကြိုးမျှင်ချည်တုပ်လာပြန်
မင်းရဲ့ချစ်ခြင်းကိုယ်ကြည်နူးပြန်
ကိုယ်သာလျှင်မင်းရဲ့ထာဝရ
မူပိုင်ရှင်ဖြစ်ချင်ပြန်
မင်းရဲ့အချစ်ကိုယ့်ကမ္ဘာ
မင်းရဲ့အချစ်ကိုယ့်ရဲ့ဘဝ
ချစ်လို့ဆိုတဲ့နှလုးံသားက
အလိုလိုက်မိတာမင်းကိုချစ်လို့ပါ။

                        ဆန္ဒမွန်ဖြင့်
          
                     မိုးဝေ

မြန်မာစတီးမစ်မိတ်ဆွေများကျန်းမာချမ်းသာကြပါစေ။

Sort:  

တယ်ဟုတ်ပါလား!!
ကောင်းသားပဲ ကဗျာလေးက

ချစ်မမစိတ်ကူးပုံဖော်ကြည့်တာပါ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51