လှပသောမျက်နှာဖြစ်စေရန်အိပ်ပျော်အောင်ကြိုးစားပါ

in #myanmar6 years ago

လှပသော မျက်နှာဖြစ်စေရန် အိပ်ပျော်အောင် ကြိုးစားပါ

image cridet [original image] (http://mystylemyanmar.com/everyday-neutral-smokey-eye-tutorial/)
လူတိုင်း ညဘက်အိပ်စက်သောအခါတွင် နှစ်ခြိုက်စွာ အိပ်ပျော်မှ နိုးထလာတော့အခါ လန်းဆန်းလှပ သွက်လက်မှုကို ရရှိစေပါမည်။ ဤနေရာတွင် မိန်းကလေးများအတွက် နှစ်ခြိုက်စွာ အိပ်စက်ခြင်းသည် အလှအပတစ်ခုအတွက် အထောက်အကူဖြစ်ကြောင်း ပြောပြချင်ပါသည်။
မိန်းကလေးများ နှစ်ခြိုက်စွာ အိပ်ပျော်မှသာ နိုးထလာသော အချိန်တွင် လန်းဆန်းလှပစေပါမည်။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမရှိလျှင် နိုးထလာသောအချိန်တွင် လန်းဆန်းခြင်းမရှိဘဲ ခေါင်းနောက်ကာ မူးဝေတတ်ပါသည်။
အိပ်ခါနီးတွင် တွေးတောစရာများကို လျှော့ချပါ။ စိတ်ဖိစီးမှုများအတွေးထဲ ရောက်နေလျှင် အိပ်မပျော်စေနိုင်ပါ။ ထိုသောအခါ ကျန်းမာရေးကို ထိခိုက်လာမှာ သေချာပါသည်။ အိပ်မပျော်ဘူးဆိုလျှင် သက်သောင့်သက်သာဖြစ်စေမဲ့ စိတ်ဝင်စားစရာစာအုပ်ကို ဖတ်ရင်း အိပ်ချင်လာလျှင် အိပ်ချလိုက်ပါ။ အိပ်ရာဝင်ချိန်တွင် စိတ်ကိုလျှော့ချပြီး အေးချမ်းသောစိတ်နှင့် အိပ်ချလိုက်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာမှာပါ။
အိပ်မပျော်ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားမှုကို နှေးကွေးထိုင်းမှိုင်းစေပါသည်။ စိတ်တိုခြင်းကိုဖြစ်စေလာပါမည်။ ပင်ကိုယ်စွမ်းရည် မပြည့်ဝနိုင်တော့ပါ။ မောပန်းလာပါမည်။ ကျန်းမာရေးလည်း ထိခိုက်လာပါမည်။
အမျိုးသမီးများ အိပ်မပျော်သောအခါ ရုပ်အလှကို ထိခိုက်ကျဆင်းစေပါသည်။ မျက်တွင်းဟောက်ပြီး မျက်ရစ်ညိုသွားစေပါသည်။ မျက်ရစ်တွဲနေခြင်းကို ဖြစ်ပေါ်စေပါသည်။
ခန္ဓာကိုယ်စွမ်းအင်ကောင်းစွာ ရရှိစေရန် လှပနုပျိုတဲ့ မျက်နှာပိုင်ရှင် ဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ ကောင်းစွာအိပ်စက်တတ်ဖို့ ဖြစ်ပါတယ်။ အိပ်ပျော်ခြင်းသည် လူ့ခန္ဓာကိုယ်ကို အလိုအလျောက်ကောင်းမွန်စေပါသည်။ အိပ်ပျော်စေရန် တောင့်တင်းနေသော အကြောအခြင်များကို ပြေသွားအောင်လျော့ချပါ။
image cridet [original image] (https://www.healthproducts.com.mm/articles/item/134-tomato-and-beauty.html)
အိပ်ရာဝင်ချိန်တွင် ခံစားချက်များ ဒေါသထွက်စရာများ စီမံပြုလုပ်စရာများ အကြောင်းအရာအစုံကို မတွေးမိအောင် ကြိုးစားပါ။ လမ်းလျှောက်ခြင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဖြစ်စေသော အားဆေးဆစ်မျိုး ဖြစ်ပါသည်။
လူ့လောကတွင် လန်းဆန်းတက်ကြွခြင်း လှပနုပျိုသောရုပ်ရည်ရှိခြင်း သွက်လက်သောခန္ဓာကိုယ်လှုပ်ရှားမှုပိုင်ဆိုင်ခြင်း ကြည်လင်သောစိတ်ကူးများရှိခြင်း စသဖြင့် အားလုံးသောအရာများကို ကောင်းမွန်စွာ ဖြစ်မြောက်စေရန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှသာရရှိစေသော အရာများဖြစ်ပါသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ရန် ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါရစေ။

                                    ဆန္ဒမွန်ဖြင့်
                                                                              မိုးဝေ
Sort:  

ကဲ မွန်မလေးရေ နက်ဖြန်လှဖို့ ဒီနေ့ ကြည်လင်သောစိတ် ချမ်းမြေ့
သော နှလုံးသား နှင့် တည်ငြိမ်သောအသက်ရှူမှုလေးနဲ့ အိပ်တော့
မယ်နော်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59139.97
ETH 2676.50
USDT 1.00
SBD 2.44